×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 10 December 2018

MBA ဟာ တကယ်အလုပ်ဖြစ်ပါရဲ့သလား?

သင့်မှာ အမှန်တကယ် အရည်အချင်း မရှိရင် Executive MBA ဘွဲ့လက်မှတ် ဆိုတာသာ သာမန် စက္ကူတစ်ရွက်ပါပဲ။ MBA ဘွဲ့ရသွားပြီး အရမ်းချမ်းသာသွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။

MBA ဟာ တကယ် အလုပ်ဖြစ်ပါရဲ့သလားဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်နော်...။

MBA ကို တကယ်ပဲ အလုပ်ဖြစ်တယ်...MBA ဘွဲ့လက်မှတ် ရထားတာဟာ အမှန်တကယ် အကျိုးရှိတယ်လို့ သင်ထင်ပါသလား?

အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အစိုးရ (ပညာရေးဝန်ကြီးဋ္ဌာနက ဖွင့်လှစ်ထားတဲ့) MBA အပြင် တခြားသော ပုဂ္ဂလိက တက္ကသိုလ် တွေကပါ MBA အတန်းတွေ များစွာ ဖွင့်လာတာကို တွေ့ရပါတယ်။

အဲဒီလို မှိုလိုပေါက်နေတဲ့ သင်တန်းတွေကို တက်ရောက်ရင် စီးပွားရေး စီမံခန့်ခွဲမှုအတတ်ပညာကို တကယ်နားလည်လာနိုင်မယ်လို့ သင်ထင်ပါသလား?

သင်စဉ်းစားကြည့်ပါ....နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့နိုင်ငံမှာ MBA ဘွဲ့ရသူဦးရေမှာ ရာနှင့် ထောင်နှင့်ချီပြီး ရှိပါတယ်။

ဒါပေမယ့် သူတို့ထဲက ဘယ်နှစ်ယောက်များ မီလျံနာဖြစ်သွားတာ တွေ့ဖူးပါသလဲ?တကယ်တော့ အောင်မြင်တဲ့ စီးပွားရေးပညာရှင်တစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ဆိုတာဟာ MBA ဘွဲ့ရရှိထားမှ မဟုတ်ပါဘူး။

သင့်အနေနဲ့ တခြားသော ကြိုစားအားထုတ်မှုတွေနဲ့ အရည်အချင်းတွေ လိုအပ်ပါသေးတယ်။သင်မယုံရင် လေ့လာကြည့်ပါ။

ကမ္ဘာကျော်မီလျံနာနဲ့ ဘီလျံနာ ဦးရေထဲမှာ MBA ဘွဲ့ရရှိထားသူအချိုးအစား ဘယ်လောက်ပါဝင်သလဲ ဆိုတာကို Google မှာရှာကြည့်ပါ။ MBA ဘွဲ့ရသွားပြီး အရမ်းချမ်းသာသွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။

MBA နဲ့ ပတ်သက်ပြီး လူအများစု အထင်လွဲမှားနေတဲ့ အရာများ

(၁) တချို့သော လူငယ် ဘွဲ့ရပညာတတ်တွေဟာ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ရှိလာတဲ့အခါမှာ သူတို့ကိုယ်သူတို့ အရည်အချင်း မပြည့်ဝသေးလို့ အဲဒီလို အဆင်မပြေမှုတွေ ဖြစ်နေတာလို့ ထင်တတ်ကြပါတယ်။

အမှန်တကယ် ကတော့ သူတို့ ဘာသာသူတို့ အလုပ်ဝန်းကျင်နဲ့ ကောင်းစွာ ထိတွေ့ဆက်ဆံမှု မလုပ်တတ်ကြပါ။ ပိုပြီးဆိုးရွားတာကတော့ သူတို့ဟာ MBA သွားတက်လိုက်ရင် အဲဒီအဆင်မပြေမှုတွေ ပျောက်သွားမယ် ထင်ကြတာပါပဲ။

(၂) MBA ဆိုတာဟာ လက်ရှိ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေ အတွက် အဓိက ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အစိုးက ဖွင့်တဲ့ MBA အတန်းတွေမှာ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေကို တင်ပြခိုင်းပြီး ၎င်းတို့နဲ့ ပြည့်စုံနေမှသာ MBA တက်ခွင့်ပေးတာ ဖြစ်ပါတယ်။

ဒါကို Fresh Graduate တွေက အဟုတ်မှတ်ပြီး အပြင်က တရားဝင်ဟုတ်သလား.... အဆင့်မှီရဲ့လားတောင် သေချာမသိတဲ့ သင်တန်းကျောင်းတွေမှာ MBA သွားတက်ကြတာပါပဲ။

(၃) ကျွန်တော်တို့ နိုင်ငံမှာ အများစု တက်ရောက်နေကြတဲ့ MBA ဆိုတာဟာ Executive MBA တွေဖြစ်ကြပါတယ်။ ၎င်း MBA ဟာ သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍမှာ တတ်ကျွမ်းနားလည်ပြီးသားသူတွေကို သာပေးအပ်တာ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ သက်ဆိုင်ရာ စီးပွားရေး နယ်ပယ်မှာ လိုအပ်တဲ့ အသိပညာ နဲ့ လုပ်သက် (လုပ်ငန်းအတွေ့အကြုံ )ရှိထားပြီး ၎င်းကို သက်သေခံပေးနိုင်တဲ့ အရာမရှိမှသာ အသိအမှတ်ပြုလက်မှတ်တစ်ခုခု ရရှိရန်အတွက် Executive MBA ကို တက္ကသိုလ်တွေဆီ ဦးတိုက်လျှောက်ထားရတာ ဖြစ်ပါတယ်။

ဒါကို ကျွန်တော်တို့နိုင်ငံက လူတွေက Executive MBA ရဲ့ သဘောသဘာဝကို မသိဘဲ တတ်ရောက်နေကြတာဖြစ်ပါတယ်။ သင့်မှာ အမှန်တကယ် အရည်အချင်း မရှိရင် Executive MBA ဘွဲ့လက်မှတ် ဆိုတာသာ သာမန် စက္ကူတစ်ရွက်ပါပဲ။

source: lunge.media

Read times Last modified on Wednesday, 29 January 2020 10:01
Rate this articles
(1 Vote)