×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 08 February 2019

စာညံ့သူတွေက ဘ၀မှာ ပိုအောင်မြင်တဲ့ အကြောင်းအရင်း

အလုပ်ကို ပိုအားစိုက်ကြိုးစားကြတယ်။

တက္ကသိုလ်ကနေ အဆင့်ကောင်းကောင်း ထွက်လာကြတဲ့ သူတွေမှာ ရွေးချယ်စရာလမ်းတွေ များစွာ ရှိကြပါတယ်။

ဒါပေမယ့် အဆင့်ကောင်းကောင်း မရခဲ့ သူတွေကတော့ သူတို့နဲ့ယှဉ်ရင် ရွေးစရာ လမ်းနည်းပါးတဲ့ အတွက် လုပ်ငန်းခွင် အင်တာဗျူးတွေ ပြင်ဆင်ရာမှာ ပိုကြိုးစားပြင်ဆင်တတ်ကြသလို၊ လုပ်ငန်းခွင် ထဲ ရောက်လာရင် ပိုအားစိုက် ကြိုးစားကြတာကို တွေ့ရပါတယ်။

ပေါင်းသင်းဆက်ဆံရေး ပိုကောင်းကြတယ်။

အတန်းထဲမှာ ထိပ်ဆုံးရောက်နေတဲ့ သူတွေနဲ့ယှဉ်ရင် နောက်ဆုံးမှာရှိနေသူတွေက လူမှုပေါင်းသင်း ဆက်ဆံရေး ပိုကောင်းကြပါတယ်။

ထိပ်ဆုံးမှာ ရှိခဲ့သူတွေက သူတို့ကိုယ်တိုင် လူတော်ဖြစ်တာကြောင့် လူတော်တွေနဲ့ပေါင်းသင်းဆက်ဆံ ဖို့ဆိုတာ သူတို့အတွက် ခဲယဉ်းကြပြီး လူမှုပေါင်းသင်း ဆက်ဆံရေးကောင်းသူတွေဟာ အလုပ်အကိုင်ကောင်းကောင်း ပိုရဖို့ အခွင့်အရေး များပါတယ်။

သင်ယူလိုစိတ် အပြည့်အ၀ရှိတယ်။

စာညံ့သူတွေဟာ သင်ယူလိုစိတ် ပြင်းပြသူတွေ ဖြစ်ပါတယ်။ ပြင်ပအရာများကို စူးစမ်းလေ့လာလို စိတ်အပြည့် ရှိနေတာကြောင့် အားနည်းချက်၊ အားသာချက်နဲ့အောင်မြင်မှု ရဲ့ သော့ချက်တွေကို မြင်နိုင်ကြလို့ပါ။

ငယ်စဉ်က အတန်းပညာ မထူးချွန်ကြသူတော်တော်များများဟာ အောင်မြင်မှုရနေကြတာပါ။

အရှုံးထဲကို သင်ခန်းစာယူတယ်။

သူတို့အတွက်ကတော့ လုံးဝပြီးပြည့်စုံတဲ့ Perfect ကို ရှာနေတာ မဟုတ်ပါဘူး။ အလုပ်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ချက်ချင်းအကောင်အထည်ဖော်တတ်ပြီး မအောင်မြင်ခဲ့ရင် အရှုံးထဲက သင်ခန်းစာကို ယူတတ်ကြပါတယ်။

Source: shwemom

Read times Last modified on Wednesday, 29 January 2020 13:57
Rate this articles
(1 Vote)