ZAWGYI
မသက္ဆိုင္သူတေယာက္ကို အီးေမးလ္ မွားပို႔မိလိုက္လို႔ စိတ္ညစ္ရခဲ့ဖူးပါသလား။
ဒါမွမဟုတ္ ကိုယ့္ Inbox ထဲမွာ Website ေပါင္းစုံ၊ လုပ္ငန္းေပါင္းစုံက အီးေမးလ္ေတြ ေရာေထြးျပည့္ႏွက္ေနလို႔ မ်က္စိ ရႈပ္ေနပါသလား။
ယခုနည္းလမ္းေတြကို ေလ့လာၿပီး Gmail ကို ဆရာက်က် အသုံးျပဳလို႔ရပါတယ္။
(၁) ပို႔ၿပီးသား အီးေမးလ္ကို ခ်က္ခ်င္းျပန္ဖ်က္မယ္
Gmail ရဲ့ အသုံးဝင္ဆုံး လုပ္ေဆာင္ခ်က္တခုျဖစ္ၿပီး စာေရးသူကို အႀကိမ္ေရတြက္ မနည္း ကယ္တင္ေပးခဲ့တဲ့ လုပ္ေဆာင္ခ်က္တခု ျဖစ္ပါတယ္။
Undo Send လုပ္ေဆာင္ခ်က္ဟာ အီးေမးလ္တခုကို Send ႏွိပ္လိုက္ေပမယ့္၊ ခ်က္ခ်င္း မထြက္သြားေစဘဲ သတ္မွတ္ အခ်ိန္ျပည့္မွ လက္ခံသူဆီ ေရာက္သြားတဲ့အတြက္ မွားယြင္းသြားတဲ့ အီးေမးလ္ေတြကို အခ်ိန္မီ ျပန္ဖ်က္နိုင္ပါတယ္။ သင့္ Gmail အေကာင့္ရဲ့ ညာဘက္အေပၚေထာင့္က စက္သြားပုံ Settings ေလးကို ႏွိပ္ကာ၊ ‘‘Enable Undo Send’’ ဆိုတဲ့ box ေလးကို အမွန္ျခစ္ၿပီး ဒီလုပ္ေဆာင္ခ်က္ကို အသုံးျပဳနိုင္ပါတယ္။
Send ႏွိပ္ၿပီးၿပီးခ်င္း ဘယ္ႏွစ္စကၠန႔္ေနမွာ အီးေမးလ္ထြက္မလဲဆိုတာကိုလည္း ေရြးခ်ယ္ေပးရမွာပါ။ ၅ ၊ ၁၀၊ ၂၀၊ ၃၀ စကၠန႔္ ေလးမ်ိဳးပဲ ေရြးခ်ယ္နိုင္ၿပီး ၅ စကၠန႔္နဲ႔ေတာ့ ကိုယ္မွားသြားၿပီဆိုတာ ခ်က္ခ်င္း မသိနိုင္တဲ့အတြက္ စကၠန႔္ ၃၀ ဂိတ္ဆုံးေရြးေပးထားတာက ပိုအဆင္ေျပေစမွာပါ။ ၿပီးရင္ ေအာက္ဆုံးက Save Changes ဆိုတာေလးကို ႏွိပ္ဖို႔ မေမ့ပါနဲ႔။
Save လုပ္ၿပီးသြားရင္ေတာ့ ေနာက္ သင္အီးေမးလ္ပို႔တိုင္းမွာ Undo လုပ္နိုင္တဲ့ ခလုတ္ေလးတခု အပို ပါဝင္လာတာကို ေတြ႕ရမွာျဖစ္ၿပီး၊ တခုခုမွားသြားၿပီဆိုတာနဲ႔ Undo ေကာက္ႏွိပ္လိုက္တာနဲ႔ သာသာယာယာ ျပန္ျပင္နိုင္မွာျဖစ္ပါတယ္။
(၂) Search and Filter ကို ေကာင္းေကာင္းအသုံးခ်ပါ
Gmail ရဲ့ Search box ကေန ကိုယ္ျပန္ရွာခ်င္တဲ့ အီးေမးလ္ကို အလြယ္တကူျပန္ရွာနိုင္ေပမယ့္၊ ဒီထက္ ပိုမို တိတိက်က်ရွာခ်င္ရင္ ဒါမွမဟုတ္ ဖိုင္ဆိုဒ္အမ်ားႀကီးပါတဲ့ အီးေမးလ္ေတြကိုပဲ ေရြးရွာၿပီး ဖ်က္ခ်င္ရင္ ဒီ လုပ္ေဆာင္ခ်က္ကလည္း ေတာ္ေတာ္အသုံးဝင္ပါတယ္။
Search, Delete and Filter ကို Gmail အေပၚဆုံးက Search Box ေဘးနားက ေအာက္စိုက္ေနတဲ့ ုျမႇားေလးကို ဆြဲခ်အသုံးျပဳနိုင္ပါတယ္။ အီးေမးလ္ပို႔သူ၊ လက္ခံသူ၊ အီးေမးလ္အေၾကာင္းအရာ၊ အီးေမးလ္မွာ ပါဝင္တဲ့ စကားလုံး၊ မပါတဲ့ စကားလုံး၊ ဖိုင္ဆိုဒ္ စသျဖင့္ စိတ္ႀကိဳက္ေရြးခ်ယ္ၿပီး အလြယ္တကူ ျပန္ရွာနိုင္ပါတယ္။
Recommended For You >>> "အီးေမးပို႕ရာတြင္ အသံုးျပဳရမယ့္စကားစုေလးမ်ား"
ဒီထက္ ပိုအဆင္ေျပတာကေတာ့ Filter ခံလို႔ရတာျဖစ္ပါတယ္။ ကိုယ့္ဆီ ဝင္လာတဲ့ အီးေမးလ္ေတြကို စစ္ထုတ္ၿပီး၊ အလိုအေလ်ာက္ Label တပ္တာ၊ ဝင္လာတာနဲ႔ ဖ်က္ပစ္တာ၊ Star မွတ္ေပးထားတာ၊ ဒါမွမဟုတ္ အလိုအေလ်ာက္ ထပ္ၿပီး Forward လုပ္တာ စတဲ့ အခ်ိန္ကုန္သက္သာမယ့္ လုပ္ေဆာင္ခ်က္ အားလုံးကို Filter ခံၿပီး လုပ္လို႔ ရပါတယ္။
Filter ခံနည္းကေတာ့ Search လုပ္တဲ့အတိုင္းပဲ ပို႔သူ၊ ပါဝင္တဲ့စကားလုံး စတာေတြကို သတ္မွတ္ၿပီး၊ Create filter ကို ႏွိပ္ေပးရမွာပါ။ ၿပီးရင္ေတာ့ အဆိုပါ အီးေမးလ္ကို ဘာလုပ္ပစ္ခ်င္လဲ ဆိုတာ ထပ္ေရြးေပးရပါမယ္။ ဥပမာ- Pornographic လို႔ စကားလုံးေရြးၿပီး၊ “Delete it” ကို လုပ္ထားမယ္ ဆိုရင္ ေနာက္တခါ အဆိုပါစကားလုံးပါတဲ့ အီးေမးလ္ဝင္လာတာနဲ႔ အလိုအေလ်ာက္ ဖ်က္ပစ္မွာ ျဖစ္ပါတယ္။
Label ေရြးထားမယ္ဆိုရင္ အဆိုပါအီးေမးလ္ဝင္လာရင္ သက္ဆိုင္ရာ label ထဲ ပို႔ေပးမွာ ျဖစ္ပါတယ္။ အိုင္ဒီယာရွိ သေလာက္ အသုံးဝင္တဲ့ Feature ျဖစ္ပါတယ္။
(၃) Stars မ်ားနဲ႔ Inbox ကို ေကာင္းေကာင္း အသုံးခ်ပါ
အီးေမးလ္တခုကို Star ေပးလို႔ရတယ္ဆိုတာ အားလုံးသိၿပီးသားပါ။ ဒါေပမယ့္ Star တမ်ိဳးတည္း မဟုတ္ဘဲ Stars အေရာင္အမ်ိဳးမ်ိဳးနဲ႔ တျခားအမွတ္အသားေလးေတြ ေရြးေပးလို႔ ရပါတယ္။ ဒီ Feature ကို အသုံးျပဳခ်င္တယ္ဆိုရင္ Settings > General ထဲက Stars ကို သြားၿပီး၊ ကိုယ္သုံးခ်င္တဲ့ Stars အေရအတြက္ကို ေရြးေပးပါ။
Stars ေပးတာက ဘယ္ေနရာမွာ သိသာလည္းဆိုေတာ့ အီးေမးလ္ေတြကို အေရးႀကီးမႈ အဆင့္အလိုက္ Star အေရာင္ေရြးေပးနိုင္တာေၾကာင့္ အီးေမးလ္ျပန္စစ္တဲ့အခါ သိသာပါတယ္။ ကိုယ့္အမွတ္အသားအလိုက္ ပုံစံအမ်ိဳးမ်ိဳး Star ေပးၿပီး အီးေမးလ္ေတြ ခြဲနိုင္ပါတယ္။
Star ေပးမယ္ဆိုရင္ေတာ့ ပုံမွန္အတိုင္း အီးေမးလ္တေစာင္ေဘးက Star ေနရာကို ႏွိပ္ေပးရမွာ ျဖစ္ၿပီး၊ Star အေရာင္ေျပာင္းေပးမယ္ဆိုရင္ ကလစ္ဆက္တိုက္ ႏွိပ္ၿပီး အေရာင္ေျပာင္းနိုင္ပါတယ္။ Star ေပးထားတာရဲ့ ေနာက္ထပ္ အသုံးဝင္တဲ့တခ်က္ကေတာ့ Search box မွာ “has:purple-star’’ လို႔ ရိုက္လိုက္တာနဲ႔ Purple Star ေပးထားတဲ့ ေမးလ္ေတြ အကုန္က်လာမွာပါ။
(၄) Email မ်ားကို အခ်ိန္ သတ္မွတ္ ပို႔မယ္
အီးေမးလ္ေတြကို အခ်ိန္သတ္မွတ္ၿပီး ပို႔ခ်င္တယ္ဆိုရင္ေတာ့ Browser Add-on တခု အသုံးျပဳရပါမယ္။ အသုံးမ်ားဆုံးကေတာ့ Boomerang for Gmail ျဖစ္ၿပီး၊ အသုံးျပဳနည္းကေတာ့ ယခု website ကို သြားပါ။
http://www.boomeranggmail.com/
ၿပီးရင္ Add this to your Gmail ဆိုတဲ့ ခလုတ္ကို ႏွိပ္လိုက္ပါ။ Box တခုေပၚလာရင္ Add extension ဆိုတာကို ထပ္ႏွိပ္လိုက္ပါ။ ဒီအခါ သင့္ Browser မွာ Boomerang extension ကို သြင္းေပးသြားမွာျဖစ္ၿပီး၊ Gmail ကို Load ျပန္လုပ္လိုက္တာနဲ႔ Send Later ဆိုတဲ့ ေနာက္ထပ္ ခလုတ္ အသစ္တခုကို Send ေအာက္မွာ ထပ္ေတြ႕ ရမွာပါ။
ပထမဆုံး Register လုပ္ေပးဖို႔ လိုပါတယ္။ Send Later ေဘးနားက ေလးေထာင့္ကြက္ ေသးေသးေလးကို ႏွိပ္လိုက္ပါ။ ဒီအခါ သင့္ Gmail အေကာင့္ကို Access လုပ္ခြင့္ ေတာင္းဆိုတာကို ေတြ႕ျမင္ရမွာျဖစ္ၿပီး၊ Allow လုပ္လိုက္တာနဲ႔ အသုံးျပဳနိုင္ၿပီ ျဖစ္ပါတယ္။
အသုံးျပဳနည္းကေတာ့ ရိုးရွင္းပါတယ္။ အီးေမးလ္အရင္ေရးထားၿပီး လို႔ ေနာက္မွပို႔ခ်င္တယ္ဆိုရင္ Send Later ကို ႏွိပ္ၿပီး၊ စိတ္ႀကိဳက္အခ်ိန္ေရြးကာ Schedule လုပ္နိုင္ပါတယ္။
(၅) Canned Response ျဖင့္ အခ်ိန္ေခၽြတာပါ
ဝင္လာတဲ့ အီးေမးလ္ေတြကို အျမဲလိုလို တမ်ိဳးတည္း ျပန္ေျဖေနရပါသလား။
Settings > Lab ထဲက Canned Responses ကို ဖြင့္ေပးလိုက္ပါ။ Gmail ဒီဇိုင္းအသစ္မွာေတာ့ Lab မဟုတ္ေတာ့ဘဲ Advanced ဆိုၿပီး ျဖစ္သြားပါတယ္။
ဖြင့္ၿပီးသြားၿပီဆိုရင္ Compose ကို သြားပါ။ ကိုယ္ေရးခ်င္တဲ့ စာေတြကို ေရးပါ။ ၿပီးရင္ ညာဘက္ေအာက္ေထာင့္ နားက ျမႇားေအာက္စိုက္ေနတဲ့ပုံေလးကို ႏွိပ္လိုက္ပါ။ List တခုေပၚလာရင္ Canned responses ဆိုတာ ေတြ႕ပါလိမ့္မယ္။ New canned response ကို ႏွိပ္ၿပီး ကိုယ္မွတ္ထားခ်င္တဲ့ နာမည္နဲ႔ မွတ္ထားလိုက္ပါ။
ေနာက္တခါ အီးေမးလ္ပို႔ရေတာ့မယ္ဆိုရင္ စာရိုက္စရာမလိုေတာ့ဘဲ အထက္ပါနည္းအတိုင္း Canned responses ကို သြားကာ၊ ကိုယ္ Save ထားတဲ့ Reply တခုခုကို ႏွိပ္လိုက္တာနဲ႔ စာရိုက္ၿပီးသြား ျဖစ္ပါလိမ့္မယ္။ ေန႔စဥ္ေန႔တိုင္း အထက္လူႀကီးကို Report တင္ေနရသူ၊ အျမဲလိုလို တပုံစံတည္း Reply ျပန္ေနရသူေတြ အတြက္ အခ်ိန္ကုန္သက္သာေစမယ့္ Feature ျဖစ္ပါတယ္။
- ဤဝက္ဆိုဒ္တြင္ သင္ယူလိုသည့္ သူမ်ားအေနျဖင့္ ဂီတ၊ ဘာသာစကား၊ ကြန္ျပဴတာ၊ ေကာ်င္းဘာသာရပ္မ်ား၊ ဒီဇိုင္းပညာရပ္မ်ား၊ အႏုပညာ စသည္ျဖင့္ ဘာသာရပ္အမ်ိဳးမ်ိဳးကို အနီးကပ္သင္ေပးေသာ ဆရာ၊ ဆရာမမ်ားကိုရွာေဖြ ႏိုင္ပါသည္။
- ဆရာ၊ ဆရာမမ်ား၏ ကိုယ္ေရးအခ်က္အလက္ အျပည့္ အစံုပါဝင္ေသာေၾကာင့္ အေသးစိတ္ၾကည့္ရွဳႏိုင္ပါသည္။
- ဝင္ေရာက္ၾကည့္ရႈ၊ ရွာေဖြ ပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html ေလးကိုသာႏွိပ္လိုက္ပါ။
Source: internet
UNICODE
G-Mail ကို ဆရာကျကျ ဘယ်လိုအသုံးပြုကြမလဲ?
မသက်ဆိုင်သူတယောက်ကို အီးမေးလ် မှားပို့မိလိုက်လို့ စိတ်ညစ်ရခဲ့ဖူးပါသလား။ ဒါမှမဟုတ် ကိုယ့် Inbox ထဲမှာ Website ပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံက အီးမေးလ်တွေ ရောထွေးပြည့်နှက်နေလို့ မျက်စိ ရှုပ်နေပါသလား။
ယခုနည်းလမ်းတွေကို လေ့လာပြီး Gmail ကို ဆရာကျကျ အသုံးပြုလို့ရပါတယ်။
(၁) ပို့ပြီးသား အီးမေးလ်ကို ချက်ချင်းပြန်ဖျက်မယ်
Gmail ရဲ့ အသုံးဝင်ဆုံး လုပ်ဆောင်ချက်တခုဖြစ်ပြီး စာရေးသူကို အကြိမ်ရေတွက် မနည်း ကယ်တင်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။
Undo Send လုပ်ဆောင်ချက်ဟာ အီးမေးလ်တခုကို Send နှိပ်လိုက်ပေမယ့်၊ ချက်ချင်း မထွက်သွားစေဘဲ သတ်မှတ် အချိန်ပြည့်မှ လက်ခံသူဆီ ရောက်သွားတဲ့အတွက် မှားယွင်းသွားတဲ့ အီးမေးလ်တွေကို အချိန်မီ ပြန်ဖျက်နိုင်ပါတယ်။ သင့် Gmail အကောင့်ရဲ့ ညာဘက်အပေါ်ထောင့်က စက်သွားပုံ Settings လေးကို နှိပ်ကာ၊ ‘‘Enable Undo Send’’ ဆိုတဲ့ box လေးကို အမှန်ခြစ်ပြီး ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။
Send နှိပ်ပြီးပြီးချင်း ဘယ်နှစ်စက္ကန့်နေမှာ အီးမေးလ်ထွက်မလဲဆိုတာကိုလည်း ရွေးချယ်ပေးရမှာပါ။ ၅ ၊ ၁၀၊ ၂၀၊ ၃၀ စက္ကန့် လေးမျိုးပဲ ရွေးချယ်နိုင်ပြီး ၅ စက္ကန့်နဲ့တော့ ကိုယ်မှားသွားပြီဆိုတာ ချက်ချင်း မသိနိုင်တဲ့အတွက် စက္ကန့် ၃၀ ဂိတ်ဆုံးရွေးပေးထားတာက ပိုအဆင်ပြေစေမှာပါ။ ပြီးရင် အောက်ဆုံးက Save Changes ဆိုတာလေးကို နှိပ်ဖို့ မမေ့ပါနဲ့။
Save လုပ်ပြီးသွားရင်တော့ နောက် သင်အီးမေးလ်ပို့တိုင်းမှာ Undo လုပ်နိုင်တဲ့ ခလုတ်လေးတခု အပို ပါဝင်လာတာကို တွေ့ရမှာဖြစ်ပြီး၊ တခုခုမှားသွားပြီဆိုတာနဲ့ Undo ကောက်နှိပ်လိုက်တာနဲ့ သာသာယာယာ ပြန်ပြင်နိုင်မှာဖြစ်ပါတယ်။
(၂) Search and Filter ကို ကောင်းကောင်းအသုံးချပါ
Gmail ရဲ့ Search box ကနေ ကိုယ်ပြန်ရှာချင်တဲ့ အီးမေးလ်ကို အလွယ်တကူပြန်ရှာနိုင်ပေမယ့်၊ ဒီထက် ပိုမို တိတိကျကျရှာချင်ရင် ဒါမှမဟုတ် ဖိုင်ဆိုဒ်အများကြီးပါတဲ့ အီးမေးလ်တွေကိုပဲ ရွေးရှာပြီး ဖျက်ချင်ရင် ဒီ လုပ်ဆောင်ချက်ကလည်း တော်တော်အသုံးဝင်ပါတယ်။
Search, Delete and Filter ကို Gmail အပေါ်ဆုံးက Search Box ဘေးနားက အောက်စိုက်နေတဲ့ ုမြှားလေးကို ဆွဲချအသုံးပြုနိုင်ပါတယ်။ အီးမေးလ်ပို့သူ၊ လက်ခံသူ၊ အီးမေးလ်အကြောင်းအရာ၊ အီးမေးလ်မှာ ပါဝင်တဲ့ စကားလုံး၊ မပါတဲ့ စကားလုံး၊ ဖိုင်ဆိုဒ် စသဖြင့် စိတ်ကြိုက်ရွေးချယ်ပြီး အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။
Recommended For You >>> "အီးမေးပို့ရာတွင် အသုံးပြုရမယ့်စကားစုလေးများ"
ဒီထက် ပိုအဆင်ပြေတာကတော့ Filter ခံလို့ရတာဖြစ်ပါတယ်။ ကိုယ့်ဆီ ဝင်လာတဲ့ အီးမေးလ်တွေကို စစ်ထုတ်ပြီး၊ အလိုအလျောက် Label တပ်တာ၊ ဝင်လာတာနဲ့ ဖျက်ပစ်တာ၊ Star မှတ်ပေးထားတာ၊ ဒါမှမဟုတ် အလိုအလျောက် ထပ်ပြီး Forward လုပ်တာ စတဲ့ အချိန်ကုန်သက်သာမယ့် လုပ်ဆောင်ချက် အားလုံးကို Filter ခံပြီး လုပ်လို့ ရပါတယ်။
Filter ခံနည်းကတော့ Search လုပ်တဲ့အတိုင်းပဲ ပို့သူ၊ ပါဝင်တဲ့စကားလုံး စတာတွေကို သတ်မှတ်ပြီး၊ Create filter ကို နှိပ်ပေးရမှာပါ။ ပြီးရင်တော့ အဆိုပါ အီးမေးလ်ကို ဘာလုပ်ပစ်ချင်လဲ ဆိုတာ ထပ်ရွေးပေးရပါမယ်။ ဥပမာ- Pornographic လို့ စကားလုံးရွေးပြီး၊ “Delete it” ကို လုပ်ထားမယ် ဆိုရင် နောက်တခါ အဆိုပါစကားလုံးပါတဲ့ အီးမေးလ်ဝင်လာတာနဲ့ အလိုအလျောက် ဖျက်ပစ်မှာ ဖြစ်ပါတယ်။
Label ရွေးထားမယ်ဆိုရင် အဆိုပါအီးမေးလ်ဝင်လာရင် သက်ဆိုင်ရာ label ထဲ ပို့ပေးမှာ ဖြစ်ပါတယ်။ အိုင်ဒီယာရှိ သလောက် အသုံးဝင်တဲ့ Feature ဖြစ်ပါတယ်။
(၃) Stars များနဲ့ Inbox ကို ကောင်းကောင်း အသုံးချပါ
အီးမေးလ်တခုကို Star ပေးလို့ရတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် Star တမျိုးတည်း မဟုတ်ဘဲ Stars အရောင်အမျိုးမျိုးနဲ့ တခြားအမှတ်အသားလေးတွေ ရွေးပေးလို့ ရပါတယ်။ ဒီ Feature ကို အသုံးပြုချင်တယ်ဆိုရင် Settings > General ထဲက Stars ကို သွားပြီး၊ ကိုယ်သုံးချင်တဲ့ Stars အရေအတွက်ကို ရွေးပေးပါ။
Stars ပေးတာက ဘယ်နေရာမှာ သိသာလည်းဆိုတော့ အီးမေးလ်တွေကို အရေးကြီးမှု အဆင့်အလိုက် Star အရောင်ရွေးပေးနိုင်တာကြောင့် အီးမေးလ်ပြန်စစ်တဲ့အခါ သိသာပါတယ်။ ကိုယ့်အမှတ်အသားအလိုက် ပုံစံအမျိုးမျိုး Star ပေးပြီး အီးမေးလ်တွေ ခွဲနိုင်ပါတယ်။
Star ပေးမယ်ဆိုရင်တော့ ပုံမှန်အတိုင်း အီးမေးလ်တစောင်ဘေးက Star နေရာကို နှိပ်ပေးရမှာ ဖြစ်ပြီး၊ Star အရောင်ပြောင်းပေးမယ်ဆိုရင် ကလစ်ဆက်တိုက် နှိပ်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ Star ပေးထားတာရဲ့ နောက်ထပ် အသုံးဝင်တဲ့တချက်ကတော့ Search box မှာ “has:purple-star’’ လို့ ရိုက်လိုက်တာနဲ့ Purple Star ပေးထားတဲ့ မေးလ်တွေ အကုန်ကျလာမှာပါ။
(၄) Email များကို အချိန် သတ်မှတ် ပို့မယ်
အီးမေးလ်တွေကို အချိန်သတ်မှတ်ပြီး ပို့ချင်တယ်ဆိုရင်တော့ Browser Add-on တခု အသုံးပြုရပါမယ်။ အသုံးများဆုံးကတော့ Boomerang for Gmail ဖြစ်ပြီး၊ အသုံးပြုနည်းကတော့ ယခု website ကို သွားပါ။
http://www.boomeranggmail.com/
ပြီးရင် Add this to your Gmail ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ Box တခုပေါ်လာရင် Add extension ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ဒီအခါ သင့် Browser မှာ Boomerang extension ကို သွင်းပေးသွားမှာဖြစ်ပြီး၊ Gmail ကို Load ပြန်လုပ်လိုက်တာနဲ့ Send Later ဆိုတဲ့ နောက်ထပ် ခလုတ် အသစ်တခုကို Send အောက်မှာ ထပ်တွေ့ ရမှာပါ။
ပထမဆုံး Register လုပ်ပေးဖို့ လိုပါတယ်။ Send Later ဘေးနားက လေးထောင့်ကွက် သေးသေးလေးကို နှိပ်လိုက်ပါ။ ဒီအခါ သင့် Gmail အကောင့်ကို Access လုပ်ခွင့် တောင်းဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Allow လုပ်လိုက်တာနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အသုံးပြုနည်းကတော့ ရိုးရှင်းပါတယ်။ အီးမေးလ်အရင်ရေးထားပြီး လို့ နောက်မှပို့ချင်တယ်ဆိုရင် Send Later ကို နှိပ်ပြီး၊ စိတ်ကြိုက်အချိန်ရွေးကာ Schedule လုပ်နိုင်ပါတယ်။
(၅) Canned Response ဖြင့် အချိန်ချွေတာပါ
ဝင်လာတဲ့ အီးမေးလ်တွေကို အမြဲလိုလို တမျိုးတည်း ပြန်ဖြေနေရပါသလား။
Settings > Lab ထဲက Canned Responses ကို ဖွင့်ပေးလိုက်ပါ။ Gmail ဒီဇိုင်းအသစ်မှာတော့ Lab မဟုတ်တော့ဘဲ Advanced ဆိုပြီး ဖြစ်သွားပါတယ်။
ဖွင့်ပြီးသွားပြီဆိုရင် Compose ကို သွားပါ။ ကိုယ်ရေးချင်တဲ့ စာတွေကို ရေးပါ။ ပြီးရင် ညာဘက်အောက်ထောင့် နားက မြှားအောက်စိုက်နေတဲ့ပုံလေးကို နှိပ်လိုက်ပါ။ List တခုပေါ်လာရင် Canned responses ဆိုတာ တွေ့ပါလိမ့်မယ်။ New canned response ကို နှိပ်ပြီး ကိုယ်မှတ်ထားချင်တဲ့ နာမည်နဲ့ မှတ်ထားလိုက်ပါ။
နောက်တခါ အီးမေးလ်ပို့ရတော့မယ်ဆိုရင် စာရိုက်စရာမလိုတော့ဘဲ အထက်ပါနည်းအတိုင်း Canned responses ကို သွားကာ၊ ကိုယ် Save ထားတဲ့ Reply တခုခုကို နှိပ်လိုက်တာနဲ့ စာရိုက်ပြီးသွား ဖြစ်ပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်း အထက်လူကြီးကို Report တင်နေရသူ၊ အမြဲလိုလို တပုံစံတည်း Reply ပြန်နေရသူတွေ အတွက် အချိန်ကုန်သက်သာစေမယ့် Feature ဖြစ်ပါတယ်။
- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကောျင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမများကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html လေးကိုသာနှိပ်လိုက်ပါ။
Source: internet