×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 23 November 2019

"ေပါင္းသင္းဆက္ဆံေရးခ်ဲ႕ထြင္ခ်င္သူတိုင္း ေရွာင္က်ဥ္သင့္တဲ့ စကားေျပာဆိုမႈဆိုင္ရာ အေလ့အထမ်ား"

"ေပါင္းသင္းဆက္ဆံေရးခ်ဲ႕ထြင္ခ်င္သူတိုင္း ေရွာင္က်ဥ္သင့္တဲ့ စကားေျပာဆိုမႈဆိုင္ရာ အေလ့အထမ်ား" freepick

သင့္ကိုယ္သင္ေပါင္းသင္းဆက္ဆံေရးမွာ အားနည္းတယ္လို႔ ခံစားေနရၿပီလား။

ေပါင္းသင္းဆက္ဆံမွာလိုအပ္ခ်က္ေတြရွိျခင္းဟာ ကိုယ့္အတြက္အခြင့္လမ္းေကာင္းေတြ မိတ္ေကာင္းေဆြေကာင္းေတြကို ဆံုးရံႈးရတက္တာေၾကာင့္ လူတိုင္းလူတိုင္းေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သတ္ၿပီးအေလးထားဖို႔လိုအပ္ပါတယ္။သင့္အေနနဲ႔ ေပါင္းဆက္ဆံေရးမေကာင္းလို႔ ေပါင္းသင္းဆက္ဆံေရးခ်ဲ႕ထြင္ဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ အခုေျပာျပမယ့္ စကားေျပာဆိုမႈဆိုင္ရာ အေလ့အထေလးေတြကိုျပဳျပင္ဖို႔အၾကံျပဳလိုက္ပါတယ္။

 

(၁) အာရံုစိုက္မႈမရွိျခင္း

လူတစ္ေယာက္နဲ႔တစ္ေယာက္စကားေျပာတဲ့အခါ ေသခ်ာဂရုတစိုက္နားေထာင္တက္ျခင္းကလည္း ယဥ္ေက်းမႈတစ္ခုျဖစ္ပါတယ္။တစ္ဖက္လူေျပာေနတဲ့စကားကိုေသခ်ာနားေထာင္ေပးၿပီး တုန္ျပန္႕မႈေကာင္းတဲ့စကားမ်ဳိးျပန္လည္ေျပာဆိုမွသာ တစ္ ဖက္လူအေနနဲ႔ သူအေပၚအျပည့္အဝအာရံုစိုက္တယ္လို႔ ယူဆ မွာပါ။ဒီလိုမွမဟုတ္ပဲ ကိုယ္နဲ႔စကားေျပာေနတဲ့လူအေပၚအာရံု စိုက္မႈမရွိပဲ ေျပာသမွ် အင္းအဲေလာက္သာတုန္႔ျပန္မယ္ဆိုရင္ ေတာ့ သင္န႔ဲေနာက္ထပ္တစ္ႀကိမ္စကားေတြေျပာၿပီး ဆက္ဆံ ေရးတည္ေဆာက္ဖို႔လက္တြန္႔သြားမွာပါ။

 

(၂) အရႊန္းေဖာက္လြန္းျခင္း

တစ္ခါတစ္ေလမွာ တစ္ဖက္လူေျပာေနတဲ့စကားကို ကိုယ့္အေနနဲ႔ ဘာရယ္မဟုတ္စေနာက္လိုက္တာမ်ဳိးလုပ္ ဖူးၾကမယ္ထင္ ပါတယ္။ကိုယ္ဟာစေနာက္ရတာဝါသနာပါသူတစ္ေယာက္ဆိုရင္လည္း အေျခအေနအခ်ိန္အခါကိုၾကည့္ၿပီးမွ စေနာက္သင့္ပါတယ္။တစ္ဖက္လူကတကယ္အေရးပါတဲ့စကားမ်ဴိးေလးေလးနက္နက္ေျပာဆိုေနတယ္ဆိုရင္ေတာ့ ေသခ်ာေလးနားေထာင္ေပးလိုက္ပါ။အစေနာက္သန္ျခင္း အရႊန္းေဖာက္လြန္းျခင္းကလည္း တစ္ခါတစ္ေလမွာ ဆက္ဆံေရးပ်က္ျပားသြားေစတဲ့အေၾကာင္းအရင္းတစ္ရပ္ျဖစ္ပါတယ္။

Recommended For You >>> "သင့္ကုိတန္းဖုိးထားရာ အရပ္မွာ ေနထုိင္ပါ"

 

(၃) စကားလုေျပာျခင္း

လူတစ္ေယာက္ေျပာေနတဲ့စကားကို အတင္းျဖတ္ၿပီး လုေျပာ တာဟာ အင္မတန္ရိုင္းတဲ့အျပဳအမူတစ္ခုျဖစ္ပါတယ္။ဒီလိုတစ္ဖက္လူစကားေျပာေနခ်ိန္ ကိုယ္အေနနဲ႕ အတင္းလုေျပာတာဟာ တစ္ဖက္လူရဲ႕စကားေတြအေပၚ စိတ္မဝင္စားဘူးလို႔ ေဖာ္ျပရာေရာက္ၿပီး ကိုယ့္ရဲ႕ယဥ္ေက်းမႈနားမလည္တဲ့ အမူအရာကိုလည္းျပသရာေရာက္ပါတယ္။ဒါေၾကာင့္လူေတြနဲ႔ စကားေျပာဆိုတဲ့အခါ တစ္ဖက္လူစကားကိုဆံုးေအာင္နားေထာင္ေပးၿပီးမွကိုယ္ေျပာခ်င္တဲ့စကားကိုေျပာဆိုသင့္တာျဖစ္ပါတယ္။

 

(၄) ဖုန္းေတြအေပၚအာရံုစိုက္လြန္းျခင္း

အခုေနာက္ပိုင္းဖုန္းေတြကလူေတြရဲ႕ ေန႔စဥ္ဘဝမွာမပါမျဖစ္ လို႔ဆိုရေလာက္တဲ့အထိ အေရးပါတဲ့အရာတစ္ခုျဖစ္လာပါတယ္။ဒါေပမယ့္လည္းကိုယ့္ပတ္ဝန္းက်င္ကလူေတြထက္ပိုၿပီးေတာ့ ဖုန္းေတြကိုအာရံုမစိုက္သင့္ပါဘူး။လူႏွစ္ေယာက္စကားေျပာေနခ်ိန္မွာ ဖုန္းသံုးေနတာမ်ဴိး ဖုန္းၾကည့္ေနတာမ်ဳိးကလည္း လံုးဝေရွာင္ရွားသင့္တဲ့လုပ္ရပ္တစ္ခုျဖစ္ပါတယ္။မဟုတ္ရင္ ေတာ့ ဖုန္းေတြကသင့္ရဲ႕ ေပါင္းသင္းဆက္ဆံေရးခ်ဲ႕ထြင္ရာမွာ အေႏွာက္ယွက္တစ္ခုျဖစ္လာႏိုင္ပါတယ္။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
-႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။
- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ဝင္ေရာက္ရွာေဖြႏုိင္ပါသည္။

 



 

UNICODE

"ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ချင်သူတိုင်း ရှောင်ကျဉ်သင့်တဲ့ စကားပြောဆိုမှုဆိုင်ရာ အလေ့အထများ"
သင့်ကိုယ်သင်ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းတယ်လို့ ခံစားနေရပြီလား။ပေါင်းသင်းဆက်ဆံမှာလိုအပ်ချက်တွေရှိခြင်းဟာ ကိုယ့်အတွက်အခွင့်လမ်းကောင်းတွေ မိတ်ကောင်းဆွေကောင်းတွေကို ဆုံးရှုံးရတက်တာကြောင့် လူတိုင်းလူတိုင်းပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်ပြီးအလေးထားဖို့လိုအပ်ပါတယ်။သင့်အနေနဲ့ ပေါင်းဆက်ဆံရေးမကောင်းလို့ ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုပြောပြမယ့် စကားပြောဆိုမှုဆိုင်ရာ အလေ့အထလေးတွေကိုပြုပြင်ဖို့အကြံပြုလိုက်ပါတယ်။

 

(၁) အာရုံစိုက်မှုမရှိခြင်း

လူတစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါ သေချာဂရုတစိုက်နားထောင်တက်ခြင်းကလည်း ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။တစ်ဖက်လူပြောနေတဲ့စကားကိုသေချာနားထောင်ပေးပြီး တုန်ပြန့်မှုကောင်းတဲ့စကားမျိုးပြန်လည်ပြောဆိုမှသာ တစ် ဖက်လူအနေနဲ့ သူအပေါ်အပြည့်အဝအာရုံစိုက်တယ်လို့ ယူဆ မှာပါ။ဒီလိုမှမဟုတ်ပဲ ကိုယ်နဲ့စကားပြောနေတဲ့လူအပေါ်အာရုံ စိုက်မှုမရှိပဲ ပြောသမျှ အင်းအဲလောက်သာတုန့်ပြန်မယ်ဆိုရင် တော့ သင်နဲ့နောက်ထပ်တစ်ကြိမ်စကားတွေပြောပြီး ဆက်ဆံ ရေးတည်ဆောက်ဖို့လက်တွန့်သွားမှာပါ။

 

(၂) အရွှန်းဖောက်လွန်းခြင်း

တစ်ခါတစ်လေမှာ တစ်ဖက်လူပြောနေတဲ့စကားကို ကိုယ့်အနေနဲ့ ဘာရယ်မဟုတ်စနောက်လိုက်တာမျိုးလုပ် ဖူးကြမယ်ထင် ပါတယ်။ကိုယ်ဟာစနောက်ရတာဝါသနာပါသူတစ်ယောက်ဆိုရင်လည်း အခြေအနေအချိန်အခါကိုကြည့်ပြီးမှ စနောက်သင့်ပါတယ်။တစ်ဖက်လူကတကယ်အရေးပါတဲ့စကားမျိူးလေးလေးနက်နက်ပြောဆိုနေတယ်ဆိုရင်တော့ သေချာလေးနားထောင်ပေးလိုက်ပါ။အစနောက်သန်ခြင်း အရွှန်းဖောက်လွန်းခြင်းကလည်း တစ်ခါတစ်လေမှာ ဆက်ဆံရေးပျက်ပြားသွားစေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

Recommended For You >>> "သင့်ကိုတန်းဖိုးထားရာ အရပ်မှာ နေထိုင်ပါ"

 

(၃) စကားလုပြောခြင်း

လူတစ်ယောက်ပြောနေတဲ့စကားကို အတင်းဖြတ်ပြီး လုပြော တာဟာ အင်မတန်ရိုင်းတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ဒီလိုတစ်ဖက်လူစကားပြောနေချိန် ကိုယ်အနေနဲ့ အတင်းလုပြောတာဟာ တစ်ဖက်လူရဲ့စကားတွေအပေါ် စိတ်မဝင်စားဘူးလို့ ဖော်ပြရာရောက်ပြီး ကိုယ့်ရဲ့ယဉ်ကျေးမှုနားမလည်တဲ့ အမူအရာကိုလည်းပြသရာရောက်ပါတယ်။ဒါကြောင့်လူတွေနဲ့ စကားပြောဆိုတဲ့အခါ တစ်ဖက်လူစကားကိုဆုံးအောင်နားထောင်ပေးပြီးမှကိုယ်ပြောချင်တဲ့စကားကိုပြောဆိုသင့်တာဖြစ်ပါတယ်။

 

(၄) ဖုန်းတွေအပေါ်အာရုံစိုက်လွန်းခြင်း

အခုနောက်ပိုင်းဖုန်းတွေကလူတွေရဲ့ နေ့စဉ်ဘဝမှာမပါမဖြစ် လို့ဆိုရလောက်တဲ့အထိ အရေးပါတဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်လည်းကိုယ့်ပတ်ဝန်းကျင်ကလူတွေထက်ပိုပြီးတော့ ဖုန်းတွေကိုအာရုံမစိုက်သင့်ပါဘူး။လူနှစ်ယောက်စကားပြောနေချိန်မှာ ဖုန်းသုံးနေတာမျိူး ဖုန်းကြည့်နေတာမျိုးကလည်း လုံးဝရှောင်ရှားသင့်တဲ့လုပ်ရပ်တစ်ခုဖြစ်ပါတယ်။မဟုတ်ရင် တော့ ဖုန်းတွေကသင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးချဲ့ထွင်ရာမှာ အနှောက်ယှက်တစ်ခုဖြစ်လာနိုင်ပါတယ်။

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။
- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.html  တွင် အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

 

sayar.com.mm
Sources : Kwee

Read times Last modified on Monday, 30 December 2019 17:14
Rate this articles
(0 votes)