×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 06 December 2019

"သင့္ဘ၀ထဲက ထုတ္ပစ္သင့္တဲ့အေၾကာက္တရား (၉)ခု"

"သင့္ဘ၀ထဲက ထုတ္ပစ္သင့္တဲ့အေၾကာက္တရား (၉)ခု" freepick

တကယ္လုိ႔သင္ဟာ သင့္ရဲ႕ relationship၊ အလုပ္အကိုင္၊ အဆင္မေျပမႈကိစၥေတြကို ထိပ္တုိက္ရင္မဆိုင္ဘဲ ေနသာသလိုျဖည့္ေတြးျပီး ေန, ေနမယ္ဆိုရင္ေတာ့ သင့္ life ကအရမ္းကိုက်ည္းေျမာင္းေနမွာပါ။

စိတ္ပညာရွင္တစ္ေယာက္က လူေတြဟာ သူတို႔စိုးရိမ္မႈေတြကို သိရက္နဲ႔ရင္မဆိုင္ဘဲ မသိခ်င္ေယာင္ေဆာင္ျပီး၊ သက္ေသာင့္သက္သာျဖစ္ေအာင္ ကိုယ္တုိင္ၾကိဳးစားလုပ္ယူၾကတဲ့အခါ ေနာက္ဆံုးမွာ depressionဆိုတဲ့ စိတ္က်ေ၀ဒနာျဖစ္လာတာလို႔ဆိုပါတယ္။ ဒါေၾကာင့္ ကုိယ့္ကိုယ္ကုိ စိတ္သက္သာေအာင္လုပ္ေနရင္းနဲ႔ပဲ ကိုလုပ္ခ်င္တဲ့ စြန္႔စားမႈေတြနဲ႔ စိတ္လႈပ္ရွားမႈေတြကို ဆံုးရံႈးသြားမွာျဖစ္ပါတယ္။

ဒါေၾကာင့္ သင္ဖယ္ထုတ္သင့္တဲ့ သင့္ဘ၀ကိုအဟန္႔အတားျဖစ္ေစတဲ့ အေၾကာက္တရားေတြအေၾကာင္း ကိုတင္ဆက္ေပးလုိက္ပါတယ္။

 

(၁) ေျပာင္းလဲပါ

အခ်ိန္နဲ႔အမွ်ေျပာင္းလဲေနတဲ့ကမာၻၾကီးမွာ အျဖစ္အပ်က္ေတြကလည္း အရင္ထက္ပိုျပီး ျမန္ဆန္ပါတယ္။ ဒါေပမယ့္ လူအမ်ားစုကေတာ့ သူတို႔ရဲ႕ေၾကာက္စိတ္ေတြက္ို မေျပာင္းလဲဘဲ၊တင္းခံေနၾကပါတယ္။

ဒါကပဲ သူတို႔ဆီေရာက္လာတဲ့ အခြင့္အလမ္းေကာင္းေတြကို လြဲေခ်ာ္သြားႏုိင္တယ္ဆိုတာ သတိျပဳသင့္ပါတယ္။ အေျပာင္းအလဲကိုရင္မဆိုင္ဘဲေရွာင္လြဲေနတာကမွ လြဲမွားတဲ့ဆံုးျဖတ္ခ်က္တစ္ခုပါ။

 

(၂) အထီးက်န္စိတ္

အထီးက်န္မႈဆိုတာ တစ္ခါတရံ တစ္ေယာက္ထဲ အခန္းေအာင္းေနတာမ်ိဳး၊ အျမဲတမ္းအိပ္ယာထဲမွာပဲ ေနေနတာမိ်ဳးပါ။ အထီးက်န္တဲ့လူဟာ ဆုိရွယ္မီဒီယာကို ထူးထူးျခားျခား စြဲလမ္းတတ္ျပီးေတာ့၊ အျပင္ေလာကနဲ႔ထိေတြ႔ရမွာ ကို ေရွာင္ေနတတ္ပါတယ္။

 


(၃) က်ရံႈးျခင္း

ကမာၻမွာ လူအမ်ားစုအေၾကာက္ဆံုးအရာေတြထဲ တစ္ခုက က်ရံႈးျခင္းပါ။ တကယ္ေတာ့အဲ့ဒီစိတ္ကပဲ သင့္ရဲ႕ယံုၿကည္ခ်က္ေတြကို အားေပ်ာ့သြားေစပါတယ္။ က်ရံႈးမွာစုိးရိမ္ျပီး ေအာင္ျမင္မယ္လို႔အာမခံခ်က္မရိွတဲ့အရာေတြကို ေဘးေရွာင္ေနလိုက္တဲ့အခါ၊ တကယ္ေအာင္ျမင္မႈရမယ့္ ဘ၀သင္ခန္းစာေတြနဲ႔ အခြင့္အလမ္းေကာင္းေတြကို လက္လႊတ္လို္က္ရပါတယ္။

 

 

(၄) ျငင္းပယ္ျခင္း

လူေတာ္ေတာ္မ်ားမ်ားက နယ္ပယ္သစ္တစ္ခုကို၀င္ေရာက္ဖုိ႔ ဒါမွမဟုတ္ ပတ္၀န္းက်င္သစ္ လူသစ္ေတြနဲ႔မိတ္ေဆြဖြဲ႔ရဖို႔ ကို အမ်ားအားျဖင့္ေရွာင္ၾကတယ္။ relationship တစ္ခုမွာလည္း ကိုသေဘာက်တ့ဲသူအနားခ်ဥ္းကပ္ရမွာ၊ ဖြင့္ေျပာရမွာမ်ိဳးေတြကို ေၾကာက္ရြံ႕ၾကပါတယ္။ အျငင္းခံရမလားဆိုတဲ့စိတ္၊ ၊အျငင္းခံရတဲ့နာက်င္မႈကို ေၾကာက္လုိ႔ တုံ႔ဆိုင္းေနၾကသူေတြအမ်ားၾကီးရွိပါတယ္။

Recommended For You >>> "လူငယ္တစ္ေယာက္ဆိုေပမယ့္ ဒီလိုအရာေတြမွာ ပိုျပီးစဥ္းစားတတ္သင့္ပါတယ္"

 

 

(၅) မေသခ်ာမႈ

လူေတြဟာ မေသခ်ာမႈေတြကိုေၾကာက္ရြံ႕တဲ့အတြက္ မတူညီတဲ့အရာေတြကိုျပဳလုပ္ဖုိ႔ ေရွာင္ရွားတတ္ၾကပါတယ္။ အမ်ားနည္းတူမဟုတ္ဘဲ မတူကြဲျပားတဲ့အရာသစ္ေတြက ဘ၀ကို ပိုေကာင္းေစမယ့္ အာမခံခ်က္မရွိိဘူးလို႔ယူဆၾကလို႕ပါ။

အလုပ္သစ္၊ ေနရာသစ္ေတြကိုေျပာင္းေရႊ႕ရမွာေၾကာက္ရြံ႕ေနျပီးေတာ့ တစ္ေနရာထဲမွာ ရပ္တန္႔ေနတာကလည္း ေအာင္ျမင္ေရးအခြင့္အလမ္းေတြကို အဟန္႔အတားျဖစ္ေစပါတယ္။ ဒါေၾကာင့္ မေသခ်ာမေရမႈေတြကို ေၾကာက္ရြံ႕ေနျခင္းအား လက္လႊတ္လိုက္ပါ။

 

 

(၆) အဆိုးေတြျဖစ္လာမွာ

ဘ၀မွာေတာ့ အေကာင္းအဆိုးကေတာ့အျမဲဒြန္တြဲေနတာပါပဲ။ ေကာင္းမြန္တဲ့အရာေတြနဲ႔လူတုိင္းဘ၀ကုိ ေပ်ာ္ရႊင္ခ်င္ၾကေပမယ့္၊ အဆိုးေတြလည္းျဖစ္လာႏိုင္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ ကံဆိုးမႈေတြကို ေၾကာက္လန္႔ေနျခင္းကလည္း ေပ်ာ္ရႊင္ဘ၀ရဖို႔ အတားအဆီးျဖစ္ပါတယ္။

အဆိုးေတြကေတာ့ လာေနအံုးမွာပါပဲ၊ ဒါေတြကို ရင္မဆိုင္ဘဲ လက္မခံဘဲ ေရွာင္ေျပးေနမယ္ဆိုရင္ လူေရာစိတ္ေရာ ခ်မ္းသာသူတစ္ေယာက္အျဖစ္ သင္ေနႏို္င္မွာမဟုတ္ပါဘူး။ လူေတြရဲ႕ဘ၀တစ္ေလွ်ာက္လံုးမွာ အေကာင္းေတြရွိသလို၊ အဆိုးေတြလည္းရွိမွာပါ။

 

 

(၇) နာက်င္မွာကိုေၾကာက္တာ

လူၾကီးမ္ိဘေတြက ငယ္ငယ္ကကၽြန္ေတာ္တို႔ကို ကားလမ္းကူးတဲ့အခါ လမ္းနွစ္ဖက္လုံးကို ၾကည့္ဖို႔သင္ေပးခ့ဲၾကတယ္ဟုတ္။ ဒါကဘာလို႔ဆို ဒဏ္ရာအနာတရျဖစ္မွာစိုးလို႔ ေလ။ ဒါေပမယ့္ မၾကာခဏ နာက်င္မႈကိုေၾကာက္ရြံ႕တတ္တဲ့စိ္တ္ကၾကာလာရင္ ကို္ယ့္ကိုယ္ကို စိတ္ပိုင္းဆုိင္ရာအရအလြန္အမင္း ကာကြယ္ေစာင့္ေရွာက္မႈျဖစ္လာေစပါတယ္။ အဲဒီအခါ ခက္ခဲနက္နဲတဲ့အရာေတြကို လုပ္ရမွာ ၊ တကယ္ေလးနက္အဓိပၸာယ္ရွိတ့ဲအရာေတြကို ဆက္သြယ္ရမွာ၊ လုပ္ငန္းခြင္မွာအေရးၾကီးတဲ့အရာေတြလုပ္ဖို႔ အဟန္႔အတားျဖစ္ေစပါတယ္။

 

 

(၈) ဆံုးျဖတ္ခ်က္မျပတ္သားတာ

ဒါဟာ သာမန္ပတ္သက္မႈမ်ိဳးဆိုေပမယ့္၊ ဆံုးျဖတ္ခ်က္မျပတ္သားဘဲေၾကာက္ရြံ႔ေနတာက သူ႔ကို္ယ္သင္မွန္ကန္ျပီး ယံုၾကည္ခ်က္ရွိသူတစ္ေယာက္ျဖစ္ေအာင္ တားဆီးလိုက္တာပဲျဖစ္ပါတယ္။ ကိုယ့္ကို လူေတြက ဘယ္ေလာက္ပဲေ၀ဖန္ဆံုးျဖတ္ပါေစ၊ ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိတာဟာ ဘ၀ကိုအေကာင္းဆံုးျဖတ္သန္းႏိုင္္ဖို႔ အဓိက အေရးၾကီးဆံုးနဲ႔တန္ဖိုးအရွိဆံုး အရာတစ္ခုျဖစ္ပါတယ္။

 

 

(၉) လြတ္လပ္မႈဆံုးရံႈးမွာ

ဒါက လံုေလာက္တဲ့ေၾကာက္လန္႔မႈမ်ိဳးဆိုရင္တာ့ ေကာင္းပါတယ္။ အေၾကာက္အလန္႔လံုး၀ မရွိရင္လည္း မဟုတ္ေသးဘူးေလ။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက လြတ္လပ္မႈဆံုးရံႈးမွာ ေၾကာက္တဲ့အခါ self-fulfilling prophecyတစ္ေယာက္ျဖစ္လာတယ္။ ဒါကဘာလဲဆုိရင္ လြတ္လြတ္လပ္လပ္ေနရတာကို ၾကိဳက္တဲ့သူက ျမဲျမံစြာလုပ္ရတဲ့ အလုပ္ေတြကို မၾကိဳက္ၾကေတာ့ဘူး။ ဒါဟာ သူတုိ႔ကို ထိန္းခ်ဳပ္ထားတယ္ ၊ လြတ္လပ္မႈေပ်ာက္ဆံုးတယ္ဆုိတဲ့အေတြးန႔ဲပါ။ ဒါေပမယ့္ တကယ္သိရမွာက ကိုယ္ဘာကုိဆံုးရႈံးလုိက္တာလည္းဆုိတာကို သိရွိဖို႔အေရၾကီးပါတယ္။

Recommended For You >>> "စြန႔္ဦးတီထြင္ စီးပြားေရးလုပ္ငန္းရွင္ျဖစ္ခ်င္သူတိုင္း ၾကည့္သင္တဲ့ရုပ္ရွင္ကား (၁၅) ကား"

 

Sources : Khaing (Shwemom)

 

UNICODE

"သင့်ဘဝထဲက ထုတ်ပစ်သင့်တဲ့အကြောက်တရား (၉)ခု"
တကယ်လို့သင်ဟာ သင့်ရဲ့ relationship၊ အလုပ်အကိုင်၊ အဆင်မပြေမှုကိစ္စတွေကို ထိပ်တိုက်ရင်မဆိုင်ဘဲ နေသာသလိုဖြည့်တွေးပြီး နေ, နေမယ်ဆိုရင်တော့ သင့် life ကအရမ်းကိုကျည်းမြောင်းနေမှာပါ။

စိတ်ပညာရှင်တစ်ယောက်က လူတွေဟာ သူတို့စိုးရိမ်မှုတွေကို သိရက်နဲ့ရင်မဆိုင်ဘဲ မသိချင်ယောင်ဆောင်ပြီး၊ သက်သောင့်သက်သာဖြစ်အောင် ကိုယ်တိုင်ကြိုးစားလုပ်ယူကြတဲ့အခါ နောက်ဆုံးမှာ depressionဆိုတဲ့ စိတ်ကျဝေဒနာဖြစ်လာတာလို့ဆိုပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်သက်သာအောင်လုပ်နေရင်းနဲ့ပဲ ကိုလုပ်ချင်တဲ့ စွန့်စားမှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သင်ဖယ်ထုတ်သင့်တဲ့ သင့်ဘဝကိုအဟန့်အတားဖြစ်စေတဲ့ အကြောက်တရားတွေအကြောင်း ကိုတင်ဆက်ပေးလိုက်ပါတယ်။

 

(၁) ပြောင်းလဲပါ

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ အဖြစ်အပျက်တွေကလည်း အရင်ထက်ပိုပြီး မြန်ဆန်ပါတယ်။ ဒါပေမယ့် လူအများစုကတော့ သူတို့ရဲ့ကြောက်စိတ်တွေကို မပြောင်းလဲဘဲ၊တင်းခံနေကြပါတယ်။

ဒါကပဲ သူတို့ဆီရောက်လာတဲ့ အခွင့်အလမ်းကောင်းတွေကို လွဲချော်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အပြောင်းအလဲကိုရင်မဆိုင်ဘဲရှောင်လွဲနေတာကမှ လွဲမှားတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။

 

 

(၂) အထီးကျန်စိတ်

အထီးကျန်မှုဆိုတာ တစ်ခါတရံ တစ်ယောက်ထဲ အခန်းအောင်းနေတာမျိုး၊ အမြဲတမ်းအိပ်ယာထဲမှာပဲ နေနေတာမျိုးပါ။ အထီးကျန်တဲ့လူဟာ ဆိုရှယ်မီဒီယာကို ထူးထူးခြားခြား စွဲလမ်းတတ်ပြီးတော့၊ အပြင်လောကနဲ့ထိတွေ့ရမှာ ကို ရှောင်နေတတ်ပါတယ်။

 

 


(၃) ကျရှုံးခြင်း

ကမ္ဘာမှာ လူအများစုအကြောက်ဆုံးအရာတွေထဲ တစ်ခုက ကျရှုံးခြင်းပါ။ တကယ်တော့အဲ့ဒီစိတ်ကပဲ သင့်ရဲ့ယုံကြည်ချက်တွေကို အားပျော့သွားစေပါတယ်။ ကျရှုံးမှာစိုးရိမ်ပြီး အောင်မြင်မယ်လို့အာမခံချက်မရှိတဲ့အရာတွေကို ဘေးရှောင်နေလိုက်တဲ့အခါ၊ တကယ်အောင်မြင်မှုရမယ့် ဘဝသင်ခန်းစာတွေနဲ့ အခွင့်အလမ်းကောင်းတွေကို လက်လွှတ်လိုက်ရပါတယ်။

 

 

(၄) ငြင်းပယ်ခြင်း

လူတော်တော်များများက နယ်ပယ်သစ်တစ်ခုကိုဝင်ရောက်ဖို့ ဒါမှမဟုတ် ပတ်ဝန်းကျင်သစ် လူသစ်တွေနဲ့မိတ်ဆွေဖွဲ့ရဖို့ ကို အများအားဖြင့်ရှောင်ကြတယ်။ relationship တစ်ခုမှာလည်း ကိုသဘောကျတဲ့သူအနားချဉ်းကပ်ရမှာ၊ ဖွင့်ပြောရမှာမျိုးတွေကို ကြောက်ရွံ့ကြပါတယ်။ အငြင်းခံရမလားဆိုတဲ့စိတ်၊ ၊အငြင်းခံရတဲ့နာကျင်မှုကို ကြောက်လို့ တုံ့ဆိုင်းနေကြသူတွေအများကြီးရှိပါတယ်။

Recommended For You >>> "လူငယ်တစ်ယောက်ဆိုပေမယ့် ဒီလိုအရာတွေမှာ ပိုပြီးစဉ်းစားတတ်သင့်ပါတယ်"

 

 

(၅) မသေချာမှု

လူတွေဟာ မသေချာမှုတွေကိုကြောက်ရွံ့တဲ့အတွက် မတူညီတဲ့အရာတွေကိုပြုလုပ်ဖို့ ရှောင်ရှားတတ်ကြပါတယ်။ အများနည်းတူမဟုတ်ဘဲ မတူကွဲပြားတဲ့အရာသစ်တွေက ဘဝကို ပိုကောင်းစေမယ့် အာမခံချက်မရှိဘူးလို့ယူဆကြလို့ပါ။

အလုပ်သစ်၊ နေရာသစ်တွေကိုပြောင်းရွှေ့ရမှာကြောက်ရွံ့နေပြီးတော့ တစ်နေရာထဲမှာ ရပ်တန့်နေတာကလည်း အောင်မြင်ရေးအခွင့်အလမ်းတွေကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် မသေချာမရေမှုတွေကို ကြောက်ရွံ့နေခြင်းအား လက်လွှတ်လိုက်ပါ။

 

 

(၆) အဆိုးတွေဖြစ်လာမှာ

ဘဝမှာတော့ အကောင်းအဆိုးကတော့အမြဲဒွန်တွဲနေတာပါပဲ။ ကောင်းမွန်တဲ့အရာတွေနဲ့လူတိုင်းဘဝကို ပျော်ရွှင်ချင်ကြပေမယ့်၊ အဆိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကံဆိုးမှုတွေကို ကြောက်လန့်နေခြင်းကလည်း ပျော်ရွှင်ဘဝရဖို့ အတားအဆီးဖြစ်ပါတယ်။

အဆိုးတွေကတော့ လာနေအုံးမှာပါပဲ၊ ဒါတွေကို ရင်မဆိုင်ဘဲ လက်မခံဘဲ ရှောင်ပြေးနေမယ်ဆိုရင် လူရောစိတ်ရော ချမ်းသာသူတစ်ယောက်အဖြစ် သင်နေနိုင်မှာမဟုတ်ပါဘူး။ လူတွေရဲ့ဘဝတစ်လျှောက်လုံးမှာ အကောင်းတွေရှိသလို၊ အဆိုးတွေလည်းရှိမှာပါ။

 

 

(၇) နာကျင်မှာကိုကြောက်တာ

လူကြီးမိဘတွေက ငယ်ငယ်ကကျွန်တော်တို့ကို ကားလမ်းကူးတဲ့အခါ လမ်းနှစ်ဖက်လုံးကို ကြည့်ဖို့သင်ပေးခဲ့ကြတယ်ဟုတ်။ ဒါကဘာလို့ဆို ဒဏ်ရာအနာတရဖြစ်မှာစိုးလို့ လေ။ ဒါပေမယ့် မကြာခဏ နာကျင်မှုကိုကြောက်ရွံ့တတ်တဲ့စိတ်ကကြာလာရင် ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာအရအလွန်အမင်း ကာကွယ်စောင့်ရှောက်မှုဖြစ်လာစေပါတယ်။ အဲဒီအခါ ခက်ခဲနက်နဲတဲ့အရာတွေကို လုပ်ရမှာ ၊ တကယ်လေးနက်အဓိပ္ပာယ်ရှိတဲ့အရာတွေကို ဆက်သွယ်ရမှာ၊ လုပ်ငန်းခွင်မှာအရေးကြီးတဲ့အရာတွေလုပ်ဖို့ အဟန့်အတားဖြစ်စေပါတယ်။

 

 

(၈) ဆုံးဖြတ်ချက်မပြတ်သားတာ

ဒါဟာ သာမန်ပတ်သက်မှုမျိုးဆိုပေမယ့်၊ ဆုံးဖြတ်ချက်မပြတ်သားဘဲကြောက်ရွံ့နေတာက သူ့ကိုယ်သင်မှန်ကန်ပြီး ယုံကြည်ချက်ရှိသူတစ်ယောက်ဖြစ်အောင် တားဆီးလိုက်တာပဲဖြစ်ပါတယ်။ ကိုယ့်ကို လူတွေက ဘယ်လောက်ပဲဝေဖန်ဆုံးဖြတ်ပါစေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာဟာ ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အဓိက အရေးကြီးဆုံးနဲ့တန်ဖိုးအရှိဆုံး အရာတစ်ခုဖြစ်ပါတယ်။

 

 

(၉) လွတ်လပ်မှုဆုံးရှုံးမှာ

ဒါက လုံလောက်တဲ့ကြောက်လန့်မှုမျိုးဆိုရင်တာ့ ကောင်းပါတယ်။ အကြောက်အလန့်လုံး၀ မရှိရင်လည်း မဟုတ်သေးဘူးလေ။ ဒါပေမယ့် လူတော်တော်များများက လွတ်လပ်မှုဆုံးရှုံးမှာ ကြောက်တဲ့အခါ self-fulfilling prophecyတစ်ယောက်ဖြစ်လာတယ်။ ဒါကဘာလဲဆိုရင် လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်တဲ့သူက မြဲမြံစွာလုပ်ရတဲ့ အလုပ်တွေကို မကြိုက်ကြတော့ဘူး။ ဒါဟာ သူတို့ကို ထိန်းချုပ်ထားတယ် ၊ လွတ်လပ်မှုပျောက်ဆုံးတယ်ဆိုတဲ့အတွေးနဲ့ပါ။ ဒါပေမယ့် တကယ်သိရမှာက ကိုယ်ဘာကိုဆုံးရှုံးလိုက်တာလည်းဆိုတာကို သိရှိဖို့အရေကြီးပါတယ်။

Recommended For You >>> "စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သူတိုင်း ကြည့်သင်တဲ့ရုပ်ရှင်ကား (၁၅) ကား"

 

 

sayar.com.mm

Sources : Khaing (Shwemom)

Read times Last modified on Friday, 27 December 2019 15:38
Rate this articles
(0 votes)