×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 14 April 2020

အင်္ဂလိပ်အသံထွက်ပိုမိုကောင်းမွန်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ???

အင်္ဂလိပ်အသံထွက်ပိုမိုကောင်းမွန်အောင် ဘယ်လိုလေ့ကျင့်ကြမလဲ???


လူအများဟာ အင်္ဂလိပ်စကားပြောဆိုရာမှာ နိုင်ငံခြားသားတစ်ယောက် ပြောဆိုသလို အသံထွက်အတိုင်း လေယူလေသိမ်း တထပ်တည်းကြအောင် ပြောဆိုလိုကြပါတယ်။ အဲ့ဒီ့လို တထပ်တည်းကြအောင် ဘယ်လိုလေ့ကျင့်ရမယ်ဆိုတဲ့ အလွယ်ကူ အရိုးရှင်းဆုံး နည်းလေးတွေကို လေ့လာကြပါစို့

ပထမဆုံးတစ်နည်းကတော့ စကားပြောဆိုတဲ့အခါ လိုအပ်တဲ့အတိုင်းအတာအထိ စကားကို ကျယ်ကျယ်ပြောဖို့လိုအပ်ပါတယ်။ လူအများဟာ မိခင်ဘာသာစကားမဟုတ်တဲ့ တစ်ခြားဘာသာစကားတစ်ခုခုကို ပြောဆိုတဲ့အခါ အသံထွက်မှားမှာ၊ ပြောလိုက်တဲ့စကားလုံးအသုံးအနှုန်းမှားမှာ စတဲ့ စိုးရိမ်စိတ်တွေ အရမ်းများတတ်ပါတယ်။ နေ့စဉ်ပြောဆိုနေရသူတွေ မဟုတ်တဲ့အတွက်လည်း စိုးရိမ်မှုတွေက မြင့်တတ်နေတတ်ပါတယ်။ ဒီ့အတွက်ကြောင့် မဖြစ်မနေပြောဆိုကြတဲ့အခါ ကိုယ်ကိုတိုင်သထိမထားမိဘူးဆိုရင်တောင် မိမိအသံထွက်ဟာ ပုံမှန်ထက် တိုးသွားတတ်ပါတယ်။ ဒီ့အတွက် စကားပြောဆိုတဲ့အခါ ပီပီသသနဲ့ ကြည်လင်တဲ့အသံနဲ့ စကားကို လိုအပ်တဲ့ပမာဏလောက် ကျယ်ကျယ်ပြောဖို့လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ပြောဆိုဖို့ကိုဆိုလိုတာမဟုတ်ပါဘူးနော်။

 

ဒုတိယနည်းအနေနဲ့ကတော့ ကိုယ်နဲ့စကားပြောတဲ့သူရဲ့ပြောကြတဲ့စကားတွေကို သေချာနားထောင်တတ်ဖို့လိုပါတယ်။ အင်္ဂလိပ်စာကြောင်းတွေမှာ စည်းချက်၊ သေချာကျနတဲ့စည်းမျဉ်းစည်းကမ်းတွေ၊ အစီအစဉ်တွေရှိပါတယ်။ ဘယ်လိုစကားလုံးရဲ့နောက်မှာ ဘာလိုက်ရမယ်၊ ဘယ်လိုအသံနေအသံထားနဲ့ပြောဆိုရမယ်ဆိုတာမျိုးတွေပေါ့။ ဒီ့အတွက် ကိုယ်ရဲ့စကားပြောဖော်က ဘယ်လိုလေယူလေသိမ်းနဲ့ပြောဆိုသလဲ၊ ကိုယ်လည်း စကားပြောဆိုတဲ့အခါ ဘယ်လိုနေရာမျိုးမှာတော့ ဘယ်လိုအသံမျိုးနဲ့ပြောဆိုရင် ပိုမိုကောင်းမွန်မလဲဆိုတာကို အမြဲလေ့လာမှတ်သားထားရပါမယ်။
အချို့အင်္ဂလိပ်စာလေ့လာသူတွေကတော့ အင်္ဂလိပ်သီချင်းနားထောင်တာ၊ အင်္ဂလိပ်သီချင်းလိုက်ဆိုတာ စတာတွေကတဆင့် လေယူလေသိမ်းကို လေ့လာကြပါတယ်။ ဒီလိုလေ့လာခြင်းအားဖြင့်လည်း စည်းချက်ဝါးချက်ညီညီ အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောဆိုနိုင်ဖို့ အထောက်အကူပြုမှာ မလွဲဧကန်ပါ။

 

တတိယတစ်နည်းကတော့ အင်္ဂလိပ်စကားပြော ဗီဒီယိုဖိုင်လေးတွေကို ကိုယ်ပိုင်ဖန်တီးပါ။ မိမိကိုယ်ကိုယ် Selfie Video လေးတွေရိုက်ပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်ပေးပါ။ ကိုယ်ကိုယ်တိုင်ပြောထားတဲ့ Selfie Video လေးတွေကို ပြန်ကြည့်ရင်း ကိုယ်ရဲ့အားနည်းချက်၊ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုပြောရင်ပိုအဆင်ပြေနိုင်မယ် စတဲ့ လေ့ကျင့်မှုတွေ ရရှိနိုင်မှာပါ။ ဘယ်လို Selfie Video လေးတွေ ရိုက်ကြည့်ကြမလဲ…..။ အင်္ဂလိပ်ပုံပြင်အတိုလေးတွေ ဖတ်ကြည့်မယ်၊ စကားပြောလေးတွေ ပြောကြည့်မယ်။ အစရှိသဖြင့်ပေါ့။

 

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ Online Dictionary လေးတွေကို နားထောင်ကြည့်ဖို့ပါ။ မိမိသိလိုတဲ့စကားလုံးတစ်လုံးကို Online မှာရှာကြည့်တဲ့အခါ အသံထွက်တွေကိုပါ တစ်ခါတည်း နားထောင်လို့ရပါတယ်။ Dictionary ထဲမှာထွက်တဲ့အသံနဲ့ မိမိသိထားတဲ့ အသံထွက် တူသလား၊ ဘယ်လိုတွေများကွဲပြားနေသလဲ၊ သူတို့ရဲ့အသံထွက် လေယူလေသိမ်းအတိုင်း လိုက်ပြီးပြောကြည့်မယ်ဆိုရင် တကယ့်ကို Native Speaker တစ်ယောက်လို အသံထွက်ကောင်းကောင်းနဲ့ ပြောဆိုနိုင်မှာမလွဲဧကန်ပါနော်။


ကဲ အသံထွက်ကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုတော့ ဖော်ပြပြီးပါပြီ။ တကယ်လုပ်၊ အဟုတ်ဖြစ်ရမယ်ဆိုတဲ့အတိုင်း ကိုယ်တိုင်တော့ ကြိုးစားအားထုတ်ဖို့လိုပါလိမ့်မယ်နော်။

 

 

 

အဂၤလိပ္အသံထြက္ပိုမိုေကာင္းမြန္ေအာင္ ဘယ္လိုေလ့က်င့္ၾကမလဲ???


လူအမ်ားဟာ အဂၤလိပ္စကားေျပာဆိုရာမွာ ႏိုင္ငံျခားသားတစ္ေယာက္ ေျပာဆိုသလို အသံထြက္အတိုင္း ေလယူေလသိမ္း တထပ္တည္းၾကေအာင္ ေျပာဆိုလိုၾကပါတယ္။ အဲ့ဒီ့လို တထပ္တည္းၾကေအာင္ ဘယ္လိုေလ့က်င့္ရမယ္ဆိုတဲ့ အလြယ္ကူ အရိုးရွင္းဆံုး နည္းေလးေတြကို ေလ့လာၾကပါစို႔

 

ပထမဆံုးတစ္နည္းကေတာ့ စကားေျပာဆိုတဲ့အခါ လိုအပ္တဲ့အတိုင္းအတာအထိ စကားကို က်ယ္က်ယ္ေျပာဖို႔လိုအပ္ပါတယ္။ လူအမ်ားဟာ မိခင္ဘာသာစကားမဟုတ္တဲ့ တစ္ျခားဘာသာစကားတစ္ခုခုကို ေျပာဆိုတဲ့အခါ အသံထြက္မွားမွာ၊ ေျပာလိုက္တဲ့စကားလံုးအသံုးအႏႈန္းမွားမွာ စတဲ့ စိုးရိမ္စိတ္ေတြ အရမ္းမ်ားတတ္ပါတယ္။ ေန႔စဥ္ေျပာဆိုေနရသူေတြ မဟုတ္တဲ့အတြက္လည္း စိုးရိမ္မႈေတြက ျမင့္တတ္ေနတတ္ပါတယ္။ ဒီ့အတြက္ေၾကာင့္ မျဖစ္မေနေျပာဆိုၾကတဲ့အခါ ကိုယ္ကိုတိုင္သထိမထားမိဘူးဆိုရင္ေတာင္ မိမိအသံထြက္ဟာ ပံုမွန္ထက္ တိုးသြားတတ္ပါတယ္။ ဒီ့အတြက္ စကားေျပာဆိုတဲ့အခါ ပီပီသသနဲ႔ ၾကည္လင္တဲ့အသံနဲ႔ စကားကို လိုအပ္တဲ့ပမာဏေလာက္ က်ယ္က်ယ္ေျပာဖို႔လိုအပ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေအာ္ဟစ္ေျပာဆိုဖို႔ကိုဆိုလိုတာမဟုတ္ပါဘူးေနာ္။

 

ဒုတိယနည္းအေနနဲ႔ကေတာ့ ကိုယ္နဲ႔စကားေျပာတဲ့သူရဲ႕ေျပာၾကတဲ့စကားေတြကို ေသခ်ာနားေထာင္တတ္ဖို႔လိုပါတယ္။ အဂၤလိပ္စာေၾကာင္းေတြမွာ စည္းခ်က္၊ ေသခ်ာက်နတဲ့စည္းမ်ဥ္းစည္းကမ္းေတြ၊ အစီအစဥ္ေတြရွိပါတယ္။ ဘယ္လိုစကားလံုးရဲ႕ေနာက္မွာ ဘာလိုက္ရမယ္၊ ဘယ္လိုအသံေနအသံထားနဲ႔ေျပာဆိုရမယ္ဆိုတာမ်ိဳးေတြေပါ့။ ဒီ့အတြက္ ကိုယ္ရဲ႕စကားေျပာေဖာ္က ဘယ္လိုေလယူေလသိမ္းနဲ႔ေျပာဆိုသလဲ၊ ကိုယ္လည္း စကားေျပာဆိုတဲ့အခါ ဘယ္လိုေနရာမ်ိဳးမွာေတာ့ ဘယ္လိုအသံမ်ိဳးနဲ႔ေျပာဆိုရင္ ပိုမိုေကာင္းမြန္မလဲဆိုတာကို အၿမဲေလ့လာမွတ္သားထားရပါမယ္။
အခ်ိဳ႕အဂၤလိပ္စာေလ့လာသူေတြကေတာ့ အဂၤလိပ္သီခ်င္းနားေထာင္တာ၊ အဂၤလိပ္သီခ်င္းလိုက္ဆိုတာ စတာေတြကတဆင့္ ေလယူေလသိမ္းကို ေလ့လာၾကပါတယ္။ ဒီလိုေလ့လာျခင္းအားျဖင့္လည္း စည္းခ်က္၀ါးခ်က္ညီညီ အဂၤလိပ္စကားေကာင္းေကာင္းမြန္မြန္ေျပာဆိုႏိုင္ဖို႔ အေထာက္အကူျပဳမွာ မလြဲဧကန္ပါ။

 

တတိယတစ္နည္းကေတာ့ အဂၤလိပ္စကားေျပာ ဗီဒီယိုဖိုင္ေလးေတြကို ကိုယ္ပိုင္ဖန္တီးပါ။ မိမိကုိယ္ကိုယ္ Selfie Video ေလးေတြရိုက္ၿပီး အဂၤလိပ္စကားေျပာ ေလ့က်င့္ေပးပါ။ ကိုယ္ကိုယ္တိုင္ေျပာထားတဲ့ Selfie Video ေလးေတြကို ျပန္ၾကည့္ရင္း ကိုယ္ရဲ႕အားနည္းခ်က္၊ ဘယ္လိုေနရာမ်ိဳးမွာ ဘယ္လိုေျပာရင္ပိုအဆင္ေျပႏိုင္မယ္ စတဲ့ ေလ့က်င့္မႈေတြ ရရွိႏိုင္မွာပါ။ ဘယ္လို Selfie Video ေလးေတြ ရိုက္ၾကည့္ၾကမလဲ…..။ အဂၤလိပ္ပံုျပင္အတိုေလးေတြ ဖတ္ၾကည့္မယ္၊ စကားေျပာေလးေတြ ေျပာၾကည့္မယ္။ အစရွိသျဖင့္ေပါ့။

 

ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ကေတာ့ Online Dictionary ေလးေတြကို နားေထာင္ၾကည့္ဖို႔ပါ။ မိမိသိလိုတဲ့စကားလံုးတစ္လံုးကို Online မွာရွာၾကည့္တဲ့အခါ အသံထြက္ေတြကိုပါ တစ္ခါတည္း နားေထာင္လို႔ရပါတယ္။ Dictionary ထဲမွာထြက္တဲ့အသံနဲ႔ မိမိသိထားတဲ့ အသံထြက္ တူသလား၊ ဘယ္လိုေတြမ်ားကြဲျပားေနသလဲ၊ သူတို႔ရဲ႕အသံထြက္ ေလယူေလသိမ္းအတိုင္း လိုက္ၿပီးေျပာၾကည့္မယ္ဆိုရင္ တကယ့္ကို Native Speaker တစ္ေယာက္လို အသံထြက္ေကာင္းေကာင္းနဲ႔ ေျပာဆိုႏိုင္မွာမလဲြဧကန္ပါေနာ္။


ကဲ အသံထြက္ေကာင္းေအာင္ ဘယ္လိုေလ့က်င့္ရမလဲဆိုတဲ့နည္းလမ္းေလးေတြကိုေတာ့ ေဖာ္ျပၿပီးပါၿပီ။ တကယ္လုပ္၊ အဟုတ္ျဖစ္ရမယ္ဆိုတဲ့အတိုင္း ကိုယ္တိုင္ေတာ့ ႀကိဳးစားအားထုတ္ဖို႔လိုပါလိမ့္မယ္ေနာ္။

Read times
Rate this articles
(1 Vote)