×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 22 April 2020

အင်္ဂလိပ်ဘာသာစကားလေ့လာမှု လျှင်မြန်စွာတိုးတက်စေရန် အကြံပြုချက် (၇)ချက်

အင်္ဂလိပ်ဘာသာစကားလေ့လာမှု လျှင်မြန်စွာတိုးတက်စေရန် အကြံပြုချက် (၇)ချက်

(၁) အမှားကိုအကြောက်ပါနဲ့
လူမှန်ရင်အမှားနှင့်မကင်းနိုင် ဆိုသောစကားသည် ဘာသာစကားတစ်ခုလေ့လာရာတွင်လည်း မမေ့သင့်သောအချက်တစ်ခုဖြစ်ည်။ ကျွန်တော်တို့သည်လည်း လူသားထဲမှလူသားတစ်ဦးဖြစ်ခြင်းကြောင့် အမှားနှင့်မကင်းနိုင်ပေ။ ထို့ကြောင့် ဘာသာစကားတစ်ခုလေ့လာရာတွင် အမှားလုပ်မိမည်ကိုမကြောက်သင့်။ အမှားများမှ အမှန်ကို ရရှိလာနိုင်မှာဖြစ်ပါတယ်။


(၂) အမြဲမပြတ် အသုံးပြုကာ လေ့ကျင့်ပါ
လေ့ကျင့်ခြင်းသည် အောင်မြင်ခြင်း၏သော့ချက်ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကား တိုးတက်လိုပါက သင် လေ့လာထားသော စကားလုံးများ၊ သဒ္ဒါများ အစရှိသည်တို့ကို နေ့စဉ်အသုံးပြုနေဖို့ လိုအပ်ပါသည်။

 

(၃) စာရင်းပြုစုထားပါ
သင်နှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသောလူတစ်ဦးကို တစ်ကြိမ်မြင်ဖူးရုံဖြင့် နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် မလွယ်ကူပါ။ ထိုနည်းတူပင် သင်တစ်ကြိမ်လေ့လာဖူးသော စကားလုံးများကို သေချာစာရင်းမပြုစုထားပါက နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် မလွယ်ကူနိုင်ပေ။ ထို့ကြောင့် သင့်ကိုယ်ပိုင် Vocabulary Notebook လေး ပြုလုပ်ထားခြင်သည်လည်း သင်၏ ဘာသာစကားတိုးတက်မှုအား အထောက်အပံ့ ပေးနိုင်ပါသည်။

 

(၄) အင်္ဂလိပ်စာအသိုင်းအဝန်းရှိပါစေ။
“တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး” ဆိုသည့် ဆိုရိုးစကားကဲ့သို့ပင် ကျွန်တော်တို့သည် နီးစပ်သောပတ်ဝန်းကျင်မှ အမူအကျင့်များကိုသာ အများဆုံး ကူးစက်ကြသည်ဖြစ်သည်။ ထိုနည်းတူ ဘာသာစကားတစ်ခုကိုလေ့လာရန် Exposure (အထိအတွေ့) များများရှိရန် လိုအပ်သည်။ ထို့ကြောင့် သင်၏ အင်္ဂလိပ်စာဘာသာစကား အလျင်အမြန် တိုးတက်စေလိုပါက သင်ကိုယ်တိုင်သည်လည်း အင်္ဂလိပ်ဘာသာစကားကို အများဆုံးအသုံးပြုသော ပတ်ဝန်းကျင်အသိုင်းအဝန်းမျိုးနှင့် နီးနီးစပ်စပ်ရှိရန် လိုအပ်ပေသည်။

 

(၅) ရေတိုစီမံကိန်းများချထားပါ
ဘာသာစကားတစ်ခုသည် နေ့ချင်းညချင်း တတ်မြောက်သွားနိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် သင့်အနေနှင့်လည်း နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် စသဖြင့် အစီအစဥိများ အသေးစိတ် ချမှတ်ကာ လေ့လာသင့်ပေသည်။ ဥပမာ ယနေ့ အင်္ဂလိပ်စာလုံး (၁၀)လုံးကျက်မည်ဆိုပါက နေ့စဉ်နေ့တိုင်း (၁၀)လုံးစီ ကျက်မှတ်ကာ အထက်တွင်ဖော်ပြခဲ့သလိုပင် သင့်ကိုယ့်ပိုင် Vocabulary Notebook တွင် မှတ်သားထားခြင်းဖြင့်လည်း ဘာသာစကားလေ့လာမှုအား အချိန်တိုအတွင်း တိုးတက်လာစေနိုင်ပါသည်။

 

(၆) တည်းဖြတ်ပါ
သင်လေ့လာထားသော အင်္ဂလပ်စာလုံးများ၊ သဒ္ဒါပုံစံများ စသည်တို့နှင့် သင်နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ရေးသားထားသော အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာစီစာကုံးများ၊ ပေးစားများ စသည်တို့ကို တစ်ကြိမ်ရေးသားပြီးသည်နှင့် လျစ်လျူမရှုထားသင့်ပါ။ အကြိမ်ကြိမ် အခါခါ ဖတ်ရှု၍ ပထမအကြိမ်ရေးသားထားသည်ထက် ပိုမိုကောင်းမွန်စေရန် တည်းဖြတ်ပြုပြင်သင့်ပေသည်။

 

(၇) သီချင်းနားထောင်ပါ။ ရုပ်ရှင်ကြည့်ပါ။
ဘာသာစကားလေ့လာခြင်းသည် အင်္ဂလိပ်စာအ်ုပများဖတ်ခြင်း၊ အင်္ဂလိပ်သင်တန်းများ တက်ခြင်းဖြင့် မလုံလောက်နိုင်ပါ။ English for pleasure ဟူသကဲ့သို့ပင် ပျော်ပျော်ရွှင်ရွှင်နှင့် လေ့လာခြင်းများလည်း လိုအပ်ပါသည်။ ထိုသို့လေ့လာရန် အကောင်းဆုံးနည်းလမ်းမှာ အင်္ဂလိပ်သီချင်းများ နားထောင်ခြင်း၊ အင်္ဂလိပ်ရုပ်ရှင်များကြည့်ခြင်းတို့ ဖြစ်ပေသည်။

အဆိုပါ အချက်(၇)ချက်သည် အင်္ဂလိပ်ဘာသာစကားသာမက အခြားမည်သည့်ဘာသာစကားမဆို လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်ပါသည်။
အထက်ပါ (၇)ချက်အား လေ့လာမှတ်သားကာ ဘာသာစကားများ လျှင်လျှင်မြန်မြန် လေ့လာသင်ယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်။

Credit: Tr. Nway

 

 

 

အဂၤလိပ္ဘာသာစကားေလ့လာမႈ လွ်င္ျမန္စြာတိုးတက္ေစရန္ အႀကံျပဳခ်က္ (၇)ခ်က္

(၁) အမွားကိုအေၾကာက္ပါနဲ႔
လူမွန္ရင္အမွားႏွင့္မကင္းႏိုင္ ဆိုေသာစကားသည္ ဘာသာစကားတစ္ခုေလ့လာရာတြင္လည္း မေမ့သင့္ေသာအခ်က္တစ္ခုျဖစ္ည္။ ကၽြန္ေတာ္တို႔သည္လည္း လူသားထဲမွလူသားတစ္ဦးျဖစ္ျခင္းေၾကာင့္ အမွားႏွင့္မကင္းႏိုင္ေပ။ ထို႔ေၾကာင့္ ဘာသာစကားတစ္ခုေလ့လာရာတြင္ အမွားလုပ္မိမည္ကိုမေၾကာက္သင့္။ အမွားမ်ားမွ အမွန္ကို ရရွိလာႏိုင္မွာျဖစ္ပါတယ္။


(၂) အၿမဲမျပတ္ အသံုးျပဳကာ ေလ့က်င့္ပါ
ေလ့က်င့္ျခင္းသည္ ေအာင္ျမင္ျခင္း၏ေသာ့ခ်က္ျဖစ္သည္။ ထို႔ေၾကာင့္ အဂၤလိပ္ဘာသာစကား တိုးတက္လိုပါက သင္ ေလ့လာထားေသာ စကားလံုးမ်ား၊ သဒၵါမ်ား အစရွိသည္တို႔ကို ေန႔စဥ္အသံုးျပဳေနဖို႔ လိုအပ္ပါသည္။

 

(၃) စာရင္းျပဳစုထားပါ
သင္ႏွင့္ရင္းႏွီးကၽြမ္း၀င္မႈမရွိေသာလူတစ္ဦးကို တစ္ႀကိမ္ျမင္ဖူးရံုျဖင့္ ေနာက္တစ္ႀကိမ္ ျပန္လည္မွတ္မိရန္ မလြယ္ကူပါ။ ထိုနည္းတူပင္ သင္တစ္ႀကိမ္ေလ့လာဖူးေသာ စကားလံုးမ်ားကို ေသခ်ာစာရင္းမျပဳစုထားပါက ေနာက္တစ္ႀကိမ္ ျပန္လည္မွတ္မိရန္ မလြယ္ကူႏိုင္ေပ။ ထို႔ေၾကာင့္ သင့္ကိုယ္ပိုင္ Vocabulary Notebook ေလး ျပဳလုပ္ထားျခင္သည္လည္း သင္၏ ဘာသာစကားတိုးတက္မႈအား အေထာက္အပံ့ ေပးႏိုင္ပါသည္။

 

(၄) အဂၤလိပ္စာအသိုင္းအ၀န္းရွိပါေစ။
“တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး” ဆိုသည့္ ဆိုရိုးစကားကဲ့သို႔ပင္ ကၽြန္ေတာ္တို႔သည္ နီးစပ္ေသာပတ္၀န္းက်င္မွ အမူအက်င့္မ်ားကိုသာ အမ်ားဆံုး ကူးစက္ၾကသည္ျဖစ္သည္။ ထိုနည္းတူ ဘာသာစကားတစ္ခုကိုေလ့လာရန္ Exposure (အထိအေတြ႕) မ်ားမ်ားရွိရန္ လိုအပ္သည္။ ထို႔ေၾကာင့္ သင္၏ အဂၤလိပ္စာဘာသာစကား အလ်င္အျမန္ တိုးတက္ေစလိုပါက သင္ကိုယ္တိုင္သည္လည္း အဂၤလိပ္ဘာသာစကားကို အမ်ားဆံုးအသံုးျပဳေသာ ပတ္၀န္းက်င္အသိုင္းအ၀န္းမ်ိဳးႏွင့္ နီးနီးစပ္စပ္ရွိရန္ လိုအပ္ေပသည္။

 

(၅) ေရတိုစီမံကိန္းမ်ားခ်ထားပါ
ဘာသာစကားတစ္ခုသည္ ေန႔ခ်င္းညခ်င္း တတ္ေျမာက္သြားႏိုင္ေသာ အရာမဟုတ္ေပ။ ထို႔ေၾကာင့္ သင့္အေနႏွင့္လည္း ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္၊ ႏွစ္စဥ္ စသျဖင့္ အစီအစဥိမ်ား အေသးစိတ္ ခ်မွတ္ကာ ေလ့လာသင့္ေပသည္။ ဥပမာ ယေန႔ အဂၤလိပ္စာလံုး (၁၀)လံုးက်က္မည္ဆိုပါက ေန႔စဥ္ေန႔တိုင္း (၁၀)လံုးစီ က်က္မွတ္ကာ အထက္တြင္ေဖာ္ျပခဲ့သလိုပင္ သင့္ကိုယ့္ပိုင္ Vocabulary Notebook တြင္ မွတ္သားထားျခင္းျဖင့္လည္း ဘာသာစကားေလ့လာမႈအား အခ်ိန္တိုအတြင္း တိုးတက္လာေစႏိုင္ပါသည္။

 

(၆) တည္းျဖတ္ပါ
သင္ေလ့လာထားေသာ အဂၤလပ္စာလံုးမ်ား၊ သဒၵါပံုစံမ်ား စသည္တို႔ႏွင့္ သင္ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ ေရးသားထားေသာ အဂၤလိပ္ဘာသာစကားဆိုင္ရာ စာစီစာကံုးမ်ား၊ ေပးစားမ်ား စသည္တို႔ကို တစ္ႀကိမ္ေရးသားၿပီးသည္ႏွင့္ လ်စ္လ်ဴမရႈထားသင့္ပါ။ အႀကိမ္ႀကိမ္ အခါခါ ဖတ္ရႈ၍ ပထမအႀကိမ္ေရးသားထားသည္ထက္ ပိုမိုေကာင္းမြန္ေစရန္ တည္းျဖတ္ျပဳျပင္သင့္ေပသည္။

 

(၇) သီခ်င္းနားေထာင္ပါ။ ရုပ္ရွင္ၾကည့္ပါ။
ဘာသာစကားေလ့လာျခင္းသည္ အဂၤလိပ္စာအု္ပမ်ားဖတ္ျခင္း၊ အဂၤလိပ္သင္တန္းမ်ား တက္ျခင္းျဖင့္ မလံုေလာက္ႏိုင္ပါ။ English for pleasure ဟူသကဲ့သို႔ပင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႏွင့္ ေလ့လာျခင္းမ်ားလည္း လိုအပ္ပါသည္။ ထိုသို႔ေလ့လာရန္ အေကာင္းဆံုးနည္းလမ္းမွာ အဂၤလိပ္သီခ်င္းမ်ား နားေထာင္ျခင္း၊ အဂၤလိပ္ရုပ္ရွင္မ်ားၾကည့္ျခင္းတို႔ ျဖစ္ေပသည္။

အဆိုပါ အခ်က္(၇)ခ်က္သည္ အဂၤလိပ္ဘာသာစကားသာမက အျခားမည္သည့္ဘာသာစကားမဆို ေလ့လာသင္ယူရာတြင္ အေထာက္အကူျပဳႏိုင္ပါသည္။
အထက္ပါ (၇)ခ်က္အား ေလ့လာမွတ္သားကာ ဘာသာစကားမ်ား လွ်င္လွ်င္ျမန္ျမန္ ေလ့လာသင္ယူႏိုင္ၾကပါေစဟု ဆႏၵျပဳလိုက္ပါတယ္။

Credit: Tr. Nway

Read times Last modified on Wednesday, 22 April 2020 09:26
Rate this articles
(0 votes)