ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လာတဲ့သီချင်းက ကားရှေ့ခန်းကလွင့်ပျံနေပါတယ်… သာယာတဲ့ နေ့တနေ့ ပေါင်းများစွာကို လစ်လျူရှူ့နေရတဲ့မြို့ပြ ဘဝမှာ တကြိမ်တခါလောက်ဖြစ်ဖြစ်တော့ ရေဒီယိုသီချင်းတွေက ရေငတ်ပြေ နေတာ တော့ အမှန်ပါပဲ၊၊
“ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်…..ငှက်တွေကို ဘယ်သူ…တွေ တေးဆိုသင်!!!!တယ်…တွေးမရဘူးလေ တွေးမရဘူးလေကွယ်…”
အဆိုတော် လေးလေးဝါးရဲ့ အသံအေးအေးလေးကြောင့် ကိုတောင် ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်တယ်။ အေးဟုတ်ပ ဘာကြောင့် အပြာရောင်ကြီးလဲပေါ့၊၊ နဂိုကမှ ဆပ်ဆလူးဆိုတော့ တခါတည်း အဖြေရအောင်တောင်း (အဲလေ) ခေါင်းထဲမှာ ရှင်းအောင်လုပ်ရတော့တာပါပဲ။
ဘာကြောင့်များ ကောင်းကင် နဲ့ ပင်လယ်ပြာနေပါလိမ့်
----------------------------------------------------------
လူ့ဗီဇ မှာ အားလုံးထက်သာတဲ့ အချက်ကတော့ စူးစမ်းချင်တဲ့သဘာဝပါပဲ…အဲ့ဗီဇရှိတဲ့သူတိုင်း တခါတရံ တော့ ဘာလို့ကောင်းကင် ကြီးကပြာနေပါလိမ့် ပင်လယ်ကကော ဘာလို့လဲ…တောက်! ပန်းဆီရောင်လေးဖြစ်လိုက်ပီးရောကွာ လို့တွေးတတ်ကြပါတယ်။ အဲ့ဒီ့ အပြာကိစ္စကို မသွားခင် ကျွန်တော်တို့ ရဲ့ မျက်လုံး နောက်ကွယ်က အရောင်တွေကို ဘယ်လိုသတ်မှတ်နေလဲဆိုတာ သိဖို့လိုပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ နှင်းဆီပန်းလေး ကပန်းရောင်၊ ငှက်ပျော်သီးက အဝါရောင်၊ သစ်ရွက်တွေက အစိမ်းရောင် ဒါတွေဟာ တကယ်တော့ မျက်စိက ခွဲခြမ်းစိတ်ဖြာ မြင်နေရတဲ့အရာတွေပါ။
အရောင်တွေကို ဘယ်လိုမြင်ပါလိမ့်
--------------------------------------
ပထမဆုံး သိပ္ပံပညာ အရ အရောင်တွေရဲ့မူလ ဇစ်မြစ်ဟာ အလင်းပါ သူတို့တွေအရာဝတ္ထုတွေနဲ့ ထိတွေ့တဲ့အခါ ရောင်ပြန်ဟပ်တာ ဖြာထွက်သွားတာ စုပ်ယူသွားတာ ကွေးသွားတာက နေ အရောင်တွေဖြစ်ပေါ်လာတာပါ။ အော်ဒါ့ကြောင့် EPC ကမီးပျက်တဲ့အခါ ဘာမှမမြင်ရတာကိုး (ဤကား စကားချပ်)၊၊ အရာဝတ္ထုဆိုတဲ့အထဲမှာ အဆိုင်အခဲ အရေ အငွေ့ အကုန်ပါပါတယ်။ အလင်းရောင်ဖြူဖြူကို သင်မြင်ရတဲ့အခါ တကယ်တော့ သက်တန့်ထဲမှာ ရှိတဲ့အရောင် အကုန်ပါဝင်နေပါတယ်။ ဖန်ခွက်လေးထဲကို ရေလေးထည့် ပြတင်းပေါက်ဘေးနားမှာ ထိုင်လိုက်ရုံနဲ့ သူ့ရဲ့ဘီလူးခေါင်းကို သင်မြင်ရပါလိမ့်မယ်။ နေကလာတဲ့ အလင်းဖြူဖြူက ရေဖန်ခွက်ကို ထိတွေ့သွားတဲ့အခါ အကွင်းလိုက်ကြီးတွေ အလင်းပြန်ကြပါလိမ့်မယ် အဲ့ဒီ့အခါ အနီရောင် လိမ္မော်ရောင် အဝါရောင် အစိမ်းရောင် အပြာရောင် ခရမ်းရောင် ဆိုတဲ့ သိပ်လှတဲ့သက်တန့်ကြီးတောင်ကွေးသွားမယ်ဆိုတာမျိုး မြင်ရမှာပါ။
အရာဝတ္ထုတွေအားလုံးဟာ အလင်းကိုစုပ်ယူနိုင်စွမ်း နဲ့ အလင်းကို ပြန်နိုင်စွမ်း ရှိကြပါတယ်။ ဥပမာ အားဖြင့် အလင်းဟာ သစ်ရွက်လေး တစ်ရွက်ကို ထိတွေ့တဲ့အခါ သစ်ရွက်လေးက အရောင်အားလုံးကို စုပ်ယူလိုက်ပါတယ် အစိမ်းရောင်မှ တပါးပေါ့ ပီးတော့ အဲဒီ့အရောင်ကို အလင်းပြန်လိုက်ပါတယ် အဲ့ဒီ့အခါ ကျွန်တော်တို့တွေ အစိမ်းရောင်သစ်ရွက်လေးတွေ ဝေဆာနေတာကို မြင်ရပါတယ်။ တစ်ကယ်တော့ အရောင်တွေဟာ အဓိက မဟုတ်ပါဘူး ဘယ်အရာတွေက ဘယ်အရောင်တွေကိုစုပ်ယူပီး ဘယ်အရောင်တွေကို အလင်းပြန်သလဲဆိုတဲ့အပေါ်မှာသာ မူတည်နေတာပါ။
ပင်မအရောင်တွေက ဘာတွေပါလိမ့်
ပင်မ အုပ်စုဝင် အရောင် နှစ်မျိုး ရှိတယ်လို့ သင်ခဲ့ရဖူးပါတယ်။ Subtractive Colors နဲ့ Additive Colors ဆိုပီးတော့။
Subtractive Colors ဆိုတာကတော့ အနီ၊အပြာနဲ့အဝါတို့ပေါင်းစပ်ထားတာပါ။ Subtractive Colors ဆိုတာ ကျွန်တော်တို့ မျက်လုံးကို ပြန်လာတဲ့ အလင်းရောင်ကို ခေါ်တာပါ။ဒီအရောင် သုံးခုကို ရောနှောလိုက်တဲ့အခါ တဖြည်းဖြည်း နက်မှောင်လာ ပါတယ်။ ဒါ့ကြောင့် ပန်းချီဆွဲတဲ့အခါ ကာလာတွေ ထပ်ပေါင်းလေ အရောင်က ရင့်ရင့်လာလေ နက်လာလေ ဖြစ်တာပါ။ ကျွန်တော် တို့မြင်မြင်သမျှ အရောင် အလင်းပြန်လာတဲ့ဘာရောင်ဖြစ်ဖြစ် Subtractive Colors လို့ခေါ်ပါတယ်။
နောက်တမျိုးကတော့ အနီ အပြာ နဲ့ အစိမ်း တို့ရောစပ်ထားတဲ့ Additive Colors ဖြစ်ပါတယ်။ Additive Colors ဆိုတာ အလင်းထုတ်တဲ့ မျက်နှာပြင်တခုခုရဲ့ ဖန်သားပြင်ကနေ ကျွန်တော်တို့ မျက်လုံးဆီကို လာတဲ့အလင်းကိုခေါ်တာပါ။ TV , Mobile Phone, computer monitor တွေဟာ Additive Colors system တွေကို pixel လေးတွေအဖြစ် ဖန်တီးယူထားတာပါ။မူလဇစ်မြစ် ကတော့ သုံးရောင်ထဲပါ။ကဲဒီတော့ အပြာရောင်မိုးကောင်းကင်ကြီးဟာ ဘာအုပ်စုဝင်လည်းဆိုရင်တော့ Subtractive Colors ပါ။
ကောင်းကင်ကြီးက တကယ်ကောပြာရဲ့လား
-----------------------------------------------
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တဲ့အခါ တကယ်တော့ ကမ္ဘာ့လေထုကို မော့ကြည့်ခြင်းသာပါ။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ အများအားဖြင့် နိုက်ထရိုဂျင် အောက်ဆီဂျင်တို့ပေါင်းစပ်ဖွဲ့စည်းထားကြောင်းသင်ခဲ့ရဖူးကြမှာ။ အနွေးဓာတ်ခံရှိတဲ့ အနီရောင်လိုမျိုး အရောင်တွေရဲ့ လှိုင်းအလျှားဟာ ရှည်ပါတယ် အအေးဓာတ်ခံရှိတဲ့ အပြာရောင်လိုမျိုးအရောင်တွေရဲ့ လှိုင်းအလျှား ကတိုပါတယ်။ ဘာလို့ပြောရလဲဆို အလင်းက လှိုင်းပုံစံ သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နေကလာတဲ့ အလင်းက ကမ္ဘာ့လေထု ကိုဖြတ်တဲ့အခါ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်တို့ကို ဖြတ်သန်းသွားရပါတယ်။ အဲ့ဒီ့အခါ အလင်းတွေပြန့်ကြဲသွားပါတယ်။ ထူးခြားချက်က လှိုင်းအလျှား ရှည်တဲ့အရောင်တွေဟာပြန့်ကြဲ မလွယ်ကြပဲနဲ့ လှိုင်းအလျှားတိုတဲ့ အပြာရောင်လေးတွေဟာ လွယ်လွယ်ကူကူပဲ ပြန့်ကြဲသွားပါတယ်။ဘလိုသဘောလဲ မရှင်းတဲ့သူများအတွက် ဥပမာ အောက်ကပုံအရ ကြိုးကို တချက်ခြင်း ညှင်ညှင်သာသာ အထက်အောက် ရမ်းတဲ့ အခါ တချက်ခြင်း အပေါ်ကပန်းသီး ကိုထိမှာဖြစ်ပီး အထက်အောက် ခပ်ကြမ်းကြမ်းလေး ရမ်းတဲ့အခါ လှိုင်းတွန့်တွေ ပိုများလာ ပိုစိပ် လာပီး အပေါ်က အသီးတောင် ကြွေသွားမှာ ဖြစ်ပါတယ်။ ကဲ ဒီနည်းနဲ့ သရက်သီးခူးနိုင်ပါပီ (ဟယ် အဟုတ်ဟ)။ဒါ့ကြောင့် လှိုင်းအလျှားတိုတဲ့ အပြာရောင်တွေဟာ ကောင်းကင်မှာ အပြန့်ကြဲဆုံးအရောင်အဖြစ် ကျွန်တော်တို့မျက်လုံးတွေနဲ့ မြင်နေရတာဖြစ် ပါတယ်။
ဘာလို့များ ပင်လယ်ကကော ပြာပါလိမ့်
------------------------------------------
လူအများစု ယုံကြည်ကြတာကတော့ ကောင်းကင်ကပြာတဲ့အတွက် ပင်လယ်ဟာရောင်ပြန်ဟတ်တယ် မှန်လိုမျိုးပေါ့လို့ထင်ကြပါ တယ်။တကယ်တော့ မဟုတ်ပါဘူး မယုံခဲ့ရင် ကမ်းခြေ ကို ကမြင်းကြောဆွဲဖို့ ရောက်တဲ့အခါ ဖန်ခွက်ထဲကို ထည့်ကြည့်ပေါ့။ ပင်လယ်ကြီးကပြာပါတယ် ဘာလို့ဆို ရေရဲ့ မော်လီကြူးတွေဟာ လှိုင်းအလျှားရှည်တွေကို စုပ်ယူနိုင်စွမ်းရှိပီး လှိုင်းအလျှားတိုတွေ တွေကို အလင်းပြန်နိုင်စွမ်းရှိလို့ပါ။ ကမ်းခြေနား တဝိုက်မှာ အပြာရောင်ဖျော့ဖျော့ တခါတရံ အစိမ်းရောင်သမ်းနေပါလိမ့်မယ် အဲဒါ ဘာဖြစ်လို့ဆို အောက်ခြေမှာရှိတဲ့ အပင်တွေနဲ့ အရာ၀တ္ထုတွေကြောင့်ဖြစ်ပါတယ် တနည်း ရေရဲ့ထုထည်လည်း သေးလို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ပင်လယ်ကမ်းခြေနဲ့ ဝေးသွားလေ Navy Blue လိုမျိုးအရောင်တွေကို တွေ့ရမှာဖြစ်ပါတယ် တချို့နေရာတွေမှာဆို အနက်ရောင်လိုမျိုးတွေကိုတွေ့နိုင်ပါတယ်။ ရေပိုများလေ ကာလာတွေကို ပိုပီး စုပ်ယူနိုင်စွမ်းရှိလေ ဖြစ်လို့ပါ။
<<< Zawgyi >>>
အေရာင္ေတြရဲ႕ အေၾကာင္း
-----------------------------
ၿငိမ့္ၿငိမ့္ေညာင္းေညာင္း ထြက္ေပၚလာတဲ့သီခ်င္းက ကားေရွ႕ခန္းကလြင့္ပ်ံေနပါတယ္… သာယာတဲ့ ေန႔တေန႔ ေပါင္းမ်ားစြာကို လစ္လ်ဴရႉ႔ေနရတဲ့ၿမိဳ႕ျပ ဘဝမွာ တႀကိမ္တခါေလာက္ျဖစ္ျဖစ္ေတာ့ ေရဒီယိုသီခ်င္းေတြက ေရငတ္ေျပ ေနတာ ေတာ့ အမွန္ပါပဲ၊၊
“ေကာင္းကင္ျပာကို ဘယ္သူမ်ား ေဆးေရာင္ျခယ္…..ငွက္ေတြကို ဘယ္သူ…ေတြ ေတးဆိုသင္!!!!တယ္…ေတြးမရဘူးေလ ေတြးမရဘူးေလကြယ္…”
အဆိုေတာ္ ေလးေလးဝါးရဲ႕ အသံေအးေအးေလးေၾကာင့္ ကိုေတာင္ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ျဖစ္တယ္။ ေအးဟုတ္ပ ဘာေၾကာင့္ အျပာေရာင္ႀကီးလဲေပါ့၊၊ နဂိုကမွ ဆပ္ဆလူးဆိုေတာ့ တခါတည္း အေျဖရေအာင္ေတာင္း (အဲေလ) ေခါင္းထဲမွာ ရွင္းေအာင္လုပ္ရေတာ့တာပါပဲ။
ဘာေၾကာင့္မ်ား ေကာင္းကင္ နဲ႔ ပင္လယ္ျပာေနပါလိမ့္
---------------------------------------------------------
လူ႔ဗီဇ မွာ အားလုံးထက္သာတဲ့ အခ်က္ကေတာ့ စူးစမ္းခ်င္တဲ့သဘာဝပါပဲ…အဲ့ဗီဇရွိတဲ့သူတိုင္း တခါတရံ ေတာ့ ဘာလို႔ေကာင္းကင္ ႀကီးကျပာေနပါလိမ့္ ပင္လယ္ကေကာ ဘာလို႔လဲ…ေတာက္! ပန္းဆီေရာင္ေလးျဖစ္လိုက္ပီးေရာကြာ လို႔ေတြးတတ္ၾကပါတယ္။ အဲ့ဒီ့ အျပာကိစၥကို မသြားခင္ ကြၽန္ေတာ္တို႔ ရဲ႕ မ်က္လုံး ေနာက္ကြယ္က အေရာင္ေတြကို ဘယ္လိုသတ္မွတ္ေနလဲဆိုတာ သိဖို႔လိုပါတယ္။ သင့္ရဲ႕ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ပါ ႏွင္းဆီပန္းေလး ကပန္းေရာင္၊ ငွက္ေပ်ာ္သီးက အဝါေရာင္၊ သစ္႐ြက္ေတြက အစိမ္းေရာင္ ဒါေတြဟာ တကယ္ေတာ့ မ်က္စိက ခြဲျခမ္းစိတ္ျဖာ ျမင္ေနရတဲ့အရာေတြပါ။
အေရာင္ေတြကို ဘယ္လိုျမင္ပါလိမ့္ပထမဆုံး သိပၸံပညာ အရ အေရာင္ေတြရဲ႕မူလ ဇစ္ျမစ္ဟာ အလင္းပါ သူတို႔ေတြအရာဝတၳဳေတြနဲ႔ ထိေတြ႕တဲ့အခါ ေရာင္ျပန္ဟပ္တာ ျဖာထြက္သြားတာ စုပ္ယူသြားတာ ေကြးသြားတာက ေန အေရာင္ေတြျဖစ္ေပၚလာတာပါ။ ေအာ္ဒါ့ေၾကာင့္ EPC ကမီးပ်က္တဲ့အခါ ဘာမွမျမင္ရတာကိုး (ဤကား စကားခ်ပ္)၊၊ အရာဝတၳဳဆိုတဲ့အထဲမွာ အဆိုင္အခဲ အေရ အေငြ႕ အကုန္ပါပါတယ္။ အလင္းေရာင္ျဖဴျဖဴကို သင္ျမင္ရတဲ့အခါ တကယ္ေတာ့ သက္တန႔္ထဲမွာ ရွိတဲ့အေရာင္ အကုန္ပါဝင္ေနပါတယ္။ ဖန္ခြက္ေလးထဲကို ေရေလးထည့္ ျပတင္းေပါက္ေဘးနားမွာ ထိုင္လိုက္႐ုံနဲ႔ သူ႔ရဲ႕ဘီလူးေခါင္းကို သင္ျမင္ရပါလိမ့္မယ္။ ေနကလာတဲ့ အလင္းျဖဴျဖဴက ေရဖန္ခြက္ကို ထိေတြ႕သြားတဲ့အခါ အကြင္းလိုက္ႀကီးေတြ အလင္းျပန္ၾကပါလိမ့္မယ္ အဲ့ဒီ့အခါ အနီေရာင္ လိေမၼာ္ေရာင္ အဝါေရာင္ အစိမ္းေရာင္ အျပာေရာင္ ခရမ္းေရာင္ ဆိုတဲ့ သိပ္လွတဲ့သက္တန႔္ႀကီးေတာင္ေကြးသြားမယ္ဆိုတာမ်ိဳး ျမင္ရမွာပါ။
အရာဝတၳဳေတြအားလုံးဟာ အလင္းကိုစုပ္ယူႏိုင္စြမ္း နဲ႔ အလင္းကို ျပန္ႏိုင္စြမ္း ရွိၾကပါတယ္။ ဥပမာ အားျဖင့္ အလင္းဟာ သစ္႐ြက္ေလး တစ္႐ြက္ကို ထိေတြ႕တဲ့အခါ သစ္႐ြက္ေလးက အေရာင္အားလုံးကို စုပ္ယူလိုက္ပါတယ္ အစိမ္းေရာင္မွ တပါးေပါ့ ပီးေတာ့ အဲဒီ့အေရာင္ကို အလင္းျပန္လိုက္ပါတယ္ အဲ့ဒီ့အခါ ကြၽန္ေတာ္တို႔ေတြ အစိမ္းေရာင္သစ္႐ြက္ေလးေတြ ေဝဆာေနတာကို ျမင္ရပါတယ္။ တစ္ကယ္ေတာ့ အေရာင္ေတြဟာ အဓိက မဟုတ္ပါဘူး ဘယ္အရာေတြက ဘယ္အေရာင္ေတြကိုစုပ္ယူပီး ဘယ္အေရာင္ေတြကို အလင္းျပန္သလဲဆိုတဲ့အေပၚမွာသာ မူတည္ေနတာပါ။
ပင္မအေရာင္ေတြက ဘာေတြပါလိမ့္
--------------------------------------
ပင္မ အုပ္စုဝင္ အေရာင္ ႏွစ္မ်ိဳး ရွိတယ္လို႔ သင္ခဲ့ရဖူးပါတယ္။ Subtractive Colors နဲ႔ Additive Colors ဆိုပီးေတာ့။
Subtractive Colors ဆိုတာကေတာ့ အနီ၊အျပာနဲ႔အဝါတို႔ေပါင္းစပ္ထားတာပါ။ Subtractive Colors ဆိုတာ ကြၽန္ေတာ္တို႔ မ်က္လုံးကို ျပန္လာတဲ့ အလင္းေရာင္ကို ေခၚတာပါ။ဒီအေရာင္ သုံးခုကို ေရာေႏွာလိုက္တဲ့အခါ တျဖည္းျဖည္း နက္ေမွာင္လာ ပါတယ္။ ဒါ့ေၾကာင့္ ပန္းခ်ီဆြဲတဲ့အခါ ကာလာေတြ ထပ္ေပါင္းေလ အေရာင္က ရင့္ရင့္လာေလ နက္လာေလ ျဖစ္တာပါ။ ကြၽန္ေတာ္ တို႔ျမင္ျမင္သမွ် အေရာင္ အလင္းျပန္လာတဲ့ဘာေရာင္ျဖစ္ျဖစ္ Subtractive Colors လို႔ေခၚပါတယ္။
ေနာက္တမ်ိဳးကေတာ့ အနီ အျပာ နဲ႔ အစိမ္း တို႔ေရာစပ္ထားတဲ့ Additive Colors ျဖစ္ပါတယ္။ Additive Colors ဆိုတာ အလင္းထုတ္တဲ့ မ်က္ႏွာျပင္တခုခုရဲ႕ ဖန္သားျပင္ကေန ကြၽန္ေတာ္တို႔ မ်က္လုံးဆီကို လာတဲ့အလင္းကိုေခၚတာပါ။ TV , Mobile Phone, computer monitor ေတြဟာ Additive Colors system ေတြကို pixel ေလးေတြအျဖစ္ ဖန္တီးယူထားတာပါ။မူလဇစ္ျမစ္ ကေတာ့ သုံးေရာင္ထဲပါ။ကဲဒီေတာ့ အျပာေရာင္မိုးေကာင္းကင္ႀကီးဟာ ဘာအုပ္စုဝင္လည္းဆိုရင္ေတာ့ Subtractive Colors ပါ။
ေကာင္းကင္ႀကီးက တကယ္ေကာျပာရဲ႕လား
-----------------------------------------------
ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္တဲ့အခါ တကယ္ေတာ့ ကမာၻ႔ေလထုကို ေမာ့ၾကည့္ျခင္းသာပါ။ ကြၽန္ေတာ္တို႔ ကမာၻႀကီးဟာ အမ်ားအားျဖင့္ ႏိုက္ထ႐ိုဂ်င္ ေအာက္ဆီဂ်င္တို႔ေပါင္းစပ္ဖြဲ႕စည္းထားေၾကာင္းသင္ခဲ့ရဖူးၾကမွာ။ အေႏြးဓာတ္ခံရွိတဲ့ အနီေရာင္လိုမ်ိဳး အေရာင္ေတြရဲ႕ လႈိင္းအလွ်ားဟာ ရွည္ပါတယ္ အေအးဓာတ္ခံရွိတဲ့ အျပာေရာင္လိုမ်ိဳးအေရာင္ေတြရဲ႕ လႈိင္းအလွ်ား ကတိုပါတယ္။ ဘာလို႔ေျပာရလဲဆို အလင္းက လႈိင္းပုံစံ သြားတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ ေနကလာတဲ့ အလင္းက ကမာၻ႔ေလထု ကိုျဖတ္တဲ့အခါ ႏိုက္ထ႐ိုဂ်င္နဲ႔ ေအာက္ဆီဂ်င္တို႔ကို ျဖတ္သန္းသြားရပါတယ္။ အဲ့ဒီ့အခါ အလင္းေတြျပန႔္ႀကဲသြားပါတယ္။ ထူးျခားခ်က္က လႈိင္းအလွ်ား ရွည္တဲ့အေရာင္ေတြဟာျပန႔္ႀကဲ မလြယ္ၾကပဲနဲ႔ လႈိင္းအလွ်ားတိုတဲ့ အျပာေရာင္ေလးေတြဟာ လြယ္လြယ္ကူကူပဲ ျပန႔္ႀကဲသြားပါတယ္။ဘလိုသေဘာလဲ မရွင္းတဲ့သူမ်ားအတြက္ ဥပမာ ေအာက္ကပုံအရ ႀကိဳးကို တခ်က္ျခင္း ညႇင္ညႇင္သာသာ အထက္ေအာက္ ရမ္းတဲ့ အခါ တခ်က္ျခင္း အေပၚကပန္းသီး ကိုထိမွာျဖစ္ပီး အထက္ေအာက္ ခပ္ၾကမ္းၾကမ္းေလး ရမ္းတဲ့အခါ လႈိင္းတြန႔္ေတြ ပိုမ်ားလာ ပိုစိပ္ လာပီး အေပၚက အသီးေတာင္ ေႂကြသြားမွာ ျဖစ္ပါတယ္။ ကဲ ဒီနည္းနဲ႔ သရက္သီးခူးႏိုင္ပါပီ (ဟယ္ အဟုတ္ဟ)ဒါ့ေၾကာင့္ လႈိင္းအလွ်ားတိုတဲ့ အျပာေရာင္ေတြဟာ ေကာင္းကင္မွာ အျပန႔္ႀကဲဆုံးအေရာင္အျဖစ္ ကြၽန္ေတာ္တို႔မ်က္လုံးေတြနဲ႔ ျမင္ေနရတာျဖစ္ ပါတယ္။
ဘာလို႔မ်ား ပင္လယ္ကေကာ ျပာပါလိမ့္
------------------------------------------
လူအမ်ားစု ယုံၾကည္ၾကတာကေတာ့ ေကာင္းကင္ကျပာတဲ့အတြက္ ပင္လယ္ဟာေရာင္ျပန္ဟတ္တယ္ မွန္လိုမ်ိဳးေပါ့လို႔ထင္ၾကပါ တယ္။တကယ္ေတာ့ မဟုတ္ပါဘူး မယုံခဲ့ရင္ ကမ္းေျခ ကို ကျမင္းေၾကာဆြဲဖို႔ ေရာက္တဲ့အခါ ဖန္ခြက္ထဲကို ထည့္ၾကည့္ေပါ့။ပင္လယ္ႀကီးကျပာပါတယ္ ဘာလို႔ဆို ေရရဲ႕ ေမာ္လီၾကဴးေတြဟာ လႈိင္းအလွ်ားရွည္ေတြကို စုပ္ယူႏိုင္စြမ္းရွိပီး လႈိင္းအလွ်ားတိုေတြ ေတြကို အလင္းျပန္ႏိုင္စြမ္းရွိလို႔ပါ။ ကမ္းေျခနား တဝိုက္မွာ အျပာေရာင္ေဖ်ာ့ေဖ်ာ့ တခါတရံ အစိမ္းေရာင္သမ္းေနပါလိမ့္မယ္ အဲဒါ ဘာျဖစ္လို႔ဆို ေအာက္ေျခမွာရွိတဲ့ အပင္ေတြနဲ႔ အရာ၀တၳဳေတြေၾကာင့္ျဖစ္ပါတယ္ တနည္း ေရရဲ႕ထုထည္လည္း ေသးလို႔ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ပင္လယ္ကမ္းေျခနဲ႔ ေဝးသြားေလ Navy Blue လိုမ်ိဳးအေရာင္ေတြကို ေတြ႕ရမွာျဖစ္ပါတယ္ တခ်ိဳ႕ေနရာေတြမွာဆို အနက္ေရာင္လိုမ်ိဳးေတြကိုေတြ႕ႏိုင္ပါတယ္။ ေရပိုမ်ားေလ ကာလာေတြကို ပိုပီး စုပ္ယူႏိုင္စြမ္းရွိေလ ျဖစ္လို႔ပါ။
THIHA