×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 11 May 2020

အင်္ဂလိပ်စာလေ့လာသူများ မဖြစ်မနေကြည့်သင့်တဲ့ BBC မှ Sherlock အကြောင်းသိမှတ်စရာများ

"Elementary, my dear Watson"

ဒီစကားလေးကိုမြင်လိုက်တာနဲ့ လူတိုင်းပြေးမြင်တာကတော့ Sir Arthur Conan Doyle ရဲ့ ဂန ္တဝင်မြောက်ဇာတ်ကောင်ဖြစ်တဲ့ စုံထောက်ကြီး Sherlock Holmes ပါပဲ။

စုံထောက်ကြီးရဲ့နာမည်ကြီးပုံကတော့ အမေရိကန်သမ္မတကိုတောင် သိချင်မှသိကြမယ် Sherlock Holmes ဆိုတာနဲ့ စုံထောက်ကြီးရယ်လို့ လူတိုင်းနီးပါးပြောနိုင်ကြတဲ့အထိပါပဲ။

 

ဒီလောက်အထိ ကမ္ဘာကျော်တဲ့ Conan Doyle ရဲ့လက်ရာကို ခေတ်အမျိုးမျိုး production အမျိုးမျိုးက ဇာတ်ညွှန်းအမျိုးမျိုးနဲ့ ပြန်လည်ပုံဖော်ခဲ့ကြပါတယ်။ ဒီထဲမှာ အခုပြောမယ့် BBC Sherlock လည်းအပါအဝင်ပါပဲ။

 

ဒီ BBC Sherlock ကတော့ ပုံမှန် Sherlock Holmes ဇာတ်လမ်းတွေကနေ ကွဲထွက်ပြီး အခုခေတ်ပုံစံရိုက်ကူးထားတဲ့အပြင် Sherlock အနေနဲ့ကလည်း နာမည်ကျော် Benedict Cumberbatch နဲ့ Watson အနေနဲ့ကလည်း Martin Freeman တို့ကအဓိကပါဝင်ထားတာမို့ ပိုပြီးနာမည်ကြီးခဲ့ပါတယ်။

 

အခု ပရိတ်သတ်ကြီးကို ဖော်ပြချင်တာကတော့ BBC Sherlock ရဲ့ Behind the scenes နဲ့ လူသိနည်းတဲ့အချက်တွေအကြောင်းပဲဖြစ်ပါတယ်။

 

Sherlock Holmes ဇာတ်ကားတွေအများကြီးရှိတဲ့ထဲကမှဒီကားလေးဟာခေတ်နဲ့အညီရိုက်ထားတဲ့ကားမျိုးဖြစ်ပြီး ဗြိတိန်မင်းသား Benedict Cumberbatch က Sherlock Holmes သရုပ်ဆောင်ထားတာပါ။

 

1. Matt Smith ကိုတော့ Doctor Who ကြည့်ဖူးတဲ့သူတိုင်းသိကြမှာပါ။ Doctor Who ဇာတ်လမ်းမှာ Eleventh Doctor အနေနဲ့နာမည်ကြီးခဲ့တဲ့ Matt Smith ဟာ Doctor မဖြစ်ခင်က Watson အနေနဲ့ Audition ဝင်ခဲ့တယ်ဆိုယုံကြပါ့မလား။ ဟုတ်ပါတယ်။ သူတကယ် Watson လုပ်ဖို့ audition ဝင်ခဲ့တာပါ။ ဒါပေမယ့် သူ့ကို Sherlock ရဲ့ creator ဖြစ်တဲ့ Steven Moffat က သူ့ပုံစံက Watson ထက် Sherlock နဲ့ပိုတူနေတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီ audition ကပဲ သူ့ကို Doctor Who မှာနေရာတစ်နေရာရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Moffat က Doctor Who ရဲ့ creator team မှာလည်းပါနေတာကြောင့် Smith ရဲ့ပုံစံက Eleventh Doctor အနေနဲ့ ကိုက်ညီလောက်တယ်ဆိုပြီး Doctor Who series ထဲမှာ ပါဝင်ဖို့ရွေးချယ်ခဲ့လို့ပါ။

 

2. Sherlock Season 2 Episode 2 ဖြစ်တဲ့ The Scandal in Belgravia ကိုရိုက်နေတဲ့အချိန်မှာ 2011 London အဓိကရုန်း ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီကာလမှာ ရိုက်နေတဲ့ ရုပ်ရှင်တွေတော်တော်များများဟာ အဓိကရုန်းကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Scandal in Belgravia ကိုလည်း ခပ်သွက်သွက်လေးရိုက်ခဲ့ရပါတယ်။ အခုပြထားတဲ့ scene ကိုလည်း လူတွေမြို့ထဲရောက်မလာခင် ခပ်မြန်မြန်ရိုက်ပြီး မြန်မြန်လက်စသတ်ခဲ့ရပါတယ်။ တခြား scene တွေကိုလည်း လူနည်းတဲ့နေရာမှာ ရိုက်ခဲ့ရပါတယ်။ ပုံကိုကြည့်ရင်တော့ အဓိကရုန်းဖြစ်နေတုန်းမှာရိုက်ခဲ့တာလို့မထင်ရလောက်အောင် အေးဆေးတဲ့ပုံစံပေါက်နေတာတွေ့ရမှာပါ။

 

3. Sherlock ရဲ့ပထမ series သုံးခုကိုကြည့်ရင် Sherlock ဟာ Lestrade ရဲ့ ပထမနာမည်ကို ဘယ်တော့မှမှန်အောင်မခေါ်နိုင်တာ သတိထားမိကြမှာပါ။ ဒါဟာ Sherlock ရဲ့စိတ်ထဲမှာ အာရုံစိုက်ပြီးမှတ်ရလောက်အောင် Lestrade ကအရေးမပါဘူးလို့ လူတော်တော်များများကပြောကြပါတယ်။ series ကိုအစအဆုံးပြန်ကြည့်ရင် Sherlock က Lestrade ကိုသူနဲ့အရင်းနှီးဆုံးသူတစ်ယောက်အနေနဲ့ သဘောထားကြောင်းသိရမှာပါ။ ဒါဆိုဒီလောက်မှတ်ဉာဏ်ကောင်းတဲ့ high functioning sociopath ကြီးက Scotland yard က ငတုံး အရာရှိကြီးကို ဘာလို့သေချာမမှတ်ထားတာလဲ။ဒါကတော့ မူရင်းစာအုပ်ထဲကအကြောင်းအရာကို အခြေခံထားလို့ပါ။ မူရင်းစာအုပ်ထဲမှာ Lestrade ရဲ့ရှေ့နာမည်ကို G တစ်လုံးတည်းသာဖော်ပြထားတဲ့အတွက် Sherlock Holmes ကလည်း Lestrade နာမည်ကိုလုံးဝမသိပါဘူး။ ဒီ Series ကလည်း မူရင်းစာအုပ်ရဲ့ အရသာလေးလည်းမပျက်ရအောင် BBC Sherlock ကိုလည်း Lestrade ရဲ့နာမည်ကို မမှတ်မိသလိုထည့်ထားတာပါ။(BBC Sherlock ထဲက Lestrade ရဲ့ပထမနာမည်က Greg ဖြစ်ပြီး မူရင်းစာအုပ်တွေထဲမှာပါတဲ့ Lestrade ရဲ့ပြိုင်ဘက်နာမည်ဖြစ်တဲ့ Gregson ကိုယူထားတာပါ)

 

4. Sherlock ဇာတ်လမ်းတွဲတွေကို Doctor Who ရဲ့ Head writer ဖြစ်တဲ့ Steven Moffat ရဲ့ master piece လို့တောင်တင်စားကြပါတယ်။ Sherlock ရဲ့ main creater လည်းဖြစ်တဲ့ Moffat ဟာ Doctor Who ကိုအချိန်ပေးသလောက် Sherlock ကိုအချိန်သိပ်မပေးနိုင်ခဲ့ပါဘူး။ ရိုက်ကွင်းမှာသူရှိတဲ့အချိန်ကလည်း မရှိသလောက်နည်းပါးပြီး သူရှိနေပြီဆိုရင်လည်း ရိုက်ကွင်းမှာပြဿနာတစ်ခုခုရှိနေလို့ဆိုတာသေချာပါတယ်။ သူနဲ့တွဲဖက် creator ဖြစ်တဲ့ Mark Gatiss (Mycroft Holmes) ကတော့သူနဲ့ပြောင်းပြန် ရိုက်ကွင်းမှာအချိန်ပြည့်နီးနီးရှိတတ်ပြီး ရိုက်ကူးရေးကိုကြီးကြပ်ပါတယ်။

 

5. Sherlock နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Benedict Cumberbatch ဟာ လူအများထင်သလိုပဲ သူ့ဇာတ်ကောင်စရိုက်ကိုအပြည့်အဝနားလည်ဖို့ Sir Arthur Conan Doyle ရဲ့ မူရင်း Sherlock Holmes စာအုပ်တွေကို ထပ်ပြန်တလဲလဲဖတ်ပြီး လေ့လာခဲ့ပါတယ်။ Sherlock ရဲ့ အဓိကရန်သူကြီးဖြစ်တဲ့ Jim Moriarty နေရာမှာသရုပ်ဆောင်တဲ့ Andrew Scott ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းမလုပ်ခဲ့ပါဘူး။ သူက ဟိုးအရင် ရိုက်ခဲ့သမျှ Sherlock Holmes ဇာတ်ကားတွေရော စာအုပ်တွေရောကို မလေ့လာပဲနဲ့ သူ့ကိုယ်ပိုင် creation နဲ့ Moriarty ကိုအသက်သွင်းခဲ့ပါတယ်။ ဇာတ်ညွှန်းထဲမှာပါတဲ့ action တွေကိုလည်း လုပ်ချင်မှလုပ်တတ်သလို သူ့အတွေးနဲ့အဆင်ပြေမယ်ထင်တဲ့ဟာတွေကိုလည်း ဖြည့်ပြီးစိတ်ရောကိုယ်ပါသရုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် BBC Sherlock နောက်ပိုင်းထွက်တဲ့ Sherlock ကားတွေမှာသရုပ်ဆောင်မယ့် Moriarty တွေကတော့ သူ့ကိုမှီဖို့တော်တော်လေးကြိုးစားရမှာပါ။

 

6. ရုပ်ရှင်ဇာတ်လမ်းတွဲတွေတော်တော်များများက မင်းသားတွေမင်းသမီးတွေပြောတာ ကြားဖူးကြမှာပါ။ သူတို့တွေအချိန်အကြာကြီးအတူတူ အလုပ်လုပ်ခဲ့ရလို့ မိသားစုတွေလိုတောင်ဖြစ်နေပြီဆိုတာလေ။ BBC Sherlock မှာတော့ မိသားစုတွေ'လို' တောင်မဟုတ်ပါဘူး။ cast တွေကတကယ့်မိသားစုတွေပါပဲ။ Mary Watson နေရာမှာသရုပ်ဆောင်တဲ့ Amanda Abbington ဟာ အဲ့ဒီအချိန်တုန်းက Martin Freeman နဲ့အပြင်မှာတကယ့်ချစ်သူတွေဖြစ်ခဲ့ပြီး ဇာတ်ကားထဲက Sherlock ရဲ့မိဘတွေကလည်း တကယ်တော့ Benedict Cumberbatch ရဲ့မိဘတွေဖြစ်ပါတယ်။ ဒါ့အပြင် co-creator လည်းဖြစ် Mycroft လည်းဖြစ်တဲ့ Mark Gatiss ရဲ့အမျိုးသား Ian Hallard ကလည်း Season 2 နောက်ဆုံး Episode မှာ Jim Moriarty ရဲ့ရှေ့နေ အဖြစ်နဲ့သရုပ်ဆောင်ခဲ့ပါသေးတယ်။ Season 3 Episode 3 နောက်ဆုံးပိုင်းက Sherlock ငယ်ဘဝမှာသရုပ်ဆောင်တဲ့ကောင်လေးကလည်း Creator ဖြစ်တဲ့ Steven Moffat နဲ့ producer Sue Vertue တို့ရဲ့သား Louis Moffat ဖြစ်ပါတယ်။ Sherlock ရဲ့မှတ်ဉာဏ်ထဲက Red Beard ဆိုတဲ့ခွေးလေးကလည်း Martin Freeman အိမ်ကခွေးလေးဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ Season 1 Episode 3 က Van Coon ရဲ့ အတွင်းရေးမှူးနေရာကသရုပ်ဆောင်တဲ့မင်းသမီးက Benedict Cumberbatch ရဲ့ ချစ်သူဟောင်း Olivia Poulet ဖြစ်ပါတယ်။ဒီလောက်အမျိုးတွေစုံနေမှတော့ နောက်ထွက်မယ့် Sherlock မှာ Benedict Cumberbatch ရဲ့အမျိုးသမီး Sophie Hunter ပါလာရင် မအံ့သြကြနဲ့တော့နော်။

 

7. BBC Sherlock ထဲမှာ John Watson က အာဖဂန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဆရာဝန်တစ်ယောက်ပါ။ ဒါဟာ ရုတ်တရက်ကြည့်ရင် မူရင်းစာအုပ်တွေထဲမှာမပါတဲ့ version တစ်ခုလို့ထင်စရာရှိပါတယ်။ တကယ်တော့ Conan Doyle ရဲ့ Watson ကလည်း ဇာတ်လမ်းအစမှာ Second Anglo-Afghan စစ်ပွဲကပြန်လာပြီး စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင်တိုက်ဆိုင်မှု့တစ်ခုက Martin Freeman ရဲ့အဖိုးကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ဆရာဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

8. Sherlock ဟာ IMDb က rating အကောင်းဆုံး series တွေထဲက နံပါတ် ၈စာရင်းဝင်ခဲ့ပါတယ်။ ဒီလောက်ဒိတ်ဒိတ်ကြဲနေတဲ့ series မှာသရုပ်ဆောင်ဖို့ audition လာဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေကလည်း မနည်းပါဘူး။ ဒါပေမယ့် creator တွေဖြစ်တဲ့ Moffat နဲ့ Gatiss ဟာ ဇာတ်ကားကို ပိုပြီးအသက်ဝင်စေချင်တာကြောင့် နာမည်သိပ်မကြီးသေးတဲ့သရုပ်ဆောင်တွေကိုသာခေါ်ဖို့ စိတ်ကူးထားခဲ့ပါတယ်။ဟာ... ဒါပေမယ့် Benedict Cumberbatch ရော Martin Freeman ရောက နာမည်ကြီးတွေလေ!?ဒါကအခုမှပါ။ Sherlock မရိုက်ခင်က Freeman က The Office ဆိုတဲ့ဇာတ်ကားမှာ Tim အနေနဲ့ မထင်မရှားလေးသရုပ်ဆောင်ခဲ့ပြီး Cumberbatch ကလည်း ပြဇာတ်တွေကလွဲရင် ရုပ်ရှင်မှာကတော့ ဇာတ်ပို့သဘောလောက်သာ ပါဝင်ခွင့်ရခဲ့ကြပါတယ်။Sherlock ပြီးတော့မှ နှစ်ယောက်လုံးက လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တာပါ။

 

9. Sherlock ရဲ့အောင်မြင်မှုဟာ Europe မှာသာမက Asia အထိပါ ပေါက်ရောက်ခဲ့ပါတယ်။ ဘယ်လောက်အောင်မြင်သလဲဆို UK ရဲ့ ဝန်ကြီးချုပ်ဟောင်း David Cameron တစ်ယောက် တရုတ်နိုင်ငံကိုသွားရောက်လည်ပတ်တုန်းမှာ ပရိသတ်တွေက "Sherlock ကို မြန်မြန်ပြီးအောင် ရိုက်ဖို့ပြောပေးပါ" လို့အမှာစကားပါးရလောက်အောင်ကို အောင်မြင်ခဲ့တာပါ။ ပိုထူးဆန်းတာက တရုတ်ပြည်မှာ Sherlock series ကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် Sherlock ကိုကြည့်တဲ့ တရုတ် ပြည်သူ 69 သန်းလုံးဟာ ခိုးကြည့်ကြတာပါ။ ဒါ့အပြင် ဂျပန်မှာလည်း Sherlock ကို manga အနေနဲ့ ထုတ်ဝေခဲ့ပါသေးတယ်။

 

10. Sherlock series အကုန်လုံးမှာ လူကြည့်အများဆုံးအပိုင်းကတော့ "The Empty Hearse" ဖြစ်ပါတယ်။ ဒါက Sherlock တို့ပေါ်ကခုန်ချလိုက်ပေမယ့် ဘာလို့မသေတာလဲဆိုတဲ့အကြောင်းကို သိချင်လို့ဖြစ်နိုင်သလို Sherlock နဲ့ Moriarty နမ်းမလိုဖြစ်သွားတဲ့အခန်းကို ကြည့်ချင်လို့လဲဖြစ်နိုင်ပါတယ်။ပြီးတော့ လူကြည့်အနည်းဆုံးကတော့ The Blind Banker ဖြစ်ပါတယ်။

 

11. Sherlock series ဟာ James Bond ကိုလည်း နည်းနည်း မှီငြမ်းထားတယ်ဆို ယုံနိုင်မလား။ယုံသင့်ပါတယ်။ Sherlock ရဲ့ "A Study in Belgravia" မှာ Mycroft ရဲ့ လှို့ဝှက် လေယာဉ်project ရဲ့ နာမည်က Bond Air ဖြစ်ပြီး လေယာဉ်ရဲ့နာမည်ကလည်း 007 ဖြစ်ပါတယ်။ ဒါကတော့ James Bond ဇာတ်ကားဖြစ်တဲ့ Her Majesty's Secret Service ရဲ့ deleted scene တစ်ခုထဲက Q နဲ့ Bond တို့ပြောနေကြတဲ့ ရထားတစ်စီးလုံးကို လူသေတွေထည့်ပြီး ရထားခရီးစဉ်အတုဖန်တီးတဲ့ အစီအစဉ်ကို မှီငြမ်းထားတာဖြစ်ပါတယ်။ ဒီ plot တစ်ခုလုံးက မူရင်းစာအုပ်ထဲမှာ ပါမပါကတော့ သေချာမသိရပါဘူး။

 

12. ဟိုးအရင် ရိုက်ခဲ့သမျှ Sherlock Holmes ရုပ်ရှင်တွေနဲ့ ထွက်ခဲ့သမျှစာအုပ်တွေအကုန်လုံးမှာ ဇာတ်ကောင်တွေအချင်းချင်း ပထမနာမည်မသုံးပဲ Holmes, Watson စသည်ဖြင့် ခေါ်ကြပြောကြတာကို သိကြမှာပါ။ အခု BBC Sherlock မှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ ခေတ်သစ် series ဖြစ်တဲ့အတွက် ခေတ်မီအောင် နဲ့ ဇာတ်ကောင်အချင်းချင်းရင်းနှီးမှုကိုဖော်ပြနိုင်အောင် ပထမနာမည်တွေကိုသာ သုံးဖို့ စီစဉ်ခဲ့ကြပါတယ်။

 

13. The Blind Banker မှာ Sherlock က John ပစ်ပေးလိုက်တဲ့ဘောပင်ကို လှည့်မကြည့်ပဲ ဖမ်းလိုက်တဲ့အခန်းကိုမှတ်မိကြသေးရဲ့လား။ ဘောပင်လှမ်းဖမ်းလိုက်တဲ့အခန်းကို CGI မသုံးပဲ Cumberbatch က တကယ်လှမ်းဖမ်းနိုင်လိုက်တာပါ။ ဒီထက်ပိုအံ့သြစရာကောင်းတာက Cumberbatch က ပထမဆုံး take မှာပဲ အမိဖမ်းပြနိုင်ခဲ့တာပါ။ ဒါပေမယ့် စက်ချို့ယွင်းသွားတာကြောင့် ဒီ scene ကို ပြန်ရိုက်ခဲ့ရပါတယ်။ နောက် take တွေရိုက်တဲ့အခါမှာတော့ ဖမ်းမမိတော့ပါဘူး။ ဒါကြောင့် ထပ်ခါထပ်ခါပြန်လုပ်ခဲ့ရပါတယ်။

 

14. Watson ရခဲ့တဲ့ ဒဏ်ရာက တကယ်တော့ သိပ်အဓိပ္ပါယ်မရှိလှပါဘူး။ စစ်ပွဲထဲမှာ ပခုံးကိုသေနတ်မှန်ခဲ့ပေမယ့် တကယ်တမ်းဖြစ်နေတာက ခြေထောက်ဖြစ်နေပါတယ်။ ဒါကို စိတ်ကြောင့်လို့ဖြည့်တွေးရင်ရပေမယ့် နည်းနည်းတော့ ယုတ္တိမရှိဘူးလို့ခံစားရပါတယ်။ ဒါကအခုမှမဟုတ်ပါဘူး။ သမိုင်းအဆက်ဆက် ထွက်ခဲ့သမျှ Sherlock Holmes franchaise တွေအကုန်လုံးမှာ Watson က ဒဏ်ရာ ရတာကတစ်နေရာ နာနေတာကတစ်နေရာနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတတ်တာ အစဉ်အလာလိုကိုဖြစ်နေပါပြီ။

 

15. တကယ်တော့ Sherlock Series ကို Baker လမ်းထဲမှာရိုက်တာမဟုတ်ပါဘူး။ Sherlock Holmes ဟာ အရမ်းနာမည်ကြီးလာတဲ့အတွက် Baker လမ်းဟာလည်း Sherlock နဲ့ပတ်သတ်တဲ့ ဆိုင်တွေ ပြတိုက်တွေနဲ့ ပရိသတ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါ့ကြောင့် Sherlock ကို Baker လမ်းနဲ့ နှစ်မိုင်လောက်ဝေးတဲ့ မြောက်ဘက် Gower လမ်းမှာရိုက်ကူးခဲ့ပါတယ်။ အိမ်နံပါတ်ကလည်း 221 မဟုတ်ပါဘူး။ 185 ပါ။ ပြီးတော့ တိုက်အောက်က Speedy's ကော်ဖီဆိုင်ကလည်း ဇာတ်ညွှန်းထဲမှာ Sherlock ရဲ့အခန်းဘေးမှာဖြစ်ပေမယ့် အခြေအနေအရ အောက်ထပ်ကိုပြောင်းလိုက်ရပါတယ်။ အခုဆိုရင်တော့ 185 North Gower လမ်းကလည်း Baker လမ်းလိုပဲ ပရိသတ်တွေ ကျိတ်ကျိတ်တိုးနေတဲ့လမ်းတစ်လမ်းဖြစ်နေပါပြီ။

 

16. Sherlock နေရာမှာ သရုပ်ဆောင်ဖို့ Benedict Cumberbatch ကို ပထမဆုံးရွေးခဲ့တာပါ။ Creator Moffat က Cumberbatch ရဲ့ အဲဒီအချိန်တုန်းက လောလောလတ်လတ်ရိုက်ထားတဲ့ Atonement ဇာတ်ကားထဲက မျိုးကြီးရိုးကြီး မုဒိန်းသမား နေရာကသရုပ်ဆောင်ပုံကို သဘောကျပြီး Sherlock ဇာတ်ကောင်နဲ့လိုက်တယ်လို့ထင်တာကြောင့် Cumberbatch ကို audition ဝင်ခိုင်းပြီး ချက်ချင်းရွေးလိုက်ပါတယ်။

 

17. The Study in Pink မတိုင်ခင်မှာ The Study in Scarlet ဆိုပြီး pilot episode တစ်ခုကိုရိုက်ခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေရှိတာကြောင့် မထုတ်လွှင့်ဖြစ်ခဲ့ပါဘူး။ အပြီးလည်းမပယ်ခဲ့ပဲ Season 1 original ခွေတွေမှာ bonus အနေနဲ့ထည့်ပေးခဲ့ပါတယ်။ (UK က Original နော်။ မီယမ်မာပြည်ကဟာလို့မထင်စေလို)

 

18. Benedict Cumberbatch ဟာ Sherlock ဆံပင်ပုံကို သူ့ကိုမိန်းမကြီးနဲ့တူသွားစေတယ်လို့ထင်တာကြောင့် အရမ်းမုန်းပါတယ်။ Sherlock မှာ သူ့အကြိုက်ဆုံးအပိုင်းကတော့ Abominable Bride ပါ။ ဘာလို့လဲဆိုတော့ သူဆံပင်အတိုညှပ်လိုက်ရလို့ပါတဲ့။

 

19. Mycroft လည်းဖြစ် Co-creator လည်းဖြစ်တဲ့ Mark Gatiss ဟာ အစတည်းက hardcore sherlockian ပါ။ BBC Sherlock series ကိုလည်း Sherlock Holmes ကိုကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေရဲ့တွေ့ဆုံပွဲကို Gatiss က ဖိတ်ကြားခံရပြီး အဖော်တစ်ယောက်ခေါ်လို့ရတယ်ဆိုလို့ Moffat ကိုခေါ်သွားရာက series ပြန်ရိုက်ဖို့ idea ရပြီး ရိုက်ဖို့စီစဉ်ခဲ့တာပါ။(အကယ်၍ Moffat အစား သူ့အမျိုးသား Ian ကိုသာ ခေါ်သွားခဲ့ပါလျှင်...)

 

20. Sherlock ပြောပြောနေတဲ့ mind palace ဟာ အပြင်မှာလည်းတကယ်ရှိတဲ့မှတ်ဉာဏ်နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။ ဒါကို memory of loci လို့ခေါ်ပြီး အကြောင်းအရာတစ်ခုနဲ့ပတ်သတ်တဲ့အရာတစ်ခုကို ကိုယ်ရောက်ဖူးပြီး ရင်းနှီးတဲ့နေရာတစ်နေရာကို အစွဲပြုပြီးမှတ်သားတဲ့နည်းပါ။ သေချာလည်းမရှင်းပြတတ်တာမို့ စမ်းကြည့်ချင်ရင် Internet မှာသာ ရှာမှီးကြပါကုန်။

 

<<< Zawgyi >>>

 

အဂၤလိပ္စာေလ့လာသူမ်ား မျဖစ္မေနၾကည့္သင့္တဲ့ BBC မွ Sherlock  အေၾကာင္းသိမွတ္စရာမ်ား

------------------------------------------------------------------------------------------------------

 

"Elementary, my dear Watson"

ဒီစကား​ေလးကိုျမင္​လိုက္​တာနဲ႔ လူတိုင္​း​ေျပးျမင္​တာက​ေတာ့ Sir Arthur Conan Doyle ရဲ႕ ဂႏ ၱဝင္​​ေျမာက္​ဇာတ္​​ေကာင္​ျဖစ္​တဲ့ စံု​ေထာက္​ႀကီး Sherlock Holmes ပါပဲ။ စံု​ေထာက္​ႀကီးရဲ႕နာမည္​ႀကီးပံုက​ေတာ့ အ​ေမရိကန္​သမၼတကို​ေတာင္​ သိခ်င္​မွသိၾကမယ္​ Sherlock Holmes ဆိုတာနဲ႔ စံု​ေထာက္ႀကီးရယ္​လို႔ လူတိုင္​းနီးပါး​ေျပာႏိုင္​ၾကတဲ့အထိပါပဲ။

 

ဒီ​ေလာက္​အထိ ကမၻာ​ေက်ာ္​တဲ့ Conan Doyle ရဲ႕လက္​ရာကို ​ေခတ္​အမ်ိဳးမ်ိဳး production အမ်ိဳးမ်ိဳးက ဇာတ္​ၫႊန္​းအမ်ိဳးမ်ိဳးနဲ႔ ျပန္​လည္​ပံု​ေဖာ္​ခဲ့ၾကပါတယ္​။ ဒီထဲမွာ အခု​ေျပာမယ္​့ BBC Sherlock လည္​းအပါအဝင္​ပါပဲ။

 

ဒီ BBC Sherlock က​ေတာ့ ပံုမွန္​ Sherlock Holmes ဇာတ္​လမ္​း​ေတြက​ေန ကြဲထြက္​ၿပီး အခု​ေခတ္​ပံုစံ႐ိုက္​ကူးထားတဲ့အျပင္​ Sherlock အ​ေနနဲ႔ကလည္​း နာမည္​​ေက်ာ္​ Benedict Cumberbatch နဲ႔ Watson အ​ေနနဲ႔ကလည္​း Martin Freeman တို႔ကအဓိကပါဝင္​ထားတာမို႔ ပိုၿပီးနာမည္​ႀကီးခဲ့ပါတယ္​။

 

အခု ပရိတ္​သတ္​ႀကီးကို ​ေဖာ္​ျပခ်င္​တာက​ေတာ့ BBC Sherlock ရဲ႕ Behind the scenes နဲ႔ လူသိနည္​းတဲ့အခ်က္​​ေတြအ​ေၾကာင္​းပဲျဖစ္​ပါတယ္​။

 

Sherlock Holmes ဇာတ္ကားေတြအမ်ားႀကီးရွိတဲ့ထဲကမွဒီကားေလးဟာေခတ္နဲ႔အညီ႐ိုက္ထားတဲ့ကားမ်ိဳးျဖစ္ၿပီး ၿဗိတိန္မင္းသား Benedict Cumberbatch က Sherlock Holmes သ႐ုပ္ေဆာင္ထားတာပါ။

 

1. Matt Smith ကို​ေတာ့ Doctor Who ၾကည္​့ဖူးတဲ့သူတိုင္​းသိၾကမွာပါ။ Doctor Who ဇာတ္​လမ္​းမွာ Eleventh Doctor အ​ေနနဲ႔နာမည္​ႀကီးခဲ့တဲ့ Matt Smith ဟာ Doctor မျဖစ္​ခင္​က Watson အ​ေနနဲ႔ Audition ဝင္​ခဲ့တယ္​ဆိုယံုၾကပါ့မလား။ ဟုတ္​ပါတယ္​။ သူတကယ္​ Watson လုပ္​ဖို႔ audition ဝင္​ခဲ့တာပါ။ ဒါ​ေပမယ္​့ သူ႔ကို Sherlock ရဲ႕ creator ျဖစ္​တဲ့ Steven Moffat က သူ႔ပံုစံက Watson ထက္​ Sherlock နဲ႔ပိုတူ​ေနတယ္​ဆိုၿပီး ပယ္​ခ်ခဲ့ပါတယ္​။ ဒါ​ေပမယ္​့ ဒီ audition ကပဲ သူ႔ကို Doctor Who မွာ​ေနရာတစ္​​ေနရာရ​ေအာင္​ စြမ္​း​ေဆာင္​​ေပးခဲ့ပါတယ္​။ ဘာ​ေၾကာင္​့လဲဆို​ေတာ့ Moffat က Doctor Who ရဲ႕ creator team မွာလည္​းပါ​ေနတာ​ေၾကာင္​့ Smith ရဲ႕ပံုစံက Eleventh Doctor အ​ေနနဲ႔ ကိုက္​ညီ​ေလာက္​တယ္​ဆိုၿပီး Doctor Who series ထဲမွာ ပါဝင္​ဖို႔​ေရြးခ်ယ္​ခဲ့လို႔ပါ။

 

2. Sherlock Season 2 Episode 2 ျဖစ္​တဲ့ The Scandal in Belgravia ကို႐ိုက္​​ေနတဲ့အခ်ိန္​မွာ 2011 London အဓိက႐ုန္​း ျဖစ္​ေနတဲ့အခ်ိန္​ျဖစ္​ပါတယ္​။ ဒီကာလမွာ ႐ိုက္​​ေနတဲ့ ႐ုပ္​႐ွင္​​ေတြ​ေတာ္​​ေတာ္​မ်ားမ်ားဟာ အဓိက႐ုန္​း​ေၾကာင္​့ အ​ေႏွာက္​အယွက္​ျဖစ္​ခဲ့ရပါတယ္​။ ဒါ​ေၾကာင္​့ Scandal in Belgravia ကိုလည္​း ခပ္​သြက္​သြက္​​ေလး႐ိုက္​ခဲ့ရပါတယ္​။ အခုျပထားတဲ့ scene ကိုလည္​း လူ​ေတြၿမိဳ႕ထဲ​ေရာက္​မလာခင္​ ခပ္​ျမန္​ျမန္​႐ိုက္​ၿပီး ျမန္​ျမန္​လက္​စသတ္​ခဲ့ရပါတယ္​။ တျခား scene ​ေတြကိုလည္​း လူနည္​းတဲ့​ေနရာမွာ ႐ိုက္​ခဲ့ရပါတယ္​။ ပံုကိုၾကည္​့ရင္​​ေတာ့ အဓိက႐ုန္​းျဖစ္​​ေနတုန္​းမွာ႐ိုက္​ခဲ့တာလို႔မထင္​ရ​ေလာက္​​ေအာင္​ ​ေအး​ေဆးတဲ့ပံုစံ​ေပါက္​​ေနတာ​ေတြ႔ရမွာပါ။

 

3. Sherlock ရဲ႕ပထမ series သံုးခုကိုၾကည္​့ရင္​ Sherlock ဟာ Lestrade ရဲ႕ ပထမနာမည္​ကို ဘယ္​​ေတာ့မွမွန္​​ေအာင္​မ​ေခၚႏိုင္​တာ သတိထားမိၾကမွာပါ။ ဒါဟာ Sherlock ရဲ႕စိတ္​ထဲမွာ အာရံုစိုက္​ၿပီးမွတ္​ရ​ေလာက္​​ေအာင္​ Lestrade ကအ​ေရးမပါဘူးလို႔ လူ​ေတာ္​​ေတာ္​မ်ားမ်ားက​ေျပာၾကပါတယ္​။ series ကိုအစအဆံုးျပန္​ၾကည္​့ရင္​ Sherlock က Lestrade ကိုသူနဲ႔အရင္​းႏွီးဆံုးသူတစ္​​ေယာက္​အ​ေနနဲ႔ သ​ေဘာထား​ေၾကာင္​းသိရမွာပါ။ ဒါဆိုဒီ​ေလာက္​မွတ္​ဉာဏ္​​ေကာင္​းတဲ့ high functioning sociopath ႀကီးက Scotland yard က ငတံုး အရာ႐ွိႀကီးကို ဘာလို႔​ေသခ်ာမမွတ္​ထားတာလဲ။ဒါက​ေတာ့ မူရင္​းစာအုပ္​ထဲကအ​ေၾကာင္​းအရာကို အ​ေျခခံထားလို႔ပါ။ မူရင္​းစာအုပ္​ထဲမွာ Lestrade ရဲ႕​ေ႐ွ႕နာမည္​ကို G တစ္​လံုးတည္​းသာ​ေဖာ္​ျပထားတဲ့အတြက္​ Sherlock Holmes ကလည္​း Lestrade နာမည္​ကိုလံုးဝမသိပါဘူး။ ဒီ Series ကလည္​း မူရင္​းစာအုပ္​ရဲ႕ အရသာ​ေလးလည္​းမပ်က္​ရ​ေအာင္​ BBC Sherlock ကိုလည္​း Lestrade ရဲ႕နာမည္​ကို မမွတ္​မိသလိုထည္​့ထားတာပါ။(BBC Sherlock ထဲက Lestrade ရဲ႕ပထမနာမည္​က Greg ျဖစ္​ၿပီး မူရင္​းစာအုပ္​​ေတြထဲမွာ​ပါတဲ့ Lestrade ရဲ႕ၿပိဳင္​ဘက္​နာမည္​ျဖစ္​တဲ့ Gregson ကိုယူထားတာပါ)

 

4. Sherlock ဇာတ္​လမ္​းတြဲ​ေတြကို Doctor Who ရဲ႕ Head writer ျဖစ္​တဲ့ Steven Moffat ရဲ႕ master piece လို႔​ေတာင္​တင္စားၾကပါတယ္​။ Sherlock ရဲ႕ main creater လည္​းျဖစ္​တဲ့ Moffat ဟာ Doctor Who ကိုအခ်ိန္​​ေပးသ​ေလာက္​ Sherlock ကိုအခ်ိန္​သိပ္​မ​ေပးႏိုင္​ခဲ့ပါဘူး။ ႐ိုက္​ကြင္​းမွာသူ႐ွိတဲ့အခ်ိန္​ကလည္​း မရွိသ​ေလာက္​နည္​းပါးၿပီး သူ႐ွိ​ေနၿပီဆိုရင္​လည္​း ႐ိုက္​ကြင္​းမွာျပႆနာတစ္​ခုခု႐ွိ​ေနလို႔ဆိုတာ​ေသခ်ာပါတယ္​။ သူနဲ႔တြဲဖက္​ creator ျဖစ္​တဲ့ Mark Gatiss (Mycroft Holmes) က​ေတာ့သူနဲ႔​ေျပာင္​းျပန္​ ႐ိုက္​ကြင္​းမွာအခ်ိန္​ျပည္​့နီးနီး႐ွိတတ္​ၿပီး ႐ိုက္​က​ူး​ေရးကိုႀကီးၾကပ္​ပါတယ္​။

 

5. Sherlock ​ေနရာမွာသ႐ုပ္​​ေဆာင္​ခဲ့တဲ့ Benedict Cumberbatch ဟာ လူအမ်ားထင္​သလိုပဲ သူ႔ဇာတ္​​ေကာင္​စ႐ိုက္​ကိုအျပည္​့အဝနားလည္​ဖို႔ Sir Arthur Conan Doyle ရဲ႕ မူရင္​း Sherlock Holmes စာအုပ္​​ေတြကို ထပ္​ျပန္​တလဲလဲဖတ္ၿပီး ​ေလ့လာခဲ့ပါတယ္​။ Sherlock ရဲ႕ အဓိကရန္​သူႀကီးျဖစ္​တဲ့ Jim Moriarty ​ေနရာမွာသ႐ုပ္​​ေဆာင္​တဲ့ Andrew Scott က​ေတာ့ လုပ္​႐ိုးလုပ္​စဥ္​အတိုင္​းမလုပ္​ခဲ့ပါဘူး။ သူက ဟိုးအရင္​ ႐ိုက္​ခဲ့သမ်ွ Sherlock Holmes ဇာတ္​ကား​ေတြ​ေရာ စာအုပ္​​ေတြ​ေရာကို ​မ​ေလ့လာပဲနဲ႔ သူ႔ကိုယ္​ပိုင္​ creation နဲ႔ Moriarty ကိုအသက္​သြင္းခဲ့ပါတယ္​။ ဇာတ္​ၫႊန္​းထဲမွာပါတဲ့ action ​ေတြကိုလည္​း လုပ္​ခ်င္​မွလုပ္​တတ္​သလို သူ႔အ​ေတြးနဲ႔အဆင္​​ေျပမယ္​ထင္​တဲ့ဟာ​ေတြကိုလည္​း ျဖည္​့ၿပီးစိတ္​​ေရာကိုယ္​ပါသ႐ုပ္​​ေဆာင္​ခဲ့ပါတယ္​။ ဒါ​ေၾကာင္​့ ​BBC Sherlock ​ေနာက္​ပိုင္​းထြက္​တဲ့ Sherlock ကား​ေတြမွာသ႐ုပ္​​ေဆာင္​မယ္​့ Moriarty ​ေတြက​ေတာ့ သူ႔ကိုမွီဖို႔​ေတာ္​​ေတာ္​​ေလးႀကိဳးစားရမွာပါ။

 

6. ႐ုပ္​႐ွင္​ဇာတ္​လမ္​းတြဲ​ေတြ​ေတာ္​​ေတာ္​မ်ားမ်ားက မင္​းသား​ေတြမင္​းသမီး​ေတြ​ေျပာတာ ၾကားဖူးၾကမွာပါ။ သူတို႔​ေတြအခ်ိန္​အၾကာႀကီးအတူတူ အလုပ္​လုပ္​ခဲ့ရလို႔ မိသားစု​ေတြလို​ေတာင္​ျဖစ္​​ေနၿပီဆိုတာ​ေလ။ BBC Sherlock မွာ​ေတာ့ မိသားစု​ေတြ'လို' ​ေတာင္​မဟုတ္​ပါဘူး။ cast ​ေတြကတကယ္​့မိသားစု​ေတြပါပဲ။ Mary Watson ​ေနရာမွာသ႐ုပ္​​ေဆာင္​တဲ့ Amanda Abbington ဟာ အဲ့ဒီအခ်ိန္​တုန္​းက Martin Freeman နဲ႔အျပင္​မွာတကယ္​့ခ်စ္​သူ​ေတြျဖစ္​ခဲ့ၿပီး ဇာတ္​ကားထဲက Sherlock ရဲ႕မိဘ​ေတြကလည္​း တကယ္​​ေတာ့ Benedict Cumberbatch ရဲ႕မိဘ​ေတြျဖစ္​ပါတယ္​။ ဒါ့အျပင္​ co-creator လည္​းျဖစ္​ Mycroft လည္​းျဖစ္​တဲ့ Mark Gatiss ရဲ႕အမ်ိဳးသား Ian Hallard ကလည္​း Season 2 ​ေနာက္​ဆံုး Episode မွာ Jim Moriarty ရဲ႕​ေ႐ွ႕​ေန အျဖစ္​နဲ႔သ႐ုပ္​​ေဆာင္​ခဲ့ပါ​ေသးတယ္​။ Season 3 Episode 3 ​ေနာက္​ဆံုးပိုင္​းက Sherlock ငယ္​ဘဝမွာသ႐ုပ္​​ေဆာင္​တဲ့​ေကာင္​​ေလးကလည္​း Creator ျဖစ္​တဲ့ Steven Moffat နဲ႔ producer Sue Vertue တို႔ရဲ႕သား Louis Moffat ျဖစ္​ပါတယ္​။ Sherlock ရဲ႕မွတ္​ဉာဏ္​ထဲက Red Beard ဆိုတဲ့​ေခြး​ေလးကလည္​း Martin Freeman အိမ္​က​ေခြး​ေလးျဖစ္​ပါတယ္​။ ​ေနာက္​ဆံုးတစ္​​ေယာက္​က​ေတာ့ Season 1 Episode 3 က Van Coon ရဲ႕ အတြင္​း​ေရးမႉး​ေနရာကသ႐ုပ္​​ေဆာင္​တဲ့မင္​းသမီးက Benedict Cumberbatch ရဲ႕ ခ်စ္​သူ​ေဟာင္​း Olivia Poulet ျဖစ္​ပါတယ္​။ဒီ​ေလာက္​အမ်ိဳး​ေတြစံု​ေနမွ​ေတာ့ ​ေနာက္​ထြက္​မယ္​့ Sherlock မွာ Benedict Cumberbatch ရဲ႕အမ်ိဳးသမီး Sophie Hunter ပါလာရင္​ မအံ့ျသၾကနဲ႔​ေတာ့​ေနာ္​။

 

7. BBC Sherlock ထဲမွာ John Watson က အာဖဂန္​မွာ တာဝန္​ထမ္​း​ေဆာင္​ခဲ့တဲ့ စစ္​ဆရာဝန္​တစ္​​ေယာက္​ပါ။ ဒါဟာ ႐ုတ္​တရက္​ၾကည္​့ရင္​ မူရင္​းစာအုပ္​​ေတြထဲမွာမပါတဲ့ version တစ္​ခုလို႔ထင္​စရာ႐ွိပါတယ္​။ တကယ္​​ေတာ့ Conan Doyle ရဲ႕ Watson ကလည္​း ဇာတ္လမ္းအစမွာ Second Anglo-Afghan စစ္​ပြဲကျပန္​လာၿပီး စိတ္​ဓာတ္​က်​ေနတဲ့လူ​တစ္​​ေယာက္​ျဖစ္​တယ္​လို႔​ေဖာ္​ျပထားပါတယ္​။ ဒါ့အျပင္​တိုက္​ဆိုင္​မႈ႕တစ္​ခုက Martin Freeman ရဲ႕အဖိုးကလည္​း ဒုတိယကမၻာစစ္​မွာ စစ္​​ဆရာဝန္​အ​ေနနဲ႔ တာဝန္​ထမ္​း​ေဆာင္​ခဲ့ပါတယ္​။

 

8. Sherlock ဟာ IMDb က rating အ​ေကာင္​းဆံုး series ​ေတြထဲက နံပါတ္​ ၈စာရင္​းဝင္​ခဲ့ပါတယ္​။ ဒီ​ေလာက္​ဒိတ္​ဒိတ္​ၾကဲ​ေနတဲ့ series မွာသ႐ုပ္​​ေဆာင္​ဖို႔ audition လာဝင္​တဲ့နာမည္​ႀကီးသ႐ုပ္​​ေဆာင္​​ေတြကလည္​း မနည္​းပါဘူး။ ဒါ​ေပမယ္​့ creator ​ေတြျဖစ္​တဲ့ Moffat နဲ႔ Gatiss ဟာ ဇာတ္​ကားကို ပိုၿပီးအသက္​ဝင္​​ေစခ်င္​တာ​ေၾကာင္​့ နာမည္​သိပ္​မႀကီး​ေသးတဲ့သ႐ုပ္​​ေဆာင္​​ေတြကိုသာ​ေခၚဖို႔ စိတ္​ကူးထားခဲ့ပါတယ္​။ဟာ... ဒါ​ေပမယ္​့ Benedict Cumberbatch ​ေရာ Martin Freeman ​ေရာက နာမည္​ႀကီး​ေတြ​ေလ!?ဒါကအခုမွပါ။ Sherlock မ႐ိုက္​ခင္​က Freeman က The Office ဆိုတဲ့ဇာတ္​ကားမွာ Tim အ​ေနနဲ႔ မထင္​မ႐ွား​ေလးသ႐ုပ္​​ေဆာင္​ခဲ့ၿပီး Cumberbatch ကလည္​း ျပဇာတ္​​ေတြကလြဲရင္​ ႐ုပ္​႐ွင္​မွာက​ေတာ့ ဇာတ္​ပို႔သ​ေဘာ​ေလာက္​သာ ပါဝင္​ခြင္​့ရခဲ့ၾကပါတယ္​။Sherlock ၿပီး​ေတာ့မွ ႏွစ္​​ေယာက္​လံုးက လွ်မ္​းလွ်မ္​း​ေတာက္​​ေအာင္ျမင္လာခဲ့တာပါ။

 

9. Sherlock ရဲ႕​ေအာင္​ျမင္​မႈဟာ Europe မွာသာမက Asia အထိပါ ​ေပါက္​​ေရာက္​ခဲ့ပါတယ္​။ ဘယ္​​ေလာက္​​ေအာင္​ျမင္​သလဲဆို UK ရဲ႕ ဝန္​ႀကီးခ်ဳပ္​​ေဟာင္​း David Cameron တစ္​​ေယာက္​ တ႐ုတ္​ႏိုင္​ငံကိုသြား​ေရာက္​လည္​ပတ္​တုန္​းမွာ ပရိသတ္​​ေတြက "Sherlock ကို ျမန္​ျမန္​ၿပီး​ေအာင္​ ႐ိုက္​​ဖို႔​ေျပာ​ေပးပါ" လို႔အမွာစကားပါးရ​ေလာက္​​ေအာင္​ကို ​ေအာင္​ျမင္​ခဲ့တာပါ။ ပိုထူးဆန္​းတာက တ႐ုတ္​ျပည္​မွာ Sherlock series ကို ပိတ္​ပင္​ထားပါတယ္​။ ဒါ​ေၾကာင္​့ Sherlock ကိုၾကည္​့တဲ့ တ႐ုတ္​ ျပည္​သူ 69 သန္​းလံုးဟာ ခိုးၾကည္​့ၾကတာပါ။ ဒါ့အျပင္​ ဂ်ပန္​မွာလည္​း Sherlock ကို manga အ​ေနနဲ႔ ထုတ္​​ေဝခဲ့ပါ​ေသးတယ္​။

 

10. Sherlock series အကုန္​လံုးမွာ လူၾကည္​့အမ်ားဆံုးအပိုင္​းက​ေတာ့ "The Empty Hearse" ျဖစ္​ပါတယ္​။ ဒါက Sherlock တို႔​ေပၚကခုန္​ခ်လိုက္​​ေပမယ္​့ ဘာလို႔မ​ေသတာလဲဆိုတဲ့အ​ေၾကာင္​းကို သိခ်င္​လို႔ျဖစ္​ႏိုင္​သလို Sherlock နဲ႔ Moriarty နမ္​းမလိုျဖစ္​သြားတဲ့အခန္​းကို ၾကည္​့ခ်င္​လို႔လဲျဖစ္​ႏိုင္​ပါတယ္​။ၿပီး​ေတာ့ လူၾကည္​့အနည္​းဆံုးက​ေတာ့ The Blind Banker ျဖစ္​ပါတယ္​။

 

11. Sherlock series ဟာ James Bond ကိုလည္​း နည္​းနည္​း မွီျငမ္​းထားတယ္​ဆို ယံုႏိုင္​မလား။ယံုသင္​့ပါတယ္​။ Sherlock ရဲ႕ "A Study in Belgravia" မွာ Mycroft ရဲ႕ လိႈ့ဝွက္​ ​ေလယာဥ္​project ရဲ႕ နာမည္​က Bond Air ျဖစ္​ၿပီး ​ေလယာဥ္​ရဲ႕နာမည္​ကလည္​း 007 ျဖစ္​ပါတယ္​။ ဒါက​ေတာ့ James Bond ဇာတ္​ကားျဖစ္​တဲ့ Her Majesty's Secret Service ရဲ႕ deleted scene တစ္​ခုထဲက Q နဲ႔ Bond တို႔​ေျပာ​ေနၾကတဲ့ ရထားတစ္​စီးလံုးကို လူ​ေသ​ေတြထည္​့ၿပီး ရထားခရီးစဥ္​အတုဖန္​တီးတဲ့ အစီအစဥ္​ကို မွီျငမ္​းထားတာျဖစ္​ပါတယ္​။ ဒီ plot တစ္​ခုလံုးက မူရင္​းစာအုပ္​ထဲမွာ ပါမပါက​ေတာ့ ​ေသခ်ာမသိရပါဘူး။

 

12. ဟိုးအရင္​ ႐ိုက္​ခဲ့သမ်ွ Sherlock Holmes ႐ုပ္​႐ွင္​​ေတြနဲ႔ ထြက္​ခဲ့သမ်ွစာအုပ္​​ေတြအကုန္​လံုးမွာ ဇာတ္​​ေကာင္​​ေတြအခ်င္​းခ်င္​း ပထမနာမည္​မသံုးပဲ Holmes, Watson စသည္​ျဖင္​့ ​ေခၚၾက​ေျပာၾကတာကို သိၾကမွာပါ။ အခု BBC Sherlock မွာ​ေတာ့ ဒီလိုမဟုတ္​​ေတာ့ပါဘူး။ ​ေခတ္​​သစ္​ series ျဖစ္​တဲ့အတြက္​ ​ေခတ္​မီ​ေအာင္ နဲ႔ ဇာတ္​​ေကာင္​အခ်င္​းခ်င္​းရင္​းႏွီးမႈကို​ေဖာ္​ျပႏိုင္​​ေအာင္​ ပထမနာမည္​​ေတြကိုသာ သံုးဖို႔ စီစဥ္​ခဲ့ၾကပါတယ္​။

 

13. The Blind Banker မွာ Sherlock က John ပစ္​ေပးလိုက္​တဲ့​ေဘာပင္​ကို လွည္​့မၾကည္​့ပဲ ဖမ္​းလိုက္​တဲ့အခန္​းကိုမွတ္​မိၾက​ေသးရဲ႕လား။ ​ေဘာပင္​လွမ္​းဖမ္းလိုက္​တဲ့အခန္​းကို CGI မသံုးပဲ Cumberbatch က တကယ္​လွမ္​းဖမ္​းႏိုင္​လိုက္​တာပါ။ ဒီထက္​ပိုအံ့ျသစရာ​ေကာင္​းတာက Cumberbatch က ပထမဆံုး take မွာပဲ အမိဖမ္​းျပႏိုင္​ခဲ့တာပါ။ ဒါ​ေပမယ့္​ စက္​ခ်ိဳ႕ယြင္​းသြားတာ​ေၾကာင္​့ ဒီ scene ကို ျပန္​႐ိုက္​ခဲ့ရပါတယ္​။ ​ေနာက္​ take ေတြ႐ိုက္​တဲ့အခါမွာ​ေတာ့ ဖမ္​းမမိ​ေတာ့ပါဘူး။ ဒါ​ေၾကာင္​့ ထပ္​ခါထပ္​ခါျပန္​လုပ္​ခဲ့ရပါတယ္​။

 

14. Watson ရခဲ့တဲ့ ဒဏ္​ရာက တကယ္​​ေတာ့ သိပ္​အဓိပၸါယ္​မ႐ွိလွပါဘူး။ စစ္​ပြဲထဲမွာ ပခံုးကို​ေသနတ္​မွန္​ခဲ့​ေပမယ္​့ တကယ္​တမ္​းျဖစ္​​ေနတာက ​ေျခ​ေထာက္​​ျဖစ္​​ေနပါတယ္​။ ဒါကို စိတ္​​ေၾကာင္​့လို႔ျဖည္​့​ေတြးရင္​ရ​ေပမယ္​့ နည္​းနည္​း​ေတာ့ ယုတၱိမရွိဘူးလို႔ခံစားရပါတယ္​။ ဒါကအခုမွမဟုတ္​ပါဘူး။ သမိုင္းအဆက္​ဆက္​ ထြက္​ခဲ့သမ်ွ Sherlock Holmes franchaise ​ေတြအကုန္​လံုးမွာ Watson က ဒဏ္​ရာ ရတာကတစ္​​ေနရာ နာ​ေနတာကတစ္​​ေနရာနဲ႔ ဟို​ေရာက္​ဒီ​ေရာက္​ျဖစ္​​ေနတတ္​တာ အစဥ္​အလာလိုကိုျဖစ္​​ေနပါၿပီ။

 

15. တကယ္​​ေတာ့ Sherlock Series ကို Baker လမ္​းထဲမွာ႐ိုက္​တာမဟုတ္​ပါဘူး။ Sherlock Holmes ဟာ အရမ္​းနာမည္​ႀကီးလာတဲ့အတြက္​ Baker လမ္​းဟာလည္​း Sherlock နဲ႔ပတ္​သတ္​တဲ့ ဆိုင္​​ေတြ ျပတိုက္​​ေတြနဲ႔ ပရိသတ္​​ေတြနဲ႔ျပည္​့​ေနတတ္​ပါတယ္​။ ဒါ​့​ေၾကာင္​့ Sherlock ကို Baker လမ္​းနဲ႔ ႏွစ္​မိုင္​​ေလာက္​​ေဝးတဲ့ ​ေျမာက္​ဘက္​ Gower လမ္​းမွာ႐ိုက္​ကူးခဲ့ပါတယ္​။ အိမ္​နံပါတ္​ကလည္​း 221 မဟုတ္​ပါဘူး။ 185 ပါ။ ၿပီး​ေတာ့ တိုက္​​ေအာက္​က Speedy's ​ေကာ္​ဖီဆိုင္​ကလည္​း ဇာတ္​ၫႊန္​းထဲမွာ Sherlock ရဲ႕အခန္​း​ေဘးမွာျဖစ္​ေပမယ္​့ အ​ေျခအ​ေနအရ ​ေအာက္​ထပ္​ကို​ေျပာင္​းလိုက္​ရပါတယ္​။ အခုဆိုရင္​​ေတာ့ 185 ​North Gower လမ္​းကလည္​း Baker လမ္​းလိုပဲ ပရိသတ္​​ေတြ က်ိတ္​က်ိတ္​တိုး​ေနတဲ့လမ္​းတစ္​လမ္​းျဖစ္​​ေနပါၿပီ။

 

16. Sherlock ​ေနရာမွာ သ႐ုပ္​​ေဆာင္​ဖို႔ Benedict Cumberbatch ကို ပထမဆံုး​ေရြးခဲ့တာပါ။ Creator Moffat က Cumberbatch ရဲ႕ အဲဒီအခ်ိန္​တုန္​းက ​ေလာ​ေလာလတ္​လတ္​႐ိုက္​ထားတဲ့ Atonement ဇာတ္​ကားထဲက မ်ိဳးႀကီး႐ိုးႀကီး မုဒိန္​းသမား ​​ေနရာကသ႐ုပ္​​ေဆာင္​ပံုကို သ​ေဘာက်ၿပီး Sherlock ဇာတ္​​ေကာင္​နဲ႔လိုက္​တယ္​လို႔ထင္​တာ​ေၾကာင္​့ Cumberbatch ကို audition ဝင္​ခိုင္​းၿပီး ခ်က္​ခ်င္​း​ေရြးလိုက္​ပါတယ္​။

 

17. The Study in Pink မတိုင္​ခင္​မွာ The Study in Scarlet ဆိုၿပီး pilot episode တစ္​ခုကို႐ိုက္​ခဲ့ပါတယ္​။ ဒါ​ေပမယ္​့ လိုအပ္​ခ်က္​​ေတြ႐ွိတာ​ေၾကာင္​့ မထုတ္​လႊင္​့ျဖစ္​ခဲ့ပါဘူး။ အၿပီးလည္​းမပယ္​ခဲ့ပဲ Season 1 original ​ေခြ​ေတြမွာ bonus အ​ေနနဲ႔ထည္​့​ေပးခဲ့ပါတယ္​။ (UK က Original ​ေနာ္​။ မီယမ္​မာျပည္​ကဟာလို႔မထင္​​ေစလို)

 

18. Benedict Cumberbatch ဟာ Sherlock ဆံပင္​ပံုကို သူ႔ကိုမိန္​းမႀကီးနဲ႔တူသြား​ေစတယ္​လို႔ထင္​တာ​ေၾကာင္​့ အရမ္​းမုန္​းပါတယ္​။ Sherlock မွာ သူ႔အႀကိဳက္​ဆံုးအပိုင္​းက​ေတာ့ Abominable Bride ပါ။ ဘာလို႔လဲဆို​ေတာ့ သူဆံပင္​အတိုညႇပ္လိုက္​ရလို႔ပါတဲ့။

 

19. Mycroft လည္​းျဖစ္​ Co-creator လည္​းျဖစ္​တဲ့ Mark Gatiss ဟာ အစတည္​းက hardcore sherlockian ပါ။ BBC Sherlock series ကိုလည္​း Sherlock Holmes ကိုႀကိဳက္​ႏွစ္​သက္​တဲ့ အႏုပညာ​႐ွင္​​ေတြရဲ႕​ေတြ႔ဆံုပြဲကို Gatiss က ဖိတ္​ၾကားခံရၿပီး အ​ေဖာ္​တစ္​​ေယာက္​​ေခၚလို႔ရတယ္​ဆိုလို႔ Moffat ကို​ေခၚသြားရာက series ျပန္​႐ိုက္​ဖို႔ idea ရၿပီး ႐ိုက္​ဖို႔စီစဥ္​ခဲ့တာပါ။(အကယ္​၍ Moffat အစား သူ႔အမ်ိဳးသား Ian ကိုသာ ​ေခၚသြားခဲ့ပါလ်ွင္​...)

 

20. Sherlock ​ေျပာ​ေျပာ​ေနတဲ့ mind palace ဟာ အျပင္​မွာလည္​းတကယ္​႐ွိတဲ့မွတ္​ဉာဏ္​နည္​းစနစ္​တစ္​ခုပဲျဖစ္​ပါတယ္​။ ဒါကို memory of loci လို႔​ေခၚၿပီး အ​ေၾကာင္​းအရာတစ္​ခုနဲ႔ပတ္​သတ္​တဲ့အရာတစ္​ခုကို ကိုယ္​​ေရာက္​ဖူးၿပီး ရင္​းႏွီးတဲ့​ေနရာတစ္​​ေနရာကို အစြဲျပဳၿပီးမွတ္​သားတဲ့နည္​းပါ။ ​ေသခ်ာလည္​းမ႐ွင္​းျပတတ္​တာမို႔ စမ္​းၾကည္​့ခ်င္​ရင္​ Internet မွာသာ ႐ွာမွီးၾကပါကုန္​။

 

Ref ; Wiki 

Read times
Rate this articles
(0 votes)