×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Tuesday, 26 May 2020
Leadership အကြောင်းသိချင်တဲ့ သူများကြည့်သင့်သောရုပ်ရှင်
ပထမစစချင်းနေ့မှာ Gary Oldman က ထိုင်ခုံတစ်လုံးပေါ်မှာခြေထောက်ကျင်သည်အထိ ထိုင်နေခဲ့ရတယ် သူ့မျက်နှာကို ဝန်ကြီးချုပ် Winston Churchill နဲ့တူဖို့ မိတ်ကပ်စမ်းတာ 13 ကြိမ်လုပ်ခဲ့ရတယ်။ရုပ်ရှင်ရိုက်ရက် ၄၈ ရက်မှာ နာရီ 200 တိတိ မိတ်ကပ်ပြင်ခံခဲ့ရတယ်။ထိုအရာတွေအပြီး ........
Gary Oldman ပျောက်သွားခဲ့ပြီ ကျွန်မတို့မြင်ရတာ တကယ့် Churchill ပဲ ကိုယ့်ကို Time Travel နဲ့ပြန်သွားပြီး အတိတ်ကိုကြည့်နေရသလားအောက်မေ့ရတယ်။
Winston Churchill ကိုယ်ရေးအကျဉ်းနာမည်အရင်းက Sir Winston Leonard Spencer-Churchill.သူ့ကို November 30 , 1874 မွေးဖွားခဲ့တယ်။
သူ့အဖေက Lord_Randolph_Churchill ပါ။အမေဖြစ်သူကတော့ Jennie Jerome ဆိုတဲ့ အမေရိကန်လူမျိုးအမျိုးသမီးတစ်ဦးသာဖြစ်တယ်။
1940 to 1945 ထိအင်္ဂလန်မှာဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ် နောက်ပြီး 1951 ကနေ 1955 ကျထပ်ပြီးတာဝန်ထမ်းဆောင်ခဲ့တယ်။
Churchill က ဒုတိယကမ္ဘာစစ်မယ် ဗြိတိသျှတွေရဲ့ အောင်နိုင်မူ့ကိုရယူပေးတဲ့လူပဲဖြစ်တယ်။
အတော်ရေးချင်လို့ကိုဆုံးဖြတ်ချချပြီးရေးခဲ့ရတာပါ။Wiston Churchill ဆိုတဲ့ ဝန်ကြီးချုပ်တစ်ယောက် တကယ့်ကို ကန့်လန့်တိုက် ခေါင်းမာတဲ့ လူကြီးတစ်ယောက် တာဝန်ရအဖွဲ့ကိုတောင် သူမှန်ရင် စကားလုံးနဲ့တောင်လာမကြောနဲ့သီးမခံနိုင်ဘူးဆိုတဲ့ လူတစ်ဦး တိုင်းပြည်ရဲ့ အနာဂတ်ကဝေဝါးနေချိန်မှ သူ့ကိုလက်လွဲပြီးလုပ်ပိုင်ခွင့်တွေပေးကြတယ်။အချိန် အနည်းငယ်နဲ့ သူ့ကိုစွမ်းဆောင်ခိုင်းကြတယ် သူ့ဘက်ကကြည့်ဒါမျိုးတွေက တရားသလော။
Darkest Hour ကားက Wiston Churchill ရဲ့ စစ်မူ့ရေးရာ နဲ့ လူမူ့ဘဝကိုရောထွေးယှက်ခါ အခန်းအနည်းငယ်သာပြသထားတဲ့ကားပါ။Darkest Hour ထဲက Churchill ကိုကြည့်ပြီး တော်ရုံအသေးအဖွဲလောက်ကိုကိုယ်ဘာမှကိုမဖြစ်တော့တာ Churchill ခမျာ စိတ်ပင်ပန်း ပြီး အရာရာကို အတော့်ကိုလုပ်ယူနေရတာတွေ့ရတယ်။
အရာရာ ခပ်မာမာနေခဲ့တဲ့လူ စစ်မူ့ရေးရာ ကိစ္စမှာကျ သေချာဆုံးဖြတ်လေ့ရှိတယ် ဂျာမဏီကို အလံဖြူပြဖို့ သူဝန်လေးတယ်။ဒါလည်းသူ့အမှားမှမဟုတ်ပဲ။နာဇီတွေကလည်း သိတဲ့တိုင်းဇွတ်ကြီးတွေကိုလုပ်လေ့ရှိတဲ့ဟာမျိုးတွေ။
Winston Churchill ရဲ့အနီးကပ်ပြိုင်ဖက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Neville Chamberlain ကဇာတ်ကိုဆွဲခေါ်သွားပြန်လေရော။
အင်္ဂလန်နိုင်ငံရဲ့အခြေအနေဆိုတာကလည်း Darkest Hour ဆိုတဲ့နာမည်အတိုင်းကို အမှောင်ဖုံးလုစဲစဲအချိန်ကာလဖြစ်နေလေပြီ။ကံကိုသာပုံပြီးနေရတော့မယ့်အနေအထားပေကိုး။
တကယ်တော်တဲ့ယောက်ျားတွေနောက်မှာထက်မြတ်တဲ့အမျိုးသမီးတွေရှိတာမှန်တဲ့ဆိုတဲ့သာဓက ကိုပြသသူက သူ့အမျိုးသမီးဖြစ်သူ Clementine Churchill တကယ့်ကိုတော်ခဲ့တာနော်။
ကဲလာပြီ Darkest Hour ထဲက King George VIအကြောင်း
King George VI ကအပြင်မှာ တကယ့်ငညောင် လား မဟုတ်ခဲ့ပါဘူး King George VI ဟာ ခေတ်အေးအေးနဲ့ လူကောင်းပါဘုရင့်တော်ဝန်မျိုးရိုးပေပါပဲ သူဟာ အရာရာကိုလေးနက်တဲ့လူတစ်ယောက် Churchill ကိုယ်တိုင်လဲဖွင့်ဟဖူးပါတယ် King George VI ဟာပြောရခက်သူတစ်ဦးမဟုတ်ပါဘူး။
ရှင်တို့အနေနဲ့ King George VI အကြောင်းကိုကြည့်ချင်ရင် မင်းသားကြီး Colin Firth ရဲ့ The King's Speech ကိုကြည့်ပါလို့တိုက်တွန်းချင်တယ်။အဲ့ကားကိုကြည့်ပြီးရင် King George VI ကိုအမြင်တစ်မျိုးပြောင်းကိုပြောင်းရလိမ့်မယ်ကျွန်မထင်ပါတယ်။
Churchill အဖြစ် သရုပ်ဆောင်တဲ့ Gary Oldman က Oscar ဆုရခဲ့သလို King George VI အဖြစ်သရုပ်ဆောင်တဲ့ Colin Firth ဟာလဲ Oscar ရခဲ့တယ်နော်။
<<< Zawgyi >>>
--------------------------------------------------------------------
Movie Review 
Read times Last modified on Monday, 01 June 2020 14:26
Rate this articles
(0 votes)