×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 25 September 2020

မိမိဆိုတဲ့ အမှတ်တံဆိပ် (Personal Branding)

ဆရာ ဒေါက်တာသာထွန်းဦး ရေးသားထားတဲ့ "မိမိဆိုတဲ့ အမှတ်တံဆိပ်" "Personal Branding" အကြောင်းကို လေ့လာရအောင်။

ဒီနေ့ခေတ်မှာ ကုန်ပစ္စည်းတွေမှသာ Brand (အမှတ်တံဆိပ်) အရေးကြီးတာမဟုတ်တော့ဘဲ လူတစ်ဦးချင်းဆီရဲ့ အမှတ်တံဆိပ် (Personal Brand) ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ရှိလို့လာပါပြီ။ Personal Brand ဆိုတာဘာလဲ၊ ဒီ Brand ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ Personal Brand က ဘာကြောင့် အရေးပါလာသလဲဆိုတာကို အတူတူ လေ့လာကြရအောင်။

 

မိမိဆိုတဲ့ အမှတ်တံဆိပ်

ဒီနေ့အချိန်အခါမှာ အမှတ်တံဆိပ်လို့ဆိုရင် ကုန်ပစ္စည်းဝန်ဆောင်မှုသာမက လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ဥပမာဆိုရရင် နိုင်ငံတကာ အားကစားသမားတွေမှာဆိုရင် ဒေးဗစ်ဘက်ခမ်း၊ မိုဟာမက်အလီ၊ ဝီလီယံညီအစ်မ စသဖြင့်၊ နိုင်ငံတကာစီးပွားရေးသမားတွေဆိုရင် ဒေါ်နယ်ထရန့်ပ်၊ ဝါရင်ဘူးဖက်၊ ရစ်ချဒ်ဘရင်ဆင် စသဖြင့်၊ နိုင်ငံတကာ အနုပညာရှင်တွေဆိုရင် ဂျန်လီနွန်၊ အဲဗစ်ပရက်စလေ၊ ABBA ၊ မက်ဒေါနား၊ ဂျက်စတင်ဘီဘာ စသဖြင့် နိုင်ငံတကာ နိုင်ငံရေးခေါင်းဆောင်တွေဆိုရင်အမှတ်တံဆိပ် (Brand) တွေပါပဲ။

 

ဒါပေမဲ့ ပြောင်းလဲတိုးတက်လာတဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဆိုရှယ်မီဒီယာတွေကြောင့် အမှတ်တံဆိပ်တစ်ခုဟာ ထိလွယ်ရှလွယ်လွန်းလှပါတယ်။ အဲဒါကို သတိပြုပြင်ဆင်ထားမှသာ မိမိရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ကောင်းကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်ကလို 'မိမိဆိုတဲ့ အမှတ်တံဆိပ်' လို့ဆိုရင် သာမန်ကျွန်တော်တို့ ခင်ဗျားတို့နဲ့မသက်ဆိုင်ဘဲ နာမည်ကြီးအနုပညာရှင်တွေ နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်ဆိုတာ မဟုတ်တော့ဘူးလို့ သတိထားဖို့လိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာမှာလိုပဲ Facebook ပေါ်မှာ မိမိထမင်းစားနေတဲ့ ကုမ္ပဏီမကောင်းကြောင်း၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် မကောင်းကြောင်းတွေကို သားပုပ်လေလွင့် ရေးသားမိတဲ့အတွက် အလုပ်ထုတ်ခံရတဲ့ကိစ္စတွေ အများအပြားရှိလာပါတယ်။ တစ်ခု သတိပြုဖို့က ဘာအကြောင်းအရာပဲဖြစ်ဖြစ် Facebook ပေါ်မှာ တင်ထားမိရင် ဘယ်အချိန် ဘယ်နေရာကျရင် ပြန်ပေါ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တော့ စိတ်လိုက်မာန်ပါ ဒေါနဲ့မောနဲ့ အငြိုးကြီးစွာ အမုန်းတရားတွေနဲ့ ရေးသားတာမျိုး မှတ်ချက်ချတာမျိုးမပြုမိအောင် လုံးဝသတိပြုဖို့ လိုပါတယ်။

 

ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင် အခုအချိန်မှာ မြန်မာကုမ္ပဏီတစ်ခုအကြောင်းသိချင်ရင် အချိန်အကြာကြီးမလိုတော့ဘဲ Website ၊ Facebook ၊ LinkedIn တို့ကနေသိနိုင်သလို နိုင်ငံခြားကနေ အလုပ်လျောက်သူတွေကလည်း အဲဒီကုမ္ပဏီ၊ ဒါမှမဟုတ် အကြီးအကဲအကြောင်းကို မိနစ်အနည်းငယ်အတွင်းမှာပဲ Website ၊ Facebook ၊ LinkedIn ၊ Twitter တို့ကနေ တစ်ဆင့် ကြိုတင်လေ့လာသိရှိထားပြီး အင်တာဗျူးတွေမှာ ဖြေကြားပြောဆိုလာတာကို သတိပြုဖို့ လိုပါတယ်။ နိုင်ငံတကာလေ့လာသုံးသပ်ချက်စစ်တမ်းများအရ ဆုံးဖြတ်ချက်ချသူ ၉၈ ရာခိုင်နှုန်းဟာ ကုမ္ပဏီတစ်ခုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် လေ့လာသုံးသပ်ကြသလို ပစ္စည်းဝယ်မယ့်သူ၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုရဲ့ဝန်ဆောင်မှုကို အသုံးချမယ့်သူတစ်ယောက်ဟာ Google Search ကနေတစ်ဆင့် ၈၄ ရာခိုင်နှုန်း၊ LinkedIn ကနေ ၆၅ ရာခိုင်နှုန်း၊ Facebook ကနေ ၅၈ ရာခိုင်နှုန်း၊ Twitter ကနေ ၄၈ ရာခိုင်နှုန်းလေ့လာပြီးမှ ဆုံးဖြတ်ကြောင်း သိရပါတယ်။

 

ဒါကြောင့်လည်း အခုလို ပြိုင်ဆိုင်မှုပြင်းထန်လာမယ့်ရှေ့ရေးမှာ 'မိမိ' ရဲ့အမှတ်တံဆိပ်ကို သေသေချာချာဂရုတစိုက် ပြုစုပျိုးထောင်စောင့်ရှောက်နေဖို့ လိုပါတယ်။ ဒီနေ့ဆယ်ကျော်သက်မှစပြီး လူလတ်ပိုင်း အရွယ်တွေအနေနဲ့ တစ်သက်တာလုံး ဒစ်ဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာကို ဖက်ပြီး အသက်ရှင်သွားရမှာ ဖြစ်တဲ့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါကြောင့်လည်း BRAND AID စာအုပ်ထဲမှာပါတဲ့ Seven Steps to a Great Brand ကို ဝေမျှလိုက်ရပါတယ်။

 

အဆင့် ၁ ။ ။ လတ်တလော 'မိမိ' ကိုအများက မည်သို့တွေးထင်သိမြင်သိရှိထားပါသနည်း။

ရှေးဦးစွာ မိမိကိုယ်တိုင်စိတ်ထင်နားလည်သိရှိထားတဲ့ မိမိရဲ့အားသာချက်၊ အားနည်းချက် စတာတွေကို ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း သုံးသပ်ပြီးချရေးဖို့ လိုပါတယ်။ ပြီးမှ တခြားမိမိနဲ့သိတဲ့ ရင်းနှီးတဲ့သူတွေရဲ့ ရိုးသားပွင့်လင်းတဲ့ အမြင်တွေကို မေးပြီးချရေးပါ။ သတိပြုရမှာကတော့ အများစုကကောင်းတာကိုပဲ ဦးစားပေးပြောကြမှာဖြစ်ပြီး အားနာတတ်တဲ့အတွက် အားနည်းချက်တွေကိုတော့ရဖို့ခက်ခဲပါလိမ့်မယ်။ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖို့ မေတ္တာရပ်ခံကြည့်ပါ။ တစ်ခါတလေ မိမိရဲ့လုပ်ငန်းခွင်ထဲက အမည်မဖော်လိုသူအနေနဲ့ ဝေဖန်ရင်လည်း အကျိုးရှိပါတယ်။

ဥပမာ – အလုပ်ကြိုးစားခြင်း၊ စည်းကမ်းရှိခြင်း၊ ထက်မြက်ခြင်း၊ တည်ငြိမ်ခြင်း၊ ဂရုစိုက်တတ်ခြင်း၊ ရက်ရောစွာလှူဒါန်းခြင်း၊ ပြတ်သားခြင်း၊ စွန့်စားရဲခြင်း၊ ချဉ်းကပ်လွယ်ခြင်း၊ တာဝန်ယူတတ်ခြင်း။

 

အဆင့် ၂ ။ ။ မိမိရှေ့ရေးကို စဉ်းစားဆင်ခြင်ပါ။

မိမိရဲ့ဘဝရည်မှန်းချက်တွေ အထူးသဖြင့် အလုပ်အကိုင်၊ မိသားစု၊ အမွေအနှစ်ကောင်း အဲဒါတွေကို စဉ်းစားပြင်ဆင်ထားပါ။ ပြီးရင် အဲဒီဘဝရည်မှန်းချက်တွေ ဖြည့်ဆည်းဖို့ ဘယ်လိုလုပ်ဖို့လိုသလဲဆိုတာ ပြင်ဆင်ထားပါ။ ဖြစ်နိုင်ရင်အထိရောက်ဆုံးနဲ့ အမြန်ဆုံးနည်းနဲ့ရောက်နိုင်ဖို့ ချရေးထားပါ။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုလည်း ချရေးထားပါ။ မြင်သာတဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့လိုသလို မိမိရဲ့ရည်မှန်းချက်ကို အစဉ်စူးစိုက်လုပ်ကိုင်နေဖို့လည်းလိုအပ်ပါတယ်။ တစ်ခုသတိပြုဖို့က ဘဝရည်မှန်းချက်တွေဟာတိကျဖို့၊ ဖြစ်နိုင်ခြေရှိဖို့၊ တိတိကျကျရှိဖို့ လိုအပ်ပါတယ်။ မိမိမျော်မှန်းထားတဲ့ အရည်အချင်းတွေဖြစ်တဲ့ 'အလုပ်ကြိုးစားသူ၊ အပေါင်းအသင်းများသူ၊ နည်းပညာကျွမ်းကျင်တတ်မြောက်သူ' ဆိုတာတွေဟာ ယေဘုယျကျလွန်းပြီး အခုခေတ်အခြေအနေမှာ လူတိုင်းမျော်မှန်းထားတာဖြစ်နေတဲ့အတွက် အခြားသူတွေနဲ့ ခြားနားတဲ့အရည်အချင်းတွေကို စဉ်းစားပြင်ဆင်ထားဖို့ လိုပါတယ်။ အဲဒီလိုပါပဲ။ ကုမ္ပဏီတစ်ခုရဲ့ အရည်အသွေးတွေကို စဉ်းစားပြင်ဆင်ရာမှာ တစ်မူကွဲပြားဖို့လိုပါတယ်။

ဥပမာ – ထက်မြက်ခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်း၊ တီထွင်နိုင်စွမ်းရှိခြင်း၊ ရိုးသားခြင်း၊ စည်းကမ်းသေဝပ်ခြင်း၊ အသေးစိတ်စဉ်းစားတတ်ခြင်း၊ ဦးတည်ချက်ရှိခြင်း၊ ရလဒ်ကိုအခြေခံခြင်း။

 

အဆင့် ၃ ။ ။ အခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်လေ့လာခြင်း။

အဆင့် တစ်မှာရှိတဲ့ 'မိမိအမှတ်တံဆိပ်' ရဲ့လက်ရှိအခြေအနေနဲ့ အဆင့် နှစ်မှာရှိတဲ့ ဖြစ်လိုတဲ့အနာဂတ်အခြေအနေနှစ်ခုကို နှိုင်းယှဉ်လေ့လာဖို့လိုပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းဟာ ခက်ခဲတတ်ပြီး အဓိကလိုချင်တာကတော့ မိမိဖြစ်ချင်တဲ့ အမှတ်တံဆိပ်အရည်အချင်းတွေ ပြည့်စုံဖို့ ကိုယ်ပြင်ရမယ့်အချက်တွေ၊ တိုးတက်အောင်လုပ်ဖို့လိုတဲ့ အားနည်းချက်တွေကို နှိုင်းယှဉ်ပြီးလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ဥပမာ – အဆင့်နှစ်မှာပဲပါတဲ့အရည်ချင်းတွေက ပြဿနာဖြေရှင်းတတ်ခြင်း၊ တီထွင်ကြံဆတတ်ခြင်း၊ ရိုးသားခြင်း၊ အသေးစိတ်လုပ်ကိုင်ခြင်း၊ ဦးတည်ချက်ရှိခြင်းနဲ့ ရလဒ်ကိုအခြေခံခြင်း။

 

အဆင့် ၄ ။ ။ 'မိမိ' ဖြစ်ချင်တဲ့အမှတ်တံဆိပ်ဖြစ်လာဖို့အတွက် လုပ်ဆောင်ရမယ့် စီမံကိန်းချမှတ်ပြင်ဆင်ခြင်း။

မိမိဖြစ်ချင်တဲ့ အမှတ်တံဆိပ်ဖြစ်လာဖို့၊ ဘာလုပ်လုပ်အဓိပ္ပာယ်ရှိရှိ တစ်သမတ်တည်းရှိနေဖို့၊ စနစ်တကျ ပြင်ဆင်လုပ်ကိုင်ဖို့လိုပါတယ်။

ဥပမာ – တီထွင်ကြံဆတတ်သူ ဖြစ်လာချင်ရင် အစည်းအဝေးတိုင်းမှာ မိမိရဲ့အကြံအစည်တွေကို အများလက်ခံနိုင်အောင် 'ရောင်း' ကြည့်ဖို့လိုပါတယ်။ အတွေးအခေါ် အယူအဆအသစ်တွေ ကြုံတွေ့ရရင်လည်း လက်ခံနိုင်ဖို့ ပြင်ဆင်ထားပါ။ မိမိအနေနဲ့ အတွေးအခေါ်အသစ်တွေကို အမြဲစဉ်းစား၊ ကြံစည်နေတယ်ဆိုတာ မိမိပတ်ဝန်းကျင်ကို သိရှိပါစေ။

 

အဆင့် ၅ ။ ။ 'မိမိ အမှတ်တံဆိပ်'ကို ဂရုစိုက်ကာကွယ်စောင့်ရှောက်ပါ။

'မိမိ အမှတ်တံဆိပ်' နဲ့ပတ်သက်တဲ့ မိမိရဲ့ဝတ်စားဆင်ယင်မှုကအစ နေပုံထိုင်ပုံ ပြောဆိုဆက်ဆံပုံနဲ့ အသုံးအနှုန်း၊ မိမိရဲ့မိတ်ဆွေပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ကျန်းမာရေး၊ Facebook မှာတင်တဲ့အကြောင်းအရာနဲ့ ဓာတ်ပုံအဆုံး အမြဲဂရုစိုက်နေဖို့လိုပါတယ်။ ဘယ်လိုအကြောင်းအရာဖြစ်ဖြစ် ပြောဆိုရေးသားဆက်သွယ်တင်ပြရာမှာလည်း အများက 'မိမိ' ကို အပြုသဘောဆောင်တဲ့ ကောက်ချက်၊ မှတ်ချက်တွေပေးနိုင်ဖို့ သတိထားဖို့လိုပါတယ်။ အထူးသဖြင့် Facebook မှာ မတင်ခင် ရေရှည်ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာ အမြဲသတိပြုဖို့ လိုပါတယ်။

ဥပမာ- တီထွင်ကြံဆတတ်သူတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံချင်ရင် ခေါင်းဆောင်တွေ၊ မန်နေဂျာတွေနဲ့ တွေ့ကြုံတိုင်း မိမိရဲ့အတွေးအခေါ်သစ်တွေကို တင်ပြဆွေးနွေးပါ။ သူတို့ရဲ့အကြံပြုချက်၊ ဝေဖန်ချက်တွေကို သေချာလေ့လာပြီး ပိုမိုကောင်းမွန်ပြည့်စုံအောင် ပြင်ဆင်ထားပါ။

 

အဆင့် ၆ ။ ။ 'မိမိ' အမှတ်တံဆိပ်ကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့အချက်တွေကို ပြင်ဆင်ထားပါ။

အဲဒါဟာ အလွန်အရေးပါပြီး သေသေချာချာ ပြင်ဆင်ထားမှ 'မိမိ' အမှတ်တံဆိပ်ကို ထိခိုက်မှုနည်းစေမှာ ဖြစ်ပါတယ်။ အခုခေတ်က လက်ကိုင်ဖုန်းတိုင်းမှာ ကင်မရာနဲ့ဗီဒီယိုပါတော့ အထူးသဖြင့် လူကြားသူကြားမှာ နေထိုင်ပြောဆိုပြုမူမှုတွေဟာ အလွန်ပဲဂရုစိုက်ဖို့ လိုပါတယ်။

ဥပမာ – တီထွင်ကြံဆတတ်သူအနေနဲ့ သေသေချာချာအသေးစိတ် မလေ့လာထားဘဲနဲ့ အတွေးအခေါ်အသစ်ကို ဆွေးနွေးတင်ပြတာမျိုးမလုပ်ဖို့လိုပါတယ်။ ပြင်ဆင်မှုအားနည်းပြီး မပြည့်စုံတဲ့အတွေးအခေါ်သစ်မျိုးဟာ မိမိကိုထိခိုက်စေနိုင်ပါတယ်။

 

အဆင့် ၇ ။ ။ အချိန်ပေးပြီး အမြဲတမ်းဆန်းစစ်လေ့လာပါ။

ခြောက်လပြည့်တိုင်း အပေါ်ကဖော်ပြထားတဲ့ အဆင့်တစ်ကနေ ခြောက်ကို ပြန်ဆန်းစစ်လေ့လာဖို့ လိုအပ်ပါတယ်။ အပြောင်းအလဲမြန်တဲ့ ယနေ့ခေတ်အချိန်အခါနဲ့ နည်းပညာရဲ့အကျိုးဆက်ကြောင့် အမှတ်တံဆိပ်တွေဟာ အပြောင်းအလဲ၊ အတိုးအဆုတ်တွေ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ အဓိကသတိထားရမယ့်အချက်က အချိန်ပြောင်းလဲလာတာနဲ့အမျ မိမိအမှတ်တံဆိပ်ရဲ့ နဂိုမူလ ရည်မှန်းချက်တွေနဲ့ သွေဖည်မှုရှိမရှိ အမြဲဆန်းစစ်နေဖို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ နိုင်ငံရေးပုံစံပြောင်းလဲသွားတာနဲ့အမျှ ရရှိလာမယ့်အခွင့်အရေးတွေ၊ စိန်ခေါ်မှုတွေအတွက် မိမိ၊ ဒါမှမဟုတ် ကုမ္ပဏီအဖွဲ့အစည်းအတွက် အမှတ်တံဆိပ်ကောင်းတစ်ခုအနေနဲ့ စနစ်တကျပြင်ဆင်ထားဖို့လိုပါကြောင်း . . .

 

 

ဆရာ ေဒါက္တာသာထြန္းဦး ေရးသားထားတဲ့ "မိမိဆိုတဲ့ အမွတ္တံဆိပ္" "Personal Branding" အေၾကာင္းကို ေလ့လာရေအာင္။

ဒီေန႔ေခတ္မွာ ကုန္ပစၥည္းေတြမွသာ Brand (အမွတ္တံဆိပ္) အေရးႀကီးတာမဟုတ္ေတာ့ဘဲ လူတစ္ဦးခ်င္းဆီရဲ႕ အမွတ္တံဆိပ္ (Personal Brand) ကလည္း အေရးပါတဲ့ အခန္းက႑ကို ေရာက္ရွိလုိ႔လာပါၿပီ။ Personal Brand ဆိုတာဘာလဲ၊ ဒီ Brand ကို ဘယ္လိုတည္ေဆာက္ၾကမလဲ၊ Persoanl Brand က ဘာေၾကာင့္ အေရးပါလာသလဲဆိုတာကို အတူတူ ေလ့လာၾကရေအာင္။

 

မိမိဆိုတဲ့ အမွတ္တံဆိပ္
-------------------

ဒီေန႔အခ်ိန္အခါမွာ အမွတ္တံဆိပ္လို႔ဆိုရင္ ကုန္ပစၥည္းဝန္ေဆာင္မႈသာမက လူပုဂၢိဳလ္တစ္ဦးခ်င္းနဲ႔လည္း သက္ဆိုင္ေနပါတယ္။ ဥပမာဆိုရရင္ ႏိုင္ငံတကာ အားကစားသမားေတြမွာဆိုရင္ ေဒးဗစ္ဘက္ခမ္း၊ မိုဟာမက္အလီ၊ ဝီလီယံညီအစ္မ စသျဖင့္၊ ႏိုင္ငံတကာစီးပြားေရးသမားေတြဆိုရင္ ေဒၚနယ္ထရန႔္ပ္၊ ဝါရင္ဘူးဖက္၊ ရစ္ခ်ဒ္ဘရင္ဆင္ စသျဖင့္၊ ႏိုင္ငံတကာ အႏုပညာရွင္ေတြဆိုရင္ ဂ်န္လီႏြန္၊ အဲဗစ္ပရက္စေလ၊ ABBA ၊ မက္ေဒါနား၊ ဂ်က္စတင္ဘီဘာ စသျဖင့္ ႏိုင္ငံတကာ ႏိုင္ငံေရးေခါင္းေဆာင္ေတြဆိုရင္အမွတ္တံဆိပ္ (Brand) ေတြပါပဲ။

 

ဒါေပမဲ့ ေျပာင္းလဲတိုးတက္လာတဲ့ ဒစ္ဂ်စ္တယ္နည္းပညာနဲ႔ ဆိုရွယ္မီဒီယာေတြေၾကာင့္ အမွတ္တံဆိပ္တစ္ခုဟာ ထိလြယ္ရွလြယ္လြန္းလွပါတယ္။ အဲဒါကို သတိျပဳျပင္ဆင္ထားမွသာ မိမိရဲ႕ ဂုဏ္သိကၡာနဲ႔ နာမည္ေကာင္းကို ကာကြယ္ေစာင့္ေရွာက္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အရင္ကလို 'မိမိဆိုတဲ့ အမွတ္တံဆိပ္' လို႔ဆိုရင္ သာမန္ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔နဲ႔မသက္ဆိုင္ဘဲ နာမည္ႀကီးအႏုပညာရွင္ေတြ ႏိုင္ငံေရးသမားေတြနဲ႔ပဲ ဆိုင္တယ္ဆိုတာ မဟုတ္ေတာ့ဘူးလို႔ သတိထားဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံတကာမွာလိုပဲ Facebook ေပၚမွာ မိမိထမင္းစားေနတဲ့ ကုမၸဏီမေကာင္းေၾကာင္း၊ ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္ မေကာင္းေၾကာင္းေတြကို သားပုပ္ေလလြင့္ ေရးသားမိတဲ့အတြက္ အလုပ္ထုတ္ခံရတဲ့ကိစၥေတြ အမ်ားအျပားရွိလာပါတယ္။ တစ္ခု သတိျပဳဖို႔က ဘာအေၾကာင္းအရာပဲျဖစ္ျဖစ္ Facebook ေပၚမွာ တင္ထားမိရင္ ဘယ္အခ်ိန္ ဘယ္ေနရာက်ရင္ ျပန္ေပၚလာမလဲဆိုတာ ဘယ္သူမွမသိႏိုင္ေတာ့ စိတ္လိုက္မာန္ပါ ေဒါနဲ႔ေမာနဲ႔ အၿငိဳးႀကီးစြာ အမုန္းတရားေတြနဲ႔ ေရးသားတာမ်ိဳး မွတ္ခ်က္ခ်တာမ်ိဳးမျပဳမိေအာင္ လုံးဝသတိျပဳဖို႔ လိုပါတယ္။

 

ကြၽန္ေတာ္တို႔ရဲ႕အေတြ႕အႀကဳံအရဆိုရင္ အခုအခ်ိန္မွာ ျမန္မာကုမၸဏီတစ္ခုအေၾကာင္းသိခ်င္ရင္ အခ်ိန္အၾကာႀကီးမလိုေတာ့ဘဲ Website ၊ Facebook ၊ LinkedIn တို႔ကေနသိႏိုင္သလို ႏိုင္ငံျခားကေန အလုပ္ေလ်ာက္သူေတြကလည္း အဲဒီကုမၸဏီ၊ ဒါမွမဟုတ္ အႀကီးအကဲအေၾကာင္းကို မိနစ္အနည္းငယ္အတြင္းမွာပဲ Website ၊ Facebook ၊ LinkedIn ၊ Twitter တို႔ကေန တစ္ဆင့္ ႀကိဳတင္ေလ့လာသိရွိထားၿပီး အင္တာဗ်ဴးေတြမွာ ေျဖၾကားေျပာဆိုလာတာကို သတိျပဳဖို႔ လိုပါတယ္။ ႏိုင္ငံတကာေလ့လာသုံးသပ္ခ်က္စစ္တမ္းမ်ားအရ ဆုံးျဖတ္ခ်က္ခ်သူ ၉၈ ရာခိုင္ႏႈန္းဟာ ကုမၸဏီတစ္ခုနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ဆိုရွယ္မီဒီယာကေနတစ္ဆင့္ ေလ့လာသုံးသပ္ၾကသလို ပစၥည္းဝယ္မယ့္သူ၊ ဒါမွမဟုတ္ ကုမၸဏီတစ္ခုရဲ႕ဝန္ေဆာင္မႈကို အသုံးခ်မယ့္သူတစ္ေယာက္ဟာ Google Search ကေနတစ္ဆင့္ ၈၄ ရာခိုင္ႏႈန္း၊ LinkedIn ကေန ၆၅ ရာခိုင္ႏႈန္း၊ Facebook ကေန ၅၈ ရာခိုင္ႏႈန္း၊ Twitter ကေန ၄၈ ရာခိုင္ႏႈန္းေလ့လာၿပီးမွ ဆုံးျဖတ္ေၾကာင္း သိရပါတယ္။

 

ဒါေၾကာင့္လည္း အခုလို ၿပိဳင္ဆိုင္မႈျပင္းထန္လာမယ့္ေရွ႕ေရးမွာ 'မိမိ' ရဲ႕အမွတ္တံဆိပ္ကို ေသေသခ်ာခ်ာဂ႐ုတစိုက္ ျပဳစုပ်ိဳးေထာင္ေစာင့္ေရွာက္ေနဖို႔ လိုပါတယ္။ ဒီေန႔ဆယ္ေက်ာ္သက္မွစၿပီး လူလတ္ပိုင္း အ႐ြယ္ေတြအေနနဲ႔ တစ္သက္တာလုံး ဒစ္ဂ်စ္တယ္နဲ႔ ဆိုရွယ္မီဒီယာကို ဖက္ၿပီး အသက္ရွင္သြားရမွာ ျဖစ္တဲ့အတြက္ ျပင္ဆင္ထားဖို႔ လိုပါတယ္။ ဒါေၾကာင့္လည္း BRAND AID စာအုပ္ထဲမွာပါတဲ့ Seven Steps to a Great Brand ကို ေဝမွ်လိုက္ရပါတယ္။

 

အဆင့္ ၁ ။ ။ လတ္တေလာ 'မိမိ' ကိုအမ်ားက မည္သို႔ေတြးထင္သိျမင္သိရွိထားပါသနည္း။

ေရွးဦးစြာ မိမိကိုယ္တိုင္စိတ္ထင္နားလည္သိရွိထားတဲ့ မိမိရဲ႕အားသာခ်က္၊ အားနည္းခ်က္ စတာေတြကို ႐ိုး႐ိုးသားသားပြင့္ပြင့္လင္းလင္း သုံးသပ္ၿပီးခ်ေရးဖို႔ လိုပါတယ္။ ၿပီးမွ တျခားမိမိနဲ႔သိတဲ့ ရင္းႏွီးတဲ့သူေတြရဲ႕ ႐ိုးသားပြင့္လင္းတဲ့ အျမင္ေတြကို ေမးၿပီးခ်ေရးပါ။ သတိျပဳရမွာကေတာ့ အမ်ားစုကေကာင္းတာကိုပဲ ဦးစားေပးေျပာၾကမွာျဖစ္ၿပီး အားနာတတ္တဲ့အတြက္ အားနည္းခ်က္ေတြကိုေတာ့ရဖို႔ခက္ခဲပါလိမ့္မယ္။ သိပ္ရင္းႏွီးတဲ့ မိတ္ေဆြေတြကို ပြင့္ပြင့္လင္းလင္း ေဝဖန္ဖို႔ ေမတၱာရပ္ခံၾကည့္ပါ။ တစ္ခါတေလ မိမိရဲ႕လုပ္ငန္းခြင္ထဲက အမည္မေဖာ္လိုသူအေနနဲ႔ ေဝဖန္ရင္လည္း အက်ိဳးရွိပါတယ္။

ဥပမာ – အလုပ္ႀကိဳးစားျခင္း၊ စည္းကမ္းရွိျခင္း၊ ထက္ျမက္ျခင္း၊ တည္ၿငိမ္ျခင္း၊ ဂ႐ုစိုက္တတ္ျခင္း၊ ရက္ေရာစြာလႉဒါန္းျခင္း၊ ျပတ္သားျခင္း၊ စြန႔္စားရဲျခင္း၊ ခ်ဥ္းကပ္လြယ္ျခင္း၊ တာဝန္ယူတတ္ျခင္း။

 

အဆင့္ ၂ ။ ။ မိမိေရွ႕ေရးကို စဥ္းစားဆင္ျခင္ပါ။

မိမိရဲ႕ဘဝရည္မွန္းခ်က္ေတြ အထူးသျဖင့္ အလုပ္အကိုင္၊ မိသားစု၊ အေမြအႏွစ္ေကာင္း အဲဒါေတြကို စဥ္းစားျပင္ဆင္ထားပါ။ ၿပီးရင္ အဲဒီဘဝရည္မွန္းခ်က္ေတြ ျဖည့္ဆည္းဖို႔ ဘယ္လိုလုပ္ဖို႔လိုသလဲဆိုတာ ျပင္ဆင္ထားပါ။ ျဖစ္ႏိုင္ရင္အထိေရာက္ဆုံးနဲ႔ အျမန္ဆုံးနည္းနဲ႔ေရာက္ႏိုင္ဖို႔ ခ်ေရးထားပါ။ ကိုယ့္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြကိုလည္း ခ်ေရးထားပါ။ ျမင္သာတဲ့ အားနည္းခ်က္ေတြကို ျပင္ဆင္ဖို႔လိုသလို မိမိရဲ႕ရည္မွန္းခ်က္ကို အစဥ္စူးစိုက္လုပ္ကိုင္ေနဖို႔လည္းလိုအပ္ပါတယ္။ တစ္ခုသတိျပဳဖို႔က ဘဝရည္မွန္းခ်က္ေတြဟာတိက်ဖို႔၊ ျဖစ္ႏိုင္ေျခရွိဖို႔၊ တိတိက်က်ရွိဖို႔ လိုအပ္ပါတယ္။ မိမိေမ်ာ္မွန္းထားတဲ့ အရည္အခ်င္းေတြျဖစ္တဲ့ 'အလုပ္ႀကိဳးစားသူ၊ အေပါင္းအသင္းမ်ားသူ၊ နည္းပညာကြၽမ္းက်င္တတ္ေျမာက္သူ' ဆိုတာေတြဟာ ေယဘုယ်က်လြန္းၿပီး အခုေခတ္အေျခအေနမွာ လူတိုင္းေမ်ာ္မွန္းထားတာျဖစ္ေနတဲ့အတြက္ အျခားသူေတြနဲ႔ ျခားနားတဲ့အရည္အခ်င္းေတြကို စဥ္းစားျပင္ဆင္ထားဖို႔ လိုပါတယ္။ အဲဒီလိုပါပဲ။ ကုမၸဏီတစ္ခုရဲ႕ အရည္အေသြးေတြကို စဥ္းစားျပင္ဆင္ရာမွာ တစ္မူကြဲျပားဖို႔လိုပါတယ္။

ဥပမာ – ထက္ျမက္ျခင္း၊ ျပႆနာေျဖရွင္းႏိုင္ျခင္း၊ တီထြင္ႏိုင္စြမ္းရွိျခင္း၊ ႐ိုးသားျခင္း၊ စည္းကမ္းေသဝပ္ျခင္း၊ အေသးစိတ္စဥ္းစားတတ္ျခင္း၊ ဦးတည္ခ်က္ရွိျခင္း၊ ရလဒ္ကိုအေျခခံျခင္း။

 

အဆင့္ ၃ ။ ။ အေျခအေနႏွစ္ရပ္ကို ႏႈိင္းယွဥ္ေလ့လာျခင္း။

အဆင့္ တစ္မွာရွိတဲ့ 'မိမိအမွတ္တံဆိပ္' ရဲ႕လက္ရွိအေျခအေနနဲ႔ အဆင့္ ႏွစ္မွာရွိတဲ့ ျဖစ္လိုတဲ့အနာဂတ္အေျခအေနႏွစ္ခုကို ႏႈိင္းယွဥ္ေလ့လာဖို႔လိုပါတယ္။ အဲဒီလိုလုပ္ေဆာင္ျခင္းဟာ ခက္ခဲတတ္ၿပီး အဓိကလိုခ်င္တာကေတာ့ မိမိျဖစ္ခ်င္တဲ့ အမွတ္တံဆိပ္အရည္အခ်င္းေတြ ျပည့္စုံဖို႔ ကိုယ္ျပင္ရမယ့္အခ်က္ေတြ၊ တိုးတက္ေအာင္လုပ္ဖို႔လိုတဲ့ အားနည္းခ်က္ေတြကို ႏႈိင္းယွဥ္ၿပီးလုပ္ေဆာင္ျခင္း ျဖစ္ပါတယ္။

ဥပမာ – အဆင့္ႏွစ္မွာပဲပါတဲ့အရည္ခ်င္းေတြက ျပႆနာေျဖရွင္းတတ္ျခင္း၊ တီထြင္ႀကံဆတတ္ျခင္း၊ ႐ိုးသားျခင္း၊ အေသးစိတ္လုပ္ကိုင္ျခင္း၊ ဦးတည္ခ်က္ရွိျခင္းနဲ႔ ရလဒ္ကိုအေျခခံျခင္း။

 

အဆင့္ ၄ ။ ။ 'မိမိ' ျဖစ္ခ်င္တဲ့အမွတ္တံဆိပ္ျဖစ္လာဖို႔အတြက္ လုပ္ေဆာင္ရမယ့္ စီမံကိန္းခ်မွတ္ျပင္ဆင္ျခင္း။

မိမိျဖစ္ခ်င္တဲ့ အမွတ္တံဆိပ္ျဖစ္လာဖို႔၊ ဘာလုပ္လုပ္အဓိပၸာယ္ရွိရွိ တစ္သမတ္တည္းရွိေနဖို႔၊ စနစ္တက် ျပင္ဆင္လုပ္ကိုင္ဖို႔လိုပါတယ္။

ဥပမာ – တီထြင္ႀကံဆတတ္သူ ျဖစ္လာခ်င္ရင္ အစည္းအေဝးတိုင္းမွာ မိမိရဲ႕အႀကံအစည္ေတြကို အမ်ားလက္ခံႏိုင္ေအာင္ 'ေရာင္း' ၾကည့္ဖို႔လိုပါတယ္။ အေတြးအေခၚ အယူအဆအသစ္ေတြ ႀကဳံေတြ႕ရရင္လည္း လက္ခံႏိုင္ဖို႔ ျပင္ဆင္ထားပါ။ မိမိအေနနဲ႔ အေတြးအေခၚအသစ္ေတြကို အၿမဲစဥ္းစား၊ ႀကံစည္ေနတယ္ဆိုတာ မိမိပတ္ဝန္းက်င္ကို သိရွိပါေစ။

 

အဆင့္ ၅ ။ ။ 'မိမိ အမွတ္တံဆိပ္'ကို ဂ႐ုစိုက္ကာကြယ္ေစာင့္ေရွာက္ပါ။

'မိမိ အမွတ္တံဆိပ္' နဲ႔ပတ္သက္တဲ့ မိမိရဲ႕ဝတ္စားဆင္ယင္မႈကအစ ေနပုံထိုင္ပုံ ေျပာဆိုဆက္ဆံပုံနဲ႔ အသုံးအႏႈန္း၊ မိမိရဲ႕မိတ္ေဆြပတ္ဝန္းက်င္အသိုင္းအဝိုင္း၊ က်န္းမာေရး၊ Facebook မွာတင္တဲ့အေၾကာင္းအရာနဲ႔ ဓာတ္ပုံအဆုံး အၿမဲဂ႐ုစိုက္ေနဖို႔လိုပါတယ္။ ဘယ္လိုအေၾကာင္းအရာျဖစ္ျဖစ္ ေျပာဆိုေရးသားဆက္သြယ္တင္ျပရာမွာလည္း အမ်ားက 'မိမိ' ကို အျပဳသေဘာေဆာင္တဲ့ ေကာက္ခ်က္၊ မွတ္ခ်က္ေတြေပးႏိုင္ဖို႔ သတိထားဖို႔လိုပါတယ္။ အထူးသျဖင့္ Facebook မွာ မတင္ခင္ ေရရွည္ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလဲဆိုတာ အၿမဲသတိျပဳဖို႔ လိုပါတယ္။

ဥပမာ- တီထြင္ႀကံဆတတ္သူတစ္ေယာက္အေနနဲ႔ အသိအမွတ္ျပဳခံခ်င္ရင္ ေခါင္းေဆာင္ေတြ၊ မန္ေနဂ်ာေတြနဲ႔ ေတြ႕ႀကဳံတိုင္း မိမိရဲ႕အေတြးအေခၚသစ္ေတြကို တင္ျပေဆြးေႏြးပါ။ သူတို႔ရဲ႕အႀကံျပဳခ်က္၊ ေဝဖန္ခ်က္ေတြကို ေသခ်ာေလ့လာၿပီး ပိုမိုေကာင္းမြန္ျပည့္စုံေအာင္ ျပင္ဆင္ထားပါ။

 

အဆင့္ ၆ ။ ။ 'မိမိ' အမွတ္တံဆိပ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ လိုအပ္တဲ့အခ်က္ေတြကို ျပင္ဆင္ထားပါ။

အဲဒါဟာ အလြန္အေရးပါၿပီး ေသေသခ်ာခ်ာ ျပင္ဆင္ထားမွ 'မိမိ' အမွတ္တံဆိပ္ကို ထိခိုက္မႈနည္းေစမွာ ျဖစ္ပါတယ္။ အခုေခတ္က လက္ကိုင္ဖုန္းတိုင္းမွာ ကင္မရာနဲ႔ဗီဒီယိုပါေတာ့ အထူးသျဖင့္ လူၾကားသူၾကားမွာ ေနထိုင္ေျပာဆိုျပဳမူမႈေတြဟာ အလြန္ပဲဂ႐ုစိုက္ဖို႔ လိုပါတယ္။

ဥပမာ – တီထြင္ႀကံဆတတ္သူအေနနဲ႔ ေသေသခ်ာခ်ာအေသးစိတ္ မေလ့လာထားဘဲနဲ႔ အေတြးအေခၚအသစ္ကို ေဆြးေႏြးတင္ျပတာမ်ိဳးမလုပ္ဖို႔လိုပါတယ္။ ျပင္ဆင္မႈအားနည္းၿပီး မျပည့္စုံတဲ့အေတြးအေခၚသစ္မ်ိဳးဟာ မိမိကိုထိခိုက္ေစႏိုင္ပါတယ္။

 

အဆင့္ ၇ ။ ။ အခ်ိန္ေပးၿပီး အၿမဲတမ္းဆန္းစစ္ေလ့လာပါ။

ေျခာက္လျပည့္တိုင္း အေပၚကေဖာ္ျပထားတဲ့ အဆင့္တစ္ကေန ေျခာက္ကို ျပန္ဆန္းစစ္ေလ့လာဖို႔ လိုအပ္ပါတယ္။ အေျပာင္းအလဲျမန္တဲ့ ယေန႔ေခတ္အခ်ိန္အခါနဲ႔ နည္းပညာရဲ႕အက်ိဳးဆက္ေၾကာင့္ အမွတ္တံဆိပ္ေတြဟာ အေျပာင္းအလဲ၊ အတိုးအဆုတ္ေတြ ျဖစ္ႏိုင္ဖြယ္ရွိေနပါတယ္။ အဓိကသတိထားရမယ့္အခ်က္က အခ်ိန္ေျပာင္းလဲလာတာနဲ႔အမ် မိမိအမွတ္တံဆိပ္ရဲ႕ နဂိုမူလ ရည္မွန္းခ်က္ေတြနဲ႔ ေသြဖည္မႈရွိမရွိ အၿမဲဆန္းစစ္ေနဖို႔ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေန႔ ႏိုင္ငံေရးပုံစံေျပာင္းလဲသြားတာနဲ႔အမွ် ရရွိလာမယ့္အခြင့္အေရးေတြ၊ စိန္ေခၚမႈေတြအတြက္ မိမိ၊ ဒါမွမဟုတ္ ကုမၸဏီအဖြဲ႕အစည္းအတြက္ အမွတ္တံဆိပ္ေကာင္းတစ္ခုအေနနဲ႔ စနစ္တက်ျပင္ဆင္ထားဖို႔လိုပါေၾကာင္း . . .

Read times Last modified on Tuesday, 06 July 2021 09:49
Rate this articles
(0 votes)