×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 09 October 2020

စဉ်းစားဉာဏ်ထက်သန်လိုသော်

စဉ်းစားဉာဏ်ထက်သန်လိုသော်

 

အောင်မြင်ကြီးပွား တိုးတက်ရေးတွင် မပါလျှင်မပြီးသော အရာမှာ မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်ခြင်းပင်ဖြစ်သည်။ အောင်မြင်သူနှင့်ရှုံးနိမ့်သူ၊ ခေါင်းဆောင်နှင့်နောက်လိုက်တို့ ကွဲပြားခြားနားသော အရာများတွင် မှန်ကန်စွာစဉ်းစားတတ်ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ မှန်ကန်စွာ စဉ်းစားတတ်စေရန်အတွက် စဉ်းစားခြင်းကို အတားအဆီးပြုလုပ်နေသော အောက်ပါအချက်အလက်များကို သိရှိရှောင်ရှားရန် လိုအပ်ပေသည်။

 

၁။ အချိန်မရှိဟူ၍ မှတ်ယူခြင်း
အချို့သောပုဂ္ဂိုလ်များသည် စဉ်းစားဖို့တောင် အချိန်မရှိဘူးဟူ၍ ပြောဆိုတတ်ကြသည်။ အမှန်တွင် စဉ်းစားဖို့အတွက် နေ့စဉ် သီးသန့်အချိန်ဖယ်ထားရန် မလိုပေ။ ရသမျှအချိန်ကလေးအတွင်း စဉ်းစားလုပ်ဆောင်သွားရမည်သာဖြစ်သည်။ အချိန်ရသူများလည်း တစ်နေ့လျှင် (၂၄)နာရီသာ ရကြသည်ဖြစ်သည်။ သို့ဖြစ်၍ သီးသန့်အချိန်ရမှသာ စဉ်းစားမည်ဆိုလျှင် စဉ်းစားဖြစ်တော့မည်မဟုတ်ပေ။ လုပ်ရင်းစဉ်းစား၊ စဉ်းစားရင်းလုပ်ဆောင်ရမည်ဖြစ်သည်။ စာရေးဆရာတစ်ဦးသည် စာရေးရန်အတွက် သီးသန့်စဉ်းစားချိန်ဟူ၍ ဖယ်မထားဘဲ သွားရင်းလာရင်း စဉ်းစားကာ မတ်တတ်ရပ်လျှက်ပင် တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးသားခဲ့သည်။ သီးခြားအချိန်ရမှသာ စဉ်းစားရေးသားတာ့မည်ဆိုလျှင် မည်သည့်အလုပ်မျှ မလုပ်တော့မှသာဖြစ်ပေမယ်လိမ့်မည်။

 

၂။ အလျင်စလို စဉ်းစားဆုံးဖြတ်ခြင်း
လူတိုင်းလူတိုင်းတွင် စိတ်ကူးကိုယ်စီရှိကြသည်သာဖြစ်သည်။ ကိုယ်စီရှိကြသော စိတ်ကူးများတွင် အချို့သည် လုပ်ရိုးလုပ်စဉ်သဘောမျိုးဖြစ်သည်။ ရုံးပိတ်ရက်မှာ ဘယ်သွားမယ်၊ ဘာစားမယ်ဆိုသည့် စိတ်ကူးမျိုးကို ဆိုလိုပါသည်။ အချို့စိတ်ကူးများမှာမူ ဘဝနှင့်ပတ်သတ်တ်ကြသည်။ ဥပမာပြရသော် တက္ကသိုလ်ဘွဲ့တစ်ခုခုယူရလျှင်ကောင်းမလား၊ အလုပ်အကိုင်သစ် တစ်ခုခုလုပ်ရလျှင် ကောင်းမည်လား အစရှိသည့် စိတ်ကူးမျိုးဖြစ်သည်။ ထိုသို့စိတ်ကူးလိုက်သည်နှင့် ဆုံးဖြတ်ချက်များ ချက်ချင်းချလိုက်တတ်သည်။ မှားသည်ဟု မဆိုနိုင်သော်လည်း ထိုသို့ အလျင်စလို ဆုံးဖြတ်ရန် အားမပေးလိုပါ။ ထိုသို့ ဆုံးဖြတ်ချက်များ ချက်ချင်းချလိုက်သည်ထက် မိမိ၏ စိတ်ကူးစိတ်သန်းများကို ခိုင်မာစေရန် အရင်ဆုံးပြုလုပ်သင့်သည်။ လိုအပ်သည့်အချက်အလက်များရယူခြင်း၊ လိုအပ်ပါက ကျွမ်းကျင်သည့်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ကြီးမားသည့် ဆုံးဖြတ်ချက်များ ချမှတ်သင့်ပါသည်။

 

၃။ လေ့လာမှုကို ရပ်တန့်ခြင်း
သင်သည် စာမဖတ်လျှင်သော်လည်းကောင်း၊ စူးစမ်းမေးမြန်းမှုများ မပြုလုပ်လျှင်သော်လည်းကောင်း၊ ခရီးသွားလာခြင်း မပြုလျှင်သော်လည်းကောင်း သင့်အသိဉာဏ်သည် ဖွဲ့ဖြိုးမှုရှိတော့မည်မဟုတ်ပါ။ ယင်းကိုကုစားရန်အတွက် အလွယ်ကူဆုံးနှင့် ငွေအသက်သာဆုံးနည်းလမ်းမှာ စာဖတ်ခြင်းပင်ဖြစ်သည်။


လေ့လာမှုကို ဆက်လက်ပြုလုပ်ရမည်ဆိုရာတွင်လည်း သင်တန်းအမျိုးမျိုးကိုတက်၍ ထာဝရကျောင်းသားကြီး လုပ်နေရမည်ဟု မဆိုလိုပါ။ ထိုသို့ မဆုံးနိုင်သောသင်တန်းများတက်၍ တစ်နေ့နေ့တွင် ကိုယ်ပိုင်စဉ်းစားဉာဏ်များ ကွန့်မြူးလာမည်ဟူသော အထင်မှားဖြင့် ထာဝရကျောင်းသားကြီး လုပ်နေခြင်းသည်လည်း မှန်ကန်စွာ စဉ်းစားတ်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါသည်။ အသိဉာဏ်ဟူသော သိုလှောင်ရုံကြီးအတွင်း အချက်အလက်များကို စုဆောင်းသိုလှောင်၍ အသုံးမပြုဘဲထားပါက မှိုတက်ပျက်စီးကုန်မည်ဖြစ်သည်။ လေ့လာမှုကို ရပ်တန့်ခြင်း၊ သင်တန်းများ စဉ်ဆက်မပြတ် တက်နေခြင်းတို့သည် စဉ်းစားခြင်းကို အတားအဆီးပြုနေသော လုပ်ရပ်များပင်ဖြစ်သည်။

 

 

၄။ သင့်အရည်အချင်းကို “လျှိ” ထားခြင်း
ဗိသုကာပညာရှင် ဖရန့်လွိုက်ရိုက်က ပလွှားခြင်းနှင့် ဟန်ဆောင်နှိမ့်ချခြင်းတို့တွင် ပလွှားခြင်း (၂)မျိုးအနက် တစ်ခုခုကို ရွေးချယ်ရမည်ဆိုပါက မိမိအနေဖြင့် ပလွှားခြင်းကို ရွေးချယ်မည်ဖြစ်ကြောင်း၊ ပလွှားခြင်းသည် အနိမ့်ဆုံးအားဖြင့် တစ်စုံတစ်ရာကို ဆောင်ရွက်ပြီးစီးစေကြောင်း၊ ဟန်ဆောင်နှိမ့်ချခြင်းသည် မည်သည့်အရာကိုမျှ ဖြစ်စေလာစေနိုင်မည်မဟုတ်ကြောင်း ပြောကြားဖူးသည်။ ပလွှားခြင်းသည် သင့်အရည်အချင်းကို “ပြ” ချင်းသဘော သက်ရောက်သည်။ ဟန်ဆောင်နှိမ့်ချခြင်းသည် သင့်အရည်အချင်းကို “လျှို” ခြင်းသဘော သက်ရောကသ်ည်။ အရည်အချင်းကို ထုတ်ဖော်ပြသခြင်းအားဖြင့် အရည်အချင်း ပိုမိုတိုးတက်လာမည်ဖြစ်သည်။ သင့်အရည်အချင်းကို “လျှို” ထားခြင်းအားဖြင့် မသုံးဘဲထားသော ဓားကဲ့သို့ဖြစ်ကာ အရည်အချင်းညံ့သွားမည်ဖြစ်သည်။

 

 

၅။ တစ်ဝက်တစ်ပျက်စိတ်ကူမားကို အခြားသူများအား ပေးအပ်ခြင်း
အခြားသူများတွင် စိတ်ကူးစိတ်သန်းများမရှိဟုယူဆကာ မိမိ၏ တစ်ဝက်တစ်ပျက်စိတ်ကူးများကို အခြားသူများသို့ ပေးအပ်လိုက်မည်ဟူသော ယူဆချက်သည် ဘဝမြင့်ခြင်းသက်သက်သာ ဖြစ်ပေသည်။ အခြားသူများတွင်လည်း စိတ်ကူးစိတ်သန်းများ ကိုယ်စီကိုယ်ငှ ရှိကြသည်ဖြစ်သည်။ သို့ဖြစ်၍ အခြားသူများတွင ်စိတ်ကူးစိတ်သန်းမရှိဟုယူဆကာ မိမိ၏အတွေးကို ပြီးဆုံးအောင် မစဉ်းစားဘဲ တစ်ဝက်တစ်ပျက်အခြေအနေတွင် ပေးအပ်လိုက်ပါက ကြာလျှင်အကျင့်ဖြစ်သွားကု အဆုံးထိ မှန်ကန်စွာ စဉ်းစားနိုင်ခြင်းငှာ မတတ်နိုင် ဖြစ်တတ်ပေသည်။

အမှန်တကယ် စဉ်းစားဉာဏ် ထက်သန်လိုပါလျှင် အထက်ဖော်ပြပါ အချက်အလက်များကို အထူးဂရုပြု မှတ်သားနိုင်ပါစေကြောင်း . . . .

 

 

စဥ္းစားဥာဏ္ထက္သန္လိုေသာ္

 

ေအာင္ျမင္ႀကီးပြား တိုးတက္ေရးတြင္ မပါလွ်င္မၿပီးေသာ အရာမွာ မွန္ကန္စြာ စဥ္းစားေတြးေခၚတတ္ျခင္းပင္ျဖစ္သည္။ ေအာင္ျမင္သူႏွင့္ရံႈးနိမ့္သူ၊ ေခါင္းေဆာင္ႏွင့္ေနာက္လိုက္တို႔ ကြဲျပားျခားနားေသာ အရာမ်ားတြင္ မွန္ကန္စြာစဥ္းစားတတ္ျခင္းလည္း တစ္ခုအပါအ၀င္ျဖစ္သည္။ မွန္ကန္စြာ စဥ္းစားတတ္ေစရန္အတြက္ စဥ္းစားျခင္းကို အတားအဆီးျပဳလုပ္ေနေသာ ေအာက္ပါအခ်က္အလက္မ်ားကို သိရွိေရွာင္ရွားရန္ လိုအပ္ေပသည္။

 

၁။ အခ်ိန္မရွိဟူ၍ မွတ္ယူျခင္း
အခိ်ဳ႕ေသာပုဂၢိဳလ္မ်ားသည္ စဥ္းစားဖို႔ေတာင္ အခ်ိန္မရွိဘူးဟူ၍ ေျပာဆိုတတ္ၾကသည္။ အမွန္တြင္ စဥ္းစားဖို႔အတြက္ ေန႔စဥ္ သီးသန္႔အခ်ိန္ဖယ္ထားရန္ မလိုေပ။ ရသမွ်အခ်ိန္ကေလးအတြင္း စဥ္းစားလုပ္ေဆာင္သြားရမည္သာျဖစ္သည္။ အခ်ိန္ရသူမ်ားလည္း တစ္ေန႔လွ်င္ (၂၄)နာရီသာ ရၾကသည္ျဖစ္သည္။ သုိ႔ျဖစ္၍ သီးသန္႔အခ်ိန္ရမွသာ စဥ္းစားမည္ဆိုလွ်င္ စဥ္းစားျဖစ္ေတာ့မည္မဟုတ္ေပ။ လုပ္ရင္းစဥ္းစား၊ စဥ္းစားရင္းလုပ္ေဆာင္ရမည္ျဖစ္သည္။ စာေရးဆရာတစ္ဦးသည္ စာေရးရန္အတြက္ သီးသန္႔စဥ္းစားခ်ိန္ဟူ၍ ဖယ္မထားဘဲ သြားရင္းလာရင္း စဥ္းစားကာ မတ္တတ္ရပ္လွ်က္ပင္ တစ္ပုဒ္စ၊ ႏွစ္ပုဒ္စ ေရးသားခဲ့သည္။ သီးျခားအခ်ိန္ရမွသာ စဥ္းစားေရးသားတာ့မည္ဆိုလွ်င္ မည္သည့္အလုပ္မွ် မလုပ္ေတာ့မွသာျဖစ္ေပမယ္လိမ့္မည္။

 

၂။ အလ်င္စလို စဥ္းစားဆံုးျဖတ္ျခင္း
လူတိိုင္းလူတိုင္းတြင္ စိတ္ကူးကိုယ္စီရွိၾကသည္သာျဖစ္သည္။ ကိုယ္စီရွိၾကေသာ စိတ္ကူးမ်ားတြင္ အခ်ိဳ႕သည္ လုပ္ရိုးလုပ္စဥ္သေဘာမ်ိဳးျဖစ္သည္။ ရံုးပိတ္ရက္မွာ ဘယ္သြားမယ္၊ ဘာစားမယ္ဆိုသည့္ စိတ္ကူးမ်ိဳးကို ဆိုလိုပါသည္။ အခ်ိဳ႕စိတ္ကူးမ်ားမွာမူ ဘ၀ႏွင့္ပတ္သတ္တ္ၾကသည္။ ဥပမာျပရေသာ္ တကၠသိုလ္ဘြဲ႕တစ္ခုခုယူရလွ်င္ေကာင္းမလား၊ အလုပ္အကိုင္သစ္ တစ္ခုခုလုပ္ရလွ်င္ ေကာင္းမည္လား အစရွိသည့္ စိတ္ကူးမ်ိဳးျဖစ္သည္။ ထိုသို႔စိတ္ကူးလိုက္သည္ႏွင့္ ဆံုးျဖတ္ခ်က္မ်ား ခ်က္ခ်င္းခ်လိုက္တတ္သည္။ မွားသည္ဟု မဆိုနိုင္ေသာ္လည္း ထိုသို႔ အလ်င္စလို ဆံုးျဖတ္ရန္ အားမေပးလိုပါ။ ထိုသို႔ ဆံုးျဖတ္ခ်က္မ်ား ခ်က္ခ်င္းခ်လိုက္သည္ထက္ မိမိ၏ စိတ္ကူးစိတ္သန္းမ်ားကို ခိုင္မာေစရန္ အရင္ဆံုးျပဳလုပ္သင့္သည္။ လိုအပ္သည့္အခ်က္အလက္မ်ားရယူျခင္း၊ လိုအပ္ပါက ကၽြမ္းက်င္သည့္သူမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးၿပီးမွသာ ႀကီးမားသည့္ ဆံုးျဖတ္ခ်က္မ်ား ခ်မွတ္သင့္ပါသည္။

 

၃။ ေလ့လာမႈကို ရပ္တန္႔ျခင္း
သင္သည္ စာမဖတ္လွ်င္ေသာ္လည္းေကာင္း၊ စူးစမ္းေမးျမန္းမႈမ်ား မျပဳလုပ္လွ်င္ေသာ္လည္းေကာင္း၊ ခရီးသြားလာျခင္း မျပဳလွ်င္ေသာ္လည္းေကာင္း သင့္အသိဥာဏ္သည္ ဖြဲ႕ျဖိဳးမႈရွိေတာ့မည္မဟုတ္ပါ။ ယင္းကိုကုစားရန္အတြက္ အလြယ္ကူဆံုးႏွင့္ ေငြအသက္သာဆံုးနည္းလမ္းမွာ စာဖတ္ျခင္းပင္ျဖစ္သည္။


ေလ့လာမႈကို ဆက္လက္ျပဳလုပ္ရမည္ဆိုရာတြင္လည္း သင္တန္းအမ်ိဳးမ်ိဳးကိုတက္၍ ထာ၀ရေက်ာင္းသားႀကီး လုပ္ေနရမည္ဟု မဆိုလိုပါ။ ထိုသို႔ မဆံုးႏိုင္ေသာသင္တန္းမ်ားတက္၍ တစ္ေန႔ေန႔တြင္ ကိုယ္ပိုင္စဥ္းစားဥာဏ္မ်ား ကြန္႕ျမဴးလာမည္ဟူေသာ အထင္မွားျဖင့္ ထာ၀ရေက်ာင္းသားႀကီး လုပ္ေနျခင္းသည္လည္း မွန္ကန္စြာ စဥ္းစားတ္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ေစပါသည္။ အသိဥာဏ္ဟူေသာ သိုေလွာင္ရံုႀကီးအတြင္း အခ်က္အလက္မ်ားကို စုေဆာင္းသိုေလွာင္၍ အသံုးမျပဳဘဲထားပါက မိႈတက္ပ်က္စီးကုန္မည္ျဖစ္သည္။ ေလ့လာမႈကို ရပ္တန္႔ျခင္း၊ သင္တန္းမ်ား စဥ္ဆက္မျပတ္ တက္ေနျခင္းတို႔သည္ စဥ္းစားျခင္းကို အတားအဆီးျပဳေနေသာ လုပ္ရပ္မ်ားပင္ျဖစ္သည္။

 

 

၄။ သင့္အရည္အခ်င္းကို “လွ်ိ” ထားျခင္း
ဗိသုကာပညာရွင္ ဖရန္႔လိြဳက္ရိုက္က ပလႊားျခင္းႏွင့္ ဟန္ေဆာင္ႏွိမ့္ခ်ျခင္းတို႔တြင္ ပလႊားျခင္း (၂)မ်ိဳးအနက္ တစ္ခုခုကို ေရြးခ်ယ္ရမည္ဆိုပါက မိမိအေနျဖင့္ ပလႊားျခင္းကို ေရြးခ်ယ္မည္ျဖစ္ေၾကာင္း၊ ပလႊားျခင္းသည္ အနိမ့္ဆံုးအားျဖင့္ တစ္စံုတစ္ရာကို ေဆာင္ရြက္ၿပီးစီးေစေၾကာင္း၊ ဟန္ေဆာင္ႏွိမ့္ခ်ျခင္းသည္ မည္သည့္အရာကိုမွ် ျဖစ္ေစလာေစႏို္င္မည္မဟုတ္ေၾကာင္း ေျပာၾကားဖူးသည္။ ပလႊားျခင္းသည္ သင့္အရည္အခ်င္းကို “ျပ” ခ်င္းသေဘာ သက္ေရာက္သည္။ ဟန္ေဆာင္ႏွိမ့္ခ်ျခင္းသည္ သင့္အရည္အခ်င္းကို “လွ်ိဳ” ျခင္းသေဘာ သက္ေရာကသ္ည္။ အရည္အခ်င္းကို ထုတ္ေဖာ္ျပသျခင္းအားျဖင့္ အရည္အခ်င္း ပိုမိုတိုးတက္လာမည္ျဖစ္သည္။ သင့္အရည္အခ်င္းကို “လွ်ိဳ” ထားျခင္းအားျဖင့္ မသံုးဘဲထားေသာ ဓားကဲ့သို႔ျဖစ္ကာ အရည္အခ်င္းညံ့သြားမည္ျဖစ္သည္။

 

 

၅။ တစ္၀က္တစ္ပ်က္စိတ္ကူမားကို အျခားသူမ်ားအား ေပးအပ္ျခင္း
အျခားသူမ်ားတြင္ စိတ္ကူးစိတ္သန္းမ်ားမရွိဟုယူဆကာ မိမိ၏ တစ္၀က္တစ္ပ်က္စိတ္ကူးမ်ားကို အျခားသူမ်ားသို႔ ေပးအပ္လိုက္မည္ဟူေသာ ယူဆခ်က္သည္ ဘ၀ျမင့္ျခင္းသက္သက္သာ ျဖစ္ေပသည္။ အျခားသူမ်ားတြင္လည္း စိတ္ကူးစိတ္သန္းမ်ား ကိုယ္စီကိုယ္ငွ ရွိၾကသည္ျဖစ္သည္။ သို႔ျဖစ္၍ အျခားသူမ်ားတြင ္စိတ္ကူးစိတ္သန္းမရွိဟုယူဆကာ မိမိ၏အေတြးကို ၿပီးဆံုးေအာင္ မစဥ္းစားဘဲ တစ္၀က္တစ္ပ်က္အေျခအေနတြင္ ေပးအပ္လိုက္ပါက ၾကာလွ်င္အက်င့္ျဖစ္သြားကု အဆံုးထိ မွန္ကန္စြာ စဥ္းစားႏိုင္ျခင္းငွာ မတတ္ႏို္င္ ျဖစ္တတ္ေပသည္။

 

အမွန္တကယ္ စဥ္းစားဥာဏ္ ထက္သန္လိုပါလွ်င္ အထက္ေဖာ္ျပပါ အခ်က္အလက္မ်ားကို အထူးဂရုျပဳ မွတ္သားႏိုင္ပါေစေၾကာင္း . . . .

Read times
Rate this articles
(0 votes)