×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 26 October 2020

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ဆုများ

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ် နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ဆုများ

နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခြင်း၏ ကုန်ကျစရိတ်မှာ သက်ဆိုင်ရာ တက္ကသိုလ်များပေါ် မူတည်၍ များပြားတတ်ပါသည်။ လေယာဉ်လက်မှတ်ကုန်ကျစရိတ်များ၊ အစားအသောက်ကုန်ကျငွေများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို အပိုစရိတ်အနေဖြင့် ထည့်သွင်းတွက်ချက်ရပါသည်။

 

ထိုကြောင့် ပညာဆုများသည် ဆုကြေးပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျောင်းသားများအတွက် အထောက်အကူဖြစ်စေပါသည်။ ကမ္ဘာပေါ်ရှိ ဂုဏ်ယူဖွယ်ကောင်းသော တက္ကသိုလ်များမှ ဘွဲ့ရရန်အတွက် ‌ငွေကြေး ပြဿနာများကြောင့် လက်မလွှတ်သင့်ပေ။

 

အရှေ့တောင်အာရှရှိ ကြွယ်ဝပြီး အဆင့်မြင့်သော ကျွန်းနိုင်ငံ ဖြစ်သည့် စင်ကာပူ နိုင်ငံသည် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ၏ မူလ မိခင်ကျောင်းတော်များ တည်ရှိရာ နိုင်ငံတစ်ခခုဖြစ်ပါသည်။ ဥပမာအားဖြင့် National University of Singapore သည် ကမ္ဘာအကောင်းဆုံးတက္ကသိုလ် စာရင်းတွင် အဆင့် ၂၅ ဖြင့် လည်းကောင်း၊ ၂၀၂၁ ခုနှစ် အတွက် Times Higher Education World University အဆင့်သတ်မှတ်ချက်များ အာရှ အဆင့်သတ်မှတ်ချက် ၃ ဖြင့် ရပ်တည်လျက်ရှိပြီး Nanyang Technological University (NTU) သည် ယခုနှစ်သတ်မှတ်ချက်အရ အဆင့် ၄၇ တွင် ရှိနေပါသည်။

 

အထက်ပါကျောင်းများကဲ့သို့ အဆင့်မြင့်ပညာရေးတွင် ကမ္ဘာ့အဆင့်မီပညာရေးကို လက်လှမ်းမှီနိုင်ရန် အတွက် ပညာသင်ဆုများဖြင့်လည်း ရယူနိုင်ပါသည်။ ၂၀၂၀ ပြည့်နှစ်အတွက် သို့မဟုတ် လာမည့် ၂၀၂၁ခုနှစ် အတွက် နိုင်ငံတကာ ကျောင်းသားများအတွက် ကမ်းလှမ်းထားသည့် စင်ကာပူနိင်ငံ၏ ကျောင်းများမှ ပညာသင်ဆုအချို့ကို ဖော်ပြပေးလိုက်ရပါသည်။

 

၁။ Nanyang Scholarship

Nanyang Technological University (NTU) မှ ကမ်းလှမ်းသော Nanyang ပညာသင်ဆုသည် ထူးချွန်သည့် ပထမနှစ်ကျောင်းသားများကို အထူးကမ်းလှမ်းထားပါသည်။ ကျောင်းသူ/ ကျောင်းသားများ၏ ပညာရေးဆိုင်ရာထူးချွန်မှု၊ ခေါင်းဆောင်မှုစွမ်းဆောင်ရည်မြင့်မားမှု တို့အပြင် သင်ရိုးညွှန်းတမ်းများ ရမှတ်ထူးချွန်မှု တို့ကို အဓိကာထားကြည့်ရှုစစ်ဆေးကာ ရွေးချယ်ပါသည်။ ယခုပညာသင်ဆုသည် နိုင်ငံသားအားလုံးအတွက် ဖြစ်ပြီး အောင်မြင်သော ပညာသင်ဆုရရှိသူများသည့် ဘွဲ့ကြိုဒီဂရီ ပရိုဂရမ်များအတွက် အချိန်ပြည့်တက်ရောက်သင့်ပေသည်။ ယခုပညာသင်ဆုသည် NTU တွင်တက်ရောက်နေသည့် စာသင်နှစ် အားလုံးအတွက် အကြုံးဝင်ပါသည်။ ကျောင်းသားများ၏ ပညာအရည်အချင်းပေါ်မူတည်၍ လျှောက်လွှာလက်ခံရက် နှင့် ပိတ်ရက်များသည် ကွာခြားနိုင်ပါသည်။

ပိုမိုသိရှိလိုပါက >>>https://admissions.ntu.edu.sg/UndergraduateAdmissions/pages/nanyangscholarship.aspx<<<

 

၂။ Singapore International Graduate Award (SINGA) 2021

အကယ်၍ သင်ဟာ သင်၏ ပါရဂူဘွဲ့ကို စင်ကာပူတွင် တက်ရောက်လိုပါက SINGA 2021 သည် နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ပညာသင်ကြေး အပြည့်အဝပေးထားသည့် ပညာသင်ဆု တစ်ခုဖြစ်ပြီး လာမည့် ၂၀၂၁ ဩဂုတ်လ ပညာသင်နှစ်အတွက် လက်ခံနေပြီဖြစ်ပါသည်။ SINGA သည် သိပ္ပံ၊ နည်းပညာနှင့်သုတေသနအေဂျင်စီ (A * STAR)၊ နန်ယန်းနည်းပညာတက္ကသိုလ် (NTU)၊ စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) နှင့် စင်္ကာပူနည်းပညာနှင့်ဒီဇိုင်းတက္ကသိုလ် (SUTD) တို့ပူးပေါင်းပေးအပ်သည့် ပညာသင်ဆု ဖြစ်ပါသည်။ A * STAR မှ မှတ်ချက်ပြုထားသည်မှာ A*STAR၊ NTU၊ NUS နှင့် SUTD မှ ရွေးချယ်ထားသော လျှောက်လွှာရှင်များသည် ပါရဂူတန်းအတွက် လိုအပ်သည့် ဓာတ်ခွဲစမ်းသပ်ချက်များကို အင်္ဂလိပ်ဘာသာဖြင့်သာ ပြုလုပ်ရမည်ဟုဖြစ်သည်။ “ကျောင်းသားများကို အဆိုပါ ဓာတ်ခွဲစမ်းသပ်ချက်များ ပြုလုပ်ရာတွင် ကမ္ဘာကျော်သုတေသီများမှ ကြီးကြပ်ပေးမည်ဖြစ်ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါက ပါရဂူဘွဲ့ကို ရရှိမည်”ဟု ဖော်ပြထားပါသည်။

လျှောက်လွှာပိတ်ရက်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၊ ၁ရက်နေ့ ( 11.59 p.m. GMT +8 Singapore time) ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက>>>https://www.a-star.edu.sg/Scholarships/for-graduate-studies/singapore-international-graduate-award-singa<<<

 

၃။ Commonwealth Scholarship at the National University of Singapore

Commonwealth ပညာသင်ဆုသည် ကြွယ်ဝချမ်းသာသောနိုင်ငံများ(စင်္ကာပူနိုင်ငံသားများနှင့် PR ကိုင်ဆောင်သူများမှအပ) မှလာသော ဘွဲ့ရကျောင်းသားများသည် NUS ၌ သုတေသနပိုင်းတွင် ပို၍ မြင့်မားသော ဒီဂရီများကိုလေ့လာနိုင်ရန် အတွက် ကမ်းလှမ်းထားသော ပညာသင်ဆု တစ်ခုဖြစ်ပါသည်။ ဤပညာသင်ဆုတွင်လစဉ်ထောက်ပံ့ကြေး (ပါရဂူဘွဲ့အတွက်စင်ကာပူဒေါ်လာ ၂၀၀၀ နှင့်မဟာဘွဲ့အတွက်လျှောက်ထားသူများအတွက်စင်ကာပူဒေါ်လာ ၁၅၀၀) နှင့် ကျူရှင်ကြေးထောက်ပံ့ကြေးတို့ပါဝင်ပါသည်။ လာမည့် ဘွဲ့ရ ကျောင်းသားများသည် အဘယ့်ကြောင့် ဤပညာသင်ဆုကို စိတ်ဝင်စားပြီး လျှောက်ရသည့် အကြောင်းကို ဝင်ခွင့် လျှောက်လွှာတွင် ထည့်သွင်းရေးသားသင့်ပါသည်။

 

အောင်မြင်သော လျှောက်ထားသူများကို မေလ (သြဂုတ်လတွင် ၀င်ခွင့်အတွက်) သို့မဟုတ် အောက်တိုဘာလ (ဇန်နဝါရီလ ၀င်ခွင့်အတွက်) တွင် ၎င်းတို့၏ လျှောက်လွှာရလဒ်များကို အကြောင်းကြားပေးမည် ဖြစ်သည်။

 

ပိုမိုသိရှိလိုပါက>>>http://www.nus.edu.sg/registrar/prospective-students/graduate/scholarship/commonwealth-scholarship<<<

 

 

၄။ Asian Development Bank (ADP) ADP-JSP Scholarships in Asia and the Pacific

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) - ဂျပန်ပညာသင်ဆုအစီအစဉ် (JSP) သည် စီးပွားရေး၊ စီမံခန့်ခွဲမှု၊ သိပ္ပံနှင့်နည်းပညာနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်များတွင် လေ့လာမှုများအတွက် တစ်နှစ်လျှင် ဘွဲ့လွန်ပညာသင်ဆု ၁၄၀ ခန့်ကို ပေးအပ်လေ့ရှိပါသည်။ ပညာသင်ဆုတွင် ကျူရှင်စရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ နေထိုင်စရိတ်၊ စာအုပ်နှင့်သင်ထောက်ကူပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာအာမခံနှင့်ခရီးစရိတ်တို့ပါ ၀င်သည်။ ရွေးချယ်ထားသောနိုင်ငံများမှနိုင်ငံသားများသာ NUS ရှိ MBA၊ ပြည်သူ့ပေါ်လစီ၊ လူမှုသိပ္ပံဘွဲ့ (Applied Economics) သို့မဟုတ် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ သိပ္ပံမဟာဘွဲ့ကိုရယူရန်လျှောက်ထားနိုင်သည်။

လျှောက်လွှာပိတ်ရက်မှာ လျှောက်လွှာတင်သွင်းထားသည့် ရက်ပေါ်မူတည်၍ အပြောင်းအလဲရှိပါသည်။

ပိုမိုသိရှိလိုပါက >>> https://www.adb.org/new/work-with-us/careers/japan-scholarship-program/main<<<

 

Credit : Myanmar Education Guide -EDGE

 

၂၀၂၀ - ၂၀၂၁ ပညာသင္ႏွစ္ ႏိုင္ငံတကာေက်ာင္းသားမ်ားအတြက္ ပညာသင္ဆုမ်ား

ႏိုင္ငံရပ္ျခားတြင္ ပညာသင္ၾကားျခင္း၏ ကုန္က်စရိတ္မွာ သက္ဆိုင္ရာ တကၠသိုလ္မ်ားေပၚ မူတည္၍ မ်ားျပားတတ္ပါသည္။ ေလယာဥ္လက္မွတ္ကုန္က်စရိတ္မ်ား၊ အစားအေသာက္ကုန္က်ေငြမ်ား၊ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းမ်ားကို အပိုစရိတ္အေနျဖင့္ ထည့္သြင္းတြက္ခ်က္ရပါသည္။

 

ထိုေၾကာင့္ ပညာဆုမ်ားသည္ ဆုေၾကးပမာဏ နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ ေက်ာင္းသားမ်ားအတြက္ အေထာက္အကူျဖစ္ေစပါသည္။ ကမာၻေပၚရွိ ဂုဏ္ယူဖြယ္ေကာင္းေသာ တကၠသိုလ္မ်ားမွ ဘြဲ႕ရရန္အတြက္ ‌ေငြေၾကး ျပႆနာမ်ားေၾကာင့္ လက္မလႊတ္သင့္ေပ။

 

အေရွ႕ေတာင္အာရွရွိ ႂကြယ္ဝၿပီး အဆင့္ျမင့္ေသာ ကြၽန္းႏိုင္ငံ ျဖစ္သည့္ စင္ကာပူ ႏိုင္ငံသည္ ကမာၻ႔အေကာင္းဆုံးတကၠသိုလ္မ်ား၏ မူလ မိခင္ေက်ာင္းေတာ္မ်ား တည္ရွိရာ ႏိုင္ငံတစ္ခခုျဖစ္ပါသည္။ ဥပမာအားျဖင့္ National University of Singapore သည္ ကမာၻအေကာင္းဆုံးတကၠသိုလ္ စာရင္းတြင္ အဆင့္ ၂၅ ျဖင့္ လည္းေကာင္း၊ ၂၀၂၁ ခုႏွစ္ အတြက္ Times Higher Education World University အဆင့္သတ္မွတ္ခ်က္မ်ား အာရွ အဆင့္သတ္မွတ္ခ်က္ ၃ ျဖင့္ ရပ္တည္လ်က္ရွိၿပီး Nanyang Technological University (NTU) သည္ ယခုႏွစ္သတ္မွတ္ခ်က္အရ အဆင့္ ၄၇ တြင္ ရွိေနပါသည္။

 

အထက္ပါေက်ာင္းမ်ားကဲ့သို႔ အဆင့္ျမင့္ပညာေရးတြင္ ကမာၻ႔အဆင့္မီပညာေရးကို လက္လွမ္းမွီႏိုင္ရန္ အတြက္ ပညာသင္ဆုမ်ားျဖင့္လည္း ရယူႏိုင္ပါသည္။ ၂၀၂၀ ျပည့္ႏွစ္အတြက္ သို႔မဟုတ္ လာမည့္ ၂၀၂၁ခုႏွစ္ အတြက္ ႏိုင္ငံတကာ ေက်ာင္းသားမ်ားအတြက္ ကမ္းလွမ္းထားသည့္ စင္ကာပူနိင္ငံ၏ ေက်ာင္းမ်ားမွ ပညာသင္ဆုအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါသည္။

 

၁။ Nanyang Scholarship

Nanyang Technological University (NTU) မွ ကမ္းလွမ္းေသာ Nanyang ပညာသင္ဆုသည္ ထူးခြၽန္သည့္ ပထမႏွစ္ေက်ာင္းသားမ်ားကို အထူးကမ္းလွမ္းထားပါသည္။ ေက်ာင္းသူ/ ေက်ာင္းသားမ်ား၏ ပညာေရးဆိုင္ရာထူးခြၽန္မႈ၊ ေခါင္းေဆာင္မႈစြမ္းေဆာင္ရည္ျမင့္မားမႈ တို႔အျပင္ သင္႐ိုးၫႊန္းတမ္းမ်ား ရမွတ္ထူးခြၽန္မႈ တို႔ကို အဓိကာထားၾကည့္ရႈစစ္ေဆးကာ ေ႐ြးခ်ယ္ပါသည္။ ယခုပညာသင္ဆုသည္ ႏိုင္ငံသားအားလုံးအတြက္ ျဖစ္ၿပီး ေအာင္ျမင္ေသာ ပညာသင္ဆုရရွိသူမ်ားသည့္ ဘြဲ႕ႀကိဳဒီဂရီ ပ႐ိုဂရမ္မ်ားအတြက္ အခ်ိန္ျပည့္တက္ေရာက္သင့္ေပသည္။ ယခုပညာသင္ဆုသည္ NTU တြင္တက္ေရာက္ေနသည့္ စာသင္ႏွစ္ အားလုံးအတြက္ အႀကဳံးဝင္ပါသည္။ ေက်ာင္းသားမ်ား၏ ပညာအရည္အခ်င္းေပၚမူတည္၍ ေလွ်ာက္လႊာလက္ခံရက္ ႏွင့္ ပိတ္ရက္မ်ားသည္ ကြာျခားႏိုင္ပါသည္။

ပိုမိုသိရွိလိုပါက >>>https://admissions.ntu.edu.sg/UndergraduateAdmissions/pages/nanyangscholarship.aspx<<<

 

၂။ Singapore International Graduate Award (SINGA) 2021

အကယ္၍ သင္ဟာ သင္၏ ပါရဂူဘြဲ႕ကို စင္ကာပူတြင္ တက္ေရာက္လိုပါက SINGA 2021 သည္ ႏိုင္ငံ၏ဂုဏ္သိကၡာႏွင့္ ပညာသင္ေၾကး အျပည့္အဝေပးထားသည့္ ပညာသင္ဆု တစ္ခုျဖစ္ၿပီး လာမည့္ ၂၀၂၁ ဩဂုတ္လ ပညာသင္ႏွစ္အတြက္ လက္ခံေနၿပီျဖစ္ပါသည္။ SINGA သည္ သိပၸံ၊ နည္းပညာႏွင့္သုေတသနေအဂ်င္စီ (A * STAR)၊ နန္ယန္းနည္းပညာတကၠသိုလ္ (NTU)၊ စင္ကာပူအမ်ိဳးသားတကၠသိုလ္ (NUS) ႏွင့္ စကၤာပူနည္းပညာႏွင့္ဒီဇိုင္းတကၠသိုလ္ (SUTD) တို႔ပူးေပါင္းေပးအပ္သည့္ ပညာသင္ဆု ျဖစ္ပါသည္။ A * STAR မွ မွတ္ခ်က္ျပဳထားသည္မွာ A*STAR၊ NTU၊ NUS ႏွင့္ SUTD မွ ေ႐ြးခ်ယ္ထားေသာ ေလွ်ာက္လႊာရွင္မ်ားသည္ ပါရဂူတန္းအတြက္ လိုအပ္သည့္ ဓာတ္ခြဲစမ္းသပ္ခ်က္မ်ားကို အဂၤလိပ္ဘာသာျဖင့္သာ ျပဳလုပ္ရမည္ဟုျဖစ္သည္။ “ေက်ာင္းသားမ်ားကို အဆိုပါ ဓာတ္ခြဲစမ္းသပ္ခ်က္မ်ား ျပဳလုပ္ရာတြင္ ကမာၻေက်ာ္သုေတသီမ်ားမွ ႀကီးၾကပ္ေပးမည္ျဖစ္ၿပီး ေအာင္ျမင္စြာ ၿပီးဆုံးခဲ့ပါက ပါရဂူဘြဲ႕ကို ရရွိမည္”ဟု ေဖာ္ျပထားပါသည္။

ေလွ်ာက္လႊာပိတ္ရက္မွာ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလ၊ ၁ရက္ေန႔ ( 11.59 p.m. GMT +8 Singapore time) ျဖစ္ပါသည္။

ပိုမိုသိရွိလိုပါက>>>https://www.a-star.edu.sg/Scholarships/for-graduate-studies/singapore-international-graduate-award-singa <<<

 

၃။ Commonwealth Scholarship at the National University of Singapore

Commonwealth ပညာသင္ဆုသည္ ႂကြယ္ဝခ်မ္းသာေသာႏိုင္ငံမ်ား(စကၤာပူႏိုင္ငံသားမ်ားႏွင့္ PR ကိုင္ေဆာင္သူမ်ားမွအပ) မွလာေသာ ဘြဲ႕ရေက်ာင္းသားမ်ားသည္ NUS ၌ သုေတသနပိုင္းတြင္ ပို၍ ျမင့္မားေသာ ဒီဂရီမ်ားကိုေလ့လာႏိုင္ရန္ အတြက္ ကမ္းလွမ္းထားေသာ ပညာသင္ဆု တစ္ခုျဖစ္ပါသည္။ ဤပညာသင္ဆုတြင္လစဥ္ေထာက္ပံ့ေၾကး (ပါရဂူဘြဲ႕အတြက္စင္ကာပူေဒၚလာ ၂၀၀၀ ႏွင့္မဟာဘြဲ႕အတြက္ေလွ်ာက္ထားသူမ်ားအတြက္စင္ကာပူေဒၚလာ ၁၅၀၀) ႏွင့္ က်ဴရွင္ေၾကးေထာက္ပံ့ေၾကးတို႔ပါဝင္ပါသည္။ လာမည့္ ဘြဲ႕ရ ေက်ာင္းသားမ်ားသည္ အဘယ့္ေၾကာင့္ ဤပညာသင္ဆုကို စိတ္ဝင္စားၿပီး ေလွ်ာက္ရသည့္ အေၾကာင္းကို ဝင္ခြင့္ ေလွ်ာက္လႊာတြင္ ထည့္သြင္းေရးသားသင့္ပါသည္။

 

ေအာင္ျမင္ေသာ ေလွ်ာက္ထားသူမ်ားကို ေမလ (ၾသဂုတ္လတြင္ ၀င္ခြင့္အတြက္) သို႔မဟုတ္ ေအာက္တိုဘာလ (ဇန္နဝါရီလ ၀င္ခြင့္အတြက္) တြင္ ၎တို႔၏ ေလွ်ာက္လႊာရလဒ္မ်ားကို အေၾကာင္းၾကားေပးမည္ ျဖစ္သည္။

ပိုမိုသိရွိလိုပါက>>>http://www.nus.edu.sg/registrar/prospective-students/graduate/scholarship/commonwealth-scholarship <<<

 

၄။ Asian Development Bank (ADP) ADP-JSP Scholarships in Asia and the Pacific

အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) - ဂ်ပန္ပညာသင္ဆုအစီအစဥ္ (JSP) သည္ စီးပြားေရး၊ စီမံခန႔္ခြဲမႈ၊ သိပၸံႏွင့္နည္းပညာႏွင့္ အျခားဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ နယ္ပယ္မ်ားတြင္ ေလ့လာမႈမ်ားအတြက္ တစ္ႏွစ္လွ်င္ ဘြဲ႕လြန္ပညာသင္ဆု ၁၄၀ ခန႔္ကို ေပးအပ္ေလ့ရွိပါသည္။ ပညာသင္ဆုတြင္ က်ဴရွင္စရိတ္၊ လစဥ္ေထာက္ပံ့ေၾကး၊ ေနထိုင္စရိတ္၊ စာအုပ္ႏွင့္သင္ေထာက္ကူပစၥည္းမ်ား၊ ေဆးဘက္ဆိုင္ရာအာမခံႏွင့္ခရီးစရိတ္တို႔ပါ ၀င္သည္။ ေ႐ြးခ်ယ္ထားေသာႏိုင္ငံမ်ားမွႏိုင္ငံသားမ်ားသာ NUS ရွိ MBA၊ ျပည္သူ႔ေပၚလစီ၊ လူမႈသိပၸံဘြဲ႕ (Applied Economics) သို႔မဟုတ္ သဘာဝပတ္ဝန္းက်င္စီမံခန႔္ခြဲမႈဆိုင္ရာ သိပၸံမဟာဘြဲ႕ကိုရယူရန္ေလွ်ာက္ထားႏိုင္သည္။

ေလွ်ာက္လႊာပိတ္ရက္မွာ ေလွ်ာက္လႊာတင္သြင္းထားသည့္ ရက္ေပၚမူတည္၍ အေျပာင္းအလဲရွိပါသည္။

ပိုမိုသိရွိလိုပါက >>> https://www.adb.org/new/work-with-us/careers/japan-scholarship-program/main <<<

 

Credit : Myanmar Education Guide -EDGE

Read times Last modified on Monday, 26 October 2020 17:07
Rate this articles
(0 votes)