×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Monday, 06 November 2017

သင္သိဖို႔လိုအပ္တဲ့ စိတ္ပိုင္းဆိုင္ရာ လွည့္ကြက္မ်ား

သင္သိဖို႔လိုအပ္တဲ့ စိတ္ပိုင္းဆိုင္ရာ လွည့္ကြက္မ်ား google.com

ေလာကမွာ သိဖို႔အခက္ဆံုးက စိတ္ပါပဲ။ ကုိယ့္စိတ္ကိုေတာ့ သိပါတယ္ နိုင္ပါတယ္ လို႔ ထင္ေနတာလား မဟုတ္ပါဘူ။ တခါတေလမွာ စိတ္ကုိ ထိန္းခ်ဳပ္ဖို႔ခက္ခဲသလို စိတ္ကို ျမင္ေအာင္ၾကည့္ဖို႔လည္း ခက္ခဲပါ တယ္။ ကုိယ့္ကုိယ္ကိုယ္ေတာင္ မသိလိုက္ပဲ စိတ္ကုိ လွည့္စားခံလိုက္ရတာမ်ိဳး ၾကံဳဖူးပါသလား။ 

ကဲစိတ္ပိုင္းဆိုင္ လွည့္ကြက္ေလးေတြကို ေလ့လာၾကည့္ရေအာင္။

၁. ေက်ာက္တံုး၊ ကတ္ေၾကး၊ စကၠဴ ကစားနည္းမွာ အနိုင္ရဖို႔

ေက်ာက္တံုး၊ ကတ္ေၾကး၊ စကၠဴ ကစားနည္းမွာ နိုင္ခ်င္တယ္ဆိုရင္ ဒီကစာနည္းကို မကစားခင္မွာ တစ္ဖက္လူကို ၾကံဳရာေမးခြန္း တစ္ခုေမးလုိက္ပါ။ ဒီလိုေမးလိုက္ျခင္းအားျဖင့္ တစ္ဖက္လူကို စိတ္ရွဳပ္ေထြး သြားေစျပီး ကတ္ေၾကးကုိသာ သူေရြးခ်ယ္ေတာ့မွာ ျဖစ္ပါတယ္။

Recommended for you - ေက်ာင္းဆရာတစ္ေယာက္ျဖစ္ဖို႔ လြယ္ပါတယ္တဲ့လား!!!

၂. သင့္ကို မွတ္မိျပီး လူခ်စ္လူခင္မ်ားေစဖို႔

တျခားသူေတြရဲ႕စိတ္ထဲမွာ သင့္ကို မွတ္မိေစခ်င္ျပီး လူခ်စ္လူခင္မ်ားခ်င္တယ္ဆိုရင္ေတာ့ ကိုယ္နဲ႕အဆက္ အသြယ္လုပ္ေနရတဲ့ လူေတြရဲ႕ နာမည္ေတြကို အျပည့္အစံုမဟုတ္ရင္ေတာင္ တစ္လံုးေလာက္ျဖစ္ျဖစ္ မွတ္ထားျပီး ေတြ႔တိုင္းနာမည္ေလး ေခၚျပီး ႏွဳတ္ဆက္လိုက္ပါ။

၃. ရန္သူနဲ႕ အနီးဆံုးမွာေနပါ။

ကိုယ္နဲ႕ သေဘာထားခ်င္းမတူသူ ကိုယ့္ကိုအျမဲလိုလို တိုက္ခိုက္တတ္သူနဲ႕ အစည္းအဝးခန္းထဲမွာ ေတြ႔လို႔ ဘယ္လိုေရွာင္ရမလဲ စဥ္းစားရၾကပ္ေနလား။ ေဘးခ်င္းကပ္သာ ဝင္ထိုင္လိုက္ပါ။ သူ႔မ်က္စိေရွ႕မွာ ရွိေနမယ္ ဆိုရင္ ေဆြးေႏြးမွဳေတြက သင့္ဆီဦးတည္ေနျပီး အၾကပ္ရိုက္ေစမယ့္ ေမးခြန္းေတြေမးဖို႔ အခြင့္အေရးေပး သလိုျဖစ္သြားပါလိမ့္မယ္။ သူ႔ေဘးနားမွာ ထိုင္ရတာ အဆင္မေျပျဖစ္တဲ့အတြက္လည္း  စိတ္ကသိက ေအာက္ မျဖစ္ပါနဲ႕။ သူလဲ သင့္လိုပဲ စိတ္ကသိကေအာက္ျဖစ္ေနလို႔ ရန္ရွာဖို႔ ေမ႔ေနမွာပါ။

Recommended for you - အိပ္ယာမသိမ္းသင့္ဘူးလို႔ သိပၸံပညာရွင္ေတြေျပာျပီ

၄. ပူပင္ေသာကေတြကို ခ်ေရးပါ။

ဘာအလုပ္ပဲလုပ္လုပ္ စိတ္စြမ္းအင္က အလုပ္ျပီးေျမာက္ဖို႔အတြက္ အဓိကအက်ဆံုး အရာတစ္ခုပါ။ ပူပင္ေသာကေတြ စိတ္ဖိစီးမွဳေတြက သင့္ရဲ႕ စိတ္စြမး္အင္ေတြကို ဝါးျမိဳလိုက္ျပီဆိုရင္ စာရြက္တစ္ရြက္ေပၚ ခ်ေရးလိုက္ပါ။ ဒါကလည္း ရင္ဖြင့္နည္းတစ္မ်ိဳးပါပဲ။ ဒီလိုေတြ ခ်ေရးလိုက္တဲ့အခါ သင္စိတ္ေပါ့ပါးသြား ပါလိမ့္မယ္။

Source; Myanmar leaders     

[Unicode Version]

လောကမှာ သိဖို့အခက်ဆုံးက စိတ်ပါပဲ။ ကိုယ့်စိတ်ကိုတော့ သိပါတယ် နိုင်ပါတယ် လို့ ထင်နေတာလား မဟုတ်ပါဘူ။ တခါတလေမှာ စိတ်ကို ထိန်းချုပ်ဖို့ခက်ခဲသလို စိတ်ကို မြင်အောင်ကြည့်ဖို့လည်း ခက်ခဲပါ တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ပဲ စိတ်ကို လှည့်စားခံလိုက်ရတာမျိုး ကြုံဖူးပါသလား။
ကဲစိတ်ပိုင်းဆိုင် လှည့်ကွက်လေးတွေကို လေ့လာကြည့်ရအောင်။
၁. ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ ကစားနည်းမှာ အနိုင်ရဖို့
ကျောက်တုံး၊ ကတ်ကြေး၊ စက္ကူ ကစားနည်းမှာ နိုင်ချင်တယ်ဆိုရင် ဒီကစာနည်းကို မကစားခင်မှာ တစ်ဖက်လူကို ကြံုရာမေးခွန်း တစ်ခုမေးလိုက်ပါ။ ဒီလိုမေးလိုက်ခြင်းအားဖြင့် တစ်ဖက်လူကို စိတ်ရှုပ်ထွေး သွားစေပြီး ကတ်ကြေးကိုသာ သူရွေးချယ်တော့မှာ ဖြစ်ပါတယ်။
Recommended for you - ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ လွယ်ပါတယ်တဲ့လား!!!
၂. သင့်ကို မှတ်မိပြီး လူချစ်လူခင်များစေဖို့
တခြားသူတွေရဲ့စိတ်ထဲမှာ သင့်ကို မှတ်မိစေချင်ပြီး လူချစ်လူခင်များချင်တယ်ဆိုရင်တော့ ကိုယ်နဲ့အဆက် အသွယ်လုပ်နေရတဲ့ လူတွေရဲ့ နာမည်တွေကို အပြည့်အစုံမဟုတ်ရင်တောင် တစ်လုံးလောက်ဖြစ်ဖြစ် မှတ်ထားပြီး တွေ့တိုင်းနာမည်လေး ခေါ်ပြီး နှုတ်ဆက်လိုက်ပါ။
၃. ရန်သူနဲ့ အနီးဆုံးမှာနေပါ။
ကိုယ်နဲ့ သဘောထားချင်းမတူသူ ကိုယ့်ကိုအမြဲလိုလို တိုက်ခိုက်တတ်သူနဲ့ အစည်းအဝးခန်းထဲမှာ တွေ့လို့ ဘယ်လိုရှောင်ရမလဲ စဉ်းစားရကြပ်နေလား။ ဘေးချင်းကပ်သာ ဝင်ထိုင်လိုက်ပါ။ သူ့မျက်စိရှေ့မှာ ရှိနေမယ် ဆိုရင် ဆွေးနွေးမှုတွေက သင့်ဆီဦးတည်နေပြီး အကြပ်ရိုက်စေမယ့် မေးခွန်းတွေမေးဖို့ အခွင့်အရေးပေး သလိုဖြစ်သွားပါလိမ့်မယ်။ သူ့ဘေးနားမှာ ထိုင်ရတာ အဆင်မပြေဖြစ်တဲ့အတွက်လည်း စိတ်ကသိက အောက် မဖြစ်ပါနဲ့။ သူလဲ သင့်လိုပဲ စိတ်ကသိကအောက်ဖြစ်နေလို့ ရန်ရှာဖို့ မေ့နေမှာပါ။
Recommended for you - အိပ်ယာမသိမ်းသင့်ဘူးလို့ သိပ္ပံပညာရှင်တွေပြောပြီ
၄. ပူပင်သောကတွေကို ချရေးပါ။
ဘာအလုပ်ပဲလုပ်လုပ် စိတ်စွမ်းအင်က အလုပ်ပြီးမြောက်ဖို့အတွက် အဓိကအကျဆုံး အရာတစ်ခုပါ။ ပူပင်သောကတွေ စိတ်ဖိစီးမှုတွေက သင့်ရဲ့ စိတ်စွမး်အင်တွေကို ဝါးမြိုလိုက်ပြီဆိုရင် စာရွက်တစ်ရွက်ပေါ် ချရေးလိုက်ပါ။ ဒါကလည်း ရင်ဖွင့်နည်းတစ်မျိုးပါပဲ။ ဒီလိုတွေ ချရေးလိုက်တဲ့အခါ သင်စိတ်ပေါ့ပါးသွား ပါလိမ့်မယ်။
Source; Myanmar leaders

 

Read times Last modified on Monday, 30 December 2019 15:32
Rate this articles
(9 votes)