×

Warning

JUser: :_load: Unable to load user with ID: 723


Success

Monday, 11 December 2017

ေအာင္ျမင္ေနတယ္ဆုိတဲ့သူတိုင္းရဲ႕ ေအာင္ျမင္မွဳက တန္ဖိုးရွိရဲ႕လား

ေအာင္ျမင္ေနတယ္ဆုိတဲ့သူတိုင္းရဲ႕ ေအာင္ျမင္မွဳက တန္ဖိုးရွိရဲ႕လား google.com

အလုပ္ထဲမွာပဲျဖစ္ျဖစ္ တျခားကိုယ္က်င္လည္တဲ့ပတ္ဝန္းက်င္မွာ ဘာမဆို ေကာင္းေကာင္းမြန္မြန္လုပ္ျပ နိုင္တယ္။ ကိုယ့္ကိုယ္ကိုလည္း ေကာင္းေကာင္းစီမံခန္႔ခြဲနိုင္တယ္။ ေနရာလည္းေကာင္းေကာင္းရတယ္ ဆိုရင္ သူေအာင္ျမင္ေနျပီေပါ့။ ဒါေပမဲ့ ကိုယ္ေရးကိုယ္တာဘဝက အဆင္မေျပမွဳေတြ အရာအားလံုးက ကေမာက္ကမျဖစ္ေနတယ္ဆုိရင္ေတာ့ ေအာင္ျမင္မွဳအပါအဝင္ အရာခပ္သိမ္းဟာ တျဖည္းျဖည္းခ်င္း စိတ္ပ်က္စရာေတြ ျဖစ္လာမွာ ေသခ်ာပါတယ္။

ထားပါေတာ့ ေခါင္းေဆာင္တစ္ေယာက္က အဖြဲ႕အစည္းရဲ႕ ထိပ္ဆံုးေနရာကို တာဝန္ယူဖုိ႔ ရွိေနတယ္။ ဒါေပမယ့္ သူရဲ႕ ကိုယ္ေရးကိုယ္တာဘဝမွာ အိမ္ေထာင္ကြဲတယ္ သားသမီးေတြ စိတ္ထိခိုက္ရတယ္။ ဒီလိုမ်ိဳးေတြျဖစ္တယ္ဆိုရင္ ေအာင္ျမင္မွဳက ဘာအက်ိဳးအျမတ္ရွိပါ့မလဲ။ သူ႕ရဲ႕တန္ဖိုးကိုေရာ ခံစားနိုင္ပါ့မလား။

ႏွစ္ေပါင္းမ်ားစြာ ဖြင့္ဆိုခဲ့တဲ့ေအာင္ျမင္မွဳေတြရဲ႕ အနက္အဓိပၸါယ္ေပါင္းမ်ားစြာထဲက တစ္ခုက… ကြ်န္ေတာ္တုိ႔ အနီးဆံုးမွာ ရွိေနတယ့္လူေတြက ကြ်န္ေတာ့္ကို ခ်စ္ျမတ္နိုးဆံုးနဲ႕ အေလးစားဆံုးျဖစ္ျခင္းဟာ ေအာင္ျမင္မွဳပါပဲ။ ဒါက ဘယ္ဟာက အေရးၾကီးဆံုးလဲဆိုတာကို ျပေနပါတယ္။

Recommended for you - Memory card ထပ္စိုက္သလိုမ်ိဳး မွတ္ဥာဏ္ပိုေကာင္းလာေအာင္ ဘယ္လိုလုပ္ရမလဲ

ကြ်န္ေတာ္ဟာ ကြ်န္ေတာ္နဲ႕ အတူ အလုပ္လုပ္ေနတဲ့ သူေတြဆီက ေလးစားမွဳကို မရခင္ ဇနီးနဲ႕ ကေလးေတြဆီက ခ်စ္ျခင္းေမတၱာနဲ႕ ေလးစားမွဳကို အရင္လုိခ်င္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြဆီက ေလးစားမွဳကိုလည္း လုိခ်င္ပါတယ္။ ဒါေပမယ့္ မိသားစုနဲ႕ေတာ့ မလဲနိုင္တဲ့ သေဘာေျပာတာပါ။

သင့္ရဲ႕ေအာင္ျမင္မွဳကို မွ်ေဝခံစားနိုင္မယ့္ ျငိမ္းခ်မ္းတဲ့မိသားစုဘဝေလး သင့္ရဲ႕ ကိုယ္ေရးကိုယ္တာဘဝကို အေကာင္းဆံုးစီမံခန္႔ခြဲနိုင္တယ္ဆုိရင္ သင္ဟာ တန္ဖိုးရွိတဲ့ ေအာင္ျမင္မွဳတစ္ခုကို ခံစားနိုင္မွာ ျဖစ္ပါတယ္။

ေအာင္ျမင္မွဳအတြက္ ကိုယ့္ကိုယ္ပိုင္ အရည္အခ်င္းေတြကို ျမွင့္တင္ဖို႔အတြက္ လိုအပ္တဲ့ သင္တန္းေတြ ဘာသာရပ္ေတြကို ကြ်န္ေတာ္တုိ႔ sayar.com.mm တြင္ ရွိေသာ ဆရာ ဆရာမမ်ားနွင့္ ဆက္သြယ္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္လို႔ ရပါတယ္ခင္ဗ်ာ။

Source: democracy

[Unicode Version]

အလုပ်ထဲမှာပဲဖြစ်ဖြစ် တခြားကိုယ်ကျင်လည်တဲ့ပတ်ဝန်းကျင်မှာ ဘာမဆို ကောင်းကောင်းမွန်မွန်လုပ်ပြ နိုင်တယ်။ ကိုယ့်ကိုယ်ကိုလည်း ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်။ နေရာလည်းကောင်းကောင်းရတယ် ဆိုရင် သူအောင်မြင်နေပြီပေါ့။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာဘဝက အဆင်မပြေမှုတွေ အရာအားလုံးက ကမောက်ကမဖြစ်နေတယ်ဆိုရင်တော့ အောင်မြင်မှုအပါအဝင် အရာခပ်သိမ်းဟာ တဖြည်းဖြည်းချင်း စိတ်ပျက်စရာတွေ ဖြစ်လာမှာ သေချာပါတယ်။

ထားပါတော့ ခေါင်းဆောင်တစ်ယောက်က အဖွဲ့အစည်းရဲ့ ထိပ်ဆုံးနေရာကို တာဝန်ယူဖို့ ရှိနေတယ်။ ဒါပေမယ့် သူရဲ့ ကိုယ်ရေးကိုယ်တာဘဝမှာ အိမ်ထောင်ကွဲတယ် သားသမီးတွေ စိတ်ထိခိုက်ရတယ်။ ဒီလိုမျိုးတွေဖြစ်တယ်ဆိုရင် အောင်မြင်မှုက ဘာအကျိုးအမြတ်ရှိပါ့မလဲ။ သူ့ရဲ့တန်ဖိုးကိုရော ခံစားနိုင်ပါ့မလား။

နှစ်ပေါင်းများစွာ ဖွင့်ဆိုခဲ့တဲ့အောင်မြင်မှုတွေရဲ့ အနက်အဓိပ္ပါယ်ပေါင်းများစွာထဲက တစ်ခုက… ကျွန်တော်တို့ အနီးဆုံးမှာ ရှိနေတယ့်လူတွေက ကျွန်တော့်ကို ချစ်မြတ်နိုးဆုံးနဲ့ အလေးစားဆုံးဖြစ်ခြင်းဟာ အောင်မြင်မှုပါပဲ။ ဒါက ဘယ်ဟာက အရေးကြီးဆုံးလဲဆိုတာကို ပြနေပါတယ်။

Recommended for you - Memory card ထပ်စိုက်သလိုမျိုး မှတ်ဉာဏ်ပိုကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ

ကျွန်တော်ဟာ ကျွန်တော်နဲ့ အတူ အလုပ်လုပ်နေတဲ့ သူတွေဆီက လေးစားမှုကို မရခင် ဇနီးနဲ့ ကလေးတွေဆီက ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုကို အရင်လိုချင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက လေးစားမှုကိုလည်း လိုချင်ပါတယ်။ ဒါပေမယ့် မိသားစုနဲ့တော့ မလဲနိုင်တဲ့ သဘောပြောတာပါ။

သင့်ရဲ့အောင်မြင်မှုကို မျှဝေခံစားနိုင်မယ့် ငြိမ်းချမ်းတဲ့မိသားစုဘဝလေး သင့်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကို အကောင်းဆုံးစီမံခန့်ခွဲနိုင်တယ်ဆိုရင် သင်ဟာ တန်ဖိုးရှိတဲ့ အောင်မြင်မှုတစ်ခုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ပိုင် အရည်အချင်းတွေကို မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ သင်တန်းတွေ ဘာသာရပ်တွေကို ကျွန်တော်တို့ sayar.com.mm တွင် ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်လို့ ရပါတယ်ခင်ဗျာ။


Source: democracy

Read times Last modified on Friday, 03 January 2020 10:14
Rate this articles
(1 Vote)