ခုရက္ပိုင္း လူငယ္ စြန္းဦးတီထြင္စီးပြားေရးပညာရွင္ တစ္ေယာက္ျဖစ္တဲ့ Ameer Rosic ရဲ႕ အေျပာေတြကို သေဘာေတြ႕မေနာေခြ႕ျဖစ္ေနတယ္။ သူရဲ႕ ဘဝေအာင္ျမင္ေရးအတြက္ အေရးႀကီးတဲ့ ေျခလွမ္းေတြ ဘယ္လိုလွမ္းရမယ္ဆိုတာ ကြၽန္ေတာ္ ဘာသာျပန္ထားတယ္။ ခံစားၾကည့္ရေအာင္ပါ။
“ခင္ဗ်ားတို႔ကို ဘဝ ေအာင္ျမင္ေရးနဲ႕စပ္လ်ဥ္းတဲ့ ေဖာ္ျမဴလာတစ္ခ်ိဳ႕ကို က်ဳပ္ေျပာျပခ်င္တယ္။ ဘဝမွာ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြ အေကာင္အထည္ေဖာ္ဖို႔ရာ ေငြရွိဖို႔လိုပါတယ္။ မင္းဘယ္လိုရွာမလဲ ဘယ္ေလာက္ ထိလိုခ်င္သလဲ? မင္း ဘဏ္အေကာင့္ထဲမွာ ဘယ္ေလာက္ထိ ဝင္ေနသလဲ မင္းစိတ္ကူး ၾကည့္စမ္း။ မင္းရဲ႕ အခ်ိန္ေတြ ခြန္အားနဲ႕ဦးေႏွာက္အရင္အႏွီးေတြအားလုံး ဒီလုပ္ငန္းအတြက္ ဘယ္ေလာက္ထိ ေပးဆပ္ခ်င္သလည္း ငါ့ကို ေျပာစမ္း။ မလိမ္ပါနဲ႕။
မင္းလည္း မင္းကိုယ့္ကိုယ္ကိုယ္ ေျပာဖူးပါလိမ့္မယ္။ ငါအရမ္းခ်မ္းသာခ်င္တယ္ ဒါမွ ငါ့မိသားစု အတြက္ ငါေက်းဇူးျပဳနိုင္မယ္။ ငါ့ပတ္ဝန္းက်င္အတြက္ ငါလုပ္ေပးနိုင္တာလုပ္ေပးလို႔ရမယ္။ စသည္ျဖင့္ေပါ့။ ေကာင္းပါၿပီ … ပထမ အဆင့္အေနနဲ႕ဘဝ ေအာင္ျမင္ဖို႔အတြက္အေရးအႀကီးဆုံးကေတာ့ ေနာက္ကလိုက္ဆိုၾကည့္…
Recommended for you - စကားလံုးေတြ သူ႔အလုပ္သူလုပ္ပါေစ
step (1) Wake the fuck up မင္းကိုယ္မင္း အရင္နိုးထလိုက္ပါ။
ဘယ္သူကမွ ေရာ့အင့္ ပိုက္ဆံ တစ္ဘီလ်ံ ေရာ့အင့္ လုပ္ငန္းႀကီးတစ္ခု၊ ေရာဒီမွာ ခ်မ္းသာဖို႔ ေဆးတစ္ခြက္ ဆိုၿပီးေတာ့ မင္းကို အဆင္သင့္ လာေပးမယ္ေတာ့ မေအာင့္ေမ့လိုက္နဲ႕။ ဘယ္သူကမွလည္း မင္းကိုယ္လုံး ေလးလွေအာင္ေရာ့အင့္၊ မင္းလူေတြနဲ႕ဆက္ဆံရင္ အဆင္ေျပေစဆိုၿပီး ေရာ့အင့္ဆိုၿပီး လာေပးမွာေတာ့ မဟုတ္ဘူး။ ဒါေတြအားလုံး မင္းလိုခ်င္ရင္ မင္းကိုယ္တိုင္ ဖန္တီးရလိမ့္မယ္။ မင္းအရင္ဆုံး ေျခလွမ္းေတြ လွမ္းရလိမ့္မယ္။ မင္အလုပ္တစ္ခုလုပ္ေနမယ္ မင္းမႀကိဳက္ဘူး မင္းထြက္လိုက္။
မင္းအလုပ္တစ္ခုလုပ္ေနမယ္ မင္းဘယ္လိုမွ ဆက္လုပ္ခ်င္စိတ္မရွိေတာ့ဘူး နားလိုက္ေတာ့။ တစ္ခ်ိဳ႕လူေတြ မင္းအေပၚ မေကာင္းၾကဘူး ဘာအားနာေနမလဲ လွစ္ေပါ့။ သြားခြင့္ေပးလိုက္ေတာ့။ မႀကိဳက္ဘူးမလား ထြက္သြားလိုက္ ထြက္ ထြက္ ထြက္ ထြက္… ဘယ္သူကမွ မင္းကို အတင္းကာေရာ ဆြဲမထားဘူးကြ။
တစ္ရက္တစ္ရက္ အဆင္မေျပတာေတြ ၿငီးတြားေနတာေတြ၊ ၿငီးျငဴေနတာေတြ စိတ္ပ်က္စရာ စကားလုံး ေတြေျပာေနတာေတြ အားလုံးရပ္ထားလိုက္ေတာ့။ မင္းကိုယ္တိုင္ကလြဲလို႔ဘယ္သူကမွ မင္းကို အမွန္ တကယ္ မေျပာင္းနိုင္ဘူးဆိုတာ နားလည္ထားလိုက္ေဟ့။
step (2) Invest in yourself မင္းကိုယ္တိုင္ ကိုယ့္ကိုယ္ကိုယ္ ရင္ႏွီးျမႇုပ္ႏွံပါ
အဟမ္း ငါေျပာခ်င္တာက မင္းဘာနဲ႕ဘြဲ႕ရရ ဘယ္ေက်ာင္းကပဲ ေအာင္ေအာင္ ငါလုံးဝ ဂ႐ုမစိုက္ဘူး။ အားလုံး ခုခ်ိန္ကစလို႔ေခါက္ထားလိုက္ေတာ့။ ငါလုပ္ေစခ်င္တာေတြက မင္းတစ္ေန႕ စာအုပ္တစ္အုပ္ၿပီး ေအာင္ဖတ္ Workshop ဆိုတဲ့ ပညာရွင္ေတြ ရွင္းျပတဲ့ ဦးေဆာင္တဲ့ ေဟာေျပာပြဲ သင္တန္းတိုေတြတက္ မင္းကို အေကာင္းဆုံးသင္ေပးမည့္ လမ္းၫႊန္သူ နည္းျပေကာင္းေကာင္းတစ္ေယာက္ရွာ စာအုပ္ထဲက အေၾကာင္းအရာေတြကို လက္ေတြ႕သင္ေပးမယ့္ ပညာရွင္ေတြဆီသြားေစခ်င္တာ။ ဒါေတြကို မင္းတကယ္ လုပ္ခ်င္ၿပီဆိုရင္ေတာ့ မင္းကို ဘယ္အရာကမွ တားဆီးနိုင္မွာ မဟုတ္ေတာ့ဘူး။
မင္းကိုယ့္ကိုယ္ ေမးခြန္းတစ္ခြန္းေမးၾကည့္ ေနာက္ဆုံးဘယ္တုန္းက အက်ိဳးရွိတဲ့ စာအုပ္တစ္အုပ္ လွန္လိုက္ သလဲလို ။ ဒီမွာ ေျပာမယ္။ ေလ့လာခ်က္ေတြအရ တကၠသိုလ္တစ္ခုခုက ေအာင္လာတဲ့ လူေတြရဲ႕ ၇၀% က စာအုပ္ေတြ မဖတ္ၾကေတာ့ဘူးတဲ့ဗ်ာ။ ဘယ္ေလာက္စိတ္ပ်က္ဖို႔ေကာင္းလိုက္သလဲ။ မင္းရဲ႕ စိတ္ဓာတ္ေတြ ျမႇင့္တင္လိုက္ မင္းရဲ႕ ယုံၾကည့္ခ်က္ေတြကို ျပဳျပင္လိုက္ မင္းရဲ႕ သံေခ်းတက္ေနတဲ့ ဦးေႏွာက္ကို ေဆးေၾကာလိုက္စမ္းပါ။ မင္းရဲ႕ ဒိတ္ေအာက္ေနတဲ ေရွးေဟာင္း အေတြးအေခၚေတြကို ေခါက္ထားလိုက္ ေတာ့ကြာ။ ငါကေတာ့ ငါကို အႀကံလာေတာင္းတဲ့ ကုမၸဏီေတြ လူငယ္အဖြဲ႕ေတြကို ေျပာေလ့ရွိတယ္။ မင္းတို႔တစ္ေတြ Workshop ေလးေတြလုပ္ၾကပါ။ အနည္းဆုံး တစ္လ တစ္ခါေတာ့လုပ္ပါေပါ့။ မင္းရဲ႕ ေခါင္းထဲကအသိေတြကို အဆင့္ျမႇင့္ဖို႔လိုတယ္။ ဘာမွ ဆင္ေျခဆင္လက္ေတြ လာေပးမေနနဲ႕ေတာ့ ဟုတ္ၿပီလား။ မင္းကိုယ္မင္းခု အေမရိကန္မွာသေဘာထား။ မနက္ဖန္ မင္းတ႐ုတ္ျပည္သူ႕သမၼတနိုင္ငံ ေရာက္ၿပီ။ တကယ္ေနာက္ေန႕အဂၤလန္ သဘက္ခါ ၾသဇီသြားတယ္ဆိုပါေတာ့ကြာ။ ဘာေတြ မင္းေတြ႕မလဲ တစ္နိုင္ငံနဲ႕တစ္နိုင္ငံၾကားမွာ မတူညီတဲ့ အေတြးအေခၚ၊ မတူညီတဲ့ စီးပြားေရးလုပ္ေဆာင္ခ်က္ေတြ အမ်ားႀကီးမွ အမ်ားႀကီး မင္းေလ့လာနိုင္တယ္ေလ။
မင္းကိုယ့္ေခါင္းထဲမွာ ကိုယ္တိုင္ရင္းႏွီးျမႇုပ္ႏွံထားတာေတြဟာ ဘယ္ေနရာမဆို မင္းယူသြားလို႔ ရၿပီေလ။ ကမာၻေက်ာ္သန္းႂကြယ္သူေဌးႀကီး ေဝါရန႔္ဘူဖတ္ ကသူ႕တစ္သက္နဲ႕တစ္ကိုယ္ သူ႕ဘဝမွာ အမွန္ဆုံးနဲ႕ အေကာင္းဆုံး ရင္ႏွီးျမႇုပ္ႏွံမႈဟာ ဘာလည္းဆိုတာ သူအင္တာဗ်ဴး တစ္ခုမွာေျပာခဲ့ဖူးတယ္။ သူဟာ ေဒၚလာ ၅၀၀တန္တဲ့ ေဒးလ္ကာနဂ်ီရဲ႕ သင္တန္းကိုတက္ၿပီး ရင္းႏွီးျမႇုပ္ႏွံလိုက္တာ ခုေတာ့ သူဟာဘီလ်ံနာျဖစ္ေနၿပီ။ ကဲ ဘယ္ေလာက္ ေလးစားအံ့ၾသဖို႔ေကာင္းလိုက္သလဲ။ မင္းကိုယ့္ကိုယ္ကိုယ္ ရင္းႏွီးျမႇုပ္ႏွံ ဖို႔မသတီဘူးလား မင္းေသာက္ရမ္းမေတာ္လာခ်င္ဘူးလား။
ေအး… မင္းတစ္ခုေတာ့ သိထားရမယ္။ မင္းစာအုပ္ေတြဖတ္ အရည္က်ိဳေသာက္ေန႐ုံနဲ႕ေတာ့ဘာမွ ျဖစ္လာမွာေတာ့မဟုတ္ဘူး။ မင္းဖတ္ရမယ္၊ သင္ၾကားရမယ္၊ လက္ေတြ႕ဘဝမွာ မင္းအသုံးခ်ရမယ္ကြ။ ဒီမယ္ မင္း အူတူတူ အတတေတာ့ လုပ္မေနနဲ႕ေတာ့။ မင္းလူတိုင္းထက္ ပိုေတာ္ရမယ္ ထက္ျမက္ေအာင္ လုပ္ရမယ္။
မင္းပတ္ဝန္းက်င္ ေလာက ကမာၻႀကီးထဲကို နည္းနည္းေလး ေလ့လာၾကည့္လိုက္။ ေခါင္းေဆာင္ႀကီးေတြ ဘီလ်ံနာႀကီးေတြ သူတို႔ဘာေတြထူးျခားေနလည္း။ အေျဖကရွင္းရွင္းေလး မင္းတို႔ငါတို႔ထက္သူတို ပိုၿပီး Smart ျဖစ္တယ္ ပိုႀကိဳးစားတယ္ေလ။ မင္းတို႔ငါတို႔မသိေသးတာေတြ သူတို႔အမ်ားႀကီးသိတယ္ကြ။ ဒါဟာဘာကိုျပသလည္းဆိုရင္ ငါတို႔ႀကိဳးစားရမယ္ အမ်ားႀကီးေလ့လာရမယ္။ ကိုယ့္ဖာသာကိုယ္ ရင္ႏွီးျမႇုပ္ႏွံတာေတြ လုပ္ၾကရလိမ့္မယ္။ ေန႕တိုင္းေန႕တိုင္း ေနာက္ေန႕ေတြ မရွိသကဲ့သို႔ အေကာင္းဆုံး မင္းႀကိဳးစားရမယ္ကြ။
Recommended for you - ေအာင္ျမင္သူနဲ႕ က်ရွဳံးသူၾကားက မတူညီတဲ့အျမင္
step (3) Friends မိတ္ေဆြ အေပါင္းအသင္းေတြ
မင္းခု ဘယ္လိုလူေတြနဲ႕မိတ္ေဆြလုပ္ထားလည္း မင္းရဲ႕ သူငယ္ခ်င္းေတြ ငါ့ကို ျပစမ္း မင္းရဲ႕ ျဖစ္လာမယ့္ အနာဂတ္ပုံရိပ္ကို ငါမင္းကိုေျပာျပလိုက္မယ္။ မင္းရဲ႕သူငယ္ခ်င္းဟာ ခ်ီးထုတ္ေတြ၊ အသုံးမက်တဲ့ေကာင္ ေတြ ၊ၿငီးတြားၿပီး ဆင္ေျခေတြ ေပးေနတဲ့ ေကာင္ေတြဆိုရင္မင္းေတာ့သြားၿပီမွတ္။ မင္းလည္း ခ်ီးထုတ္ေကာင္ ၿငီးတြားတဲ့ေကာင္ ၊ဆင္ေျခဆင္လက္ေတြ ေပးဖို႔ေလာက္ပဲသိတဲ့ေကာင္ ျဖစ္လာမွာပဲ။
မင္း မိတ္ေဆြေတြဟာ တစ္ႏွစ္ကို ကန္ေဒၚလာ ငါးေသာင္းထိ ရွာနိုင္ရင္ ဘာျဖစ္မယ္ထင္လည္း မင္းလည္း အဲ့ဒီေလာက္ ရွာနိုင္လာမွာပဲကြ။ ဒီေတာ့ ငါေျပာခ်င္တာက မင္းရဲ႕ အေပါင္းအသင္းဆိုတဲ့ အဝန္းအဝိုင္းကို မင္းအဆင့္ျမႇင့္တင္ရလိမ့္မယ္။ ဂြၽန္စတီဗင္နဲ႕ငါတို႔ေျပာခဲ့ဖူးတယ္။ မင္းအေပါင္းအသင္း မိတ္ေဆြေတြကို ABC အုပ္စုခြဲၿပီး ျမင္ၾကည့္လိုက္ပါ။ မင္းသိထားရမွာက မင္းအခ်ိန္ဟာ သိပ္တန္ဖိုးရွိတယ္ မင္းရဲ႕ စြမ္းအင္ ေတြဟာ တန္ဖိုးရွိတယ္။ ဒီေတာ့မင္းကို အေရမရ အဖတ္မရလာေျပာတဲ့ လူေတြနဲ႕မင္း အခ်ိန္ျဖဳန္းခ်င္ ေသးလား။ ဘယ္ဟုတ္ပါ့မလည္းကြာ။ မင္းဘဝကို ျမႇင့္တင္ေပးမယ့္ A အဆင့္ မိတ္ေဆြေတြနဲ႕ပဲ မင္းအခ်ိန္ ကုန္ခံေတာ့မွာေပါ့။
ဘာျဖစ္လို႔လည္းဆိုရင္ေတာ့ ငါဟာ အဲ့ဒီလူေတြရဲ႕ အရည္အခ်င္းေတြကို အတုယူခ်င္တယ္။ သူတို႔ရဲ႕လုပ္ပုံကိုင္ပုံေတြကို ငါေလ့လာခ်င္တယ္။ သူတို႔ေျပာတဲ့ ဗဟုသုတေတြကို ရွာေဖြဆည္းပူး ခ်င္တယ္ေလ။ သူတို႔ရဲ႕ အဆင့္အတန္းေရာက္ေအာင္ငါႀကိဳးစားခ်င္တယ္။ ဒီလိုပဲ ျဖစ္ရမွာေပါ့။
သိပၸံနည္းက်ေလ့လာမႈတစ္ခုအရဆိုရင္ မင္းရဲ႕သူငယ္ခ်င္းအေပါင္းအသင္းမိတ္ေဆြေတြကို ေပါင္းလိုက္ ဘယ္ေလာက္ထိ အရည္အေသြးရွိသလည္း ဆင္ျခင္လိုက္။ ေျပာခ်င္တာက မင္းရဲ႕ သူငယ္ခ်င္းေလာက္ပဲ မဟုတ္ဘူးေနာ္။ မင္းေဘးမွာ ဝန္းရံထားတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ မင္းရဲ႕ မိသားစုဝင္ေတြ အားလုံး အားလုံး မင္းဟာ ဘယ္လိုလူမ်ိဳးျဖစ္လာမလည္းဆိုတာကို သူတို႔ေတြဟာ သြယ္ဝိုက္ၿပီးကိုယ္စားျပဳေနၾကတာပဲေလ။ ဒါေၾကာင့္ မင္းကို ဖ်က္လိုဖ်က္ဆီးလုပ္မယ့္သူေတြကို မင္းဆီကေန ထြက္ခြာခြင့္ေပးလိုက္။ မိတ္ေဆြေကာင္း ေတြ မ်ားမ်ားရွာ။ ဟုတ္ၿပီလား။
မင္းကိုယ္မင္းဘယ္ အတိုင္းအတာအထိ သြားမလည္းေပၚမူတည္ၿပီး မင္းရဲ႕ Frequency ဆိုတဲ့ေပါက္ေရာက္ နိုင္မယ့္ လိုင္းထဲေရာက္ေအာင္ မင္းညွိယူရလိမ့္မယ္။ မင္းခပ္နိမ့္နိမ္ လိုင္းထဲမွာေနရင္ မင္းဟာ ခပ္ညံ့ညံ့ အတန္းအစားကေန တက္လာမွာကိုမဟုတ္ဘူးကြ။ မင္းကိုယ့္ကုိယ္ကို အျမင့္ဆုံးထိတြန္းတင္ရလိမ့္မယ္။
Recommended for you - ကုိယ္က အရွဳံးမေပးမခ်င္း မရွံုးပါဘူး
step (4) Hunger မင္းဟာ အၿမဲတမ္း တြန္းအားေတြျပည့္ေနရမယ္ အမွန္တကယ္ ဘဝတိုးတက္မႈကို အၿမဲဆာေလာင္ေနဖို႔လိုမယ္
တစ္ရက္ တစ္ရက္ မင္းဘဝတိုးတက္ဖို႔မင္းဘယ္ေလာက္ထိ ရင္ႏွီးမလဲ။ ဘာေတြ ေလ့လာမလဲ ဘာေတြ သင္ယူမလဲ။ ငါဆိုလိုခ်င္တာကေတာ့ မင္းကိုယ့္ကိုယ္ကို ဘယ္ေတာ့မွမလိမ္နဲ႕။ မင္းရဲ႕ တိုးတက္ျခင္းကို ဆာေလာင္မႈ အၿမဲရွိေနရမယ္။ မင္းကိုယ္မင္း စူပါမင္းလို႔စိတ္ထဲ ၫႊတ္ယူၾကည့္စမ္း မင္းစူပါမင္းလို အားေတြရွိလာမယ္။ မင္းကိုယ္မင္း လက္ေဝွ႕အေက်ာ္အေမာ္ မိုက္တိုင္ဆန္လို ျမင္ၾကည့္လိုက္စမ္း ဘယ္ၿပိဳင္ဖက္မ်ိဳးမဆို မင္းထိုးသတ္ဖို႔ဝန္မေလးေတာ့ဘူး။
ေနာက္ဆုံးအဆင့္ Step (5) Adaptable သို႔မဟုတ္ Antifragile (မင္းဘယ္ေလာက္ခံနိုင္ရည္ရွိမလည္းဆိုတာပဲ)
မင္းဘဝမွာ ဘယ္လိုစိန္ေခၚမႈမ်ိဳးကိုမွ မင္းတုန္လႈပ္မေနနဲ႕။ အသစ္အဆန္းတစ္ခုလုပ္မလား လုပ္လိုက္။ ပညာရပ္တစ္ခု လက္မႈအတတ္ျဖစ္ျဖစ္ သင္ဖို႔လိုအပ္မလား သင္လိုက္စမ္း။ မင္း ရဲ႕ လုပ္ငန္းႀကီးက်ယ္ ဖို႔ပိုက္ဆံလိုက္ေခ်းဖို႔လိုမလား မင္းလိုက္ေခ်းလိုက္။ မင္းလုပ္ငန္းတိုးတက္ဖို႔တစ္ၿမိဳ႕လုံးပတ္ၿပီး အလုပ္လုပ္ဖို႔ လိုအပ္မလား လုပ္လိုက္စမ္း။ ကမာၻ႔သမိုင္းထဲက ပုံျပင္ေတြ မင္းေတြ႕မယ္ အလက္ဇန္းဒါးဘုရင္တို႔ ဂ်ိမ္းမက္ကမ္းတို႔လို မင္းကမာၻႀကီးကို ကိုင္လႈပ္နိုင္မလား။ ဘယ္လုပ္နိုင္ပါ့မလည္းကြာ။ သူတို႔နဲ႕မင္းတို႔ငါတို႔ မတူညီတဲ့ အခ်က္ဟာ ခံနိုင္ရည္ ဘယ္ေလာက္ရွိသလဲဆိုတာမွာ ကြားျခားသြားတာပဲ။
အဲ့လိုလူမ်ိဳးေတြက စိန္ေခၚမႈတစ္ခုခုေၾကာင့္ ဘယ္ယိမ္းမလား ရတယ္ ညာယိမ္းမလားရတဲ့လူမ်ိဳးေတြႀကီးပဲ ဆိုတာသိထားလိုက္။ မင္းဟာ ေရ လိုက်င့္ရမယ္။ ေရဟာ ဘယ္လို ေနရာျဖစ္ျဖစ္ လိုအပ္သလို ပုံသြင္းလို႔ရတယ္။ ခံနိုင္ရည္ရွိေနတယ္ေလ။ မင္းခံနိုင္ရည္ရွိၿပီလား ဆိုတာ ကိုယ့္ကိုယ္ ျပန္ေမးၾကည့္လိုက္။ ေအး မရွိေသးဘူးဆိုရင္ေတာ့ မင္းခုထိ အိပ္ပုပ္ႀကီးေနေသးလို႔ပဲ။
ကဲ ငါေျပာခ်င္တာ ဒါပဲ။ မင္းဒါေတြကို ဘယ္လို ကိုင္တြယ္ မလဲဆိုတာမူတည္ၿပီး မင္းဘဝ ဘယ္ေလာက္ထိ ေျပာင္းလဲ သြားမယ္ တိုးတက္သြားမလဲဆိုတာ မင္းသိလာလိမ့္မယ္။
ဒီလိုမ်ိဳး ေအာင္ျမင္မွဳေတြ ပိုင္ဆိုင္နိုင္ဖို႔အတြက္ လိုအပ္တဲ့အရည္အခ်င္းေတြ ျဖည့္ဖို႔လိုပါတယ္။ ဆက္သြယ္ဖုိ႔ ဘာသာစကား၊ စီးပြါးေရးလုပ္ဖုိ႔ LCCI, Account, စတဲ့ ဘာသာရပ္ေတြ၊ နည္းပညာတိုးတက္ေနတဲ့ ေခတ္ၾကီးမွာ IT နဲ႕ပက္သက္တဲ့ သင္တန္းေတြ ဒါေတြလိုအပ္လာပါတယ္။ စံုလင္လွတဲ့ ဘာသာရပ္ေတြ သင္ၾကားဖို႔အတြက္ sayar.com.mm မွာ ရွိတဲ့ ဆရာေတြဆီ တိုက္ရိုက္ဆက္သြယ္ျပီး သင္႔ရဲ႕ အရည္အခ်င္းေတြကို ျမွင့္တင္ျပီး ေအာင္ျမင္မွဳကို ခုပဲ ဆြတ္ခူးလိုက္ပါ။
ဆရာ ဆရာမေတြလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။
Credit: jobs4U
[Unicode Version]
ခုရက်ပိုင်း လူငယ် စွန်းဦးတီထွင်စီးပွားရေးပညာရှင် တစ်ယောက်ဖြစ်တဲ့ Ameer Rosic ရဲ့ အပြောတွေကို သဘောတွေ့မနောခွေ့ဖြစ်နေတယ်။ သူရဲ့ ဘဝအောင်မြင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဘယ်လိုလှမ်းရမယ်ဆိုတာ ကျွန်တော် ဘာသာပြန်ထားတယ်။ ခံစားကြည့်ရအောင်ပါ။
“ခင်ဗျားတို့ကို ဘဝ အောင်မြင်ရေးနဲ့စပ်လျဉ်းတဲ့ ဖော်မြူလာတစ်ချို့ကို ကျုပ်ပြောပြချင်တယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ အကောင်အထည်ဖော်ဖို့ရာ ငွေရှိဖို့လိုပါတယ်။ မင်းဘယ်လိုရှာမလဲ ဘယ်လောက် ထိလိုချင်သလဲ? မင်း ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ထိ ဝင်နေသလဲ မင်းစိတ်ကူး ကြည့်စမ်း။ မင်းရဲ့ အချိန်တွေ ခွန်အားနဲ့ဦးနှောက်အရင်အနှီးတွေအားလုံး ဒီလုပ်ငန်းအတွက် ဘယ်လောက်ထိ ပေးဆပ်ချင်သလည်း ငါ့ကို ပြောစမ်း။ မလိမ်ပါနဲ့။
မင်းလည်း မင်းကိုယ့်ကိုယ်ကိုယ် ပြောဖူးပါလိမ့်မယ်။ ငါအရမ်းချမ်းသာချင်တယ် ဒါမှ ငါ့မိသားစု အတွက် ငါကျေးဇူးပြုနိုင်မယ်။ ငါ့ပတ်ဝန်းကျင်အတွက် ငါလုပ်ပေးနိုင်တာလုပ်ပေးလို့ရမယ်။ စသည်ဖြင့်ပေါ့။ ကောင်းပါပြီ … ပထမ အဆင့်အနေနဲ့ဘဝ အောင်မြင်ဖို့အတွက်အရေးအကြီးဆုံးကတော့ နောက်ကလိုက်ဆိုကြည့်…
Recommended for you - စကားလုံးတွေ သူ့အလုပ်သူလုပ်ပါစေ
step (1) Wake the fuck up မင်းကိုယ်မင်း အရင်နိုးထလိုက်ပါ။
ဘယ်သူကမှ ရော့အင့် ပိုက်ဆံ တစ်ဘီလျံ ရော့အင့် လုပ်ငန်းကြီးတစ်ခု၊ ရောဒီမှာ ချမ်းသာဖို့ ဆေးတစ်ခွက် ဆိုပြီးတော့ မင်းကို အဆင်သင့် လာပေးမယ်တော့ မအောင့်မေ့လိုက်နဲ့။ ဘယ်သူကမှလည်း မင်းကိုယ်လုံး လေးလှအောင်ရော့အင့်၊ မင်းလူတွေနဲ့ဆက်ဆံရင် အဆင်ပြေစေဆိုပြီး ရော့အင့်ဆိုပြီး လာပေးမှာတော့ မဟုတ်ဘူး။ ဒါတွေအားလုံး မင်းလိုချင်ရင် မင်းကိုယ်တိုင် ဖန်တီးရလိမ့်မယ်။ မင်းအရင်ဆုံး ခြေလှမ်းတွေ လှမ်းရလိမ့်မယ်။ မင်အလုပ်တစ်ခုလုပ်နေမယ် မင်းမကြိုက်ဘူး မင်းထွက်လိုက်။
မင်းအလုပ်တစ်ခုလုပ်နေမယ် မင်းဘယ်လိုမှ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး နားလိုက်တော့။ တစ်ချို့လူတွေ မင်းအပေါ် မကောင်းကြဘူး ဘာအားနာနေမလဲ လှစ်ပေါ့။ သွားခွင့်ပေးလိုက်တော့။ မကြိုက်ဘူးမလား ထွက်သွားလိုက် ထွက် ထွက် ထွက် ထွက်… ဘယ်သူကမှ မင်းကို အတင်းကာရော ဆွဲမထားဘူးကွ။
တစ်ရက်တစ်ရက် အဆင်မပြေတာတွေ ငြီးတွားနေတာတွေ၊ ငြီးငြူနေတာတွေ စိတ်ပျက်စရာ စကားလုံး တွေပြောနေတာတွေ အားလုံးရပ်ထားလိုက်တော့။ မင်းကိုယ်တိုင်ကလွဲလို့ဘယ်သူကမှ မင်းကို အမှန် တကယ် မပြောင်းနိုင်ဘူးဆိုတာ နားလည်ထားလိုက်ဟေ့။
step (2) Invest in yourself မင်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ရင်နှီးမြှုပ်နှံပါ
အဟမ်း ငါပြောချင်တာက မင်းဘာနဲ့ဘွဲ့ရရ ဘယ်ကျောင်းကပဲ အောင်အောင် ငါလုံးဝ ဂရုမစိုက်ဘူး။ အားလုံး ခုချိန်ကစလို့ခေါက်ထားလိုက်တော့။ ငါလုပ်စေချင်တာတွေက မင်းတစ်နေ့ စာအုပ်တစ်အုပ်ပြီး အောင်ဖတ် Workshop ဆိုတဲ့ ပညာရှင်တွေ ရှင်းပြတဲ့ ဦးဆောင်တဲ့ ဟောပြောပွဲ သင်တန်းတိုတွေတက် မင်းကို အကောင်းဆုံးသင်ပေးမည့် လမ်းညွှန်သူ နည်းပြကောင်းကောင်းတစ်ယောက်ရှာ စာအုပ်ထဲက အကြောင်းအရာတွေကို လက်တွေ့သင်ပေးမယ့် ပညာရှင်တွေဆီသွားစေချင်တာ။ ဒါတွေကို မင်းတကယ် လုပ်ချင်ပြီဆိုရင်တော့ မင်းကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်တော့ဘူး။
မင်းကိုယ့်ကိုယ် မေးခွန်းတစ်ခွန်းမေးကြည့် နောက်ဆုံးဘယ်တုန်းက အကျိုးရှိတဲ့ စာအုပ်တစ်အုပ် လှန်လိုက် သလဲလို ။ ဒီမှာ ပြောမယ်။ လေ့လာချက်တွေအရ တက္ကသိုလ်တစ်ခုခုက အောင်လာတဲ့ လူတွေရဲ့ ရ၀% က စာအုပ်တွေ မဖတ်ကြတော့ဘူးတဲ့ဗျာ။ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလိုက်သလဲ။ မင်းရဲ့ စိတ်ဓာတ်တွေ မြှင့်တင်လိုက် မင်းရဲ့ ယုံကြည့်ချက်တွေကို ပြုပြင်လိုက် မင်းရဲ့ သံချေးတက်နေတဲ့ ဦးနှောက်ကို ဆေးကြောလိုက်စမ်းပါ။ မင်းရဲ့ ဒိတ်အောက်နေတဲ ရှေးဟောင်း အတွေးအခေါ်တွေကို ခေါက်ထားလိုက် တော့ကွာ။ ငါကတော့ ငါကို အကြံလာတောင်းတဲ့ ကုမ္ပဏီတွေ လူငယ်အဖွဲ့တွေကို ပြောလေ့ရှိတယ်။ မင်းတို့တစ်တွေ Workshop လေးတွေလုပ်ကြပါ။ အနည်းဆုံး တစ်လ တစ်ခါတော့လုပ်ပါပေါ့။ မင်းရဲ့ ခေါင်းထဲကအသိတွေကို အဆင့်မြှင့်ဖို့လိုတယ်။ ဘာမှ ဆင်ခြေဆင်လက်တွေ လာပေးမနေနဲ့တော့ ဟုတ်ပြီလား။ မင်းကိုယ်မင်းခု အမေရိကန်မှာသဘောထား။ မနက်ဖန် မင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ ရောက်ပြီ။ တကယ်နောက်နေ့အင်္ဂလန် သဘက်ခါ သြဇီသွားတယ်ဆိုပါတော့ကွာ။ ဘာတွေ မင်းတွေ့မလဲ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ အများကြီးမှ အများကြီး မင်းလေ့လာနိုင်တယ်လေ။
မင်းကိုယ့်ခေါင်းထဲမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားတာတွေဟာ ဘယ်နေရာမဆို မင်းယူသွားလို့ ရပြီလေ။ ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဝေါရန့်ဘူဖတ် ကသူ့တစ်သက်နဲ့တစ်ကိုယ် သူ့ဘဝမှာ အမှန်ဆုံးနဲ့ အကောင်းဆုံး ရင်နှီးမြှုပ်နှံမှုဟာ ဘာလည်းဆိုတာ သူအင်တာဗျူး တစ်ခုမှာပြောခဲ့ဖူးတယ်။ သူဟာ ဒေါ်လာ ၅၀၀တန်တဲ့ ဒေးလ်ကာနဂျီရဲ့ သင်တန်းကိုတက်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာ ခုတော့ သူဟာဘီလျံနာဖြစ်နေပြီ။ ကဲ ဘယ်လောက် လေးစားအံ့သြဖို့ကောင်းလိုက်သလဲ။ မင်းကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံ ဖို့မသတီဘူးလား မင်းသောက်ရမ်းမတော်လာချင်ဘူးလား။
အေး… မင်းတစ်ခုတော့ သိထားရမယ်။ မင်းစာအုပ်တွေဖတ် အရည်ကျိုသောက်နေရုံနဲ့တော့ဘာမှ ဖြစ်လာမှာတော့မဟုတ်ဘူး။ မင်းဖတ်ရမယ်၊ သင်ကြားရမယ်၊ လက်တွေ့ဘဝမှာ မင်းအသုံးချရမယ်ကွ။ ဒီမယ် မင်း အူတူတူ အတတတော့ လုပ်မနေနဲ့တော့။ မင်းလူတိုင်းထက် ပိုတော်ရမယ် ထက်မြက်အောင် လုပ်ရမယ်။
မင်းပတ်ဝန်းကျင် လောက ကမ္ဘာကြီးထဲကို နည်းနည်းလေး လေ့လာကြည့်လိုက်။ ခေါင်းဆောင်ကြီးတွေ ဘီလျံနာကြီးတွေ သူတို့ဘာတွေထူးခြားနေလည်း။ အဖြေကရှင်းရှင်းလေး မင်းတို့ငါတို့ထက်သူတို ပိုပြီး Smart ဖြစ်တယ် ပိုကြိုးစားတယ်လေ။ မင်းတို့ငါတို့မသိသေးတာတွေ သူတို့အများကြီးသိတယ်ကွ။ ဒါဟာဘာကိုပြသလည်းဆိုရင် ငါတို့ကြိုးစားရမယ် အများကြီးလေ့လာရမယ်။ ကိုယ့်ဖာသာကိုယ် ရင်နှီးမြှုပ်နှံတာတွေ လုပ်ကြရလိမ့်မယ်။ နေ့တိုင်းနေ့တိုင်း နောက်နေ့တွေ မရှိသကဲ့သို့ အကောင်းဆုံး မင်းကြိုးစားရမယ်ကွ။
Recommended for you - အောင်မြင်သူနဲ့ ကျရှုံးသူကြားက မတူညီတဲ့အမြင်
step (3) Friends မိတ်ဆွေ အပေါင်းအသင်းတွေ
မင်းခု ဘယ်လိုလူတွေနဲ့မိတ်ဆွေလုပ်ထားလည်း မင်းရဲ့ သူငယ်ချင်းတွေ ငါ့ကို ပြစမ်း မင်းရဲ့ ဖြစ်လာမယ့် အနာဂတ်ပုံရိပ်ကို ငါမင်းကိုပြောပြလိုက်မယ်။ မင်းရဲ့သူငယ်ချင်းဟာ ချီးထုတ်တွေ၊ အသုံးမကျတဲ့ကောင် တွေ ၊ငြီးတွားပြီး ဆင်ခြေတွေ ပေးနေတဲ့ ကောင်တွေဆိုရင်မင်းတော့သွားပြီမှတ်။ မင်းလည်း ချီးထုတ်ကောင် ငြီးတွားတဲ့ကောင် ၊ဆင်ခြေဆင်လက်တွေ ပေးဖို့လောက်ပဲသိတဲ့ကောင် ဖြစ်လာမှာပဲ။
မင်း မိတ်ဆွေတွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ငါးသောင်းထိ ရှာနိုင်ရင် ဘာဖြစ်မယ်ထင်လည်း မင်းလည်း အဲ့ဒီလောက် ရှာနိုင်လာမှာပဲကွ။ ဒီတော့ ငါပြောချင်တာက မင်းရဲ့ အပေါင်းအသင်းဆိုတဲ့ အဝန်းအဝိုင်းကို မင်းအဆင့်မြှင့်တင်ရလိမ့်မယ်။ ဂျွန်စတီဗင်နဲ့ငါတို့ပြောခဲ့ဖူးတယ်။ မင်းအပေါင်းအသင်း မိတ်ဆွေတွေကို ABC အုပ်စုခွဲပြီး မြင်ကြည့်လိုက်ပါ။ မင်းသိထားရမှာက မင်းအချိန်ဟာ သိပ်တန်ဖိုးရှိတယ် မင်းရဲ့ စွမ်းအင် တွေဟာ တန်ဖိုးရှိတယ်။ ဒီတော့မင်းကို အရေမရ အဖတ်မရလာပြောတဲ့ လူတွေနဲ့မင်း အချိန်ဖြုန်းချင် သေးလား။ ဘယ်ဟုတ်ပါ့မလည်းကွာ။ မင်းဘဝကို မြှင့်တင်ပေးမယ့် A အဆင့် မိတ်ဆွေတွေနဲ့ပဲ မင်းအချိန် ကုန်ခံတော့မှာပေါ့။
ဘာဖြစ်လို့လည်းဆိုရင်တော့ ငါဟာ အဲ့ဒီလူတွေရဲ့ အရည်အချင်းတွေကို အတုယူချင်တယ်။ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေကို ငါလေ့လာချင်တယ်။ သူတို့ပြောတဲ့ ဗဟုသုတတွေကို ရှာဖွေဆည်းပူး ချင်တယ်လေ။ သူတို့ရဲ့ အဆင့်အတန်းရောက်အောင်ငါကြိုးစားချင်တယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။
သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရဆိုရင် မင်းရဲ့သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကို ပေါင်းလိုက် ဘယ်လောက်ထိ အရည်အသွေးရှိသလည်း ဆင်ခြင်လိုက်။ ပြောချင်တာက မင်းရဲ့ သူငယ်ချင်းလောက်ပဲ မဟုတ်ဘူးနော်။ မင်းဘေးမှာ ဝန်းရံထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ မင်းရဲ့ မိသားစုဝင်တွေ အားလုံး အားလုံး မင်းဟာ ဘယ်လိုလူမျိုးဖြစ်လာမလည်းဆိုတာကို သူတို့တွေဟာ သွယ်ဝိုက်ပြီးကိုယ်စားပြုနေကြတာပဲလေ။ ဒါကြောင့် မင်းကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေကို မင်းဆီကနေ ထွက်ခွာခွင့်ပေးလိုက်။ မိတ်ဆွေကောင်း တွေ များများရှာ။ ဟုတ်ပြီလား။
မင်းကိုယ်မင်းဘယ် အတိုင်းအတာအထိ သွားမလည်းပေါ်မူတည်ပြီး မင်းရဲ့ Frequency ဆိုတဲ့ပေါက်ရောက် နိုင်မယ့် လိုင်းထဲရောက်အောင် မင်းညှိယူရလိမ့်မယ်။ မင်းခပ်နိမ့်နိမ် လိုင်းထဲမှာနေရင် မင်းဟာ ခပ်ညံ့ညံ့ အတန်းအစားကနေ တက်လာမှာကိုမဟုတ်ဘူးကွ။ မင်းကိုယ့်ကိုယ်ကို အမြင့်ဆုံးထိတွန်းတင်ရလိမ့်မယ်။
Recommended for you - ကိုယ်က အရှုံးမပေးမချင်း မရှုံးပါဘူး
step (4) Hunger မင်းဟာ အမြဲတမ်း တွန်းအားတွေပြည့်နေရမယ် အမှန်တကယ် ဘဝတိုးတက်မှုကို အမြဲဆာလောင်နေဖို့လိုမယ်
တစ်ရက် တစ်ရက် မင်းဘဝတိုးတက်ဖို့မင်းဘယ်လောက်ထိ ရင်နှီးမလဲ။ ဘာတွေ လေ့လာမလဲ ဘာတွေ သင်ယူမလဲ။ ငါဆိုလိုချင်တာကတော့ မင်းကိုယ့်ကိုယ်ကို ဘယ်တော့မှမလိမ်နဲ့။ မင်းရဲ့ တိုးတက်ခြင်းကို ဆာလောင်မှု အမြဲရှိနေရမယ်။ မင်းကိုယ်မင်း စူပါမင်းလို့စိတ်ထဲ ညွှတ်ယူကြည့်စမ်း မင်းစူပါမင်းလို အားတွေရှိလာမယ်။ မင်းကိုယ်မင်း လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်လို မြင်ကြည့်လိုက်စမ်း ဘယ်ပြိုင်ဖက်မျိုးမဆို မင်းထိုးသတ်ဖို့ဝန်မလေးတော့ဘူး။
နောက်ဆုံးအဆင့် Step (5) Adaptable သို့မဟုတ် Antifragile (မင်းဘယ်လောက်ခံနိုင်ရည်ရှိမလည်းဆိုတာပဲ)
မင်းဘဝမှာ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမှ မင်းတုန်လှုပ်မနေနဲ့။ အသစ်အဆန်းတစ်ခုလုပ်မလား လုပ်လိုက်။ ပညာရပ်တစ်ခု လက်မှုအတတ်ဖြစ်ဖြစ် သင်ဖို့လိုအပ်မလား သင်လိုက်စမ်း။ မင်း ရဲ့ လုပ်ငန်းကြီးကျယ် ဖို့ပိုက်ဆံလိုက်ချေးဖို့လိုမလား မင်းလိုက်ချေးလိုက်။ မင်းလုပ်ငန်းတိုးတက်ဖို့တစ်မြို့လုံးပတ်ပြီး အလုပ်လုပ်ဖို့ လိုအပ်မလား လုပ်လိုက်စမ်း။ ကမ္ဘာ့သမိုင်းထဲက ပုံပြင်တွေ မင်းတွေ့မယ် အလက်ဇန်းဒါးဘုရင်တို့ ဂျိမ်းမက်ကမ်းတို့လို မင်းကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မလား။ ဘယ်လုပ်နိုင်ပါ့မလည်းကွာ။ သူတို့နဲ့မင်းတို့ငါတို့ မတူညီတဲ့ အချက်ဟာ ခံနိုင်ရည် ဘယ်လောက်ရှိသလဲဆိုတာမှာ ကွားခြားသွားတာပဲ။
အဲ့လိုလူမျိုးတွေက စိန်ခေါ်မှုတစ်ခုခုကြောင့် ဘယ်ယိမ်းမလား ရတယ် ညာယိမ်းမလားရတဲ့လူမျိုးတွေကြီးပဲ ဆိုတာသိထားလိုက်။ မင်းဟာ ရေ လိုကျင့်ရမယ်။ ရေဟာ ဘယ်လို နေရာဖြစ်ဖြစ် လိုအပ်သလို ပုံသွင်းလို့ရတယ်။ ခံနိုင်ရည်ရှိနေတယ်လေ။ မင်းခံနိုင်ရည်ရှိပြီလား ဆိုတာ ကိုယ့်ကိုယ် ပြန်မေးကြည့်လိုက်။ အေး မရှိသေးဘူးဆိုရင်တော့ မင်းခုထိ အိပ်ပုပ်ကြီးနေသေးလို့ပဲ။
ကဲ ငါပြောချင်တာ ဒါပဲ။ မင်းဒါတွေကို ဘယ်လို ကိုင်တွယ် မလဲဆိုတာမူတည်ပြီး မင်းဘဝ ဘယ်လောက်ထိ ပြောင်းလဲ သွားမယ် တိုးတက်သွားမလဲဆိုတာ မင်းသိလာလိမ့်မယ်။
ဒီလိုမျိုး အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေ ဖြည့်ဖို့လိုပါတယ်။ ဆက်သွယ်ဖို့ ဘာသာစကား၊ စီးပွါးရေးလုပ်ဖို့ LCCI, Account, စတဲ့ ဘာသာရပ်တွေ၊ နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ IT နဲ့ပက်သက်တဲ့ သင်တန်းတွေ ဒါတွေလိုအပ်လာပါတယ်။ စုံလင်လှတဲ့ ဘာသာရပ်တွေ သင်ကြားဖို့အတွက် sayar.com.mm မှာ ရှိတဲ့ ဆရာတွေဆီ တိုက်ရိုက်ဆက်သွယ်ပြီး သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ပြီး အောင်မြင်မှုကို ခုပဲ ဆွတ်ခူးလိုက်ပါ။
ဆရာ ဆရာမတွေလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Credit: jobs4U