×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 26 December 2017

လုပ္သင့္မွန္းသိေပမယ့္ ဘာလို႔မလုပ္ျဖစ္တာလဲ

လုပ္သင့္မွန္းသိေပမယ့္ ဘာလို႔မလုပ္ျဖစ္တာလဲ google.com

စိတ္ထဲကလုပ္သင့္တယ္ လုပ္ကိုလုပ္ရမယ္လို႔သိေနေပမယ့္ လက္ေတြ႔မွာ မလုပ္ျဖစ္တာမ်ိဳး အားလံုးၾကံဳဖူး ၾကမယ္ထင္ပါတယ္။ ထားပါေတာ့ စာေမးပြဲေျဖဖို႔အတြက္ စာေတြစက်က္ဖို႔လည္း ျဖစ္ခ်င္ျဖစ္မယ္၊ ေလ့က်င့္ခန္းလုပ္ဖို႔အတြက္လည္း ျဖစ္ခ်င္ျဖစ္မယ္ ဘယ္လိုကိစၥပဲျဖစ္ျဖစ္ေပါ့။ စိတ္ထဲက လုပ္သင့္မွန္း သိေပမယ့္ အမွန္တကယ္ မလုပ္ျဖစ္ဘူး။ ဘာေၾကာင့္လဲ….

ကြ်န္ေတာ္တို႔ဟာ ဆင္ေျခေပါင္းမ်ားစြာနဲ႕ တစ္ေနရာတည္းမွာ ထိုင္ေနၾကလို႔ပါ။ ကြ်န္ေတာ္တို႔က ေျပာင္းလဲမွဳကို လိုခ်င္ေပမယ့္ ကိုယ္တိုင္မေျပာင္းလဲနိုင္လို႔ပါ။ ေျပာငး္လဲလို္က္ရင္ အဆင္ေျပပ့ါမလား ငါဒီေနရာေလးမွာ အကုန္အဆင္မေျပရင္ေတာင္ ငါရပ္တည္လို႔ရေနေသးတာပဲ။ ေနရာအသစ္ကို ေရႊ႕သြားရင္ အဆင္မွေျပပါ့မလား မလိုလားအပ္တဲ့ စိုးရိမ္စိတ္ ပူပန္စိတ္ေတြကို ဆံုးျဖတ္နိုင္တဲ့ ေခါင္းထဲမွာေရာ ခံစားနိုင္တဲ့နွလံုးသားထဲမွာပါ အျပည့္ထည့္ထားတဲ့အခါ တကယ္လိုအပ္တဲ့အရာေတြကို မစဥ္းစားမေတြးေခၚနိုင္ေတာ့ပါဘူး။

Recommended for you - အေတြ႕အၾကံဳမွ ရရွိခဲ့တဲ့ စကားလံုးမ်ား

ဟုတ္ပါတယ္ ကြ်န္ေတာ္တို႔ ထိုင္ေနၾကပါတယ္။ တကယ္လုပ္သင့္တဲ့အရာတစ္ခုကို အေကာင္အထည္ေပၚ လာတဲ့အထိ မစြမး္ေဆာင္နိုင္တာက ထိုင္ေတြးေနတဲ့ ေနရာမွာတင္ လမ္းဆံုးသြားလို႔ပါ။ သင္မျဖစ္မေန ေလွ်ာက္ရမယ့္ လမ္းျဖစ္ေနတယ္ဆိုရင္ လမ္းဆံုးေအာင္ေလွ်ာက္ဖုိ႔အတြက္ ကုိယ့္ကိုယ္ကိုေမးခြန္းေတြ ေမးဖို႔လိုအပ္ပါတယ္။ ဘာေၾကာင့္ ဒါကိုလုပ္ရတာလဲ ဘာအတြက္လဲ  ဘာကိုလုိခ်င္လို႔ လုပ္ေနတာလဲ အက်ိဳးအျမတ္က ဘာလဲ၊ ဒီေမးခြန္းေတြက အေရးၾကီးပါတယ္။ သင့္မွာ တစ္ခုခုကို ဘာေၾကာင့္လုပ္ေန ရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ခိုင္လံုျပီဆိုရင္ အဲဒီအရာကို အေကာင္အထည္ေဖာ္ျဖစ္ဖို႔ ေသခ်ာပါတယ္။

ေနာက္တစ္ခုက ကြ်န္ေတာ္တုိ႔ ဆင္ေျခေတြေပးတတ္တာပါပဲ။ မအားလို႔ ၊ အခ်ိန္မရွိလို႔၊ တျခားဟာေတြ လုပ္စရာရွိေသးလို႔၊ သူငယ္ခ်င္းကလာေခၚလို႔ အားနာလို႕လိုက္သြားျဖစ္တယ္ ဒါေတြက အမ်ားဆံုးေပး ျဖစ္တဲ့ဆင္ေျခေတြပါ။ ကိုယ္႔ရဲ႕အခ်ိန္ေတြကို ကိုယ္ပဲပိုင္တာပါ။ သူမ်ားက လာေခၚတာနဲ႕ အားနာတယ္ ဆိုတဲ့ ဆင္ေျခနဲ႕ ကိုယ့္အခ်ိန္ေတြကို ဖဲ့မေပးလိုက္ပါနဲ႕။

ကြ်န္ေတာ္ကိုယ္တိုင္လညး္ ခုခ်ိန္ထိဆင္ေျခ ေပးမိေနတုန္းပါ။ ဒါေပမယ့္ ကြ်န္ေတာ္ဆင္ေျခေပးေနမွန္း သတိထားမိတဲ့အခ်ိန္ကေနစျပီး ကြ်န္ေတာ္ဆင္ျခင္လာနိုင္ပါျပီ။ အဓိကက ကိုယ္ဆင္ေျခေပးေနမိသလား ဆိုတာကို ဆန္းစစ္နိုင္စြမး္ရွိရမွာပါ။

Recommended for you - တစ္ကိုယ္ေတာ္ခရီးထြက္ျခင္းျဖင့္ သင့္ဘဝကိုေျပာင္းလဲသြားေစနိုင္တဲ့အခ်က္မ်ား

ဆင္ေျခေတြေပးေနတယ္ဆိုတာကလည္း လုပ္သင့္တဲ့အရာေတြေပၚမွာ အာရံုစူးစိုက္မွဳ မရွိလုိ႔ပါ။ ေလာကၾကီးမွာ အရာရာတိုင္းက တစ္ခ်ိန္တည္းမွာ ျဖစ္လိုက္ပ်က္လိုက္ ျဖစ္လိုက္ပ်က္လိုက္နဲ႕ အရမ္းကို ျမန္ဆန္လြန္း ပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြၾကားထဲမွာ တခါတေလ ကုိယ္တကယ္လုပ္သင့္တဲ့အရာက ေဝဝါးသြားတတ္ပါတယ္။ ဒါေၾကာင့္ ထိုင္ျပီး ဆင္ေျခေတြေပးေနမယ့္အစား တကယ္လုပ္ရမယ့္အရာမွာ အာရံုစူးစိုက္ပါ။ ရလဒ္ကို သင္ခံစားရမွာပါ။

Scorpion(sayar.com.mm)

[Unicode Version]

စိတ်ထဲကလုပ်သင့်တယ် လုပ်ကိုလုပ်ရမယ်လို့သိနေပေမယ့် လက်တွေ့မှာ မလုပ်ဖြစ်တာမျိုး အားလုံးကြုံဖူး ကြမယ်ထင်ပါတယ်။ ထားပါတော့ စာမေးပွဲဖြေဖို့အတွက် စာတွေစကျက်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်၊ လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း ဖြစ်ချင်ဖြစ်မယ် ဘယ်လိုကိစ္စပဲဖြစ်ဖြစ်ပေါ့။ စိတ်ထဲက လုပ်သင့်မှန်း သိပေမယ့် အမှန်တကယ် မလုပ်ဖြစ်ဘူး။ ဘာကြောင့်လဲ….
ကျွန်တော်တို့ဟာ ဆင်ခြေပေါင်းများစွာနဲ့ တစ်နေရာတည်းမှာ ထိုင်နေကြလို့ပါ။ ကျွန်တော်တို့က ပြောင်းလဲမှုကို လိုချင်ပေမယ့် ကိုယ်တိုင်မပြောင်းလဲနိုင်လို့ပါ။ ပြောငး်လဲလို်က်ရင် အဆင်ပြေပ့ါမလား ငါဒီနေရာလေးမှာ အကုန်အဆင်မပြေရင်တောင် ငါရပ်တည်လို့ရနေသေးတာပဲ။ နေရာအသစ်ကို ရွှေ့သွားရင် အဆင်မှပြေပါ့မလား မလိုလားအပ်တဲ့ စိုးရိမ်စိတ် ပူပန်စိတ်တွေကို ဆုံးဖြတ်နိုင်တဲ့ ခေါင်းထဲမှာရော ခံစားနိုင်တဲ့နှလုံးသားထဲမှာပါ အပြည့်ထည့်ထားတဲ့အခါ တကယ်လိုအပ်တဲ့အရာတွေကို မစဉ်းစားမတွေးခေါ်နိုင်တော့ပါဘူး။

Recommended for you - အတွေ့အကြုံမှ ရရှိခဲ့တဲ့ စကားလုံးများ
ဟုတ်ပါတယ် ကျွန်တော်တို့ ထိုင်နေကြပါတယ်။ တကယ်လုပ်သင့်တဲ့အရာတစ်ခုကို အကောင်အထည်ပေါ် လာတဲ့အထိ မစွမး်ဆောင်နိုင်တာက ထိုင်တွေးနေတဲ့ နေရာမှာတင် လမ်းဆုံးသွားလို့ပါ။ သင်မဖြစ်မနေ လျှောက်ရမယ့် လမ်းဖြစ်နေတယ်ဆိုရင် လမ်းဆုံးအောင်လျှောက်ဖို့အတွက် ကိုယ့်ကိုယ်ကိုမေးခွန်းတွေ မေးဖို့လိုအပ်ပါတယ်။ ဘာကြောင့် ဒါကိုလုပ်ရတာလဲ ဘာအတွက်လဲ ဘာကိုလိုချင်လို့ လုပ်နေတာလဲ အကျိုးအမြတ်က ဘာလဲ၊ ဒီမေးခွန်းတွေက အရေးကြီးပါတယ်။ သင့်မှာ တစ်ခုခုကို ဘာကြောင့်လုပ်နေ ရတယ်ဆိုတဲ့ အကြောင်းပြချက်ခိုင်လုံပြီဆိုရင် အဲဒီအရာကို အကောင်အထည်ဖော်ဖြစ်ဖို့ သေချာပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ ဆင်ခြေတွေပေးတတ်တာပါပဲ။ မအားလို့ ၊ အချိန်မရှိလို့၊ တခြားဟာတွေ လုပ်စရာရှိသေးလို့၊ သူငယ်ချင်းကလာခေါ်လို့ အားနာလို့လိုက်သွားဖြစ်တယ် ဒါတွေက အများဆုံးပေး ဖြစ်တဲ့ဆင်ခြေတွေပါ။ ကိုယ့်ရဲ့အချိန်တွေကို ကိုယ်ပဲပိုင်တာပါ။ သူများက လာခေါ်တာနဲ့ အားနာတယ် ဆိုတဲ့ ဆင်ခြေနဲ့ ကိုယ့်အချိန်တွေကို ဖဲ့မပေးလိုက်ပါနဲ့။
ကျွန်တော်ကိုယ်တိုင်လညး် ခုချိန်ထိဆင်ခြေ ပေးမိနေတုန်းပါ။ ဒါပေမယ့် ကျွန်တော်ဆင်ခြေပေးနေမှန်း သတိထားမိတဲ့အချိန်ကနေစပြီး ကျွန်တော်ဆင်ခြင်လာနိုင်ပါပြီ။ အဓိကက ကိုယ်ဆင်ခြေပေးနေမိသလား ဆိုတာကို ဆန်းစစ်နိုင်စွမး်ရှိရမှာပါ။

Recommended for you - တစ်ကိုယ်တော်ခရီးထွက်ခြင်းဖြင့် သင့်ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့အချက်များ
ဆင်ခြေတွေပေးနေတယ်ဆိုတာကလည်း လုပ်သင့်တဲ့အရာတွေပေါ်မှာ အာရုံစူးစိုက်မှု မရှိလို့ပါ။ လောကကြီးမှာ အရာရာတိုင်းက တစ်ချိန်တည်းမှာ ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်နဲ့ အရမ်းကို မြန်ဆန်လွန်း ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြားထဲမှာ တခါတလေ ကိုယ်တကယ်လုပ်သင့်တဲ့အရာက ဝေဝါးသွားတတ်ပါတယ်။ ဒါကြောင့် ထိုင်ပြီး ဆင်ခြေတွေပေးနေမယ့်အစား တကယ်လုပ်ရမယ့်အရာမှာ အာရုံစူးစိုက်ပါ။ ရလဒ်ကို သင်ခံစားရမှာပါ။
Scorpion(sayar.com.mm)

Read times Last modified on Friday, 03 January 2020 10:22
Rate this articles
(1 Vote)