×

Warning

JUser: :_load: Unable to load user with ID: 723


Success

Monday, 15 January 2018

ထိပ္ဆံုးေရာက္ခ်င္တာလား ထိပ္ဆံုးနဲ႕တန္တဲ့ ေပးဆပ္မွဳမ်ိဳး ေပးဆပ္ျပီးသြားျပီလား

ထိပ္ဆံုးေရာက္ခ်င္တာလား ထိပ္ဆံုးနဲ႕တန္တဲ့ ေပးဆပ္မွဳမ်ိဳး ေပးဆပ္ျပီးသြားျပီလား google.com

လူတိုင္း ထိပ္ဆံုးေရာက္ခ်င္ၾကတယ္။ ထိပ္ဆံုးမေရာက္ခ်င္တဲ့သူ မရွိပါဘူး။ ဒါေပမယ့္ ထိပ္ဆံုးကိုေတာ့ ဘယ္သူမွ မေရာက္နိုင္ပါဘူး။ ဘာျဖစ္လို႔လဲ ရွင္းပါတယ္ လူတိုင္းက ရလဒ္ေကာင္းကိုပဲ ေမွ်ာ္မွန္းျပီး အဲ့ဒီရလဒ္ေကာင္းလာဖို႔အတြက္ ၾကိဳးစားအားထုတ္မွဳဆိုတဲ့ အရင္းအႏွီးကို မစိုက္ထုတ္နုိင္တာပဲ။

ကြ်န္ေတာ္တို႔ လြတ္လပ္ေရးဖခင္ၾကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာသြားတဲ့ စကားေလးရွိပါတယ္။ “မင္း ထိပ္ဆံုးေရာက္ခ်င္လား။ ထိပ္ဆံုးဆိုတဲ့ေနရာနဲ႕တန္ေအာင္ မင္းဘယ္ေလာက္ေပးဆပ္ျပီးသြားျပီလဲ” တိုတိုေလးနဲ႕ အရမ္းကို ထိေရာက္ျပီး အဓိပၸါယ္ျပည့္တဲ့ စကားပါ။

ဟုတ္ပါတယ္။ ေလာကၾကီးမွာ အလကားရတယ္ဆိုတာ ဘာမွမရွိပါဘူး။ လိုခ်င္တဲ့အရာတိုင္းအတြက္ ထုိက္တန္တဲ့ေပးဆပ္မွဳဆိုတာ ရွိကိုရွိပါတယ္။ အက်ီၤတစ္ထည္လိုခ်င္လား အဲ့ဒီအက်ီၤနဲ႕ ညီမွ်တဲ့ ပိုက္ဆံကို သင္ေပးရမွာပဲ။ ပညာဒါနသင္တန္းေတြရွိတယ္ အလကားသြားတက္ရတယ္လို႔ ထင္ေနတာလား အခ်ိန္ လူအင္အား လမ္းစရိတ္ ဒါေတြက သင့္ဘက္ကျပန္ေပးဆပ္ထားရတာ။ အခ်ိန္ကို အလကားရတယ္လုိ႔ မထင္ပါနဲ႕။ အခ်ိန္ဆိုတာ သင့္ရဲ႕ အသက္ပါ။ ကိုယ့္အသက္ကို နွေျမာပါ။

Recommended for you - အသက္ ၂၅ ႏွစ္မတိုင္ခင္မွာ လူတိုင္းၾကံဳကို ၾကံဳရမယ့္ ဒုကၡ (၅) မ်ိဳး

လူတိုင္းက ကိုယ္ေပးဆပ္သေလာက္ ကိုယ္ၾကိဳးစားအားထုတ္သေလာက္ပဲ ျပန္ရမွာပါ။ သင္က ၂၀ ရာခိုင္နွဳန္းေလာက္ေပးဆပ္ျပီး ၁၀၀ ရာခိုင္ႏွဳန္း ျပန္ရဖို႔ ေအာင္ျမင္ဖို႔ေမ်ွာ္လင့္ေနတယ္ဆိုရင္ေတာ့ အဲဒါ စိတ္ကူးတစ္ခုအေနပဲ ျဖစ္တည္ေနမွာပါ။ ဘယ္ေသာအခါမွ လက္ေတြ႔ ျဖစ္လာမွာ မဟုတ္ပါဘူး။

ကြ်န္ေတာ္တို႔က လူငယ္ေတြပဲ ခြန္အားေတြအျပည့္က်န္ေသးတယ္ ေလ့လာထားသမ်ွကို မွတ္နိုင္စြမ္းလည္း ရွိေသးတယ္ အခြင့္အလမ္းေတြဆိုတာလည္း အမ်ားၾကီးရွိပါတယ္။ သင္သိခ်င္သမွ်ရွာေဖြဖို႔ အင္တာနက္ လည္း အဆင္သင့္ အားလံုးအဆင္သင့္ျဖစ္ေနတဲ့အခ်ိန္မွာ သင္ကိုယ္တိုင္က ျဖစ္ခ်င္တဲ့စိတ္ လိုခ်င္တဲ့စိတ္ ငါေရာက္ကိုေရာက္ရမယ္ဆိုတဲ့ မေလွ်ာ့ေသာဇြဲ လံု႔လ ခိုင္မာတဲ့ဆံုးျဖတ္ခ်က္တစ္ခုပဲ လိုတာပါ။

ေပးဆပ္လိုက္ပါ။ ရွိရွိသမွ်စြမ္းအင္ေတြ အကုန္သံုးျပီး ကိုယ့္ပန္းတိုင္ဆီကို အေရာက္လွမ္းလိုက္ပါ။ အလုပ္ တစ္ဖက္နဲ႔မို႔လို႔ ပင္ပန္းေနျပီလား အခ်ိန္ေတြက လံုးဝကုိ မရွိေတာ့တာလား။ ေနာင္ဆယ္နွစ္ေလာက္ ဆိုလည္း ဒီအလုပ္ ဒီေနရာ ဒီရာထူး ဒီလစာေလာက္နဲ႕ ေက်နပ္တယ္ဆိုရင္လည္း သင့္သေဘာအတိုင္း ပါပဲ။

Recommended for you - ေကာ္ဖီေသာက္တဲ့သူေတြ ဘာေၾကာင့္ ပိုၿပီး ေအာင္ျမင္ၾကသလဲ

သင္တကယ္ျဖစ္ခ်င္တဲ့ ဆႏၵရွိတယ္ဆိုရင္ အခ်ိန္ဆိုတာ လုပ္ယူလို႔ရပါတယ္။ သူငယ္ခ်င္းနဲ႕ စကားေျပာတဲ့ အခ်ိန္ကို ေလွ်ာ့ခ်လိုက္ပါ။ ေကာင္မေလး ေကာင္ေလးေတြနဲ႕ ေလွ်ာက္လည္တဲ့အခ်ိန္ကို ေလွ်ာ့လိုက္ပါ။ social media သံုးတဲ့အခ်ိန္ကို ေလွ်ာ့လိုက္ပါ။ ကားေပၚမွာ ရွိတဲ့အခ်ိန္ေတြ ဒီတိုင္းမကုန္ဆံုးလိုက္ပါနဲ႕။ စာဖတ္ပါ။ ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြကလည္း ကားေပၚမွာစာအုပ္ကိုင္ျပီး စာဖတ္တာနဲ႕ အပိုေတြလုပ္ ေနတယ္ဆိုျပီး နွာေခါင္းရွံဳ႔ခ်င္တဲ့ သူမ်ားပါတယ္။

သူမ်ားေတြကို ဂရုမစိုက္နဲ႕။ ကိုယ္ေအာင္ျမင္မွဳ ကိုယ္ပဲခံစားရမွာ ကိုယ့္က်ရွံဳးမွဳလညး္ ကိုယ္ပဲခံစားရမွာ။ ကိုယ္လုပ္စရာရွိတာကို ျပတ္ျပတ္သားသားလုပ္ သူမ်ားေတြကမ်ားငါ့ကို ကဲ့ရဲ႕ၾကေလမလား။ ဂရုမစိုက္နဲ႕။ အဲ့လိုလူေတြက သူတို႔ကိုယ္တိုင္လည္း ဘာမွမဟုတ္တဲ့လူေတြ။ အဲ့လိုလူေတြကို ဂရုစိုက္ေနရင္ အခ်ိန္ေတြ ကုန္သြားတာ အသက္ၾကီးသြားတာပဲရွိမယ္။

ကိုယ္လုပ္စရာရွိတာကို ျပတ္ျပတ္သားသားလုပ္။ ထိပ္ဆံုးေရာက္ခ်င္တယ္မွတ္လား ထိပ္ဆံုးတန္တဲ့ ေပးဆပ္မွဳမ်ိဳးကို ေပးဆပ္လိုက္ပါ။

Scorpion(sayar.com.mm)

[Unicode Version]

လူတိုင်း ထိပ်ဆုံးရောက်ချင်ကြတယ်။ ထိပ်ဆုံးမရောက်ချင်တဲ့သူ မရှိပါဘူး။ ဒါပေမယ့် ထိပ်ဆုံးကိုတော့ ဘယ်သူမှ မရောက်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ရှင်းပါတယ် လူတိုင်းက ရလဒ်ကောင်းကိုပဲ မျှော်မှန်းပြီး အဲ့ဒီရလဒ်ကောင်းလာဖို့အတွက် ကြိုးစားအားထုတ်မှုဆိုတဲ့ အရင်းအနှီးကို မစိုက်ထုတ်နိုင်တာပဲ။
ကျွန်တော်တို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ စကားလေးရှိပါတယ်။ “မင်း ထိပ်ဆုံးရောက်ချင်လား။ ထိပ်ဆုံးဆိုတဲ့နေရာနဲ့တန်အောင် မင်းဘယ်လောက်ပေးဆပ်ပြီးသွားပြီလဲ” တိုတိုလေးနဲ့ အရမ်းကို ထိရောက်ပြီး အဓိပ္ပါယ်ပြည့်တဲ့ စကားပါ။
ဟုတ်ပါတယ်။ လောကကြီးမှာ အလကားရတယ်ဆိုတာ ဘာမှမရှိပါဘူး။ လိုချင်တဲ့အရာတိုင်းအတွက် ထိုက်တန်တဲ့ပေးဆပ်မှုဆိုတာ ရှိကိုရှိပါတယ်။ အကျီင်္တစ်ထည်လိုချင်လား အဲ့ဒီအကျီင်္နဲ့ ညီမျှတဲ့ ပိုက်ဆံကို သင်ပေးရမှာပဲ။ ပညာဒါနသင်တန်းတွေရှိတယ် အလကားသွားတက်ရတယ်လို့ ထင်နေတာလား အချိန် လူအင်အား လမ်းစရိတ် ဒါတွေက သင့်ဘက်ကပြန်ပေးဆပ်ထားရတာ။ အချိန်ကို အလကားရတယ်လို့ မထင်ပါနဲ့။ အချိန်ဆိုတာ သင့်ရဲ့ အသက်ပါ။ ကိုယ့်အသက်ကို နှမြောပါ။

Recommended for you - အသက် ၂၅ နှစ်မတိုင်ခင်မှာ လူတိုင်းကြုံကို ကြံုရမယ့် ဒုက္ခ (၅) မျိုး
လူတိုင်းက ကိုယ်ပေးဆပ်သလောက် ကိုယ်ကြိုးစားအားထုတ်သလောက်ပဲ ပြန်ရမှာပါ။ သင်က ၂၀ ရာခိုင်နှုန်းလောက်ပေးဆပ်ပြီး ၁၀၀ ရာခိုင်နှုန်း ပြန်ရဖို့ အောင်မြင်ဖို့မျှော်လင့်နေတယ်ဆိုရင်တော့ အဲဒါ စိတ်ကူးတစ်ခုအနေပဲ ဖြစ်တည်နေမှာပါ။ ဘယ်သောအခါမှ လက်တွေ့ ဖြစ်လာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့က လူငယ်တွေပဲ ခွန်အားတွေအပြည့်ကျန်သေးတယ် လေ့လာထားသမျှကို မှတ်နိုင်စွမ်းလည်း ရှိသေးတယ် အခွင့်အလမ်းတွေဆိုတာလည်း အများကြီးရှိပါတယ်။ သင်သိချင်သမျှရှာဖွေဖို့ အင်တာနက် လည်း အဆင်သင့် အားလုံးအဆင်သင့်ဖြစ်နေတဲ့အချိန်မှာ သင်ကိုယ်တိုင်က ဖြစ်ချင်တဲ့စိတ် လိုချင်တဲ့စိတ် ငါရောက်ကိုရောက်ရမယ်ဆိုတဲ့ မလျှော့သောဇွဲ လုံ့လ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုပဲ လိုတာပါ။
ပေးဆပ်လိုက်ပါ။ ရှိရှိသမျှစွမ်းအင်တွေ အကုန်သုံးပြီး ကိုယ့်ပန်းတိုင်ဆီကို အရောက်လှမ်းလိုက်ပါ။ အလုပ် တစ်ဖက်နဲ့မို့လို့ ပင်ပန်းနေပြီလား အချိန်တွေက လုံးဝကို မရှိတော့တာလား။ နောင်ဆယ်နှစ်လောက် ဆိုလည်း ဒီအလုပ် ဒီနေရာ ဒီရာထူး ဒီလစာလောက်နဲ့ ကျေနပ်တယ်ဆိုရင်လည်း သင့်သဘောအတိုင်း ပါပဲ။

Recommended for you - ကော်ဖီသောက်တဲ့သူတွေ ဘာကြောင့် ပိုပြီး အောင်မြင်ကြသလဲ
သင်တကယ်ဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် အချိန်ဆိုတာ လုပ်ယူလို့ရပါတယ်။ သူငယ်ချင်းနဲ့ စကားပြောတဲ့ အချိန်ကို လျှော့ချလိုက်ပါ။ ကောင်မလေး ကောင်လေးတွေနဲ့ လျှောက်လည်တဲ့အချိန်ကို လျှော့လိုက်ပါ။ social media သုံးတဲ့အချိန်ကို လျှော့လိုက်ပါ။ ကားပေါ်မှာ ရှိတဲ့အချိန်တွေ ဒီတိုင်းမကုန်ဆုံးလိုက်ပါနဲ့။ စာဖတ်ပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကလည်း ကားပေါ်မှာစာအုပ်ကိုင်ပြီး စာဖတ်တာနဲ့ အပိုတွေလုပ် နေတယ်ဆိုပြီး နှာခေါင်းရှုံ့ချင်တဲ့ သူများပါတယ်။
သူများတွေကို ဂရုမစိုက်နဲ့။ ကိုယ်အောင်မြင်မှု ကိုယ်ပဲခံစားရမှာ ကိုယ့်ကျရှံုးမှုလညး် ကိုယ်ပဲခံစားရမှာ။ ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ် သူများတွေကများငါ့ကို ကဲ့ရဲ့ကြလေမလား။ ဂရုမစိုက်နဲ့။ အဲ့လိုလူတွေက သူတို့ကိုယ်တိုင်လည်း ဘာမှမဟုတ်တဲ့လူတွေ။ အဲ့လိုလူတွေကို ဂရုစိုက်နေရင် အချိန်တွေ ကုန်သွားတာ အသက်ကြီးသွားတာပဲရှိမယ်။
ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်။ ထိပ်ဆုံးရောက်ချင်တယ်မှတ်လား ထိပ်ဆုံးတန်တဲ့ ပေးဆပ်မှုမျိုးကို ပေးဆပ်လိုက်ပါ။
Scorpion(sayar.com.mm)

Read times Last modified on Friday, 03 January 2020 10:44
Rate this articles
(1 Vote)