×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 20 February 2018

အဂၤလိပ္စာေလ့လာမွဳမွာ အေရးၾကီးတဲ့ Adjective အထားအသို

အဂၤလိပ္စာေလ့လာမွဳမွာ အေရးၾကီးတဲ့ Adjective အထားအသို google.com

ကြ်န္ေတာ္တို႔ေန႔စဥ္ဘဝမွာ အသံုးအမ်ားဆံုး စကားလံုးအမ်ိဳးအစား word class မ်ားကဘာလဲ။ ေယာက္်ား ေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ေယာက္ကို “လွလိုက္တာ” ဟုေျပာမည္။ ဒီေန႔အလုပ္သြား ေတာ့ “ကားကက်ပ္လိုက္တာ” “မိုးကသည္းလိုက္တာ” ဟုညည္းမိမည္။

တစ္စံုတစ္ခု၊ တစ္စံုတစ္ေယာက္ အေၾကာင္းေျပာၾကသည့္အခါ ၄င္း၏ဝိေသသဂုဏ္ထူးမ်ားကို တြင္တြင္ သံုးရလိမ့္မည္။ ထိုအခါ ကြ်န္ေတာ္ တို႔ မၾကာခဏအသံုးျပဳၾကသည့္ စကားလံုးအမ်ိဳးအစားမွာ နာမဝိေသသန (adjective) မ်ားပင္ျဖစ္သည္။

Adjective ဆိုသည္မွာ ဝါက်တစ္ေၾကာင္းအတြင္းရွိ လူ၊ ပုဂၢိဳလ္၊ အရာဝတၳဳတစ္ခုကို အထူးျပဳ ေဖာ္ျပသည့္ စကားလံုးျဖစ္သည္။

the tall professor - အရပ္ရွည္ေသာ ပါေမာကၡ

the lugubrious lieutenant - မွိဳင္ေတြေနေသာ စစ္ဗိုလ္

a solid commitment - ခိုင္မာသည့္ ကတိကဝတ္

a month’s pay - တစ္လစာ

a six-year-old child - ေျခာက္ႏွစ္သားကေလး

အဂၤလိပ္စကားတြင္ adjective တစ္ခုတည္းဆိုလွ်င္ ျပႆနာမရွိေသာ္လည္း တစ္ကယ္တမ္း စကားေျပာ သည့္အခါ တစ္ခုထက္ပိုသည့္ adjective မ်ားကို သံုးရပါသည္။ ထုိအခါ မည္သည့္ adjective ကအရင္လာ သည္ဟု ဆံုးျဖတ္ရသည္က မလြယ္ကူလွပါ။

A tall young beautiful girl လား a young beautiful tall girl လား။ နွစ္မ်ိဳးလံုးမွန္တာလား ဒြိဟျဖစ္စရာ ပင္။ ၄င္းကို ရွင္းျပဖို႔ ဘာသာေဗဒပညာရွင္တစ္ေယာက္၏ အကူအညီေတာ့ ယူရေပလိမ့္မည္။ သာမန္ေလ့ လာသူ ကြ်န္ုပ္အတြက္ေတာ့ order of adjectives သည္ တစ္ခါတစ္ရံ ပရမ္းပတာနိုင္သည္ဟု ယူဆနိုင္ ေသာ္လည္း အခါမ်ားစြာအတြက္ သတ္မွတ္ထားသည့္ ပံုစံတစ္ခုရွိသည္။ ၄င္းကို သိထားလွ်င္စာသင္သား တို႔အတြက္ အခက္အခဲတစ္ခ်ိဳ႕ ေျပလည္သြားစရာရွိသည္။

Recommended for you - သင္သည္ အခ်ိန္ကို ခိုးယူေနသူေလာ၊ အခိုးခံေနရသူေလာ

ဘယ္လိုမွတ္မလဲ

Adjective မ်ားအား fact ႏွင့္ opinion ဟုအၾကမ္းဖ်င္းႏွစ္မ်ိဳးခြဲျခားနိုင္သည္။ တစ္ဦးတစ္ေယာက္၏ ထင္ျမင္ ယူဆခ်က္ႏွင့္ဆိုင္သည့္ opinion သည္သိသာျမင္သာသည့္ အခ်က္အလက္ fact ၏ေရွ႕တြင္လာေလ့ ရွိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ လူဆိုသည္မွာ မိမိကိုယ္ကို ဗဟိုျပဳေသာ သတၱဝါျဖစ္ေသာေၾကာင့္ဟုဆို လွ်င္ လြန္မည္မထင္ပါ။ ဥပမာ လွပေသာ beautiful သည္ လူတစ္ဦးခ်င္း၏ အၾကိဳက္ေပၚ မူတည္သည္။ တစ္ေယာက္က လွသည္ဟုထင္ျခင္းက တစ္ျခားတစ္ေယာက္အတြက္ လွခ်င္မွလွေပလိမ့္မည္။

Opinion > Fact

adjective မ်ားကို ေအာက္ပါအတိုင္း အုပ္စုခြဲျခားနိုင္သည္။

  1. Determiners – articles and other limiters.
  2. Observation – postdeterminer and limiter adjectives (e.g., a real hero, a perfect idiot) and adjectives subject to subjective measure (e.g., beautiful, interesting)
  3. Size and Shape – adjectives subject to objective measure (e.g., wealthy, large, round)
  4. Age – adjectives denoting age (e.g., young, old new, ancient)
  5. Color – adjectives denoting color (e.g., red, black, pale)
  6. Origin – denominal adjectives denoting source of noun (e.g., French, American)
  7. Material – denominal adjectives denoting what something is made of (e.g., woollen, metallic, wooden)
  8. Qualifier – final limiter, often regarded as part of the noun (e.g., rocking chair, hunting cabin, passenger car, book cover)

O SASh.COM ဟုအတိုေကာက္မွတ္ပါ။ အရွည္မွာ Opinion(ထင္ျမင္ခ်က္), Size(အရြယ္အစား), Age (အသက္), Shape(ပံုသ႑ာန္), Color(အေရာင္), Origin(မူလရင္းျမစ္) ႏွင့္ Material(ျပဳလုပ္သည့္ပစၥည္း)

ေနာက္တစ္နည္းက OPSHACOM ဟုမွတ္ပါ။ Opinion, Shape, Age, Color, Origin and Material.

a, an, the တို႔သည္ demonstrative adjective မ်ားျဖစ္ၾကသည္။ ၄င္းတို႔သည္ adjective အားလံုး၏ ေရွ႕ တြင္ရွိေနပါသည္။

ေအာက္တြင္ ေလ့လာၾကည့္ပါ။

Opinion      Size   Age     Color        Origin                 Material

A nice                       young                       American                 girl

A                 big                         blue                                         car

A happy        tiny                                           furry                       puppy

အထက္ပါဇယားအားအက်ယ္ခ်ဲ႕ ၾကည့္လွ်င္ ေအာက္ပါအတိုင္း မွတ္သားနိုင္သည္။

adj form

Recommended for you - Twitter ကို ေအာင္ျမင္စြာ ပဲ့ကုိင္ ေမာင္းနွင္ခဲ့သူ

တကယ္ေတာ့ ထိုသို႔ဝါက်တစ္ေၾကာင္းတြင္ adjective မ်ားႏွစ္ခု သံုးခုထက္ပိုသံုးလွ်င္ေတာ့ စာဖတ္ရသည္ မွာ ေခ်ာေမြ႔မွဳရွိနိုင္မွာ မဟုတ္ပါဘူး။ စကားလံုးအုပ္စု class တူသည့္ adjective မ်ားသည္ coordinated adjective မ်ားဟုေခၚသည္။ ယင္းတို႔အား ဝါက်တစ္ခုတြင္ တစ္လံုးထက္ပိုသံုးသည့္အခါ ေကာ္မာျဖင့္ ျခားေပးရသည္။

ဥပမာ -

That tall, distinguished, good looking fellow (class တူသည့္ adjective မ်ား (ေကာ္မာလို))

the little old lady (class မတူသည့္ adjective မ်ား (ေကာ္မာမလို))

ေနာက္တစ္နည္းစဥ္းစားၾကည့္လွ်င္ adjectives မ်ားၾကား and, but စသည့္ conjunction မ်ားထည့္လို႔ရပါ က ၄င္း conjunction ေနရာတြင္ comma ထည့္နိုင္သည္ဟု ယူဆနိုင္သည္။

He is a tall and distinguished fellow / He is a tall, distinguished man

သို႔ရာတြင္ She is a little and old lady လို႔ေတာ့ သံုးေလ့သိပ္မရွိပါ။

ဒီေလာက္ဆိုလွ်င္ နာမဝိေသသန အစီအစဥ္အား အၾကမ္းဖ်င္းနားလည္ျပီဟု ယူဆပါသည္။ အထက္ပါ နမူနာမ်ားသည္ Capital Community College Guide to Grammar and Writing မွ ျဖစ္ပါသည္။

အဂၤလိပ္စာကို ဆရာနဲ႕ေသခ်ာသင္ခ်င္တယ္ဆိုရင္ sayar.com.mm တြင္ရွိေသာ အဂၤလိပ္စာ သင္ၾကားေပးေသာ ဆရာမ်ားနွင့္ တိုက္ရိုက္ဆက္သြယ္နိုင္ပါတယ္။

သင္ကိုယ္တိုင္ဆရာတစ္ေယာက္ျဖစ္လွ်င္ ကြ်န္ေတာ္တို႔ နွင့္ လက္တြဲဖို႔ ဖိတ္ေခၚလုိက္ပါရေစ။ အခမဲ့ register လုပ္နိုင္ပါတယ္။

Credit: Zar ni (My Way!)

[Unicode Version]

တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် အကြောင်းပြောကြသည့်အခါ ၄င်း၏ဝိသေသဂုဏ်ထူးများကို တွင်တွင် သုံးရလိမ့်မည်။ ထိုအခါ ကျွန်တော် တို့ မကြာခဏအသုံးပြုကြသည့် စကားလုံးအမျိုးအစားမှာ နာမဝိသေသန (adjective) များပင်ဖြစ်သည်။Adjective ဆိုသည်မှာ ဝါကျတစ်ကြောင်းအတွင်းရှိ လူ၊ ပုဂ္ဂိုလ်၊ အရာဝတ္ထုတစ်ခုကို အထူးပြု ဖော်ပြသည့် စကားလုံးဖြစ်သည်။

the tall professor - အရပ်ရှည်သော ပါမောက္ခ
the lugubrious lieutenant - မှိုင်တွေနေသော စစ်ဗိုလ်
a solid commitment - ခိုင်မာသည့် ကတိကဝတ်
a month’s pay - တစ်လစာ
a six-year-old child - ခြောက်နှစ်သားကလေး

အင်္ဂလိပ်စကားတွင် adjective တစ်ခုတည်းဆိုလျှင် ပြဿနာမရှိသော်လည်း တစ်ကယ်တမ်း စကားပြော သည့်အခါ တစ်ခုထက်ပိုသည့် adjective များကို သုံးရပါသည်။ ထိုအခါ မည်သည့် adjective ကအရင်လာ သည်ဟု ဆုံးဖြတ်ရသည်က မလွယ်ကူလှပါ။

A tall young beautiful girl လား a young beautiful tall girl လား။ နှစ်မျိုးလုံးမှန်တာလား ဒွိဟဖြစ်စရာ ပင်။ ၄င်းကို ရှင်းပြဖို့ ဘာသာဗေဒပညာရှင်တစ်ယောက်၏ အကူအညီတော့ ယူရပေလိမ့်မည်။ သာမန်လေ့ လာသူ ကျွန်ုပ်အတွက်တော့ order of adjectives သည် တစ်ခါတစ်ရံ ပရမ်းပတာနိုင်သည်ဟု ယူဆနိုင် သော်လည်း အခါများစွာအတွက် သတ်မှတ်ထားသည့် ပုံစံတစ်ခုရှိသည်။ ၄င်းကို သိထားလျှင်စာသင်သား တို့အတွက် အခက်အခဲတစ်ချို့ ပြေလည်သွားစရာရှိသည်။

Recommended for you - သင်သည် အချိန်ကို ခိုးယူနေသူလော၊ အခိုးခံနေရသူလော

ဘယ်လိုမှတ်မလဲ

Adjective များအား fact နှင့် opinion ဟုအကြမ်းဖျင်းနှစ်မျိုးခွဲခြားနိုင်သည်။ တစ်ဦးတစ်ယောက်၏ ထင်မြင် ယူဆချက်နှင့်ဆိုင်သည့် opinion သည်သိသာမြင်သာသည့် အချက်အလက် fact ၏ရှေ့တွင်လာလေ့ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ မိမိကိုယ်ကို ဗဟိုပြုသော သတ္တဝါဖြစ်သောကြောင့်ဟုဆို လျှင် လွန်မည်မထင်ပါ။ ဥပမာ လှပသော beautiful သည် လူတစ်ဦးချင်း၏ အကြိုက်ပေါ် မူတည်သည်။ တစ်ယောက်က လှသည်ဟုထင်ခြင်းက တစ်ခြားတစ်ယောက်အတွက် လှချင်မှလှပေလိမ့်မည်။
Opinion > Fact

adjective များကို အောက်ပါအတိုင်း အုပ်စုခွဲခြားနိုင်သည်။

Determiners – articles and other limiters.

Observation – postdeterminer and limiter adjectives (e.g., a real hero, a perfect idiot) and adjectives subject to subjective measure (e.g., beautiful, interesting)

Size and Shape – adjectives subject to objective measure (e.g., wealthy, large, round)

Age – adjectives denoting age (e.g., young, old new, ancient)

Color – adjectives denoting color (e.g., red, black, pale)

Origin – denominal adjectives denoting source of noun (e.g., French, American)

Material – denominal adjectives denoting what something is made of (e.g., woollen, metallic, wooden)

Qualifier – final limiter, often regarded as part of the noun (e.g., rocking chair, hunting cabin, passenger car, book cover)

O SASh.COM ဟုအတိုကောက်မှတ်ပါ။ အရှည်မှာ Opinion(ထင်မြင်ချက်), Size(အရွယ်အစား), Age (အသက်), Shape(ပုံသဏ္ဍာန်), Color(အရောင်), Origin(မူလရင်းမြစ်) နှင့် Material(ပြုလုပ်သည့်ပစ္စည်း)

နောက်တစ်နည်းက OPSHACOM ဟုမှတ်ပါ။ Opinion, Shape, Age, Color, Origin and Material.

a, an, the တို့သည် demonstrative adjective များဖြစ်ကြသည်။ ၄င်းတို့သည် adjective အားလုံး၏ ရှေ့ တွင်ရှိနေပါသည်။
အောက်တွင် လေ့လာကြည့်ပါ။

Opinion          Size          Age         Color        Origin           Material
A nice                            young                      American      girl
A                   big                          blue                             car
A happy         tiny                                         furry            puppy

အထက်ပါဇယားအားအကျယ်ချဲ့ ကြည့်လျှင် အောက်ပါအတိုင်း မှတ်သားနိုင်သည်။

adj form

Recommended for you - Twitter ကို အောင်မြင်စွာ ပဲ့ကိုင် မောင်းနှင်ခဲ့သူ

တကယ်တော့ ထိုသို့ဝါကျတစ်ကြောင်းတွင် adjective များနှစ်ခု သုံးခုထက်ပိုသုံးလျှင်တော့ စာဖတ်ရသည် မှာ ချောမွေ့မှုရှိနိုင်မှာ မဟုတ်ပါဘူး။ စကားလုံးအုပ်စု class တူသည့် adjective များသည် coordinated adjective များဟုခေါ်သည်။ ယင်းတို့အား ဝါကျတစ်ခုတွင် တစ်လုံးထက်ပိုသုံးသည့်အခါ ကော်မာဖြင့် ခြားပေးရသည်။

ဥပမာ -
That tall, distinguished, good looking fellow (class တူသည့် adjective များ (ကော်မာလို))
the little old lady (class မတူသည့် adjective များ (ကော်မာမလို))

နောက်တစ်နည်းစဉ်းစားကြည့်လျှင် adjectives များကြား and, but စသည့် conjunction များထည့်လို့ရပါ က ၄င်း conjunction နေရာတွင် comma ထည့်နိုင်သည်ဟု ယူဆနိုင်သည်။

He is a tall and distinguished fellow / He is a tall, distinguished man

သို့ရာတွင် She is a little and old lady လို့တော့ သုံးလေ့သိပ်မရှိပါ။

ဒီလောက်ဆိုလျှင် နာမဝိသေသန အစီအစဉ်အား အကြမ်းဖျင်းနားလည်ပြီဟု ယူဆပါသည်။ အထက်ပါ နမူနာများသည် Capital Community College Guide to Grammar and Writing မှ ဖြစ်ပါသည်။

အင်္ဂလိပ်စာကို ဆရာနဲ့သေချာသင်ချင်တယ်ဆိုရင် sayar.com.mm တွင်ရှိသော အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

သင်ကိုယ်တိုင်ဆရာတစ်ယောက်ဖြစ်လျှင် ကျွန်တော်တို့ နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်နိုင်ပါတယ်။

Credit: Zar ni (My Way!)

Read times Last modified on Monday, 30 December 2019 16:47
Rate this articles
(2 votes)