×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Thursday, 03 May 2018

အရှုံးပေးလိုက်တော့မှာလား

အရှုံးပေးလိုက်တော့မှာလား google.com

မောပန်းပြီဆိုပြီး လဲကျမသွားပါနဲ့။ အိမ်က မိဘနှစ်ပါးကို သတိရပြီး ထရပ်ပါ။ ဒါတွေဟာ ကိုယ့်အတွက် ဘာမှအပန်းမကြီးသေးဘူးလို့ သတိပေးပါ။

နွမ်းပြီဆိုပြီး လက်မလွှတ်လိုက်ပါနဲ့။ သင်ဘက်လွှတ်လိုက်တာဟာ ကိစ္စရပ်တချို့ မဟုတ်ပါဘူး။ သင်လက် လွှတ်လိုက်တာက သင့်ကိုယ်သင် ဖြစ်နေလို့ပါ။

စိတ်ရှုပ်တယ်ဆိုပြိး မကျေမနပ် မညည်းတွားပါနဲ့။ သင်ဘယ်သူလဲဆိုတာ ဘုရားသခင်မသိပါဘူး။ ဘဝမှာ နေပျော်အောင်နေပါ။ သင်လုပ်နေတဲ့ အခုလက်ရှိအလုပ်မှာ ပျော်ဝင်ပါ။

အထိုးနှက်ခံလိုက်ရလို့ဆိုပြီး ခေါင်းငိုက်စိုက် အားငယ်မသွားပါနဲ့။ အရာအားလုံးကို ပြီးပြည့်စုံအောင်လုပ် နိုင်တဲ့ မွေးရာပါ ပါရမီ ဘယ်သူ့ဆီမှာမှ မရှိပါဘူး။ ဒါပေမယ့် အရာရာတိုင်းကိုတော့ အတတ်နိုင်ဆုံး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပါ။

ကိုယ့်ကိုယ်ကို အထီးကျန်အဖော်မဲ့လိုက်တာလို့ မကြာခဏမရေရွတ်ပါနဲ့။ အထီးကျန်အဖော်မဲ့တာကို သင်တကယ်မခံစားမိသေးပါဘူး။ သင့်မှာ သင့်ရဲ့ ဒုက္ခ သုခတွေကို မျှဝေခံစားပေးမယ့် မိဘဆွေမျိုး မောင်နှမ တွေရှိတယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေရှိတယ်။ မိုးသည်းလှိုင်းထန်တာကို မကြုံဖူးသရွေ့ အထီးကျန်အဖော်မဲ့တယ်ဆိုတာလည်း မရှိပါဘူး။

Recommended for you - လူတွေ ဘာမှားနေသလဲ ။

ကိုယ့်ကိုယ်ကို အရမ်းကြီးအရေးပါတယ်လို့ အထင်မရောက်လိုက်ပါနဲ့။ သင်မရှိလည်း ကမ္ဘာက သူ့ပတ်လမ်းအတိုင်း လည်ပတ်နေဦးမှာပါပဲ။ ကိုယ့်ကိုယကို အရေးမပါလိုက်တာလို့လည်း အထင်မသေးလိုက်ပါနဲ့။ သင့်မိဘအတွက်ဆိုရင် သင်က သူတို့ရဲ့ တစ်ဘဝမို့ပါ။ သင်ရဲ့ ပျော်ရွှင်တဲ့၊ အကောင်းမြင်တဲ့မျက်နှာကို သူတို့အမြဲမြင်တွေ့ခွင့် ရပါစေ။ သင်ပျော်မှ သူတို့ဘဝက အဓိပ္ပါယ်ရှိမှာ မို့ပါ။

ဘယ်ပဲဖြစ်ဖြစ် ဘယ်တော့မှ မသိမ်ငယ်နဲ့ အားမငယ်နဲ့ အားမလျော့ပါနဲ့ အကောင်းဖက်ကို အမြဲတွေးမြင်ပါ။ တခြားလူကတောင် သူတို့ရဲ့ စိတ်ကူးအိမ်မက်အတွက် ကြိုးစားရုန်းကန်နေကြသေးတာပဲ သိမ်ငယ် အားငယ်တယ် အားလျော့တယ်ဆိုတာ အတွင်းစိတ်ရဲ့ ပျင်းရိခြင်းတစ်မျိုးပါ။

နေ့တိုင်းလမ်းလျှောက်တဲ့အခါ ကိုယ့်ခြေထောက်အောက်က မြက်ပင်၊ ကိုယ့်နံဘေးက သစ်ရွက် ပန်းပွင့်တွေကို သတိထားကြည့်ပါ။ သူတို့ဟာ သေးငယ်နိမ့်ကျတဲ့ ဘဝမှာတောင် လှလှပပရှင်သန်ဖူးပွင့် နေကြသေးတာပဲ။ ငါတို့က ဘာဖြစ်လို့ ကိုယ့်ဘဝကို လှလှပပ ပျော်ပျော်ရွှင်ရွှင် မရှင်သန်နိုင်ကြရမလဲ။

ဘယ်လောက်လျှောက်ရခက်တဲ့လမ်းဖြစ်ဖြစ် ဆက်လျှောက်ပါ။ ဘယ်လောက်များတဲ့ အခက်အခဲအကြုံကြုံ အပြုံးနဲ့ ရင်ဆိုင်လိုက်ပါ။ သင်ငိုကြွေးဖို့ ဘဝက သင့်ကို အကြောင်းပြချက် အခု ၁၀၀ ပေးလာခဲ့ရင် အကြောင်းပြချက် အခု ၁၀၀၀ လောက်နဲ့ သင်ပြန်ပြုံးရယ်ပြလိုက်ပါ။

ဘာသာစကားအသစ်တစ်မျိုးကို သင်ယူဖို့ စိတ်ကူးနေပါသလား။ အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်ယူချင်ပါသလား။ ဘယ်ဆရာတွေနဲ့ သင်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ sayar.com.mm တွင် ဘာသာစကားပေါင်းများစွာကို သင်ကြားပေးနေသော ဆရာ ဆရာမတွေ ရှိပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Credit: KKK

Recommended for you - စိတ်ဖိစီးမှုတွေက သင့်ကိုဝါးမြိုနေပြီလား ?

Read times Last modified on Wednesday, 08 January 2020 12:01
Rate this articles
(2 votes)