×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 30 August 2018

စာလုပ်တာများပြီး ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကို ဒီလိုဖြေရှင်းလိုက်ပါ

စာလုပ်တာများပြီး ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကို ဒီလိုဖြေရှင်းလိုက်ပါ google.com

အိမ်မှာလူကြီးတွေပြောသံကြားဖူးကြမယ်ထင်တယ် “ စာလေးလုပ်တာကို မလုပ်နိုင်ကြဘူး၊ မိဘတွေက အလုပ်လုပ်ရလို့ ပင်ပန်းတယ်ဆိုထားဦးတော့ ” ဆိုတာမျိုးတွေလေ။ အမှန်က Rivision ပြန်တာပဲဖြစ်ဖြစ် ပုံမှန်စာကြည့်တာပဲဖြစ်ဖြစ် အပြင်ပန်းကြည့်ရင် မသိသာပေမယ့် ဦးနှောက်ကိုတော့ ပင်ပန်းနွမ်းနယ်စေပါတယ်။


အဲ့ဒါကြောင့် တချို့ကျောင်းသားတွေ စာလေးနည်းနည်းကြည့်ပြီး ဘာမှခေါင်းထဲမဝင်တော့တာ၊ ပျင်းလာတာ၊ စာမလုပ်ချင်တော့တာတွေ ကြုံလာရပြီဆိုရင် ဒါက Study Fatigue ကြောင့် တိုက်ရိုက်ပြန်ရရင်တော့ စာလုပ်ရတာအလွန်အမင်းငြီးငွေ့သွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။


ကျောင်းသားတွေအတွက်တော့ ဒါဟာတော်တော့ကို ကြီးမားတဲ့ပြသနာတစ်ခုဖြစ်ပြီး သူ့ကိုဖြေရှင်းဖို့ဆိုရင်တော့ ဒီနည်းလမ်း (၁၂) ချက်ကို လိုက်လုပ်ကြည့်ပါ။


၁။ တွေ့ဆုံဆွေးနွေးမှုပြုပါ

စာမလုပ်ခင် စာလုပ်ချင်စိတ် (Motivation) အရင်ဖြစ်လာအောင် လုပ်ပါ။ ကိုယ်နဲ့မေဂျာတူတဲ့သူငယ်ချင်းတွေရှိရင် တူတူစာကြည့်ပြီး ဆွေးနွေးလို့ရအောင် စာကြည့်ဝိုင်း (Study Group) လေးလုပ်ပါ။


မုန့်လေးစား၊ background music (သီချင်းမဟုတ်) လေးဖွင့်ထား၊ စကားလေးပြောရင်း Review လုပ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတာကိုတော့ အာရုံထားဖို့လိုမယ်နော်၊ ဒီအတွက် သူတို့နဲ့မတွေ့ခင် ဘယ်အကြောင်းအရာ/ဘာသာရပ်ကို အရင်ဆွေးနွေးကြမလဲဆိုတာ Agenda ပြင်ဆင်ထားဖို့လိုပါတယ်။ စာကြည့်ဝိုင်းက စာလုပ်ချင်စိတ်ကိုဖြစ်စေပါတယ်။


၂။ Rewards ပေးပါ

စာချည်းပဲထိုင်လုပ်နေရမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး၊ ငြီးငွေ့လွယ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို စာလုပ်ပြီးရင် တစ်ခုခု ဆုချီးမြှင့်ဖို့လုပ်ပါ။ တစ်နာရီခြားတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ လက်ဖက်ရည်တစ်ခွက်လောက် သောက်တာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ် စာပြီးရင်လုပ်နိုင်တဲ့အရာ တစ်ခုခုထားရှိပါ။ Chapter တစ်ခုပြီးရင် ကိုယ်နည်းနည်းနားလို့ရတယ်ဆိုတော့ စာစလုပ်ဖို့ ပိုအားတက်တာပေါ့။


၃။ ကဖိန်း

အမြဲတစေမဟုတ်ရင်တောင် တခါတလေပင်ပန်းတဲ့အခါ စာပြီးဖို့အတွက် အားနည်းနည်းဖြည့်နိုင်ရင်တော့ ကောင်းတာပေါ့။ ကော်ဖီတစ်ခွက်လောက် ဒါမှမဟုတ် တခြားကဖိန်းဓာတ်ပါတဲ့ အချိုရည်ဖြစ်ဖြစ် သောက်ပါ။ လေ့လာမှုအရ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်က လူကို လန်းဆန်းတက်ကြွစေပါတယ်။ ဒီတော့ လိုအပ်နေပြီဆိုရင် သောက်သာသောက်ပါ။


၎။ ကြိုတင်အစီအစဉ်ဆွဲပါ

တစ်နေ့တာအတွင်း ကိုယ်ဘယ်ဘာသာရပ်လုပ်မယ် ဘယ်နှစ်နာရီလုပ်မယ်ဆိုတာ ကြိုတင်အစီအစဉ်ဆွဲထားပါ။ ဖြစ်နိုင်ရင် စိတ်ပါဝင်စားမှုကို ထိန်းထားနိုင်အောင် တစ်ဘာသာတည်း တစ်နေကုန်ကြည့်တာမျိုးရှောင်ပါ။ ပြက္ခဒိန်ကွက်ထဲမှာပါ ဘာသာရပ်တွေ section တွေကို အချိန်လေးတွေနဲ့ပိုင်းပြီး အဲ့ရက်မှာထည့်ရေးထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဘာလုပ်ရမယ်ဆိုတာကို သေချာစေပြီး ဘယ်လောက်ထိစာပြီးလည်း သိနိုင်မှာမို့လို့ပါ။


၅။ နားချိန်ပေးပါ

တောက်လျှောက်စာလုပ်တာမျိုးမလုပ်ပဲ နားချိန်လေးတွေပုံမှန်ထားပေးပါ။ အဲ့ဒါမှ မှတ်သားနိုင်စွမ်းကုန်ခမ်းသွားတာမျိုး (burn out) မဖြစ်ပဲ အချိန်နည်းနည်းနဲ့ စာများများပြီးမှာပဲဖြစ်ပါတယ်။ ၄၅ မိနစ် ၁ နာရီလောက်စာလုပ်ပြီးတိုင်း ၅ မိနစ်လောက် နားပေးပြီး စာအကြာကြီး (တစ်နေကုန်) လုပ်ရမှာဆိုရင်တော့ နားချိန်ကြာကြာလေး ပေးနိုင်ပါတယ်။


၆။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ

လေ့လာမှုများအရ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခန္ဓာကျန်းမာစေတဲ့အပြင် လေ့လာသင်ယူမှုအပိုင်းကိုလည်း အထောက်အပံ့ဖြစ်စေပါတယ်။ နာရီဝက်လောက်လေး အေရိုးဗစ်ကစားတာ၊ ပြေးတာ၊ စက်ဘီးလေးပတ်စီးတာမျိုးတွေက ဦးနှောက်ရဲ့လုပ်ငန်းဆောင်ရွက်မှုနှုန်းနဲ့ သူ့ရဲ့တခြားလုပ်ငန်းဆောင်တာတွေကိုပါ မြင့်တက်စေပါတယ်။

 

Recommended for you - အမေရိကန်နိုင်ငံ၌ကျင်းပသော စက်ရုပ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၆)ဖြင့် ဆုရရှိခဲ့ကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်း


၇။ ဂီတနားဆင်ပါ

အလုပ်လုပ်ရင်း ဂီတသံစဉ်တွေကို နားထောင်ပေးခြင်းက စိတ်ဖိစီးမှုအတိုင်းအတာကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် စာလုပ်ရင်း တူရိယာတေးသွားတချို့ကို ဖွင့်ထားနိုင်ပါတယ်။ စိတ်ဖိစီးမှုနည်းတော့ စာကောင်းကောင်းလုပ်လို့ရတာပေါ့။ တကယ်ထိရောက်စေချင်ရင်တော့ classical music အမျိုးအစားကို စမ်းကြည့်ပါ။ လေ့လာမှုများအရ စိတ်ပူပန်မှုနဲ့ စိတ်တင်းမာမှုတွေအတွက်ဆိုရင် classical music က အတော်လေးကောင်းတယ်လို့ ဆိုပါတယ်။ စာဖတ်လို့ကောင်းတဲ့ကော်ဖီဆိုင် တော်တော်များများမှာ နောက်ခံသံစဉ်အေးအေးလေးတွေ ဖွင့်ထားလေ့ရှိကြပါတယ်။


၈။ Go Offline

လူမှုကွန်ယက် Notification တွေကို ပိတ်ထားပါ၊ ဖုန်းကို Silence လုပ်ထားပါ၊ PC ပိတ်ထားပါ၊ အနှောင့်အယှက်ကင်းကင်းနဲ့ စာလုပ်နိုင်ဖို့ ဘာပဲဖြစ်ဖြစ်လုပ်ပါ။ ကွန်ပျူတာသုံးပြီး စာလုပ်ရတာဆိုရင်တော့ အင်တာနက်သုံးချင်စိတ်ကို ဖျောက်ထားပါ၊ စာလုပ်ချိန်အတွင်း အင်တာနက် ယာယီပိတ်ထားပေးနိုင်တဲ့ Apps တွေတော့ရှိပါတယ်၊ ဒါပေမယ့် သင့်အတွက် အဲ့လောက်ကြီးတော့လိုမယ်မထင်ပါဘူး၊ ဟုတ်တယ်မလား။


၉။ တရားထိုင်ပါ

ဟုတ်တယ် တရားထိုင်။ ယောဂီဝတ်စုံနဲ့ ကြမ်းပြင်မှာ တင်ပုလင်ခွေထိုင်စရာတော့ မလိုဘူးပေါ့။ စာစမလုပ်ခင်မှာ မိနစ်အနည်းငယ်လောက်ဖြစ်ဖြစ် ငြိမ်ငြိမ်လေးထိုင်နေခိုင်းတာပါ။ စိတ်ဖိစီးမှုတွေလျော့ပြီး အာရုံစူးစိုက်မှုစွမ်းအားကိုပါ မြှင့်တင်ပေးနိုင်တဲ့အတွက် နည်းနည်းလောက်ဖြစ်ဖြစ် တရားထိုင်လိုက်တာမျိုး စမ်းကြည့်သင့်ပါတယ်၊ အထူးသဖြင့် စာမေးပွဲအတွက် စိတ်ဖိစီးနေရတာဆိုရင်ပေါ့။


၁၀။ အိပ်ရာဝင်ပါ

အိပ်စက်ခြင်းကြောင့် စာမပြီးတာတော့အမှန်ပဲ ( ပြီးတော့ ခေါင်းအုံးအောက် စာအုပ်ထားအိပ်လို့လည်း စာမရဘူးနော်)၊ ဒါပေမယ့် အရမ်းနောက်ကျပြီး အိပ်တာမျိုးကတော့ မကောင်းပါဘူး။ တစ်ညလုံးမအိပ်ပဲ စာထိုင်လုပ်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းကို လျော့နည်းစေပြီး စိတ်ဖိစီးမှုလယ်ဗယ်ကိုလည်း မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဒီတော့ စာမေးပွဲအတွက် စာကျက်နေရတာမျိုးဆိုရင်တော့ ဒီလိုဖြစ်နေလို့မရပါဘူး။ အဲ့ဒီတော့ စာကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ လုံလုံလောက်လောက်အိပ်စက်ဖို့ လိုပါတယ်။


၁၁။ ငါး (အခွံမာသီးများ) စားပေးပါ

Omega 3 အက်ဆစ်ရှိတဲ့ အစားအစာတွေက မှတ်ဥာဏ်ပိုကောင်းစေပြီး စိတ်ဖိစီးမှုလျော့နည်းစေပါတယ်။ အဲ့ဒါကို အဆီဓာတ်များတဲ့ ငါးအချို့ဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးကွမ်းရှပ်နဲ့ ဆာဒင်းငါးတွေထဲမှာ တွေ့နိုင်ပါတယ်။ အခွံမာသီးတွေကတော့ သူတို့အထဲမှာပါတဲ့ Vitamin E ဓာတ်က မှတ်သားနိုင်စွမ်းလျော့ကျမှုကို တားဆီးပေးတဲ့အတွက် အချိန်အကြာကြီး စာလုပ်ရတဲ့အခါ ကောင်းပါတယ်။


၁၂။ ကိုယ်နဲ့အဆင်ပြေတာကိုပဲလုပ်ပါ

မနက်ပိုင်းမှာစာလုပ်တာ၊ ညဘက်ကျမှစာလုပ်တာ၊ တချို့ကျတော့ လေ့ကျင့်ခန်းလုပ်ပြီးမှ၊ ဒါမှမဟုတ်လည်း သူငယ်ချင်းနဲ့တူတူစာကျက်ရမှဆိုပြီး လူတိုင်းမှာ သူတို့အကြိုက်ဆုံး စာလုပ်ပုံတွေရှိကြပြီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အဲ့တော့ ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်တာကိုပဲ ရွေးချယ်ပါ။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - HR တစ်ယောက်ဖြစ်ဖို့ သိထား၊ တတ်ထားသင့်တဲ့ အချက်များ

 

Recommended for you - ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့ပူးပေါင်းပြီး အမျိုးသားအဝေးသင်တက္ကသိုလ်တစ်ခုဖွဲ့စည်းရန် Open University (UK) မှ အကြံပြု

 

Credit; CGI

Read times Last modified on Tuesday, 21 January 2020 15:15
Rate this articles
(2 votes)