×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Wednesday, 19 September 2018

ဂျပန်နိုင်ငံ NITORI International ပညာသင်ဆု လျှောက်ထားနိုင်

ဂျပန်နိုင်ငံ NITORI International ပညာသင်ဆု လျှောက်ထားနိုင် google.com

ဂျပန်နိုင်ငံကို ပညာသင်သွားရောက်လိုသူတွေအတွက် NITORI International Scholarship Foundation ခေါ်ယူနေကြောင်း သိရပါတယ်။


၂၀၁၉ ခုနှစ် ဧပြီမှာ ဂျပန်ပညာတော်သင်သွားရောက်လိုသူတွေလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားမဟုတ်သူ၊ ၂၀၁၉ ခုနှစ် ဧပြီ နောက်ပိုင်း ဂျပန်နိုင်ငံမှာ ပညာသင်ယူရန်ရည်ရွယ်ထားသူ (ဂျပန်ပြည်တွင်းရှိ တက္ကသိုလ်မှ ပထမနှစ်မှ စတုတ္ထနှစ်အတွင်း ကျောင်းသား၊ သို့မဟုတ် ဂျပန်ပြည်တွင်းရှိ ဘွဲ့လွန်အတန်း ပထမနှစ်မှ ဒုတိယနှစ်အတွင်း တက်ရောက်သူ၊ တက်ရောက်ရန် ပြင်ဆင်ထားသူ) တွေလျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။


နိုဝင်ဘာလ ၁၈ ရက်အထိ လျှောက်ထားနိုင်ပြီး အသေးစိတ်ကို https://www.nitori-shougakuzaidan.com/ မှာကြည့်ရှုနိုင်ပါတယ်။ ပညာသင်ဆု အနေနဲ့ တစ်လကို ယန်း ၁၁၀၀၀၀ (တစ်နှစ်ပတ်လုံး) ပေးအပ်မှာဖြစ်ပြီး ပညာသင်ဆုရရှိတဲ့ ကာလကုန်ဆုံးပြီးနောက်ပိုင်းမှာလည်း ပြန်လည်လျှောက်ထားခွင့်လည်း ရှိပါတယ်။ ဂျပန်ဘာသာစကားကိုနားလည်တတ်ကျွမ်းသူ၊ Pre-Doctoral Course အတန်းတက်ရောက်ရန်ရည်ရွယ်ထားသူတွေဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm  တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Recommended for you - ပျော်ရွှင်ဖို့ဆိုတာ မခက်ခဲပါဘူး

 

Recommended for you - ကျောင်းစာကြည့်တိုက်များ သော့ခတ်မထားရန်နှင့် စာကြည့်တိုက်သို့သွားသည့်စနစ် အားပေးရန် ပညာရေးဝန်ကြီး ညွှန်ကြား

 

Credit; Internet Journal

Read times Last modified on Wednesday, 08 January 2020 14:47
Rate this articles
(1 Vote)