×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 13 October 2018

အခွင့်အရေးတွေ ဘယ်သူကြောင့် ဆုံးရှုံးတာလဲ?

အခွင့်အရေးတွေ ဘယ်သူကြောင့် ဆုံးရှုံးတာလဲ? google.com

ကိုယ့်ထံရောက်လာတဲ့ အခွင့်အရေးတွေကို ဆုံးရှုံးအောင်လုပ်တဲ့သူဟာ တစ်ခါတစ်ရံမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နိုင်ပါတယ်။သင့်ရဲ့ အပြုအမူတစ်ချို့ကြောင့် အခွင့်အရေးတွေ ဆုံးရှုံးသွားတာပါ။
အဲဒီအပြုအမူတွေကတော့……..


လိမ်တယ်ထင်တယ်

သေသေချာချာ သိရှိအောင်မစူးစမ်းပဲ တိုက်ရိုက် ကောက်ချက်ချတာမျိုးကို ဆိုလိုပါတယ်။ လိမ်တယ်ထားပါအုံး။ သူများက ဘာလိမ်စရာ ရှိနေလို့လဲ။ အဆိုးဆုံးအခြေအနေ ကဘယ်လိုဖြစ်သွားမှာမို့လို့လဲ၊ ချက်ချင်း ကောက်ချက်မပေးသင့်တာတော့ အမှန်ပါ။


တွန့်ဆုတ်ခြင်း

ချီတုန်ချတုန်ဖြစ်လွန်းတယ်။ အချိန်ပေးစဉ်းစားတာ ကြာလွန်းနေတယ်။ ဆုံးဖြတ်ချက်ကို တော်တော်နဲ့ မချနိုင်ဘူး၊ ပူပူနွေးနွေး သတင်းဦးကို သမိုင်းဖြစ်အောင် လုပ်ပစ်တယ်။ သတိပြန်လည်လာတဲ့ အခါကျတော့ အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။


စူးစမ်းလွန်ခြင်း

သိချင်တာ အကုန်လျှောက်မေးတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရာ ပေါင်းစုံ ကို စဉ်းစားတယ်။ ရူ့ဒေါင့်ပေါင်းစုံကနေ မြင်ကြည့်တယ်။ လေ့လာတယ်။ စမ်းစစ်တယ်။ သေသေချာချာ တွက်ချက်တယ်။ မသေချာရင် ကြွက်တောင်မခုတ်ဘူး ဆိုတာမျိုး၊ သေချာပြီဆိုတဲ့ အခါကျတော့ အခွင့်အရေး ပြေးပြီ။


မှားတဲ့လူကို မေးမိခြင်း

အဝတ်အစား အကြောင်းသိချင်ပေမဲ့ တိရစ္ဆာန်မွေးတဲ့လူကို သွားမေးမိတာမျိုး၊ အပျက်သဘောဆောင်တဲ့လူကို သွားမေးမိတာမျိုး၊ ဘာမဆို မဖြစ်နိုင်ဘူးလို့ ယူဆတဲ့လူကို သွားမေးမိတာမျိုး၊ နဂိုကမှ မိမိကိုယ်မိမိ ယုံကြည်မူ အပြည့်အဝ မရှိတဲ့ ကြားထဲ သူတို့အဖြေကြားလိုက်တော့ ဘာမှ မလုပ်ရဲမကိုင်ရဲ ဖြစ်သွားတယ်။


အခြားလူက ပြောလို့

အခြားလူ ဘယ်လိုပြောပြော ၊ ကိုယ့်လုပ်ချင်တဲ့ အလုပ်တစ်ခုခုကို မထိခိုက်စေသင့်ပါဘူး။


ခက်ခဲလို့

အမှန်ပါပဲ။ ခက်ခဲမူကို စိန်ခေါ်မူ လို့ မသတ်မှတ်နိုင်သရွေ့တော့ အခွင့်အရေးတွေ ပြေးနေအုံးမှာပါ။

 

Recommended for you - စကားပြောကောင်းသူတစ်ဦး ဖြစ်ဖို့

 

Recommended for you - တက္ကသိုလ်ဝင်ခွင့်ရစာရင်းအားလုံးကို ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ ကြေညာပေးမည်

 

Credit; Sayar Aung Ko Latt

Read times Last modified on Wednesday, 29 January 2020 11:48
Rate this articles
(1 Vote)