Wednesday, 14 March 2018 15:38
မော်ဒန် သိပ္ပံပညာ၏ ကြယ်တစ်ပွင့်ဖြစ်သူ Stephen Hawking အသက်၇၆ နှစ်အရွယ်တွင် ကွယ်လွန်
စတီဖန်ဟော့ကင်းဟာ ယနေ့ခေတ် သိပ္ပံပညာရှင်တွေထဲမှာ ထင်ရှားတဲ့သူတစ်ဦးဖြစ်ပြီးတော့ သူ့ပရိတ်သတ်များဟာ ကမ္ဘာတစ်ဝန်းမှာ သန်းချီပြီးရှိပါတယ်။ သူ့ရဲ့ ပရိတ်သတ်တွေမှာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားသူများပါသလို သိပ္ပံစိတ်မ၀င်စားပေမယ့် Theory of Everything ရုပ်ရှင်ကြောင့် သူ့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို စိတ်ဝင်စားသူများလဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် သူဟာ ယောင်္ကျားလေးများ အပြင် မိန်းကလေးများမှာပါ နာမည်ကြီးတဲ့ သိပ္ပံပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။