အဝတ္မေလွ်ာ္တတ္သူ
လူလတ္ပိုင္းအ႐ြယ္ လင္မယားႏွစ္ေယာက္ဟာ တိုက္ခန္းသစ္တစ္ခုကို ေျပာင္းလာၾကတယ္။ ေနာက္တစ္ေန႔ မနက္မွာ သူတို႔ မနက္စာစားေနၾကရင္း မိန္းမဟာ မွန္ျပတင္းေပါက္ကေန ေဘးအိမ္က အမ်ိဳးသမီးတစ္ေယာက္ အိမ္ျပင္ထြက္ၿပီး အဝတ္ႀကိဳးတန္းမွာ အဝတ္ေတြ လွမ္းေနတာကို ၾကည့္ေနတယ္။ ၿပီးေတာ့ သူက ေယာက္်ားကို ေျပာလိုက္တယ္။
"အဝတ္ေတြ ေလွ်ာ္ထားတာ ညစ္ပတ္ေနေသးတယ္။ သူ အဝတ္ေကာင္းေကာင္း မေလွ်ာ္တတ္ဘူးထင္တယ္။ ဆပ္ျပာမႈန႔္ထည့္တာ နည္းတယ္နဲ႔ တူတယ္"
သူ႔ေယာက္်ားဟာ အဝတ္လွမ္းေနတာကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။ ဘာမွမေျပာဘဲ ၿငိမ္ေနတယ္။
ေနာက္ရက္ မနက္တိုင္း သူတို႔ႏွစ္ေယာက္ မနက္စာစားရင္း မိန္းမဟာ အဲဒီစကားကိုပဲ ေျပာတယ္။ ေယာက္်ားလည္း ဘာမွမေျပာဘဲ ၿငိမ္ေနတယ္။
၂ ပတ္ၾကာတဲ့ မနက္မွာ မိန္းမဟာ ေဘးအိမ္က ႀကိဳးတန္းမွာ သန႔္ရွင္းျဖဴစင္တဲ့ အဝတ္ေတြ လွမ္းထားနာကို ျမင္လိုက္လို႔ သူ႔ေယာက္်ားကို ေျပာလိုက္တယ္။
"ကိုကိုေရ၊ လွမ္းထားတဲ့ အဝတ္ေတြ ျဖဴျဖဴစင္စင္ ျဖစ္သြားၿပီ။ အခု အဲဒီအမ်ိဳးသမီးဟာ အဝတ္ကို ဘယ္လိုေလွ်ာ္ရမလဲဆိုတာ သိသြားၿပီထင္တယ္။ သူ႔ကို ဘယ္သူျပေပးလိုက္သလဲ မသိဘူးေနာ္"
ေယာက္်ားက ခုလို ျပန္ေျပာလိုက္တယ္။
"ငါ ဒီမနက္ေစာေစာထၿပီး ျပတင္းေပါက္မွန္က ဖုန္ေတြကို သုတ္လိုက္လို႔ပါ"
ကြၽန္ေတာ္တို႔ဘဝမွာလည္း ဒီလိုမ်ိဳးႀကဳံေတြ႕တတ္ပါတယ္။ သူမ်ားေတြ လုပ္တာ ကိုင္တာကို အျမင္မေတာ္ရင္ ေဝဖန္ခ်င္ၾကတယ္။ အျပစ္ေျပာခ်င္ၾကတယ္။
ဒါေပမဲ့ ကြၽန္ေတာ္တို႔ ရႈျမင္တဲ့ အျမင္ဟာ ေဒါသစိတ္၊ မာန္မာန၊ မနာလိုဝန္တိုစိတ္၊ မေကာင္းျမင္စိတ္ေတြနဲ႔ ဖုံးလႊမ္းေနရင္ အမွန္ကို အမွန္အတိုင္း ျမင္ႏိုင္မွာ မဟုတ္ပါဘူး။
ဒါေၾကာင့္ လူတစ္ေယာက္ကို မေဝဖန္ခင္ မိမိစိတ္ဟာ ေစာေစာက ေျပာခဲ့တဲ့ မေကာင္းစိတ္ေတြနဲ႔ ကင္းစင္ရဲ႕လားလို႔ အရင္ဆန္းစစ္ၾကည့္သင့္ပါတယ္။
Credit - ဗန္းေမာ္သိန္းေဖ Bamaw Thein Pe
မိမိတတ္ခ်င္တဲ့ အတတ္ပညာေတြကုိ တကူးတက လုိက္ရွာေနစရာမလုိဘဲ ဆရာႏွင့္ေက်ာင္းသားတစ္ဦးခ်င္းစီ ထိထိေရာက္ေရာက္သင္ေပးႏုိင္တဲ့ ဆရာေတြကုိ sayar.com website ထဲမွာ ဝင္ေရာက္ရွာေဖြႏုိင္ပါတယ္။ ရွာေဖြရန္အတြက္ ၄င္း Link အား ႏွိပ္ပါ
( https://www.sayar.com.mm/subjects.html )
(Unicode)
လူလတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်ဟာ တိုက်ခန်းသစ်တစ်ခုကို ပြောင်းလာကြတယ်။ နောက်တစ်နေ့ မနက်မှာ သူတို့ မနက်စာစားနေကြရင်း မိန်းမဟာ မှန်ပြတင်းပေါက်ကနေ ဘေးအိမ်က အမျိုးသမီးတစ်ယောက် အိမ်ပြင်ထွက်ပြီး အဝတ်ကြိုးတန်းမှာ အဝတ်တွေ လှမ်းနေတာကို ကြည့်နေတယ်။ ပြီးတော့ သူက ယောက်ျားကို ပြောလိုက်တယ်။
"အဝတ်တွေ လျှော်ထားတာ ညစ်ပတ်နေသေးတယ်။ သူ အဝတ်ကောင်းကောင်း မလျှော်တတ်ဘူးထင်တယ်။ ဆပ်ပြာမှုန့်ထည့်တာ နည်းတယ်နဲ့ တူတယ်"
သူ့ယောက်ျားဟာ အဝတ်လှမ်းနေတာကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ဘာမှမပြောဘဲ ငြိမ်နေတယ်။
နောက်ရက် မနက်တိုင်း သူတို့နှစ်ယောက် မနက်စာစားရင်း မိန်းမဟာ အဲဒီစကားကိုပဲ ပြောတယ်။ ယောက်ျားလည်း ဘာမှမပြောဘဲ ငြိမ်နေတယ်။
၂ ပတ်ကြာတဲ့ မနက်မှာ မိန်းမဟာ ဘေးအိမ်က ကြိုးတန်းမှာ သန့်ရှင်းဖြူစင်တဲ့ အဝတ်တွေ လှမ်းထားနာကို မြင်လိုက်လို့ သူ့ယောက်ျားကို ပြောလိုက်တယ်။
"ကိုကိုရေ၊ လှမ်းထားတဲ့ အဝတ်တွေ ဖြူဖြူစင်စင် ဖြစ်သွားပြီ။ အခု အဲဒီအမျိုးသမီးဟာ အဝတ်ကို ဘယ်လိုလျှော်ရမလဲဆိုတာ သိသွားပြီထင်တယ်။ သူ့ကို ဘယ်သူပြပေးလိုက်သလဲ မသိဘူးနော်"
ယောက်ျားက ခုလို ပြန်ပြောလိုက်တယ်။
"ငါ ဒီမနက်စောစောထပြီး ပြတင်းပေါက်မှန်က ဖုန်တွေကို သုတ်လိုက်လို့ပါ"
ကျွန်တော်တို့ဘဝမှာလည်း ဒီလိုမျိုးကြုံတွေ့တတ်ပါတယ်။ သူများတွေ လုပ်တာ ကိုင်တာကို အမြင်မတော်ရင် ဝေဖန်ချင်ကြတယ်။ အပြစ်ပြောချင်ကြတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ရှုမြင်တဲ့ အမြင်ဟာ ဒေါသစိတ်၊ မာန်မာန၊ မနာလိုဝန်တိုစိတ်၊ မကောင်းမြင်စိတ်တွေနဲ့ ဖုံးလွှမ်းနေရင် အမှန်ကို အမှန်အတိုင်း မြင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် လူတစ်ယောက်ကို မဝေဖန်ခင် မိမိစိတ်ဟာ စောစောက ပြောခဲ့တဲ့ မကောင်းစိတ်တွေနဲ့ ကင်းစင်ရဲ့လားလို့ အရင်ဆန်းစစ်ကြည့်သင့်ပါတယ်။
Credit - ဗန်းမော်သိန်းဖေ Bamaw Thein Pe
မိမိတတ်ချင်တဲ့ အတတ်ပညာတွေကို တကူးတက လိုက်ရှာနေစရာမလိုဘဲ ဆရာနှင့်ကျောင်းသားတစ်ဦးချင်းစီ ထိထိရောက်ရောက်သင်ပေးနိုင်တဲ့ ဆရာတွေကို sayar.com website ထဲမှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ရှာဖွေရန်အတွက် ၎င်း Link အား နှိပ်ပါ