×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 15 November 2018

စမတ်ဖုန်းတွေကြောင့် ဆယ်ကျော်သက်တွေ ရရှိခံစားနေရတဲ့ ဆိုးကျိုး(၅) ချက်

စမတ်ဖုန်းခေတ်မှာ ဒါတွေသတိထားရမယ်.....

(၁) Cyber Bullying

Cyber Bullying ဟာ အခုနောက်ပိုင်း လူမှု့ကွန်ယက် တွေမှာ အလွန်ကို အဖြစ်များနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူအယောက် (၄၄၀၀) ကျော်ဟာ Cyber Bullying ကြောင့် စိတ်ဓာတ်ကျ/ အရှက်ကွဲ ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလျက် ရှိကြပါတယ်။ ထိုကဲ့သို့ သေဆုံးသွားသူတွေရဲ့ သုံးပုံနှစ်ပုံဟာ ဆယ်ကျော်သက် လူငယ်တွေ ဖြစ်ကြပါတယ်။

(၂) ကင်ဆာရောဂါ

ဖုန်းတွေကို ကျွန်တော်တို့လက်မှာ အကြာကြီး ကိုင်ထားတဲ့အခါမှာ ၎င်းတို့မှာပါတဲ့ လျှပ်စစ်လှိုင်းတွေဟာ ကျွန်တော်တို့လက်ထဲမှာရှိတဲ့ အသားစလေးတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါဟာ ကျွန်တော်တို့လူကြီးတွေမှာ သိပ်မသိသာပေမယ့်လည်း ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲအရွယ် ဆယ်ကျော်သက်လေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။ အခန့်မသင်ရင် ဦးနှောက် ကင်ဆာတွေအထိပါ ဖြစ်ပွားနိုင်ပါတယ်။

(၃) မတော်တဆ ဖြစ်ပွားမှု

ဆယ်ကျော်သက်အများစုဟာ လမ်းလျှောက်/ စက်ဘီးစီးတဲ့အခါတွေမှာ နားကြပ်တပ်ထားပြီး သီချင်းတွေအကျယ်ကြီး ဖွင့်ထားတတ်ကြပါတယ်။ ဒါ့အပြင် သွားလာလှုပ်ရှားနေတဲ့အခါမှာ ဘေးဘီမကြည့်ဘဲ ဂိမ်းဆော့နေတာ စာရိုက်နေကြတာတွေလည်း အများကြီးပါပဲ။ ဒါတွေဟာ အလွန်ကို အန္တရာယ်များပါတယ်။ ထိုလုပ်ရပ်တွေကြောင့်လည်း မတော်တဆ ယာဉ်တိုက်မှုတွေ များစွာဖြစ်ခဲ့ပြီး ဆယ်ကျော်သက်လေးတွေ အသက်ဆုံးရှုံးခဲ့ရပြီးပြီဖြစ်ပါတယ်။

(၄) အိပ်ချိန်လျော့နည်းလာခြင်း

ဆယ်ကျော်သက် အများစုဟာ တစ်ချိန်လုံး ဖုန်းနဲ့မခွာ နေကြတာကိုတွေ့ရပါတယ်။ သူတို့ဟာ သန်းခေါင်ယံအထိ ဖုန်းကိုအသုံးပြုလေ့ရှိကြပါတယ်။ ဒါဟာ သူတို့ရဲ့ ကျန်းမာရေး အတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုပါပဲ။

(၅) စိတ်ရောဂါ

ဆယ်ကျော်သက်တွေဟာ ဖုန်းနဲ့ ဆိုရှယ်မီဒီယာကိုပဲ ဘဝလို့ထင်လာကြပါတယ်။ သူတို့ဟာ တစ်ချိန်လုံး အင်တာနက်ပေါ်မှာပဲ ရှိနေတတ်ကြပြီး ၎င်းမှာတင်ထားတဲ့ အကြောင်းအရာတွေကိုပဲ အာရုံစိုက်ကြပါတော့တယ်။ ဒါကြောင့် တစ်ချို့သော ဆယ်ကျော်သက်တွေဟာ စိတ်ဖိဆီးမှုတွေဖြစ်ပြီး မလိုအပ်ဘဲ စိတ်ရောဂါတွေပါ ခံစားလာနေကြရတာကို စိတ်မကောင်းစရာ တစ်ခုအဖြစ် တွေ့မြင်လာရပါတယ်။

source: lunge.media

Read times Last modified on Wednesday, 29 January 2020 15:32
Rate this articles
(2 votes)