မကြာခင်က သူ့ကို ဖိလိပိုင်နိုင်ငံက ဒေလာဆာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ချီးမြှင့်ခဲ့တဲ့ အခမ်းအနားမှာ ဂျက်မားက တက်ရောက်လာကြတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် အိပ်မက်ကို တကယ်တမ်း ပိုင်ဆိုင်ရရှိဖို့ အကြံပြုချက် (၁၀) ချက်ကို ပြောကြားခဲ့ပါတယ်။
လောလောဆယ် အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်မားရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၃၈.၃ ဘီလီယံဖြစ်ပြီး ကမ္ဘာပေါ်က အချမ်းသာဆုံး လူတွေစာရင်းမှာ အဆင့် ၂၃ နဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူတွေမှာ အဆင့် ၂ ဖြစ်ပါတယ်။
သူ ဒေလာဆာတက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ လူငယ်တွေအတွက် အကြံပြုချက် (၁၀) ချက်က -
၁။ မင်းမှာ ရူးသွပ်တဲ့ အိပ်မက်ရှိနေရင် မင်းဖြစ်အောင် လုပ်နိုင်တယ်လို့ ယုံကြည်သူတွေ မင်းအနားမှာ ရှိနေပါစေ။
၂။ မင်းကို ကူညီသူမဲ့နေလို့ စိတ်မပျက်ပါနဲ့။ ကူညီမယ့်သူကို ရအောင် ရှာပါ။
၃။ မင်းဟာ ဘယ်လောက်ပဲ တော်နေပါစေ၊ လူတွေနဲ့အတူ လက်တွဲမလုပ်တတ်ရင် မင်းရဲ့ အိပ်မက်တွေဟာ အိပ်မက်ပဲ ဖြစ်နေမှာပါ။
၎။ သူများတွေကို လိုက်မတုပါနဲ့။ ကမ္ဘာ့လူဦးရေ ၇ ဘီလီယံထဲမှာ တမူထူးခြားတာ မင်းတစ်ယောက်ပဲ ရှိပါတယ်။
Recommended for you - မြန်မာကျောင်းသားများ နိုင်ငံခြားမှာ ကြုံတွေ့ရတဲ့ အခက်အခဲ (၇)ခု
၅။ ငြင်းပယ်ခံလို့ စိတ်မပျက်နဲ့။ များများ ငြင်းပယ်ခံရမှ အရေထူလာမှာပါ။
၆။ လူငယ်တွေမှာ လုပ်ချင်တာတွေ များလွန်းတယ်။ အဲဒီအထဲက စွဲစွဲလမ်းလမ်း ဖြစ်နေတာတွေကို အာရုံစူးစိုက်လုပ်ပါ။
၇။ အိပ်မက်မက်ရင် အဲဒီအိပ်မက် တကယ်ဖြစ်လာအောင် ဘာတွေ ပေးဆပ်ရမလဲဆိုတဲ့ မေးခွန်းကို သင့်ကိုယ်သင် မေးပါ။
၈။ အောင်မြင်ချင်သလား။ သူများတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူပါ။
၉။ မင်း ညီးတွားပြီဆိုရင် အဲဒီအတွက် အဖြေရှာပါ။ အဖြေမရှာချင်ရင် ညီးတွားမနေပါနဲ့။
၁၀။ ကောင်းတဲ့ boss ကို ရှာပါ။ ကောင်းတဲ့ boss ဟာ ကောင်းတဲ့ ကုမ္ပဏီတစ်ခုထက် သာပါတယ်။
Recommended for you - အရေးကြီးတဲ့အချိန်မှာ အရှိန်တင်နိုင်ဖို့
Recommended for you - "နိုင်ငံရေးသိပ္ပံ" ဘာသာရပ်ကို မြန်မာမီဒီယာများ အခမဲ့ တက်ရောက်လေ့လာနိုင်
Credit; jobs4u