×

Warning

JUser: :_load: Unable to load user with ID: 723


Success

Wednesday, 31 May 2017

သင်ဟာ တစ်နေ့အောင်မြင်မယ့်သူဆိုတာ ရှေ့ပြေးပြသနေတဲ့ လက္ခဏာများ

သင်ဟာ တစ်နေ့အောင်မြင်မယ့်သူဆိုတာ ရှေ့ပြေးပြသနေတဲ့ လက္ခဏာများ Google.com

ဘ၀မှာကိုယ်ဟာ ကြိုးစားနေသူတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ အရာမထင်ဘူးလို့ ခံစားရတဲ့အချိန်တွေရှိမှာပါ။

အောင်မြင်မှုဆိုတာ ချက်ချင်းရောက်လာတာ မဟုတ်ဘဲ ရှေ့ပြေးနိမိတ်တွေကနေတဆင့် ရောက်လာတာမျိုးပါ။

ထို့ကြောင့် သင့်အနေနဲ့လက်ရှိမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့် တစ်နေ့မှာ သေချာပေါက် အောင်မြင် မယ်ဆိုတာ ပြသနေတဲ့ ရှေ့ပြေး လက္ခဏာတွေကို သိမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေကို အရှိန်မြှင့်တင်နိုင်မှာပါ။

၁. ရည်မှန်းချက်ထားပြီး လုပ်လေ့ရှိတယ်။

အောင်မြင်လိုတဲ့သူတွေမှာ ရည်မှန်းချက်ဆိုတာ ရှိကြပါတယ်။ နောက်ငါးနှစ်မှာ ဘယ်လိုအနေအထားနဲ့ ရပ်တည်နေနိုင်ရမယ်။

ပညာရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် လူမှုပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လောက်ထိအရေးပါတဲ့သူ စသဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်အတွက် သေချာတဲ့လမ်းကြောင်းတစ်ခုချပြီး ရည်မှန်းချက်ထား အလုပ်လုပ်တတ်ကြပါတယ်။

သင့်အနေနဲ့ နေ့စဉ်တာဝန်လေးတွေကနေတစ်ဆင့် ရေရှည်ရည်မှန်းချက်အစီအစဉ်တွေပါ ထားပြီး ကြိုးစားနေ သူတစ်ယောက်ဆိုရင် အောင်မြင်သူတွေထဲက တစ်ယောက်ဖြစ်လာမှာပါ။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၂. ကြိုးစားလိုစိတ်ပြင်းထန်တယ်။

အောင်မြင်တဲ့သူတွေဟာ သူတို့လိုချင်တဲ့ပန်းတိုင်အနာဂတ်ကို ရောက်ဖို့ သူတို့ဘ၀ကိုသူတို့လက်နဲ့ တည်ဆောက် ကြပါတယ်။ ထို့ကြောင့် အောင်မြင်လိုစိတ်က ပြင်းထန်နေပြီး တော်ရုံအခက်အခဲလောက်ကို မမှုတတ်ကြပါဘူး။

ဘယ်တော့မှ ကျေနပ်တယ်ဆိုတာမရှိဘဲ ကောင်းသည်ထက် ကောင်းအောင်ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုလူတွေထဲမှာ သင်ပါဝင်နေပြီဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့မဝေးတော့ပါဘူး။

၃. ရှေ့ကိုပဲဦးတည်နေတယ်။

သင့်ရဲ့မျက်လုံးထဲမှာ ရလာမယ့်အကျိုးရလဒ်တွေကို မြင်နေတဲ့အတွက် တော်တန်ရုံအမှား လုပ်မိတာလောက်ကို ကြောက်မနေတတ်ဘူး။

အပြောင်းအလဲတွေကို သဘောကျသလို သင့်ကိုယ်သင်လည်း ခေါင်းဆောင်တစ်ယောက်လို ခံယူထားတဲ့အတွက် ဘယ်ကိစ္စမဆို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြုလုပ်လေ့ရှိတယ်။

အမှားတွေကို ပြန်စဉ်းစားပြီး စိတ်ဓာတ်ကျမနေဘဲ အမြဲတမ်းရှေ့ကိုပဲ ဦးတည်နေတဲ့ အတွက် အောင်မြင်မှုဆိုတာလည်း သင်ပိုင်ဆိုင်ရမယ့်အရာတွေထဲက တစ်ခုပါပဲ။

၎. သင့်စိတ်ကို ဖွင့်ထားတယ်

အောင်မြင်တိုးတက်ချင်တဲ့သူတွေဟာ အမြဲတမ်း မျက်စိဖွင့်နားဖွင့်ပြုလုပ်ပြီး တိုးတက်ရေးနည်းလမ်းတွေကို စူးစမ်းရှာဖွေနေလေ့ရှိပါတယ်။

ကိုယ့်ဘ၀အတွက် အသုံးတည့်မယ့်အတတ်ပညာတွေကို သင်ယူလိုစိတ်၊ သိလိုစိတ်နဲ့ အမြဲတမ်း တက်ကြွနေတတ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:45
Rate this articles
(5 votes)