×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 13 May 2019

" ကိုယ့်စိတ် ကို မနှိပ်စက်ပါ နဲ့ "

" ကိုယ့်စိတ် ကို မနှိပ်စက်ပါ နဲ့ " google

ကိုယ့် ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေး ပါ နဲ့။


ကိုယ့်စိတ် ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့။
ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါ နဲ့။
ကိုယ့် ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါ နဲ့။
ကိုယ့် ကို ဂရုစိုက်သူတွေ အကြောင်း မတွေးပါ နဲ့။
ကိုယ့်စေတနာ ကို နားမလည်သူတွေ အကြောင်း မတွေးပါ နဲ့။
ကိုယ့်အပေါ် သစ္စာ မရှိတဲ့ သူတွေအကြောင်း မတွေးပါ နဲ့။
ကိုယ့်အပေါ် လိမ်ညာ လှည့်စားသူတွေ အကြောင်း မတွေးပါ နဲ့။
ကိုယ့် ကို မုန်းတဲ့ သူတွေအကြောင်းလည်း မတွေးပါ နဲ့။
ကိုယ့်ကို မချစ်လို့ ကျောခိုင်း ထွက်သွားတဲ့
သူတစ်ယောက် အကြောင်း မတွေးပါ နဲ့ ။
အဲ့ဒီသူတွေ အကြောင်း မတွေးပါ နဲ့။
အဲဒီအကြောင်းတွေတွေးမိနေသမျှ ကိုယ့်စိတ် ကို နှိပ်စက် နေလို့
ကိုယ့်မှာ စိတ်ချမ်းသာမှု ဆိုတာ ဘယ်တော့မှ ရနိုင်ဖို့ မလွယ်ပါဘူး
ဒါ့ကြောင့် . . .
ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ။
နားလည်ပေးနိုင်မယ့် အတွေးသာ တွေးပါ။
မေတ္တာပွားနိုင်ဖို့ တွေးပါ။
ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့ တွေးပါ။
အမုန်း မပွားဖို့ပဲ တွေးပ။ါ
မေတ္တာထားခြင်းသည် အကောင်းဆုံး လက်စားချေခြင်းပါပဲ . . .။
ကိုယ့်စိတ် ကို နှိပ်စက်နိုင်ဆုံး သူဟာ ကိုယ်ကိုတိုင်သာ ဖြစ်ပါတယ်။
တစ်ခြား သူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။
အဲ့ဒီသူတွေကို ကိုယ့်စိတ်ထဲမှာထားပြီး ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်နေတာပါပဲ။
ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့တော့ . . .။
လူ့ဘဝက တိုတောင်းလွန်းလှပါတယ် ခဏတာ ရလာတဲ့
လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင် အေးချမ်းမှုရအောင်
ကိုယ်တိုင်လုပ်ယူဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ် . . .။
ငယ်ငယ် ကလည်း ငိုခဲ့ ပြီးပြီ။
အရွယ်ရောက်တော့လည်း ငိုခဲ့ ပြီးပြီ။
မနေ့ကလည်း ငိုခဲ့ ပြီးပြီ။
ဒီနေ့လည်း ငိုခဲ့ ပြီးပြီ။
မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။
လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်းငိုနေရရင် လူဖြစ်ရှုံးပါတယ် . . .။
ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့ တော့ သူငယ်ချင်း . . . . .။

 

Crd; Emily

Read times Last modified on Monday, 13 May 2019 17:30
Rate this articles
(0 votes)