×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 21 May 2019

"အင်္ဂလိပ်စာလေ့လာသူတိုင်း ရှောင်ကျဉ်ရမည့် အချက် (၇) ချက်"

"အင်္ဂလိပ်စာလေ့လာသူတိုင်း ရှောင်ကျဉ်ရမည့် အချက် (၇) ချက်" google.com

၁. ဝေါဟာရကို စကားအဆက်အစပ်မပါဘဲ အလွတ်မကျက်ပါနဲ့။


စကားလုံးတစ်လုံးမှာ အဓိပ္ပာယ်တွေအများကြီးရှိလို့ နမူနာစာကြောင်းမပါဘဲနဲ့ သူ့ချည်းသက်သက် မှတ်တာမျိုးဟာ အချိန်ကုန်လူပင်ပန်းပါတယ်။ ဒီတော့ ဝေါဟာရတွေကို အဓိပ္ပာယ်မသိဘဲ ကျက်တာမျိုးကို ရှောင်ပါ။

 


၂. ခဏလေးနဲ့ စကားပြောတတ်ဖို့ ဆန္ဒမစောပါနဲ့။


လေ့လာသူအများစုရဲ့မူလပန်းတိုင်က အင်္ဂလိပ်စကားပြောတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ ဦးနှောက်ထဲ ထည့်သွင်းထားတဲ့ ဝေါဟာရတွေ၊ စကားစုတွေကို စကားအဖြစ် ပြန်ထုတ်နိုင်ဖို့ အချိန်အတိုင်း အတာတစ်ခုအထိ ယူရပါတယ်။ ဦးနှောက်ထဲမှာ Input လုံလုံလောက်လောက်မရှိသေးဘဲနဲ့ output ပြန်ထုတ်ဖို့ဆိုတာ ခက်မှာပါ။

 


၃. ကိုယ့်အတွက် ခက်ခဲလွန်းသော အကြောင်းအရာ သို့မဟုတ် ကိုယ်စိတ်မ၀င်စားသော အကြောင်းအရာ များတွင် အချိန်မဖြုန်းပါနဲ့။


နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာရာမှာ Motivation သိလိုတတ်လိုစိတ် တက်ကြွနေတဲ့အခါ အောင်မြင်မှု လည်း ကြီးမားပါတယ်။ စိတ်မ၀င်စားတဲ့အရာကို လုပ်ရတာဟာ ကြီးမားတဲ့ fatigue ဖြစ်ပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ ရေးထားတဲ့စာဖတ်ရရင် အချိန်ကုန်လို့ ကုန်မှန်းတောင် သိမှာမဟုတ်ပါဘူး။ ဒီတော့ စိတ်မ၀င်စားတာကို မဖတ်နဲ့။ အရမ်းခက်တာကို မဖတ်နဲ့။

 


၎. တစ်ခါစာကြည့်ရင် အချိန်အကြာကြီးကြည့်ပြီး ကြည့်တဲ့အခါကြည့်လိုက်၊ မေ့သွားလောက်ရှိမှ ပြန်လေ့လာလိုက် မလုပ်နဲ့။


Motivation အပြင် အရေးကြီးတာက consistency ပုံမှန်လေ့လာဖို့ပဲဖြစ်ပါတယ်။ တစ်ပတ်ကို ၂နာရီလောက် စနေ၊ တနင်္ဂနွေ သင်တန်းလေးတက်လေ့လာတာထက် တစ်နေ့ကို မိနစ် ၂၀ လောက် တပတ် ခြောက်ရက်လောက် ပုံမှန်လေးလေ့လာသွားတာက အများကြီး ပိုကောင်းပါတယ်။

 


၅. ပုံနှိပ်စာလုံးတွေပေါ်မှာ အလွန်အကျွံအားမထားပါနဲ့။


တတ်နိုင်သမျှ အခြေအနေပေးတဲ့အခါတိုင်း မဖတ်ခင် အရင်နားထောင်နိုင်ဖို့ ကြိုးစားပါ။ အသံကို နားထောင်ပြီး စာသားပါ လိုက်ဖတ်နိုင်တဲ့ အင်တာနက်ဆိုဒ်တွေ အများကြီး ရှိနေပါတယ်။

ပုံနှိပ်စာလုံးက စာလုံးပေါင်းကိုပဲ သိနိုင်ပါတယ်။ နားထောင်ခြင်းကတော့ အသံထွက်၊ အဖြတ်အတောက်၊ လေယူလေသိမ်း စတာတွေကို သိနိုင်ပါတယ်။

 


၆. အဖတ်မှာပဲဖြစ်ဖြစ် နားထောင်ရာမှာပဲဖြစ်ဖြစ် မသိတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ချက်ခြင်းမရှာပါနဲ့။


Comprehension ဆိုရာမှာ စာတစ်လုံးချင်းအဓိပ္ပယ်၊ စာတစ်ကြောင်းချင်းရဲ့ အဓိပ္ပာယ်ထက် စာတစ်ပိုဒ် သို့မဟုတ် ကဏ္ဍတစ်ပိုင်းကို ခြုံငုံနားလည်ခြင်းက ပိုလိုအပ်ပါတယ်။

တစ်ချို့စကားလုံးတွေဟာ စာပိုဒ်ရဲ့ဆိုလိုရင်းကို သိဖို့ သိပ်အထောက်အကူမပြုဘူးဆိုရင် ရှာမကြည့်ဘဲ ကျော်သင့်က ကျော်သွားရမှာ ဖြစ်ပါတယ်။

 


၇. နှစ်သက်ပျော်ရွှင်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။


စာတွေချည်းပဲ အရမ်းလေ့လာ၊ သိပ်ပြီးအလေးအနက်ထားလွန်းတဲ့အခါ လူမှုရေးအားနည်းသွားတတ်ပါတယ်။ ဘာသာစကားဆိုတာ လူမှုဆက်ဆံရေးနဲ့ တိုက်ရိုက်ပတ်သက်နေတော့ ပျော်ပျော်ရွှင်ရွှင် လေ့လာသွားနိုင်ဖို့ အရေးကြီးပါတယ်။

 

Source: myanmar-network.net

 Recoomend for you >>ယနေ့ အချိန်ထိ ထိန်းသိမ်းထားနိုင်တဲ့ ကမ္ဘာ့ အကြီးမားဆုံး လျှို့ ဝှက်ချက် (၁၀) ခု

 

Read times Last modified on Wednesday, 22 May 2019 17:32
Rate this articles
(2 votes)