×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 23 May 2019

"လူတစ္ေယာက္ကို စိတ္ေရာ၊ ကိုယ္ပါ ဆိုးက်ိဳးေပးနိုင္ေသာ အမူအက်င့္ (၇) မ်ိဳး"

"လူတစ္ေယာက္ကို စိတ္ေရာ၊ ကိုယ္ပါ ဆိုးက်ိဳးေပးနိုင္ေသာ အမူအက်င့္ (၇) မ်ိဳး" google.com

(၁) ေဆးလိပ္စဲြျခင္း

smoking


တစ္ေန႔ကို ေဆးလိပ္ဘယ္ႏွစ္လိပ္ေသာက္ျဖစ္သလဲ ၾကည့္ၿပီး ဆရာဝန္ေတြဟာ သူေသႏိုင္တဲ့ ႏွစ္ကာလနဲ႔ ေသရတဲ့ ေရာဂါအေၾကာင္းအရင္းကိုပါ ေျပာႏိုင္ပါတယ္။ ေဆးလိပ္ေသာက္တာဟာ က်န္းမာေရးထိခိုက္ဖို႔ အျမန္ဆံုးနဲ႔ အလြယ္ဆံုးနည္းလမ္းလည္း ျဖစ္ပါတယ္။


(၂) မူးယစ္ေဆးဝါး သံုးစဲြျခင္း

addiction drunk man with his head on the bar


ငယ္တုန္း အေပ်ာ္အပါး မက္ၿပီး ေလွ်ာက္လုပ္ခဲ့တာေတြဟာ ကိုယ့္ကိုယ္ကို ျဖည္းျဖည္းခ်င္း သတ္ေသေနတာပါပဲ။ အလားတူပဲ အရက္ေသာက္တာဟာလည္ ကိုယ့္ ဘဝတက္လမ္းကို ကိုယ္ျပန္ဖ်က္ဆီးရာ ေရာက္ၿပီး ေစာေစာစီးစီး အသက္ဆံုးရံႈးႏိုင္တဲ့ေရာဂါေတြ ျဖစ္ပြားႏိုင္တာေၾကာင့္ တတ္ႏိုင္သမွ် ေရွာင္ၾကည္ဖို႔နဲ႔ ျဖစ္ႏိုင္ရင္ မေသာက္ဖို႔ အၾကံျပဳခ်င္ပါတယ္။


(၃) သံသယစိတ္လြန္ကဲျခင္း

doubt


ယံုလြယ္လြန္းတာဟာ ျပႆနာျဖစ္သလို ညသံသယ မ်ားလြန္းေတာ့လည္း အဆင္မေျပျဖစ္တတ္ပါတယ္။ သံသယစိတ္နဲ႔ ဟိုစြပ္စြဲ ဒီစြပ္စြဲလုပ္တဲ့အခါမွာ လုပ္ငန္းခြင္မွာ ျဖစ္ျဖစ္၊ မိသားစုနဲ႔ ကိုယ္ေရးကိုယ္တာဘ၀မွာ ျဖစ္ျဖစ္ အဆင္မေျပမႈေတြ ျဖစ္လာပါလိမ့္မယ္။


(၄) အေပ်ာ္အပါးမက္လြန္းျခင္း

debu


လူငယ္ေတြဆိုရင္ အေပ်ာ္အပါးနဲ႔ ကင္းခ်င္မွ ကင္းမယ္။ ဒါေပမယ့္ အကယ္၍ သင္အေပ်ာ္အပါးပဲ လုပ္တာမ်ားေနရင္ တိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ အခ်ိန္မေပးႏိုင္ ျဖစ္လာပါလိမ့္မယ္။


(၅) က်န္းမားေရးမလိုက္စားျခင္း

running runner long distance fitness 40751


ေသတဲ့သူေတြဟာ ထပ္ၿပီး ဘာမွ မလုပ္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ သင္ဘာကိုပဲ လုပ္ေန လုပ္ေန ဆက္လက္အသက္ရွင္ဖို႔ လူအမ်ားကို ကူညီနုိင္ဖို႔ က်န္းမာေရးကို လိုက္စားပါ။ လြယ္ၿပီး ထိေရာက္တာေလးေတြကေန စပါ။


(၆) ေလာင္းကစားမက္ျခင္း

gambler


ေလာင္းကစားလုပ္ျခင္းဟာ သင္တစ္ဦးတည္း မဟုတ္ပဲ သင့္မိသားစု ပတ္၀န္းက်င္ကိုပါ ေအာက္ကို ဆိုးဆိုး၀ါး၀ါး ဆြဲခ်သြားေစႏိုင္ပါတယ္။


(၇) အျမက္ေဒါသႀကီးျခင္း

angry


အခ်ိဳ႕ေသာသူမ်ားဟာ လမ္းေဘးက ေခြးေဟာင္လည္း စိတ္တိုသလို မိုး႐ြာေနပူရင္လည္း စိတ္တိုတတ္ၾကတယ္။ အဲဒီအထဲမွာ သင္မပါ ပါေစနဲ႔။ ဘာမဟုတ္တာေလးနဲ႔ စိတ္တိုတတ္တာဟာ ပတ္၀န္းက်င္ကို အေႏွာက္အယွက္ျဖစ္ေစသလို သင့္ကိုလည္း အသက္တိုေစႏိုင္ပါတယ္။

 

<<< Unicode Version >>>

(၁) ဆေးလိပ်စွဲခြင်း

smoking


တစ်နေ့ကို ဆေးလိပ်ဘယ်နှစ်လိပ်သောက်ဖြစ်သလဲ ကြည့်ပြီး ဆရာဝန်တွေဟာ သူသေနိုင်တဲ့ နှစ်ကာလနဲ့ သေရတဲ့ ရောဂါအကြောင်းအရင်းကိုပါ ပြောနိုင်ပါတယ်။ ဆေးလိပ်သောက်တာဟာ ကျန်းမာရေးထိခိုက်ဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။


(၂) မူးယစ်ဆေးဝါး သုံးစွဲခြင်း

addiction drunk man with his head on the bar


ငယ်တုန်း အပျော်အပါး မက်ပြီး လျှောက်လုပ်ခဲ့တာတွေဟာ ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်သေနေတာပါပဲ။ အလားတူပဲ အရက်သောက်တာဟာလည် ကိုယ့် ဘဝတက်လမ်းကို ကိုယ်ပြန်ဖျက်ဆီးရာ ရောက်ပြီး စောစောစီးစီး အသက်ဆုံးရှုံးနိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ကြည်ဖို့နဲ့ ဖြစ်နိုင်ရင် မသောက်ဖို့ အကြံပြုချင်ပါတယ်။


(၃) သံသယစိတ်လွန်ကဲခြင်း

doubt


ယုံလွယ်လွန်းတာဟာ ပြဿနာဖြစ်သလို ညသံသယ များလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။ သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ ကိုယ်ရေးကိုယ်တာဘဝမှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။


(၄) အပျော်အပါးမက်လွန်းခြင်း

debu


လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်မပေးနိုင် ဖြစ်လာပါလိမ့်မယ်။


(၅) ကျန်းမားရေးမလိုက်စားခြင်း

running runner long distance fitness 40751


သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ ဆက်လက်အသက်ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့ ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး ထိရောက်တာလေးတွေကနေ စပါ။


(၆) လောင်းကစားမက်ခြင်း

gambler


လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း မဟုတ်ပဲ သင့်မိသားစု ပတ်ဝန်းကျင်ကိုပါ အောက်ကို ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။


(၇) အမြက်ဒေါသကြီးခြင်း

angry


အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။ အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့ စိတ်တိုတတ်တာဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း အသက်တိုစေနိုင်ပါတယ်။

 

sayar.com.mm

Read times Last modified on Saturday, 21 September 2019 17:35
Rate this articles
(0 votes)