×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 03 June 2019

ယုံကြည်ချက်ရှိရှိကြိုးစားသူမှသာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ

ယုံကြည်ချက်ရှိရှိကြိုးစားသူမှသာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ google.com

လူကို စိတ်က ဦးဆောင်ပါတယ်။ ထက်သန်တဲ့ စိတ်ရှိရင် ယင်း ထက်သန်တဲ့ စိတ်က မိမိရဲ့ လိုအင်ဆန္ဒကို ပြီးမြောက်ဆောင်ရွက်နိုင်အောင် ဆောင်ကြဉ်း ပေးပါတယ်။

အကယ်၍ သင်ဟာ ယနေ့တိုင် မအောင်မြင် ဘူး။ ကျရှုံးနေတယ်။ လမ်းပျောက်နေတယ်။
စိတ်ဓာတ်ကျနေတယ် အစရှိသဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးနဲ့ ကြုံနေခြင်းဟာ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အမှန်တကယ် ရောက်ရမယ်ဆိုတဲ့ ထက်သန်တဲ့စိတ်ရဲ့ လှုံ့ဆော်မှု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။ 
မိတ်ဆွေ သူငယ်ချင်းများမှာလည်း ရှိပါတယ်။ တစ်ခုခုကို လိုချင်တဲ့အခါ အောင်မြင်တဲ့သူတစ်ယောက်ကို အားကျပြီး ကိုယ်တိုင်အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်တဲ့အခါ အလုပ်ကိစ္စတစ်ခုခုကို အကောင်အထည်ဖော် အောင်မြင်ချင်တဲ့အခါ ဒီလိုမျိုး အိမ်မက်တွေ ရည်မှန်းချက်တွေကို ပိုင်ဆိုင်ဖူးတဲ့ အချိန်ရှိမှာပါ။ ဒါပေမယ့် ဘာဖြစ်လို့ အိမ်မက်တွေက အကောင်အထည်မပေါ်လာရတာလဲ။
ဖြစ်ချင်တယ် လိုချင်တယ် ရချင်တယ်ဆိုတဲ့ နေရာမှာသာ စိတ်က ရပ်သွားလို့ပါ။ အဲဒီထက် ရှေ့ဆက် မတိုးပါဘူး။ အဲ့ဒီစိတ်ကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးပါသေးတယ်။ ဒါကြောင့်မို့ သူ့ရဲ့ ဆန့်ကျင်ဘက် အနေနဲ့ ယုံကြည်ချက် ပြည့်ဝသူဟာ ပန်းတိုင်ကို သိတယ်။ ရည်မှန်းချက် ရှိတယ်။ ကြိုးစားတယ်။ ကြိုးစား သလောက်လည်း နေရာ တစ်ခုကို ရောက်အောင်သွားနိုင်တယ်။ 

ဒါကြောင့်မို့ သာမန်လူတွေလို ဘဝကို ရပ်တည် မနေပဲ ဘဝမှာ အလုပ်ကောင်း၊ ရည်မှန်းချက်ကောင်းများ ထားလို့ အသက်ရှင် နေထိုင်ကြဖို့ တိုက်တွန်း လိုက်ရ ပါတယ်။


Credit: အောင်ခမ်း


ဘာသာစကားအသစ်တစ်မျိုးကို သင်ယူဖို့ စိတ်ကူးနေပါသလား။ အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်ယူချင်ပါသလား။ ဘယ်ဆရာတွေနဲ့ သင်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ register တွင် ဘာသာစကားပေါင်းများစွာကို သင်ကြားပေးနေသော ဆရာ ဆရာမတွေ ရှိပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Read times
Rate this articles
(0 votes)