×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 15 June 2019

"ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပုံသွင်းပေးနိုင်မယ့်နည်းလမ်း (၅)သွယ်"

"ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပုံသွင်းပေးနိုင်မယ့်နည်းလမ်း (၅)သွယ်" pexels

ကမ္ဘာပေါ်က နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ခေါင်းဆောင်ကောင်းတွေတိုင်း မွေးကတည်းက ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ တံဆိပ်ကပ်ပြီး မွေးမလာပါဘူး။

ခေါင်းဆောင်တော်တော်များများက ထက်မြက်ပြီး ခေါင်းဆောင်စွမ်းရည်တွေ ပြည့်ဝနေစေဖို့ ကိုယ်တိုင်လေ့ကျင့် ကြိုးစားခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံကိုပဲ ကြည့်မလား၊ အခြားသူတွေရဲ့ ဘဝကိုပဲကြည့်မလား… “ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ ကိုယ်ဘာတွေသိတယ်ဆိုတာနဲ့ မဆိုင်ဘူး၊ ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာနဲ့ပဲ ဆိုင်တယ် ” လို့ သိလာရပါလိမ့်မယ်။


၁။ ကတိတည်ပါ၊ စကားတည်ပါ

 

ကိုယ့်ဘက်က ကတိမတည်နိုင်ဘဲနဲ့ ဘယ်ကတိကိုမှ မပေးပါနဲ့။ ပျက်ပြယ်သွားတဲ့ကတိတွေနဲ့ ဖြစ်မြောက်မလာတဲ့မျှော်လင့်ချက်တွေက ယုံကြည်မှုကို အပျက်ပြားစေနိုင်ဆုံးအရာတွေပါ။ တစ်ခါတလေမှာ ကိုယ်ပေးခဲ့တဲ့ကတိတွေကိုတည်ဖို့က ကိုယ့်အတွက်စိန်ခေါ်မှုတစ်ခုလို ခက်ခဲနေတတ်ပါတယ်။ ကတိတည်ခြင်းက ကိုယ့်ရဲ့ စည်းကမ်းနဲ့ ဂုဏ်သိက္ခာကို မြင့်မားစေပါတယ်။ ကတိတည်တတ်တဲ့အကျင့်ဖြစ်လာဖို့ ကလေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စတင်လေ့ကျင့်ပါ။

 

 


၂။ လွှမ်းမိုးမှုရှိအောင် ပြောဆိုပြုမူနေထိုင်ပါ

 

“ လူအထင်ကြီးအောင် မဝတ်ပါနဲ့၊ လွှမ်းမိုးမှုရှိအောင်ဝတ်ပါ ” တဲ့ အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့ဝတ်စားဆင်ယင်နေထိုင်မှုတွေက ကိုယ့်ပုံစံသီးသန့်ဖြစ်နေပြီး လူတိုင်းကိုလွှမ်းမိုးမှုရှိအောင် ကြိုးစားသင့်တဲ့သဘောပါ။ ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့လက်အောက်ငယ်သားအဖြစ် ကိုယ့်ရဲ့ခေါင်းဆောင်မှုတွေကို ပြန်လည်သုံးသပ်ဝေဖန်ပါ။ ပြီးတော့ ကိုယ့်ရဲ့ကြိုးစားမှုပုံစံတွေဟာ ကိုယ့်တစ်ယောက်အတွက်တည်းသာမက ကိုယ့်အဖွဲ့၊ ကိုယ့်ကုမ္ပဏီအတွက်လည်း ဖြစ်နေပါစေ။ Butler Amusements, a Fairfield, Calbased carnival company ဆိုရင် ကုန်တင်ကားတွေအားလုံးကို သန့်ရှင်းနေအောင်ထားပြီး အဲဒီလိုသန့်ရှင်းနေအောင်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတဲ့အနေနဲ့ အမှတ်တံဆိပ်ဆောင်ပုဒ်ကို “ The Cleanest Show in the West.” လို့ ရေးထားပါတယ်။

 

 


၃။ Customer တွေကို ဆက်ဆံစေချင်တဲ့ပုံစံအတိုင်း ကိုယ့်လက်အောက်ငယ်သားတွေကို ဆက်ဆံပါ

 

Customer တွေကို ယဉ်ကျေးစွာပြောဆိုဆက်ဆံဖို့ လက်အောက်ငယ်သားတွေကို သင်ပေးပါ။ ပြီးတော့အရေးကြီးတာက “ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ” ဆိုတာမျိုး မဖြစ်စေဖို့ပါပဲ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းဟာ အာဏာနဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး လုပ်ချင်ရာလုပ်ဖို့ ခွင့်ပေးထားတာမဟုတ်ပါဘူး။ ငယ်သားတွေ အတုယူလေးစားနိုင်အောင် စံပြဖြစ်အောင်နေထိုင်ဖို့ပါ။ ကိုယ့်လက်အောက်ငယ်သားတွေကို ဆက်ဆံပုံတွေက ငယ်သားတွေကို လွှမ်းမိုးနိုင်ပါတယ်။ ၁၉၆ဝ ဝန်းကျင်မှာ Robert Greenleaf က “ servant leadership ” ဆိုတဲ့ စကားလုံးတစ်ခုကို တီထွင်လိုက်ပါတယ်။ ဒါဟာ လက်အောက်ငယ်သားတွေကို ကျွန်လိုအောက်ကျို့ဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ဝန်ထမ်းတွေ၊ ငယ်သားတွေကို အောင်မြင်အောင် အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့၊ ကူညီပေးဖို့ ဖြစ်ပါတယ်။

 

 

၎။ ကိုယ့်ကိုယ်ကို မြင့်မားစေဖို့ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ အာမခံမှုကို ထုတ်ပြပါ

 

ကိုယ့်လုပ်ငန်းကိုအောင်မြင်အောင်လုပ်နိုင်မယ့် နည်းလမ်း (၂)ခုရှိပါတယ်။ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့နဲ့ ကိုယ့်အသင်းအဖွဲ့တစ်ခုလုံးကို အောင်မြင်အောင် လုပ်ဖို့ပါ။ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်အဖွဲ့ကြီးတစ်ခုလုံးတိုးတက်လာတာနဲ့အမျှ ဝန်ဆောင်မှုတွေလည်း တိုးတက်လာမယ်၊ လုပ်ဆောင်ချက်တွေကောင်းလာပြီး ရလဒ်တွေလည်းကောင်းလာမယ်။

Suncoast Coffee Service and Vending ကုမ္ပဏီဆိုရင် ဝန်ထမ်းအင်အား အယောက် (၂ဝ)ပဲရှိတဲ့ ကုမ္ပဏီလေးပါ။ တည်ထောင်သူတွေက ဝန်ထမ်းတွေကို အလုပ်ခွင်မှာရော၊ ကိုယ်ရေးကိုယ်တာမှာပါ တိုးတက်ပြီး အကျိုးရှိစေဖို့ စာအုပ်တွေဖတ်ခိုင်းပါတယ်။ ကုမ္ပဏီရဲ့ စာဖတ်တဲ့အစီအစဉ်မှာ စာအုပ်တွေကို ဝန်ထမ်းတစ်ယောက်ချင်းစီကို ဖတ်ရမယ့် ရက်စွဲနဲ့အတူ ဝေပေးထားပါတယ်။ ဝန်ထန်းတစ်ယောက်ကို စာတစ်အုပ်ဖတ်ချိန် တစ်လပေးထားပြီး စာအုပ်ကို ကောင်းကောင်းဖတ်ပြီးပြီဆိုတာနဲ့ ဒေါ်လာ ၅ဝ ဆုချပါတယ်။ လကုန်ရက်တိုင်းမှာ ဝန်ထမ်းတွေဟာ ကိုယ်ဖတ်ထားတဲ့အကြောင်းအရာတွေကို အချင်းချင်းဆွေးနွေးရပါတယ်။

 

 


၅။ ထောက်ပြဝေဖန်တာကို စောင့်နေမယ့်အစား feedback တောင်းလိုက်ပါ။

 

တချို့ခေါင်းဆောင်တွေဟာ ငယ်သားတွေရဲ့ ထောက်ပြမှုတွေကို ဝေဖန်တာလို့မှတ်ယူတတ်ကြပြီး အကြံကောင်းတွေနဲ့ လွဲရတတ်ပါတယ်။ ဝန်ထမ်းတွေက ကိုယ့်ကို ထောက်ပြပြီး feedback ပေးလာမှာကို စောင့်ဆိုင်းနေခြင်းဟာ စွန့်စားရတဲ့အလုပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ကိုယ့်ကို နှစ်သက်လား၊ မနှစ်သက်လား မမေးပါနဲ့။ အဲဒီလိုမေးမယ့်အစား “ ကျွန်တော်ဒီထက်ပိုပြီး ကောင်းတဲ့၊ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ၊ ခင်ဗျားတို့အမြင်ကို ပြောပြပေးပါလား ” လို့ တောင်းဆိုလိုက်ပါ။ ဝန်ထမ်းတွေ ထောက်ပြပြောဆိုတဲ့အခါမှာလည်း သေသေချာချာနားထောင်ပါ။ “ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောဆိုဆက်ဆံဖို့လိုတယ် ” လို့ တစ်ယောက်ယောက်က ထောက်ပြတဲ့အခါ ဘယ်လိုမျိုးလဲလို့ ဥပမာပြခိုင်းလိုက်ပါ။ ဒါဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေကို ပြင်ရမလဲ၊ ဘာတွေကို တိုးတက်အောင်လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားမှာပါ။

 


Source ; Hope Ads

သင်တို့ကလေး တွေရဲ့ စွမ်းရည်တွေကို ဒီထက်ပိုပြီး မြှင့်တင်ချင်ရင်တော့ ဤလင့်ခ် sayar.com.mm မှာရှိတဲ့ ဘာသာရပ်တစ်ခုချင်းစီသင်ကြားပေးသော ဆရာ၊ ဆရမများကို ဆက်သွယ်လိုက်ပါ။

Read times
Rate this articles
(0 votes)