×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 19 June 2019

"အင်္ဂလိပ်စကား တကယ် ပြောတတ်ချင်တယ်ဆိုရင်ဒါလေးတွေ သတိထားပါ "

"အင်္ဂလိပ်စကား တကယ် ပြောတတ်ချင်တယ်ဆိုရင်ဒါလေးတွေ သတိထားပါ " google.com

အင်္ဂလိပ် ဘာသာစကား ကို ပြောဆို အသုံးချနိုင်စွမ်းနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကို ဘယ်အပိုင်းမှာ အားနည်းနေသလဲဆိုတာ အရင် သိအောင် လုပ်ပါ ။

1. Vocabulary

( ဝေါဟာရ မကြွယ်ဝတာ / နည်းလွန်းတာ / ကိုယ် ပြောချင်တဲ့ အကြောင်းအရာ အတော်များများအတွက် လိုအပ်တဲ့ စကားလုံးတွေ ပျောက်နေတယ်လို့ အမြဲ လိုလို ခံစားနေရတာ )

2. Grammar & Sentence Construction

( စကားလုံးတွေ သိနေပေမယ့် စာကြောင်း ဖြစ်အောင် စီရင် မချောတာ / နှေးလွန်းတာ / သဒ္ဒါပိုင်း အခြေမခိုင်လို့ စာကြောင်းတွေ ကိုယ်တိုင် မတည်ဆောက်နိုင်တာ /တည်ဆောက်ရင်လည်း အမှားများလွန်းနေတာ )

3. Listening

( သူတို့ - နိုင်ငံခြားသားတွေ - ပြောတဲ့ စကားတွေကိုကိုယ့် နားက ဖမ်းနိုင်စွမ်း အားနည်းတာ /စာဖတ်မယ်ဆို နားလည်နိုင်လောက်တဲ့ ဟာတွေကို အကြား သက်သက်နဲ့ဆို နားမလည်တာ )

4. Pronunciation

( ကိုယ့် အသံထွက်က သူများ နားလည်ရခက်လောက်အောင် လွဲနေတာ / ကိုယ့် အသံထွက် နဲ့ နိုင်ငံတကာမှာ သုံးနေတဲ့ အသံထွက်တွေက သိသိသာသာကြီးကို ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာ )

5. Fluency

( အပေါ်က ၄ ခုမှာ သိပ်မဆိုးတဲ့ အခြေအနေမှာ ရှိနေပေမယ့် ခုချိန်ထိ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ပြောမထွက်သေးတာ )


ကိုယ် ဘယ်အပိုင်းမှာ အားနည်းလဲဆိုတာ ကိုယ့် ဘာသာ မညှာတမ်း မညာတမ်း သိအောင် လုပ်ပါ ။ ဒါမှ အဲ့ဒီ အပိုင်းကို ကိုယ်တိုင် သေချာ ဖိဖိစီးစီး လေ့လာ လေ့ကျင့်နိုင်မှာပါ ။ အဲ့ အပိုင်းကို ဘယ်လို လေ့လာရမယ်
ဘယ် သင်ရိုးတွေ လေ့လာရမယ် ဆိုတာ ဆရာကောင်း သမားကောင်းကို တလေးတစား ဆွေးနွေး မေးမြန်းပါ ။


တလေးတစားဆိုတာ ဆရာ အားမအား / နားနေချိန် ဟုတ်မဟုတ် / လောလောဆယ် ဖြေပေးလို့ အဆင်ပြေမပြေ အရင် မေးပြီးမှ ကိုယ့် အကြောင်းကို သေချာမိတ်ဆက်ပြီး မေးမြန်း တာကို ဆိုလိုတာပါ ။

မသိရင် ဆရာကပဲ သူ့ဆီက ကြွေးယူထားလို့ သူက အကြွေးပြန်တောင်းတဲ့ လေသံမျိုးနဲ့ စာမေးတတ်သူ တစ်ချို့ ရှိလို့ ဒီ စကားကို မပြောချင်ပေမယ့် ထည့်ပြော သတိပေးနေရတာပါ ။

လူတစ်ယောက်ကို တလေးတစား မဆက်ဆံနိုင်ဘူးဆိုရင် သူ့ဆီက ဘာ အကူအညီမှ မယူပဲ ခပ်ကင်းကင်းပဲနေတာ ပို ကောင်းပါတယ်ဗျာ။


သင်တန်းတက်ပေမယ့် အပေါ်က ၅ ချက်ကို သေချာ သတိမထားရင်လည်း တိုးတက်မှု နှုန်း နှေးပါလိမ့်မယ် ။သင်တန်းဆိုတာက လူအများနဲ့ သင်ရတာမို့လို့ တစ်ဦးချင်း အားနည်းချက်တွေကို ဆရာတွေက တကယ် ဖြည့်ပေးနိုင်ဖို့ ခက်ပါတယ် ။ ဒါကြောင့် ဆရာတွေဆီက လေ့လာလေ့ကျင့်နည်းကို မေးပြီး ကိုယ့်ဘာသာ ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားတာက ပို လက်တွေ့ကျပါတယ် ။

အမြဲတမ်း ကိုယ့်ကိုယ်ကို ပြန်သတိပေးနေရမှာက ဘယ်လို လေ့လာလေ့ကျင့်ရမယ်ဆိုတာတွေကို ငါ တကယ် မသိလို့ မလုပ်ဖြစ်တာလား ... သိလျက်နဲ့ ( ဆင်ခြေအမျိုးမျိုးပေးပြီး )မလုပ်ပဲ နေနေတာလား ... ဆိုတာပါ ။

ကိုယ့်ကိုယ်ကိုညာနေရင် အမြဲ ဝေဝေ ဝါးဝါး ဖြစ်နေပါလိမ့်မယ် ။

ကိုယ့်ကိုယ်ကို ညှာနေရင် ဖြည်းဖြည်း မှန်မှန်လေးပဲ တိုးတက်လာပါလိမ့်မယ် ။

ကိုယ့်ကိုယ်ကို
မညာမှ
မညှာမှ
တိုးတက်မှု နှုန်းလည်း မြန်ပါလိမ့်မယ် ။

ကိုယ် လိုချင်တာ လိုအပ်တာ ဘာလဲ ? ကိုယ် ပြန်ပေးဆပ်နိုင်တာ ဘာတွေလဲ ?ဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိအောင် အမြဲ ကြိုးစားပါလို့ စကား လက်ဆောင် ပါးလိုက်ပါရစေဗျာ။

ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ။

 

Credit : ကိုဇင်ဇေ (active engkish သင်တန်း)


သင့်ရဲ့ အင်္ဂလိပ်စကေး တွေကို မြှင့်တင်ချင်လို လျှင် sayar.com.mm မှာ ရှိတဲ့ ဆရာ၊ ဆရာ များနှင့် အခုပဲ ဆက်သွယ်လိုက်ပါ။

Read times
Rate this articles
(1 Vote)