×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 21 June 2019

"ထူးချွန်အောင်မြင်သူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးလေ့ရှိတဲ့ မေးခွန်း (၄) မျိုး"

"ထူးချွန်အောင်မြင်သူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးလေ့ရှိတဲ့ မေးခွန်း (၄) မျိုး" google.com

ကိုယ့်ကိုယ်ကို မေးခွန်းကောင်းတွေ ပြန်မေးခြင်းဟာလည်း ကိုယ်လုပ်မယ့်အလုပ်ကို အောင်မြင်စေနိုင်ပါတယ်။

၁. ဒီနေ့အတွက် ကောင်းတာတွေ ဘာတွေ လုပ်ဖြစ်ခဲ့သလဲ။

အောင်မြင်သူတွေဟာ ကောင်းတာတွေကို ရှာဖွေတတ်ကြပါတယ်။ ကောင်းတာတွေးတယ် ကောင်းတာ မေးတယ် အကောင်းမြင်တတ်ကြပါတယ်။ ကိုယ့်တစ်နေ့တာ လုပ်ခဲ့တာတွေထဲ အကောင်းတွေကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု ရှိစေကြပါတယ်။

ဘဝ တိုးတက်ရေးအတွက် ငါဒီနေ့ဘာတွေလုပ်ခဲ့တယ် နောက်နေ့ဘာလုပ်မယ် စသဖြင့် တွေးလေ့ရှိကြပါတယ်။

ထို့ကြောင့် သင်လည်း အောင်မြင်သူတစ်ယောက် ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို မေးခွန်းတွေမေး ကိုယ့်ဘက်က ပြန်တုန့် ပြန်မယ့် အဖြေကို ကြည့် ပြီးရင်လုပ်သင့်တာလုပ် ဖြည့်စွက်စရာရှိတာ ဖြည့်စွက်ပါ။

 

၂. အောင်မြင်မှုဟာ င့ါအတွက် ဘာကိုဆိုလိုတာလဲ။

ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ကြည့်မှသာ ကိုယ့်ခံယူချက်တွေက သူများနဲ့မတူလို့ သူများနဲ့ ယှဉ်ရင် ကိုယ်က အောင်မြင်နေရတာကို သိမှာပါ။ နောက်ပြီး ဒီနေရာမှာ အောင်မြင်မှူက ကိုယ့်အတွက် ဘယ်လို သဘောလဲဆိုတာ သိရပါ့မယ်။ ဥပမာ - အောင်မြင်မှု ဟာ ငွေလား ? ရာထူးလား? ဘာကြောင့်
အောင်မြင်နေသလဲ စသဖြင့် သေချာတွေးသင့်ပါတယ်။

 

၃. ဒီနေ့မှာ အောင်မြင်မှုဆီ ချဉ်းကပ်နိုင်ဖို့ ဘာအသေးအဖွဲလေးတွေ လုပ်နိုင်မလဲ။

ဘဝဟာ တာရှည်ပြေးရတာဖြစ်တဲ့အတွက် စထွက်တည်းက အားသွန်ခွန်စိုက်ပြေးတာထက် ဖြေးဖြေးနဲ့ မှန်မှန်ပြေးမှသာ ပန်းတိုင်ရောက်သည်ထိ လဲကျခြင်းမရှိပဲ အောင်မြင်နိုင်မှာပါ။

အလုပ်တစ်ခုကိုပဲ တစိုက်မတ်မတ်အချိန်ပြည့်လုပ်တာထက် တစ်ခြားအသေးအဖွဲလေးတွေဖြစ်တဲ့ ထမင်းစားချိန်စား နားချိန်နားတာတွေ၊ စာအုပ်ဖတ်တာတွေ၊ ပန်းပင်လေးတွေ စိုက်တာဟာ ကျန်းမာရေး ကောင်းစေရုံမကပဲ စိတ်ရွှင်လန်းစေပါတယ်။ မိမိစိတ်က တက်ကြွမှုရှိနေမှ အလုပ်ကို အာရုံစိုက်နိုင်မှာဖြစ်ပြီး အလုပ်ကို အာရုံစိုက်နိုင်မှ အောင်မြင်မှုကို ရရှိစေမှာပါ။

 

၎. ငါအကောင်းဆုံး လုပ်နိုင်တဲ့အရာက ဘာဖြစ်မလဲ။

သင်ဟာ အမြဲ အကောင်းတွေပဲ ကြုံတွေ့နေမှာ မဟုတ်ပါဘူး။ သင်ဟာ အလုပ်ရှင်ကောင်းနဲ့ တွေ့ကြုံနိုင်သလို အလုပ်ရှင်ဆိုးနဲ့လည်း တွေ့ကြုံ ရနိုင်ပါတယ်။ သင့်မှာ စွန့်လွှတ်ချင်စိတ် အရှုံးပေးချင်စိတ်တွေ ဖြစ်လာမယ်။

ဒါပေမဲ့ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး လူတိုင်းကြုံရတဲ့ အရာပါ။ ဒါ့ကြောင့် အခြေအနေဆိုးတွေနဲ့ကြုံတဲ့အခါ အဖြေကို ရအောင်ရှာပါ။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်အကောင်းဆုံး လုပ်နိုင်အရာဟာ ဘာဖြစ်မလဲဆိုတာ ပြန်မေးပါ။

Source : Shwemon

သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဘာသာရပ်နှင့် ဆရာ၊ ဆရာမများရွေးချယ်ရန် ဤလင့်ခ်http://bit.do/eVGne ကိုနှိပ်ပါ။

Read times
Rate this articles
(2 votes)