×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 10 July 2019

"ကြိုက်သလောက်ဖတ် ကျသလောက်ကိုရှင်းပေးမယ့် YSRM (Youths Should Read More)”

"ကြိုက်သလောက်ဖတ် ကျသလောက်ကိုရှင်းပေးမယ့် YSRM (Youths Should Read More)” Youths Should Read More

စာဖတ်ဝါသနာရှင်တွေအတွက်တော့ သတင်းကောင်းပဲ။

YSRM ဆိုတဲ့ Page က လူငယ်တွေ စာဖတ်ဖို့ အတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်ပေးတာပါ။ စာအုပ်ဆိုင်တွေမှာ ငှားဖတ်ရယ့် အခကြေးငွေ ကို YSRM က ရှင်းပေးမှာပါ။
အခုတော့ စမ်းချောင်းမြို့ နယ်ထဲက ထင်ပေါ်စာ အုပ်ဆိုင်တစ်ခုတည်းမှာပဲ အခမဲ့ ငှားဖတ်လို့ ရပါသေးတယ်။ နောက်ပိုင်းမှာတော့ တခြားမြို့ နယ် တွေမှာ လည်း ထားရှိဦးမှာပါ။ တကယ်လို့  သင်စိတ်ဝင်စားမယ်ဆိုရင်တော့ Member ကဒ် ပြု လုပ်ရပါမယ်။

66516319 756530431451302 3015207444272906240 n


YSRM ကဒ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့

(1) အသက် ၂၅ နှစ်အောက်ဖြစ်ရပါမယ်။
(2) ကတ်နှင့် တစ်ကြိမ်လျှင် စာအုပ်တန်ဖိုး တစ်သောင်းဖိုးထိ ငှားရမ်းဖတ်ရှုနိုင်ပါမယ်။ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ငှားရမ်းနိုင်ပါတယ်။
(3) စာအုပ်ပျက်စီး၊ ပျောက်ဆုံးမှုများအတွက် မိမိဘာသာ တာဝန်ယူရပါမယ်။
(4) YSRM နှင့် ချိတ်ဆက်ထားသော ဆိုင်များမှာသာ ငှားရမ်းနိုင်ပါမယ်။
အခြေအနေပေါ်မူတည်ပြီး စည်းမျဉ်းများ ထပ်တိုးနိုင်ပါတယ်။

YSRM ရဲ့ facebook Page ကို သွားပြီး YSRM ကဒ်ပြုလုပ်လို့ ရပါတယ်။
အခုပဲ YSRM ကဒ်လေးပြေး လုပ်ပြီးတော့ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ အခမဲ့ ဖတ်ရှုလိုက်ကြရအောင်။

 

sayar.com.mm

Read times
Rate this articles
(0 votes)