×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 23 July 2019

"စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်း (၉) မျိုး"

"စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်း (၉) မျိုး" pexels

ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအတွက် ဥာဏ်ကောင်းဖို့ ကျက်သမျှ စာတွေမှတ်မိဖို့ ဆိုတာ တော်တော့်ကို အရေးပါပါတယ်။

စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်းများ ပထမဆုံးအနေနဲ့ ဘာမှမလုပ်သေး ခင်မှာ စာကျက်မယ့်သူဟာ ဘယ်လိုကျက်မှတ်တတ်တဲ့ အလေ့အထရှိသလဲဆိုတာကို ဆန်းစစ်ရပါ့မယ်။

အကြားအာရုံနဲ့ မှတ်သားတာကို အားသန်သလား၊ အမြင်အာရုံနဲ့ မှတ်သားတာကို အားသန်တာလား၊ ဒါမှမဟုတ် အတွေ့အကြုံအပေါ် အခြေခံပြီးလေ့လာမှတ်သားတတ်တဲ့သူလားဆိုတာကို သိဖို့ လိုအပ်ပါတယ်။

 

၁. နေရာ ပြင်ဆင်ခြင်း

pexels-photo-923311_1.jpeg

 

ဘယ်လိုနေရာဖြစ်ဖြစ် ကျက်တတ်ပေမဲ့ ကိုယ့်အတွက် အနှောင့်အယှက်ကင်းတဲ့နေရာဖြစ်ရင်တော့ စာကျက်တဲ့အခါမှာ အာရုံပိုစူးစိုက်နိုင်ပါလိမ့်မယ်။

 လူကိုလည်း သက်တောင့်သက်သာဖြစ်အောင် မပူလွန်း မအေးလွန်းတဲ့ အခြေအနေမျိုးဖြစ်အောင် စီမံထားသင့်ပါတယ်။

 

၂. သင်သမျှစာကို အသံသွင်းထားပါ

Record-phone-call.jpg

 

အခုခေတ်မှာ ဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူအသံဖမ်းနိုင်တဲ့အတွက် ဆရာပြောသမျှအရာအားလုံးကို အချိန်မရွေး ပြန်နားထောင်နိုင်ပါတယ်။

စာတစ်ပုဒ်ကို မှတ်မိချင်တယ်ဆိုရင် အဲ့ဒီစာကို ကိုယ်တိုင်ပြန်ဖတ်ပြီး အသံသွင်းထားပါ၊ ပြီးရင် ပြန်နားထောင်ပေးပါ၊ အကြားအာရုံနဲ့ မှတ်သားတတ်သူတွေအတွက် ဒီနည်းလမ်းဟာ တကယ်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

၃. အသံသွင်းထားတာတွေ ပြန်နားထောင်ပါ

smartphone-vintage-technology-music.jpg

 

ကားစီးနေချိန်၊ အဝတ်လျှော်နေချိန်လိုမျိုး စာကျက်ဖို့မဟုတ်တဲ့ နေရာနဲ့ အချိန်တွေမှာ အသံသွင်းထား တာတွေကို ပြန်နားထောင်ပေးပါ။

 

၎. အားလုံးကိုချရေးပါ

pexels-photo-210661.jpeg

 

ဘာစာကိုမှ မကျက်မှတ်သေးခင်မှာ ကိုယ်ကျက်မှတ်မယ့် အချက်အလက်တွေကို အစအဆုံးချရေးဖို့လိုပါတယ်။ ဒီနည်းလမ်းဟာ ကျက်ရမယ့် စာနဲ့ ပိုပြီးရင်းနီးလာစေပါတယ်။ အသံဖမ်းထားတာကို နားထောင်နေရင်းနဲ့
ချရေးမယ်ဆိုရင် ပိုပြီးများများ မှတ်မိနိုင်ပါတယ်။ အင်္ဂလိပ်စကားပြော လေ့ကျင့်နည်း (၆) နည်း

 

၅. မှတ်စုကို အပိုင်းလိုက်ခွဲထားပါ

pexels-photo-249360.jpeg

 

ကျက်မယ့်စာတွေကို မှတ်စုစာအုပ်တစ်အုပ်ထဲမှာ ချရေးပြီးပြီဆိုရင်တော့ အဲ့ဒီမှတ်စုကို အပိုင်း လိုက်ပြန်ခွဲပေးဖို့ လိုပါတယ်။ တစ်ပိုင်းချင်းစီကို ဖတ်ရင်း သက်ဆိုင်ရာအကြောင်းအရာတွေကို ဦးနှောက်ထဲမှာ အပိုင်းလိုက်ခွဲပြီး စတင်နှိုင်းယှဉ်မှတ်သား မိလာပါလိမ့်မယ်။

 

၆. အပိုင်းလိုက် ထပ်ခါထပ်ခါကျက်မှတ်ပါ

4f34918e9ff9267a48588550a4e76f19.jpg

 

စာတစ်ကြောင်းချင်းစီကို ထပ်ခါထပ်ခါဖတ်ပြီး မကြည့်ဘဲ ပြန်စဉ်းစားကြည့်ပါ။ တစ်ကြောင်းချင်းစီကို မှတ်မိပြီဆိုရင် အရင်မှတ်မိထားတာနဲ့ ပြန်ပေါင်းစဉ်းစားပါ။

 

၇. အလွတ်ပြန်ချရေးပါ

38ddffb27afde38d2282aae2914a5ff5.jpg

 

အပိုင်းအားလုံးကို မှတ်မိသွားပြီဆိုရင် အလွတ်ပြန်ချရေးကြည့်ရပါ့မယ်။ ဒီနည်းကတော့ ကျက်မှတ်ထားသမျှကို လက်တွေ့မှတ်သားမှုနည်းလမ်းနဲ့ ထပ်အားဖြည့်ပေးတာပါပဲ ဖြစ်ပါတယ်။

 

၈. ပြန်သင်ပေးပါ

pexels-photo-1181233.jpeg

 

ကိုယ်တိုင်လေ့လာမှတ်သားထားတဲ့ အရာတစ်ခုကို တခြားသူတွေကို ပြန်သင်လိုက်တဲ့အတွက် ပိုပြီး မှတ်မိလွယ်ပါတယ်။ ပိုပြီး ထိရောက်တဲ့နည်းလမ်းကတော့ မေးခွန်းထုတ်ကြည့်တာပါပဲ၊ ကိုယ်မှတ်သားနေတဲ့
အကြောင်းအရာနဲ့ပတ်သက်ပြီး မေးခွန်းပုံစံအမျိုးမျိုးနဲ့ ဘယ်လိုမေးနိုင်မလဲဆိုပြီး ထုတ်ကြည့်သင့်ပါတယ်။

 

၉. အနားယူပါ

pexels-photo-440581.jpeg

 

လက်ရှိကျက်မှတ်နေတဲ့အရာကို မစဉ်းစားဘဲ ခဏလောက်နေပြီးမှ ပြန်ကျက်မှတ်ပါ။ သိပ်မမှတ်မိတဲ့ အကြောင်းအရာတွေကို သတိထားမိပြီး ထပ်ကျက်ဖို့လိုသေးတဲ့ နေရာတွေမှာ
ပိုအလေးပေး ကျက်နိုင်ပါလိမ့်မယ် ဖြစ်ပါတယ်။ "လူငယ်တွေဘာကြောင့် မှတ်စုစာအုပ် ရေးတဲ့ အကျင့် လုပ်သင့်သလဲ"

 


Source: knowledge village

sayar.com.mm

Read times
Rate this articles
(1 Vote)