Articles

Wednesday, 28 August 2019

"အလုပ်ခွင်ဝင်မည့် လူငယ်တိုင်း သိထားသင့် တဲ့ HR (Human Resources) “

"အလုပ်ခွင်ဝင်မည့် လူငယ်တိုင်း သိထားသင့် တဲ့ HR (Human Resources) “ google.com

ဝန်ထမ်းရေးရာ စီမံရေး ကျွန်တော် နားလည်သ လောက် ပြောကြည့်မယ်


ဘွဲ့ရများနှင့် လုပ်ငန်းခွင်ဝင်ခါစ ကြောက်စိတ်
***************************

ဘွဲ့ရပြီးခါစ ကျောင်းသားတစ်ဦးအနေဖြင့် တစ်ကိုယ်ရေ အရကျွ န်ုပ်အကြီးမားဆုံး သောကမှာ ပေးအပ်ထားသော အလုပ်ကို အချိန်မီ  ပြီးစီးအောင် မလုပ်နိုင်မည့်အရေးဖြစ်သည်။

တကယ့်လုပ်ငန်းခွင်ထဲသို့ ခြေလှမ်းဝင်လိုက်သောအခါ မေးစရာများနှင့် အကြောက်တရားများ တန်ချီပြီး ရှိနေသည်။ ကျောင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း အကြောင်းမထူး။

လူမှု အသင်းအဖွဲ့များတွင်  ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စသဖြင့် လုပ်ကိုင်ခဲ့ဖူးခြင်းသည်လည်း အကြောင်းမထူး။

လုပ်ငန်းခွင်တစ်ခုတွင် လူသစ်တန်းအဖြစ် ၀င်ရောက်ရသည့်အခါ မတန်မရာ နေရာတစ်ခုသို့ ရောက်ရှိပြီး တာဝန်ထမ်းရသည့်နှယ် ကျွန်ုပ်တို့ ဖြစ်နေကြသည်။ ထိုအချက်က ကျွန်ုပ်အား ကျွန်ုပ်ထက် ပိုမြင့်သည့် ၀န်ထမ်းများကို တွေ့ဆုံရာ၌ ကြောက်စိတ်ကို ဖြစ်ပေါ်နေစေသည်။

ပတ်ဝန်းကျင် အရှိန်အ၀ါအသစ်တစ်ခုလုံးကိုလည်း ရှိန်နေမိသည်။ အရေးအကြီးဆုံးမှာ  ကျွ န်ုပ် သင်ယူခဲ့သည်တို့ကို တကယ့်အလုပ်မှာ လုပ်ကိုင်ရခြင်း ဖြစ်သည်။ 

 

ယခုအခါ ကျွန်ုပ်သည် တရားဝင် ဘွဲ့ရတစ်ဦး ဖြစ်ပြီး လိုအပ်သော သတ်မှတ်ချက်များကိုလည်း ပြည့်မီသူ ဖြစ်သည်။ လိုအပ်သော ဘာသာရပ်တို့ကိုလည်း သင်ယူထားသူ ဖြစ်သည်။

သို့တိုင်အောင်  ဘွဲ့ရပြီးခါစ လူသစ်တန်းတစ်ဦးဖြစ်သည့် အားလျော်စွာ သင်ယူခဲ့သော သင်ခန်းစာများကို အလုပ်ထဲမှာ မည်သို့ ကျင့်သုံးရမည်ကို စိတ်ကူးကြံဆ၍ မရသေးချ။

မကြာခင်မှာပင် ကျွန်ုပ်သည် အချိန်ယူပြီး ထိုကိစ္စကို စဉ်းစားကြံဆကာ အဖြေရှာသည်။

ကျွန်ုပ်သည် MMRD ကုမ္ပဏီ၏ Industrial Insight ဌာနခွဲ၌  အလုပ်သင်အဖြစ် လုပ်ကိုင်ရင်း အတွေ့အကြုံများ ရယူရန် ကြီးမားသော အခွင့်သာခြင်း ဖြစ်နေသည်။

ကျွ န်ုပ်သည် လုပ်ငန်းအမျိုးမျိုးမှ နိုင်ငွသားနှင့် နိုင်ငံခြားသား နှစ်မျိုးစလုံး ပါဝင်သော HR ဌာနမှူးတို့နှင့် တွေ့ဆုံရန် အခွင့်အလမ်းကို ရရှိသည်။ ထိုအချက်က ကျွ န်ုပ်၏ ယခင်တုန်းက မေးခွန်းများအတွက် အလိုချင်ဆုံး ဖြစ်သော  အဖြေများကို ပေးသည်။ HR ဟု အတိုကောက် ခေါ်ဝေါ်ကြည့် Human Resources နယ်ပယ်မှ ဗဟုသုတများ တိုးပွားသည်။

 ရှေ့သို့ ဆက်၍ မဖတ်ခင် အပြစ်တင်မခံရအောင် အသိပေးလိုသည်မှာ အောက်တွင် ဖော်ပြထားသော အချင်းအရာမှန်သမျှတို့သည် အလုံးစုံ တိကျမှန်ကန်ခြင်း မဖြစ်။ အကြောင်းမှာ ကျွ န်ုပ်၏ တိုင်းပြည်တွင် ရှိသော Human Resource နယ်ပယ်အကြောင်းကိ ကျွန်ုပ် နားလည်သရွေ့မျှဖြင့် ရေးသားထားသောကြောင့် ဖြစ်သည်။ 

Read More >>>> အင်တာဗျူးဖြေပြီးပေမဲ့ ဘာကြောင့် အလုပ်မရတာလဲ...?

 

HR ကို ဘယ်သုတွေ လိုအပ်သလဲ။ HR ကို ဘယ်အချိန်မှာ လိုအပ်သလဲ 

Human Resource1560252226864


အဖွဲ့အစည်းတိုင်းသည် HR ကို လိုအပ်သည်။ မိသားစု လုပ်ငန်းငယ်များ အရွယ်အစားမှ နိုင်ငံတကာ လုပ်ငန်း အကြီးစားများအထိ   HR ကို လိုအပ်သည်။

သီးခြားဌာနတစ်ခုအဖြစ် မဟုတ်လျှင်တောင် Human Resource ၏ သဘောတရားကို သုံးသင့်သည်။ အဖွဲ့အစည်းများတွင် မည်သည့်အခါမျိုးမှာ HR ကို လိုအပ်သနည်းဟု အင်တာဗျူးတစ်ခုတွင် ကျွ န်ုပ် မေးမြန်းခံရဖူးသည်။ “လုပ်ငန်း လုပ်ကိုင်နေချိန်မှာ” ဟု  ကျွန်ုပ်က အဖြေပေးလိုက်သည်။ ကျွန်ုပ်၏ အဖြေမှားပါသည်။

လုပ်ငန်း အစမပြုခင်မှာပင် လုပ်ငန်းများအနေဖြင့် HR ကို လိုအပ်သည်။ ၀န်ထမ်းဦးရေ၊ ရာထူးအနေအထားများ စီစဉ်ရန်၊ တာဝန်ဝတ္တရား အသီးသီးအတွက် အရည်အချင်းများနှင့် အရေအတွက်များ ခင်းကျင်းသတ်မှတ်ရန် HR ကို လိုအပ်သည်။ 

 

 HR ၏ လုပ်ငန်းဆောင်တာများ

The-Top-3-Habits-of-Highly-Successful-HR-Managers-1000x493.jpg


Human Resource Management တွင် ဖော်ပြပါ လုပ်ငန်းဆောင်တာများ ယေဘုယျအားဖြင့် ပါဝင်သည်။
၁) နစ်နာမှုအတွက် ပေးလျော်ခြင်းများနှင့် အကျိုးခံစားခွင့်များ
၂) ပင်ကိုယ် အရည်အချင်းတော်သူ ရှာဖွေခန့်အပ်ခြင်း
၃) ၀န်ထမ်း ဆက်ဆံရေး
၎) မွမ်းမံသင်တန်းများဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း
၅) လူမှန်နေရာမှန် ခန့်အပ်ပေးခြင်း
၆) အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး

၁) နစ်နာမှုအတွက် ပေးလျော်ခြင်းများနှင့် အကျိုးခံစားခွင့်များသည် များသောအားဖြင့် အာမခံထားခြင်း၊ လစာစာရင်း၊  ခံစားခွင့်၊ အခွန်၊ အချိန်ပို လုပ်ကိုင်မှုကို စီမံခြင်း၊ ၀န်ထမ်းအသစ် ၀င်ခြင်းနှင့် ၀န်ထမ်းဟောင်း အလုပ်ထွက်ခြင်း တို့ကို လုပ်ကိုင်ခြင်း ဖြစ်သည်။ 

၂) ပင်ကိုယ် အရည်အချင်းတော်သူ ရှာဖွေခန့်အပ်ခြင်းသည် လူသစ် စုဆောင်းခြင်း၊ အလုပ်လျှောက်ထားသူများကို လူတွေ့ စစ်ဆေးခြင်း၊ လစ်လပ်ရာထူးများအတွက် စာမေးပွဲ စစ်ခြင်း၊ လစာနှင့် လိုအပ်ချက်များကို ၀န်ထမ်းတစ်ဦးချင်းအလိုက် ညှိနှိုင်းခြင်း၊  အလုပ်အကိုင် ရှာဖွေရေး ဆိုင်ရာ ပွဲများ၊ ဟောပြောပွဲများ တက်ရောက်ခြင်း၊ အလုပ်သင် အစီအစဉ်များ ဆောင်ရွက်ခြင်းတို့ ကို တာဝန်ယူ လုပ်ဆောင်ခြင်း ဖြစ်သည်။ 

၃) ၀န်ထမ်း ဆက်ဆံရေးသည် ၀န်ထမ်းများအကြား၊ ၀န်ထမ်းနှင့် လုပ်ငန်းအကြား  မျှမှတတ ပြေပြေလည်လည် ဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်သည်။

အမြဲတစေ အတက်အကျများ ရှိကြပေရာ အပန်းဖြေခရီးများ စီစဉ်ပေးခြင်းဖြင့် ၀န်ထမ်းများအကြား သန်မာသည့် သံယောဇဉ်များ တွယ်ငြိအောင် လုပ်ဆောင်သည်။ 

၎) မွမ်းမံသင်တန်းများဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်းသည် ၀န်ထမ်းများ၏ ကျွမ်းကျင်မှုများကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ 

အလုပ်တာဝန် တစ်ရပ်အတွက် အထူးသီးသန့် လိုအပ်သော တတ်ကျွမ်းမှုများ ရရှိရန် သင်တန်းများ ပေးခြင်း၊ လူမှုဆက်ဆံရေး ဆိုင်ရာ တတ်ကျွမ်းမှုများ အတွက် သင်တန်းပေးခြင်းများ ပါဝင်သည်။

အကြံဉာဏ်ကောင်းများ ပို့ချမှုများ၊ ခေါင်းဆောင်မှု သင်တန်းတို့ ပေးအပ်ပြီး ၀န်ထမ်း၏ ကျွမ်းကျင်မှုများနှင့် အသိပညာများ ထက်မြစေပြီး အဖွဲ့အစည်း၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသည်။

သင်တန်းများ ပေးခြင်းနှင့်အတူ သင်တန်းများ ပို့ချနေစဉ် HR အဖွဲ့သည် စွမ်းဆောင်ရည် စီမံမှု အကဲဖြတ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်သည်။

၃ လ မှ ၁၂ လ အတွင်း ရည်မှန်းချက်များကို များသောအားဖြင့် တစ်ကြိမ်ကျ ချမှတ်ရန် လမ်းညွှန်မှု ပေးမည်jဖြစ်ပြီး သင်တန်းပေးထားသော  ၀န်ထမ်းများသည် လုပ်ငန်းခွင်သင်တန်းမှ ပို့ချသင်ပြပေးထားသည်တို့ကို တကယ်ကျင့်သုံးပြီ အသုံးချခြင်း ရှိမရှိကို စစ်ဆေးမည် ဖြစ်သည်။

သတ်သတ်မှတ်မှတ်ရှိသော နိုင်ငံအချို့နှင့် လူတော်ဖလှယ်သည့် အစီအစဉ်နှင့် ပညာတော်သင် အစီအစဉ် ထားရှိသော အချို့ အဖွဲ့အစည်းများတွင် HR အဖွဲ့သည် အစီအစဉ်များအတွက် ကိုင်တွယ်ဆောင်ရွက်သည်။ ထို့အပြင် လူတော်စီမံရေးရာ အဖွဲ့သည် လွှဲပြောင်းလက်ခံမည့် အစီအစဉ်အတွက် လုပ်ကိုင်ကြရသည်။

ရာထူးတာဝန် တစ်ရပ်အတွက် အရေးပေါ်သဖြင့် ဖြစ်စေ၊ သတ်မှတ်ထားသော အချိန်အကန့်အသတ်အတွင်းမှာ ဖြစ်စေ လွှဲပြောင်းလက်ခံရန် မည်သူဖြစ်သည်ကို စီစဉ်ထားသည်။ 
အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာအတွက် ကျွန်ုပ် နားလည်ထားသည်မှာ အလုပ်ထွက်နှုန်း၊ သတ်မှတ်ကာလတစ်ရပ်၌ အဖွဲ့အစည်းမှ အမျိုးအစားအလိုက် ၀န်ထမ်းခန့်အပ်နှုန်းတို့ကို ၎င်းတို့ တွက်ချက်သည်။ 
ဤသည်တို့မှာ အဖွဲ့အစည်းတစ်ခုအောက်၌  HR ဌာန တစ်ခုလုံး၏ ထမ်းဆောင်နေကျဖြစ်သော လုပ်ငန်းဆောင်တာများဟု ကျွန်ုပ် နားလည်ထားသည်။ 

Read More >>> "Job Fair တွေသွားခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ"


 HR သည် ငြီးငွေ့လား

hrlist.jpg

လူအများက ဆိုကြသည်။ “HR အလုပ်တွေက ငြီးငွေ့တယ်။ ဒါကိုပဲ ထပ်ဖန်တလဲလဲ လုပ်နေရတယ်။ ရာထူးတိုးဖို့ နေရာလည်း သိပ်မရှိဘူး”
ထိုသို့ ပြောဆိုကြသည်တို့က ဤအလုပ်ကို အသက်မွေးဝမ်းကျောင်း အလုပ် အဖြစ် ကျွန်ုပ် ရွေးချယ်ထားခြင်းကို ရံဖန်ရံခါ၌  နောင်တ ရစေသည်။
သို့သော်ငြားလည်း အင်တာဗျူးများနှင့် တွေ့ဆုံခြင်းများထံမှ ကျွန်ုပ် လေ့လာသိရှိခဲ့သည်မှာ အသက်မွေးဝမ်းကျောင်းအလုပ်တွင် အပိုင်း နှစ်ပိုင်း ပါဝင်သည်။

၎င်း နှစ်မျိုးတို့မှာ အထွေထွေနှင့် အထူးပြု တို့ ဖြစ်သည်။  ထိုသို့ သုံးနှုန်း ခေါ်ဆိုထားသည့်အားလျော်စွာ အထူးပြုလုပ်ကိုင်သူသည် အလုပ် လုပ်ငန်းဆောင်တာအသီးသီး၏ အသေးစိတ်အလုပ်များကို လုပ်ကိုင်သူ ဖြစ်သည်။ အထွေထွေလုပ်ကိုင်သူသည် အခြေခံအားဖြင့် အလုပ် လုပ်ငန်းဆောင်တာတိုင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ကိုင်တွယ်ပေးသည်။

အထူးပြုလုပ်ကိုင်သူတို့ အပြီးသတ်ထားသည့် အလုပ်များကို စေ့စေ့ငင စစ်ဆေးသည်။
 အထွေထွေ စီမံခန့်ခွဲသူများ၏ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွင် အကြီးတန်း စီမံခန့်ခွဲရေးမှူး၊ ထို့နောက် မန်နေဂျာ၊ အကြီးတန်း မန်နေဂျာ၊ ညွှန်ကြားရေးမှူး၊ အကြီးတန်း ညွှန်ကြားရေးမှူး၊ HR အထွေထွေ မန်နေဂာ စသဖြင့် ရာထူးအဆင့်ဆင့် ရှိနေသည်။ 


အထူးပြုလုပ်ကိုင်သူသည် အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်သည်။ နိုင်ငံဆိုရင်၊ ဒေသဆိုင်ရာခေါင်းဆောင် ဖြစ်နိုင်ပြီး အကယ်၍ အဖွဲ့အစည်းသည် နိုင်ငံတကာအခြေစိုက် လုပ်ကိုင်နေသည်ဆိုပါက ကမ္ဘာတလွှားဆိုင်ရာ ခေါင်းဆောင် ဖြစ်နိုင်သည်။ 

 

လူအများတို့က  HR အလုပ်သည် ထပ်ဖန်တလဲလဲ လုပ်နေရသော အလုပ်ဟု ဆိုသော်ငြားလည်း အတောမသတ်သည့် စိန်ခေါ်မှုများဖြင့် အတိပြီးသော လုပ်ငန်းဆောင်တာများ ရှိနေသည်။

လူသစ်ခန့်ရသောသူတစ်ဦးအနေဖြင့် ဥပမာတစ်ခု ဆိုရသော်  TA (Talent Acquisition) ပင်ကို အရည်အချင်းရှိသူ ရရှိရေးအတွက် မရေမတွက်နိုင်သော CV များကို နေ့စဉ် ဖတ်ရှုဆန်းစစ်ရသည်။

တစ်ခါတရံ၌ ခပ်လွယ်လွယ် အဆင့်များကို ရှာပေးရပြီး တစ်ခါတစ်ရံ၌ အဆင့်မြင့်သည်များကို ရှာပေးရသည်။ ထိုနှစ်မျိုးစလုံးသည် သူ့အလုပ်ကို ခဲယဉ်းနေစေသည်။

တစ်ခါတစ်ရံ၌ အလွန်အဆင့်မြင့်သော တတ်ကျွမ်းမှုများကို  IT ကဲ့သို့သော သတ်မှတ်ထားသည့် ဌာနအတွက် ရှာပေးရသည့်အခါ HR ၀န်ထမ်းတို့အဖို့ CV မှ တစ်ဆင့် ဆန်းစစ်ရှာဖွေရသည်မှာ ဉာဏ်မမီနိုင်အောင် မြင့်မားလွန်းနေသည်။ လူအမျိုးမျိုး အဖုံဖုံတို့နှင့် ဆက်သွယ်ပြောဆိုရသည်မှာ မကြာခဏ ဆိုသလို လုပ်ကိုင်ရသည့်အခါ လွယ်ကူသောအုလပ် မဟုတ်ချေ။ စဉ်းစားကြည့်လိုက်ပါ။

HR ၀န်ထမ်းတို့ နေ့စဉ်နေ့တိုင် လုပ်ကိုင်နေကြရသည်။ 
လက်တွေ့အမှန်တကယ်တွင် လူအများတို့သည် Human Resource ဘာလုပ်ကိုင်သည်ကို ရှင်းရှင်းလင်းလင်း မသိကြချေ။

အများစုတို့သည် အထူးသဖြင့် HR ကို ရွေးချယ်ကြသော လူငယ်လူရွယ်များသည် စီမံခန့်ခွဲမှုအဆင့်နှင့် ဆက်သွယ်ပြောဆိုရန်နှင့် ၀န်ထမ်းများကို ထိန်းချုပ်ရန် အခွင့်အာဏာ ရရှိထားသော အထူးအခွင့်အရေး ရရှိလိမ့်မည်ဟု အဓိကအားဖြင့် ထင်ထားကြသည်။ တကယ့်လက်တွေ့တွင် သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေသည်။ 


HR ၀န်ထမ်းတို့သည် အဖွဲ့အစည်း အမြတ်ရရှိရေးနှင့် လုပ်ငန်းခွင်တွင် ၀န်ထမ်းတို့ စိတ်ချမ်းသာပြီး အလုပ်ပိုများများ ပြီးမြောက်အောင် လုပ်ကိုင်ကြရန်  အားပေးအားမြှောက်ပြုပေးရခြင်း၊ စနစ်ကျ စေခြင်းတို့အကြား ဗျာများနေရသေည်။ ဆက်သွယ်ပြောဆိုခြင်း၊ ဆွေးနွေးညှိနှိုင်းပေးရခြင်းတို့သည် စိတ်ဒဏ်ပိသည့် ၀န်များ ဖြစ်သည်။ 

Read More >>> "သင့်ဘဝကို တစ်နှစ်အတွင်း ပြောင်းလဲ ပေးနိုင်မယ့် အချက် (၈) ချက်"

 

ကျွ န်ုပ်နှင့် အသက်မွေးဝမ်းကျောင်းအလုပ်

Human-Resource-Planning-560x315.jpg

 

ကျွ န်ုပ်သည် HR ကို အဓိကအဖြစ်  ရွေးချယ်ခဲ့သည်မှာ ထဲထဲဝင်ဝင် သိထားခြင်း မရှိသည့်အပြင် အကြောင်းပြချက်လည်း မရှိချေ။  HR သုတေသနများ မကြာသေးခင်က ကျွန်ူပ် လုပ်ဆောင်ခဲ့သည်က HR နယ်ပယ်ကို ထဲထဲဝင်ဝင် သိအောင် လေ့လာရန် စိတ်ဝင်စားခြင်းနှင့် ဆန္ဒရှိခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

HR စီမံခန့်ခွဲရေးဝန်ထမ်းများကို မေးခွန်း အမြောက်အမြား မေးမြန်းခဲ့ခြင်းနှင့် လေ့လာသင်ယူခဲ့ခြင်းတို့ လုပ်ဆောင်ပြီးသောအခါ HR ၏ လုပ်ငန်းဆောင်တာများ၊ ရေးသားဖော်ပြချက်များ၊ တာဝန်များ အစရှိသည်တို့ အပေါ် ရှင်းရှင်းလင်းလင်း သိမြင်မှုတစ်ရပ်ကို ရရှိခဲ့သည်။ ကျွန်ုပ် ဘာဖြစ်ချင်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်သွားသည်။

ကျွန်ုပ်နှင့် ဆွေးနွေးပြောဆိုခဲ့သော HR ၀န်ထမ်းများ အားလုံးကို ကျေးဇူးတင်ပါသည်။

HR အဖြစ် အသက်မွေးကျောင်းပြုသည့် လမ်းကြောင်းနောက်သို့ လိုက်ရန် စိတ်အား အလွန်ထက်သန်စေခဲ့ပါသည်။ ၀န်ထမ်းကောင်းတစ်ဦး ဖြစ်ရန်အတွက်လည်း ကျွန်ုပ် စိတ်ထဲမှာ ပြင်ဆင်ထားဖို့ကိုလည်း သိရှိခဲ့ပါသည်။ ကျွန်ုပ်ထက် ၀ါရင့်သူများထဲမှ တစ်ဦးက ကျွ န်ုပ်ကို ဤသို့ ပြောခဲ့သည်။
“HR ၀န်ထမ်းတစ်ဦးအနေဖြင့် မင်းမှာ မျှဝေခံစားခြင်း ရှိလို့ရတယ်။ ဒါပေမဲ့ သနားတတ်လို့တော့ မဖြစ်ဘူး”

Read More >>> "တစ်ကိုယ်တည်း အင်္ဂလိပ် စကားပြော လေ့လာနိုင်တဲ့ နည်းလမ်း (၈) သွယ်"

 

ရဲမွန်အောင်(sayar.com.mm)

Read times Last modified on Wednesday, 28 August 2019 17:46
Rate this articles
(2 votes)