×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 06 September 2019

မိမိကိုယ္ကိုယ္ယုံၾကည္မႈ ရွိျခင္းက ဘယ္ေလာက္ထိအေရးပါလဲ?မိမိ ကိုယ္ကုိယ္ယံုၾကည္မႈရရွိဖို ့ဘာေတြလုပ္ရမလဲ?

မိမိကိုယ္ကိုယ္ယုံၾကည္မႈ ရွိျခင္းက ဘယ္ေလာက္ထိအေရးပါလဲ?မိမိ ကိုယ္ကုိယ္ယံုၾကည္မႈရရွိဖို ့ဘာေတြလုပ္ရမလဲ? google.com

မိမိကိုယ္ကိုယ္ယုံၾကည္မႈ self-confidence ဟာလူတစ္ေယာက္အတြက္အေရးႀကီးတဲ့ကိုယ္ရည္ကိုယ္ေသြးျဖစ္ပါတယ္။

ဘဝလမ္းကိုစတင္ေလွ်ာက္လွမ္းၾကမယ့္ လူငယ္ေတြဟာ တစ္ခါတစ္ရံ မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ယုံၾကည္မႈေပ်ာက္ဆုံးတဲ့အခ်ိန္ေတြႀကဳံေကာင္းႀကဳံရပါလိမ့္မယ္။

အဲလိုအခ်ိန္ေတြမွာ ယုံၾကည္မႈျပန္လည္တည္ေဆာက္ဖို႔နဲ႔ ရွိၿပီးသား ယုံၾကည္မႈေတြပိုခိုင္မာဖို႔ လုပ္ေဆာင္ရမယ့္အခ်က္ေတြကို သူငယ္ခ်င္းတို႔အတြက္မွ်ေဝေပးလိုက္ပါတယ္။ တစ္ပုံခ်င္းေထာက္ၾကည့္သြားၾကေနာ္။


(၁)တစ္ကိုယ္ရည္သန႔္ရွင္းေရးကိုဂ႐ုစ္ုက္ၿပီး သပ္သပ္ရပ္ရပ္ ျပင္ဆင္ေနထိုင္ပါ
Branded ႀကီးေတြ သုံးဖို႔ ဝတ္ဖို႔မလိုပါဘူး။ သန႔္ရွင္းသပ္ရပ္ေနဖို႔ပဲလိုတာပါ။ ေန႔စဥ္ပုံမွန္ တစ္ကိုယ္ရည္သန႔္ရွင္းေရးျပဳလုပ္ကာ သန႔္သန႔္ရွင္းရွင္းေနထိုင္ျခင္းျဖင့္ ကြၽန္ေတာ္တို႔ဟာ သာမန္ထက္ ပိုၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြတိုးတက္လာမွာ အမွန္ပါပဲ။

 

(၂) အေကာင္းျမင္ပါ
ကြၽန္ေတာ္တို႔ဟာ တစ္ခါတစ္ေလမွာ မိမိတို႔မရခဲ့တဲ့အရာေတြကိုေတြးမိၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ကာပူေဆြးေနတတ္ပါတယ္။

ဒါေပမဲ့ အဲ့လိုမရႏိုင္ေတာ့တဲ့အေျခအေနေတြကို ပူေဆြးေနမဲ့အစား အေကာင္းေတြးလိုက္ျခင္းျဖင့္ စိတ္သက္သာရေစၿပီး အျခားဝါသနာတစ္ခုမွာ ေဇာက္ခ်လိုက္ျခင္းျဖင့္ ယုံၾကည္မႈေတြတိုးတက္လာႏိုင္ပါတယ္။


(၃)တတ္ႏိုင္သမွ်ႀကိဳတင္ျပင္ဆင္ပါ
“ပြဲမဝင္ခင္ အျပင္ကက်င္းပ” ဆိုသလို ႀကိဳတင္ျပင္ဆင္ျခင္းအားျဖင့္လည္း မိမိကိုယ္ကိုယ္ယုံၾကည္မႈကို တိုးတက္ေစပါတယ္။

 

(၄)စကားေျဖးေျဖးေျပာပါ
“မျပည့္တဲ့အိုး ေဘာင္ဘင္ခတ္”ဆိုသလို မိမိကိုယ္ကိုယ္ ယုံၾကည္မႈမရွိတဲ့သူဟာ စကားေျပာတဲ့အခါမွာ အမွားပါမွာကို စိုးရိမ္တဲ့အတြက္ ျမန္ျမန္ေျပာတတ္တဲ့အေလ့အထရွိပါတယ္။

ဒါေၾကာင့္ စကားေျဖးေျဖးေျပာျခင္းျဖင့္ အေၾကာင္းအရာမ်ားကို ပိုမိုခ်ဲ႕ထြင္ေျပာဆိုႏိုင္မည္ျဖစ္ၿပီး လူအမ်ားကလည္း ကိုယ့္ကိုအထင္ႀကီးေလးစားေစမွာပါ။

Read More >>> " မလုပ္ႏုိင္ဘူးဆိုတဲ့ စကားရဲ႕ေနာက္ကြယ္ "

 

(၅)ပန္းတိုင္အေသးစားေလးေတြတည္ေဆာက္ကာ အရယူပါ
ကြၽန္ေတာ္တို႔ တစ္ခါတစ္ရံ ရည္မွန္းခ်က္ႀကီးႀကီးမားမားထားကာ မေအာင္ျမင္ပါက မိမိကိုယ္ကိုယ္ ယုံၾကည္မႈေပ်ာက္ဆုံးတတိပါတယ္။

အဲ့ဒီလိုအေျခအေနေတြအတြက္ ပန္းတိုင္အေသးစားေလးေတြ ျပဳလုပ္ၿပီး ေအာင္ျမင္ေအာင္ျပဳလုပ္သင့္ပါတယ္။ဥပမာ- အိပ္ယာေစာေစာထတဲ့အက်င့္လုပ္တာ၊ ညစာေလွ်ာ့စားတဲ့ Diet စလုပ္ၾကည့္တာတို႔ျဖစ္ပါတယ္။

 

(၆)ၿပဳံးပါ၊ ေလ့က်င့္ခန္းလုပ္ပါ
တတ္ႏိုင္သမွ် ၿပဳံးၾကည့္ပါ။ မိမိခ်စ္ခင္ရတဲ့သူေတြကို ၿပဳံးျပလိုက္ျခင္းအားျဖင့္ တစ္ခ်ိဳ႕ေသာ အေၾကာင့္အရာေတြဟာ ရွင္းျပစရာမလိုပဲ ၿပီးသြားတတ္သလို မိမိနဲ႔သူတို႔ၾကားမွာ ရင္းႏွီးမႈေတြတိုးတက္ေစပါတယ္။
ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာပါ ဖြံၿဖိဳးတိုးတက္လာႏိုင္ေစတဲ့အတြက္ လူအမ်ားၾကား ေျပာဆိုဆက္ဆံဖို႔ရာ ယုံၾကည္မႈအျပည့္ႏွင့္ ျပဳမူေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။

 

(၇)ေစတနာ့ဝန္ထမ္းအျဖစ္ပါဝင္ေဆာင္႐ြက္ပါ
ေစတနာ့ဝန္ထမ္းအျဖစ္ပါဝင္ေဆာင္႐ြက္ျခင္းျဖင့္ မိတ္ေဆြသူငယ္ခ်င္းအသစ္မ်ား၊ အေတြ႕အႀကဳံအသစ္မ်ား၊ ျပႆနာေျဖရွင္းမဲ့နည္းလမ္းအသစ္မ်ားကို ပူးေပါင္းေဆာင္႐ြက္မႈမွရရွိႏိုင္ပါတယ္။

 

(၈) ေျပာင္းလဲမႈေတြကို ျဖည္းျဖည္းခ်င္းစတင္ပါ
ဘယ္ကိစၥမဆိုအစပိုင္းေတာ့ခက္တဲ့သဘာဝရွိတတ္ပါတယ္။ဒါေၾကာင့္ အစပိုင္းမွာ ေျပာင္းလဲမႈေတြကို အရမ္းႀကီး မျပဳလုပ္ပဲ တျဖည္းျဖည္းခ်င္းစီစတင္ကာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈကိုတည္ေဆာက္သင့္ပါတယ္။

Read More >>> "ဝန္ထမ္းဘဝက ထြက္ျပီးကိုယ္ပိုင္စီးပြါးေရးစလုပ္ေတာ့မယ္ဆိုရင္"

 >>>> Unicode ဖြင့်ဖတ်ရန် <<<<

မိမိကိုယ်ကိုယ်ယုံကြည်မှု self-confidence ဟာလူတစ်ယောက်အတွက်အရေးကြီးတဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။

ဘဝလမ်းကိုစတင်လျှောက်လှမ်းကြမယ့် လူငယ်တွေဟာ တစ်ခါတစ်ရံ မှာ အကြောင်းအမျိုးမျိုးကြောင့်ယုံကြည်မှုပျောက်ဆုံးတဲ့အချိန်တွေကြုံကောင်းကြုံရပါလိမ့်မယ်။

အဲလိုအချိန်တွေမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့နဲ့ ရှိပြီးသား ယုံကြည်မှုတွေပိုခိုင်မာဖို့ လုပ်ဆောင်ရမယ့်အချက်တွေကို သူငယ်ချင်းတို့အတွက်မျှဝေပေးလိုက်ပါတယ်။

တစ်ပုံချင်းထောက်ကြည့်သွားကြနော်။


(၁)တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစ်ုက်ပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်နေထိုင်ပါ
Branded ကြီးတွေ သုံးဖို့ ဝတ်ဖို့မလိုပါဘူး။ သန့်ရှင်းသပ်ရပ်နေဖို့ပဲလိုတာပါ။ နေ့စဉ်ပုံမှန် တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ကာ သန့်သန့်ရှင်းရှင်းနေထိုင်ခြင်းဖြင့် ကျွန်တော်တို့ဟာ သာမန်ထက် ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေတိုးတက်လာမှာ အမှန်ပါပဲ။

 

(၂) အကောင်းမြင်ပါ
ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ မိမိတို့မရခဲ့တဲ့အရာတွေကိုတွေးမိပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ကာပူဆွေးနေတတ်ပါတယ်။

ဒါပေမဲ့ အဲ့လိုမရနိုင်တော့တဲ့အခြေအနေတွေကို ပူဆွေးနေမဲ့အစား အကောင်းတွေးလိုက်ခြင်းဖြင့် စိတ်သက်သာရစေပြီး အခြားဝါသနာတစ်ခုမှာ ဇောက်ချလိုက်ခြင်းဖြင့် ယုံကြည်မှုတွေတိုးတက်လာနိုင်ပါတယ်။


(၃)တတ်နိုင်သမျှကြိုတင်ပြင်ဆင်ပါ
“ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုသလို ကြိုတင်ပြင်ဆင်ခြင်းအားဖြင့်လည်း မိမိကိုယ်ကိုယ်ယုံကြည်မှုကို တိုးတက်စေပါတယ်။

 

(၄)စကားဖြေးဖြေးပြောပါ
“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”ဆိုသလို မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူဟာ စကားပြောတဲ့အခါမှာ အမှားပါမှာကို စိုးရိမ်တဲ့အတွက် မြန်မြန်ပြောတတ်တဲ့အလေ့အထရှိပါတယ်။

ဒါကြောင့် စကားဖြေးဖြေးပြောခြင်းဖြင့် အကြောင်းအရာများကို ပိုမိုချဲ့ထွင်ပြောဆိုနိုင်မည်ဖြစ်ပြီး လူအများကလည်း ကိုယ့်ကိုအထင်ကြီးလေးစားစေမှာပါ။

Read More >>>> " မလုပ်နိုင်ဘူးဆိုတဲ့ စကားရဲ့နောက်ကွယ် "

 

(၅)ပန်းတိုင်အသေးစားလေးတွေတည်ဆောက်ကာ အရယူပါ
ကျွန်တော်တို့ တစ်ခါတစ်ရံ ရည်မှန်းချက်ကြီးကြီးမားမားထားကာ မအောင်မြင်ပါက မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးတတိပါတယ်။

အဲ့ဒီလိုအခြေအနေတွေအတွက် ပန်းတိုင်အသေးစားလေးတွေ ပြုလုပ်ပြီး အောင်မြင်အောင်ပြုလုပ်သင့်ပါတယ်။ဥပမာ- အိပ်ယာစောစောထတဲ့အကျင့်လုပ်တာ၊ ညစာလျှော့စားတဲ့ Diet စလုပ်ကြည့်တာတို့ဖြစ်ပါတယ်။

 

(၆)ပြုံးပါ၊ လေ့ကျင့်ခန်းလုပ်ပါ
တတ်နိုင်သမျှ ပြုံးကြည့်ပါ။ မိမိချစ်ခင်ရတဲ့သူတွေကို ပြုံးပြလိုက်ခြင်းအားဖြင့် တစ်ချို့သော အကြောင့်အရာတွေဟာ ရှင်းပြစရာမလိုပဲ ပြီးသွားတတ်သလို မိမိနဲ့သူတို့ကြားမှာ ရင်းနှီးမှုတွေတိုးတက်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖွံဖြိုးတိုးတက်လာနိုင်စေတဲ့အတွက် လူအများကြား ပြောဆိုဆက်ဆံဖို့ရာ ယုံကြည်မှုအပြည့်နှင့် ပြုမူဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

(၇)စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ဆောင်ရွက်ပါ
စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိတ်ဆွေသူငယ်ချင်းအသစ်များ၊ အတွေ့အကြုံအသစ်များ၊ ပြဿနာဖြေရှင်းမဲ့နည်းလမ်းအသစ်များကို ပူးပေါင်းဆောင်ရွက်မှုမှရရှိနိုင်ပါတယ်။

 

(၈) ပြောင်းလဲမှုတွေကို ဖြည်းဖြည်းချင်းစတင်ပါ
ဘယ်ကိစ္စမဆိုအစပိုင်းတော့ခက်တဲ့သဘာဝရှိတတ်ပါတယ်။ဒါကြောင့် အစပိုင်းမှာ ပြောင်းလဲမှုတွေကို အရမ်းကြီး မပြုလုပ်ပဲ တဖြည်းဖြည်းချင်းစီစတင်ကာ မိမိကိုယ်ကိုယ် ယုံကြည်မှုကိုတည်ဆောက်သင့်ပါတယ်။

Read More >>> "ဝန်ထမ်းဘဝက ထွက်ပြီးကိုယ်ပိုင်စီးပွါးရေးစလုပ်တော့မယ်ဆိုရင်"

 

Credit : LiveTheDream

sayar.com.mm

Read times Last modified on Friday, 06 September 2019 11:14
Rate this articles
(0 votes)