×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Friday, 13 September 2019

"စာဖတ္​သူ ႏွင္​့ စာမဖတ္​သူ"

"စာဖတ္​သူ ႏွင္​့ စာမဖတ္​သူ" google.com

စာ​ေပဗဟုသုတရိွသူသည္​ စာ​ေပဗဟုသုတမရိွသူထက္​ အျမဲတမ္​း ​ေခါင္​းတစ္​လုံးျမင္​့​ေနတယ္​။...


အ​ေနာက္​တိုင္​းသားမ်ားက အ​ေ႐ွ႕တိုင္​းသားမ်ားထက္​​ ေနရာတိုင္​းတြင္​ သာ​ေနျခင္​းမွာ စာဖတ္​ျခင္​း​ေၾကာင္​့ပင္​ျဖစ္​သည္​။...

အဂၤလန္​၌ ရပ္​ကြက္​တစ္​ခု​တည္ေဆာက္တုိင္​း မျဖစ္​မ​ေနပါရ​ေသာအရာမွာ "စာၾကည္​တိုက္​"ပင္​ျဖစ္​သည္​။...
ရပ္​ကြက္​စာၾကည္​တိုက္​ပင္​ျဖစ္​​ေသာ္​လည္​း ထိုစာၾကည္​တိုက္​တြင္​ ကမ႓ာ႔ဂႏၴဝင္​စာအုပ္​အားလုံး ရိွ​ေနရသည္​။...

ထိုစာ​ေပဗဟုသုတအား​ေၾကာင္​့လည္​း ကြၽန္​းႏိုင္​ငံ​​ေလး တစ္​ခုသာျဖစ္​​ေသာ အဂၤလန္​သည္​ တစ္​ကမ႓ာလုံးနီးပါးကို အုပ္​ခ်ဳပ္​ႏိုင္​ခဲ့ျခင္​းျဖစ္​သည္​။..
(​ေမတၱာ႐ွင္​...​ေရႊျပည္​သာ)...

စာဖတ္ျခင္းက သင့္ကို ဘယ္လိုထူးျခားတဲ့စြမ္းအင္ေတြ ေပးႏိုင္တယ္လို႔ထင္ပါသလဲ?

စာဖတ္ျခင္းက ဗဟုသုတတိုးပြားဖုိ႔အတြက္ပဲလို႔ ထင္ေနၾကပါတယ္။ တကယ္ေတာ့ စာဖတ္ျခင္းကေန ဗဟုသုတ တိုးပြားရံုသာမက သင္မသိေသးတဲ့ အျခားေကာင္းမြန္တဲ့ရလဒ္ေတြ အမ်ားၾကီး ရွိပါေသးတယ္။ ဒါေၾကာင့္ အားလပ္ခ်ိန္ေတြမွာ စာအုပ္
ေလးေတြ ဖတ္ေပးပါ။


၁. ဦးေႏွာက္ကို ပိုမိုလံႈ႔ေဆာ္ေပးႏိုင္တယ္

စာဖတ္ျခင္းဟာ သင့္ရဲ႕ဦးေႏွာက္ကုိ အ
လုပ္လုပ္ေစပါတယ္။ ဦးေႏွာက္ဟာ ခႏၶာကုိယ္ရဲ႕ တျခားၾကြက္သားေတြလုိပဲ သင့္
ေလ့က်င့္ခန္းလုပ္ေလ သင္ရဲ႕ၾကြက္သား
ေတြ ႀကီးထြားလာေလ ျဖစ္ပါတယ္။

 

၂. စာဖတ္ျခင္းက အာရံုစူးစုိက္မႈအားေကာင္းေစပါတယ္

ဘ၀မွာ တစ္ခုခုကို ေအာင္ျမင္ခ်င္တယ္ဆုိရင္ အာရုံစူးစုိက္မႈရွိေနဖုိ႔က အရမ္းအေရးႀကီးပါတယ္။
သင္ဟာ စာအုပ္တစ္အုပ္ကုိဖတ္ေနတဲ့အခါမွာ
စာရြက္ေပၚက စာလုံးေတြတုိင္းအေပၚကုိ
အာရုံစူးစုိက္ထားၿပီး ဇာတ္လမ္းထဲမွာ
ေမ်ာပါေနပါတယ္။
စာဖတ္ျခင္းဟာ သင့္ရဲ႕ အာရုံစူးစုိက္မူအက်င့္ကုိ
အလြယ္တကူ ျပဳစုပ်ဳိးေထာင္ေပးႏုိင္ပါတယ္။

 

၃. ဗဟုသုတမ်ားစြာ ၾကြယ္ဝေစတယ္

စာအုပ္ဖတ္ျခင္းဟာ ဗဟုသုတၾကြယ္၀ေစၿပီး
အေတြးအေခၚ ျမင့္တက္လာေစႏုိင္ပါတယ္။
စာအုပ္ေလး ဘယ္ေလာက္ပါးပါေစ
သင္ တစ္ခ်ိန္ခ်ိန္မွာ ျပန္လည္ အသုံးျပဳရမယ္႔
အသိပညာေတြပါ၀င္ၿပီး သင္ စာမ်ားမ်ား ဖတ္ႏုိင္ေလ သင့္အတြက္ ပိုအက်ိဳးမ်ားေလ ျဖစ္ပါတယ္။

 

၄. စိတ္ဖိစီးမႈေလ်ာ့က်ေစတယ္

စာအုပ္ေကာင္းေကာင္း၊ ၀တၳဳေကာင္း
ေကာင္းတစ္အုပ္ဟာ သင့္ကုိ တျခားကမာၻတစ္ခုဆီ ဆြဲေခၚသြားႏုိင္ၿပီး သင့္လက္ရွိဘ၀ရဲ႕ စိတ္ဖိစီးမႈေတြကုိ ကုသဖုိ႔အတြက္ အေကာင္းဆုံး နည္းလမ္း တစ္ခုျဖစ္ပါတယ္။

 

၅. စာဖတ္ျခင္းက ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစႏိုင္ပါတယ္

စာအုပ္တစ္အုပ္ကုိင္လုိက္တာနဲ႕ အိပ္ေပ်ာ္သြားတဲ့သူေတြ မ်ားစြာ ရွိတတ္ပါတယ္။ စာဖတ္တဲ့ အေလ့အက်င့္မရွိေသးၾကလုိ႔ ျဖစ္ပါတယ္။
ဒါေပမယ့္ သင္ဟာ အိပ္ယာမ၀င္ခင္ စာအုပ္ကုိ
နည္းနည္းပဲျဖစ္ျဖစ္
ဖတ္တတ္တဲ့အက်င့္ရွိမယ္ဆုိရင္ သင့္အိပ္စက္ခ်ိန္မွာ ပုိၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္
အိပ္ေပ်ာ္ႏုိင္မွာ ျဖစ္ပါတယ္။

 

၆. လူေတြကို ပိုျပီး နားလည္ေပးႏိုင္လာမယ္

တျခားလူေတြရဲ႕အေတြ႕အႀကံဳေတြ၊ အခက္အခဲေတြကုိ ဖတ္႐ႈျခင္းဟာ ဘ၀မွာ တျခားလူေတြရဲ႕ အခက္အခဲေတြကုိ ပုိမုိသိလာၿပီး လူေတြကုိ ပုိမုိနားလည္တတ္လာပါတယ္။ လူတစ္ေယာက္ကုိ အေပၚယံၾကည့္ျပီး ေဝဖန္ဖုိ႔က လြယ္ပါတယ္။ သို႔ေပမယ့္ သင္ဟာ စာအုပ္ေတြထဲကေန လူအမ်ားရဲ႕ အေတြ႕အႀကံဳမ်ိဳးစုံကို ဖတ္ထားမယ္ဆုိရင္ လူအမ်ိဳးမ်ိဳးကုိ ပုိၿပီး နားလည္ေပးတတ္ႏုိင္လာပါတယ္

မည္​သည္​့​ေက်ာင္​းဆရာမွ တပည္​့မ်ားအား
တစ္​သက္​လံုး သုံုးမကုန္​ႏိုင္​​ေလာက္​​​ေသာ
ပညာသုတကို ​ေပးလိုက္​ႏိုင္​သည္​မဟုတ္​။
​ေက်ာင္​းသား၏ ႏွလံုးသားကို ပညာမြတ္​သိပ္​လာ​ေအာင္​ လုပ္​ႏိုင္​သူပင္​လ်ွင္​ အေတာ္​ဆံုးဆရာျဖစ္​သည္​ဟု ဆာရစ္​ခ်ယ္​လစ္​ဗင္​းစတုန္​း ဆို​ေသာ
ပုဂိၢဳလ္​ႀကီးကပညာ​ေရးၾသဝါဒစကား ဆိုခဲ့ဖူးပါသည္​။

ထို​ေနာက္​တစ္​ဖန္​
လူငယ္​တို႔၏ဘဝကို ပညာႏွင္​့ ကိုယ္​က်င္​့တရား​ေကာင္​းမြန္​​ေစရန္ စိတ္​အားထက္​သန္​​ေလ့ရိွ​ေသာ
ဆရာႀကီးဦး​ေအာင္​သင္​း၏ အမွာစကားက
ဘယ္​သူ​ေတြ ဘာ​ေျပာ​ေန​ေန
သင့္ကိုသင္ခ်စ္​ရင္​
ပညာသင္​ပါ၊စာဖတ္​ပါ
မိဘကိုခ်စ္​ရင္​ ပညာသင္​ပါ၊စာဖတ္​ပါ
တိုင္​းျပည္​နဲ႔လူမ်ိဳးကိုခ်စ္​ရင္​
ပညာသင္​ပါ ၊ စာဖတ္​ပါ ။

ပညာဆိုတာဘာလဲ။
ေမးရင္​ မသိဘူး။ မ​ေမးရင္​ သိတယ္​။
ပညာသင္​တယ္​ဆိုတာ အ​ေတြးအၾကံနဲ႔
အ​ေတြ႔အၾကံဳကို လက္​ဆင္​့ကမ္​းျခင္​းျဖစ္​ပါတယ္​။

ဘာ​ေၾကာင္​့ စာဖတ္​သင္​့တာလဲ။
စာအုပ္​ဆိုတာ ဝင္​့ခြင္​့​ေျဖစရာမလိုတဲ့
တကၠသိုလ္​ သို႔မဟုတ္​ ​ေက်ာင္​း​ေတာ္​ႀကီးျဖစ္​​ေနလို႔ပါဘဲ။
ဒါ​ေပမယ္​့ ​ေက်ာင္​းဆရာမရိွဘူး။ ဝင္​​ေၾကးမ​ေပးရဘူး။

​​ထ႔ို​ေနာက္​တစ္​ဖန္​
လူမ်ိဳးတစ္​မ်ိဳး၏ အ​ေျခအ​ေန အဆင္​့အတန္​း
အနိမ္​့အျမင္​့ကို သိလိုပါလ်ွင္​
ထိုလူမ်ိဳးတို႔ ​ေလ့လာလိုက္​စား​ေသာ
စာ​ေပ၊ အႏုပညာ၊ ဂီတတို႔ကို ၾကည္​့မွ
သိႏိုင္​မည္​ ဟု ျမဝတီမင္​းႀကီး ဦးစက မွတ္​တမ္​း
ျပဳခဲ့တာကို ၾကည္​႔မည္​ဆိုလ်ွင္​လည္​း
စာအုပ္​ စာ​ေပသည္​ပင္​လ်ွင္​ လူ႔တန္​ဖိုး
လူ႔အဆင္​့အတန္​းကို ​ေဖာ္​ျပ​ေန​ေပသည္​။

တကယ္​​ေတာ့ စာဖတ္​ျခင္​းသည္​
သစ္​ပင္​စိုက္​ပ်ိဳးျခင္​းႏွင္​့ တူ၏။
တျဖည္​းျဖည္​းခ်င္​း လူသားဘဝကို ​​​ေကာင္း​က်ိဳး​ေပး​
ေသာသ​ေဘာရိွ၏။
အခ်ိန္​ၾကာ​ေလ အက်ိဳးရိွ​ေလျဖစ္​၏။

စာအုပ္​စာ​ေပ လူ႔မိတ္​​ေဆြ၊
အလိမၼာ စာမွာရိွ၊
စာ​ေပစကား ​ေန႔တိုင္​းၾကားက ထူးျခားလိမၼာရိွသည္​သာ။
စတဲ့​ ေဆာင္​ပုဒ္​မ်ားသည္​ စာအုပ္​စာ​ေပကို
ဖတ္​​ေစခ်င္​ ျမတ္​ႏိုး​ေစခ်င္​​ေသာ
စာ​ေရးဆရာႀကီး ပညာရိွႀကီးတို႔၏
ေစ​တနာ အမွာစကားမ်ားပင္​ ျဖစ္​​ေတာ့သည္​။

စာ ဘာ​ေၾကာင္​့ သင္​ရတာလဲ?
တကယ္​​ေတာ့ စာသင္​တာ စိတ္​တတ္​ဖို႔ပါ
စာသာတတ္​ၿပီး စာမဖတ္​ရင္​ စိတ္​မတတ္​​ေတာ့ပါ
စိတ္​မတတ္​ရင္​ ပညာတတ္​ လူ​ေပါႀကီး​ေတြျဖစ္​သြားတတ္​ပါတယ္​။

မရိွတာလည္​း ရိွ​ေအာင္​လုပ္​ရင္​ ရိွႏိုင္​ပါတယ္​
မသိတာလည္​း သိ​ေအာင္​လုပ္​ရင္​ သိႏိုင္​ပါတယ္​
မလုပ္​တာက​ေတာ့ ဘာမွမျဖစ္​ႏိုင္​​ေတာ့တာမို႔
အခက္​အခဲဆံုးလို႔​ ေျပာပါတယ္​။
ဒီလိုဆိုရင္​ စာဖတ္​ၿပီး သိသြားႏိုင္​ပါတယ္​။
အသိနဲ႔ အလုပ္​လုပ္​မည္​ဆိုပါက ​ေသခ်ာ​ေပါက္​
ရိ​ွလာမွာပါ။
ဘဝမွာ ကိုယ္​ဘာသိခ်င္​သလဲ စာဖတ္​ပါ။
ဘဝမွာ ကိုယ္​ဘာ​ရိွခ်င္​သလဲ စာဖတ္​ပါ။
ဘဝမွာ ကိုယ္​ဘာလုပ္​ခ်င္​သလဲ စာဖတ္​ပါ။

စာဖတ္​ျခင္​းဟာ မင္​းကို ဗဟုသုတနဲ ့ျပည္​ဝတဲ့သူတစ္ေယာက ္​ျဖစ္​​ေစတယ္​။
ဥာဏ္​​ေကာင္​းသူတစ္​​ေယာက္​​ေပါ့။
မင္​း​ဥာဏ္​​ေကာင္​းခ်င္​ရင္​ စာမ်ားမ်ားဖတ္​ပါ။

စာ​ေရးျခင္​းဟာ မင္​းကို တိက်​ေသခ်ာတဲ့သူတစ္​​ေယာက္​ ျဖစ္​​ေစပါတယ္​။
ႏႈတ္​တစ္​ရာ စာတစ္​လံုးဆိုတဲ့
စကားပံုကို မင္​းၾကားဖူးမွာပါ။

​ေတြး​ေတာ့ၾကံဆျခင္​းက​ေတာ့ မင္​းကိုၿပီးျပည္​့စုံတဲ့
သူတစ္​​ေယာက္​ျဖစ္​​ေစပါတယ္​။ လိုလ်ွင္​ၾကံဆ နည္​းလမ္​းရဆိုသလို​ေပါ့။

​ေတြးတတ္​ဖိုဆိုတာကလည္​း သင္စာမ်ားမ်ား
ဖတ္​မွ ​ေတြး​တတ္​မယ္​ဆိုတာ သင္ျငင္​းခ်င္​​ေသးလား။

​ေနာက္​ဆံုး​ေျပာခ်င္​တာက​ေတာ့
မိမိကိုယ္​ကိုယ္​ခ်စ္​ရင္​ ​ေကာင္​း​ေကာင္​းစာဖတ္​ပါ။
သင့္ကိုယ္​သင္မခ်စ္​ရင္​​ေတာ့ ​စာမဖတ္​ဘဲ ​ေနခ်င္​သလိုသာ ​ေနလိုက္​​ေတာ့။
စာမဖတ္​ျခင္​းက သင့္ဘဝကို နိမ္​့က်​ေစမွာျဖစ္​ၿပီး
စာဖတ္​ျခင္​းက​ေတာ့ သင့္ဘဝကို​ေတာက္​ပ​ေစမွာျဖစ္​ပါတယ္။

 

<<< Unicode>>>

စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေတယ်။...


အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင် သာနေခြင်းမှာ စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။...

အင်္ဂလန်၌ ရပ်ကွက်တစ်ခုတည်ဆောက်တိုင်း မဖြစ်မနေပါရသောအရာမှာ "စာကြည်တိုက်"ပင်ဖြစ်သည်။...
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်စာအုပ်အားလုံး ရှိနေရသည်။...

ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..
(မေတ္တာရှင်...ရွှေပြည်သာ)...

စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ?

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်
လေးတွေ ဖတ်ပေးပါ။


၁. ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အ
လုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင့်
လေ့ကျင့်ခန်းလုပ်လေ သင်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

၂. စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကောင်းစေပါတယ်

ဘဝမှာ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့အခါမှာ
စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ
မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မူအကျင့်ကို
အလွယ်တကူ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃. ဗဟုသုတများစွာ ကြွယ်ဝစေတယ်

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါဝင်ပြီး သင် စာများများ ဖတ်နိုင်လေ သင့်အတွက် ပိုအကျိုးများလေ ဖြစ်ပါတယ်။

၄. စိတ်ဖိစီးမှုလျော့ကျစေတယ်

စာအုပ်ကောင်းကောင်း၊ ဝတ္ထုကောင်း
ကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘဝရဲ့ စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

၅. စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်

စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့ အလေ့အကျင့်မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမဝင်ခင် စာအုပ်ကို
နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

၆. လူတွေကို ပိုပြီး နားလည်ပေးနိုင်လာမယ်

တခြားလူတွေရဲ့အတွေ့အကြုံတွေ၊ အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘဝမှာ တခြားလူတွေရဲ့ အခက်အခဲတွေကို ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။ သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြုံမျိုးစုံကို ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်

မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံးဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း ဆိုသော
ပုဂ္ဂိုလ်ကြီးကပညာရေးသြဝါဒစကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန်
လူငယ်တို့၏ဘဝကို ပညာနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော
ဆရာကြီးဦးအောင်သင်း၏ အမှာစကားက
ဘယ်သူတွေ ဘာပြောနေနေ
သင့်ကိုသင်ချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ
မိဘကိုချစ်ရင် ပညာသင်ပါ၊စာဖတ်ပါ
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီးဖြစ်နေလို့ပါဘဲ။
ဒါပေမယ့် ကျောင်းဆရာမရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထ့ိုနောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင်
ထိုလူမျိုးတို့ လေ့လာလိုက်စားသော
စာပေ၊ အနုပညာ၊ ဂီတတို့ကို ကြည့်မှ
သိနိုင်မည် ဟု မြဝတီမင်းကြီး ဦးစက မှတ်တမ်း
ပြုခဲ့တာကို ကြည့်မည်ဆိုလျှင်လည်း
စာအုပ် စာပေသည်ပင်လျှင် လူ့တန်ဖိုး
လူ့အဆင့်အတန်းကို ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို ကောင်းကျိုးပေး
သောသဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့ စာသင်တာ စိတ်တတ်ဖို့ပါ
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မတတ်တော့ပါ
စိတ်မတတ်ရင် ပညာတတ် လူပေါကြီးတွေဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်
မသိတာလည်း သိအောင်လုပ်ရင် သိနိုင်ပါတယ်
မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့
အခက်အခဲဆုံးလို့ ပြောပါတယ်။
ဒီလိုဆိုရင် စာဖတ်ပြီး သိသွားနိုင်ပါတယ်။
အသိနဲ့ အလုပ်လုပ်မည်ဆိုပါက သေချာပေါက်
ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့ပြည်ဝတဲ့သူတစ်ယောက ်ဖြစ်စေတယ်။
ဉာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။

တွေးတော့ကြံဆခြင်းကတော့ မင်းကိုပြီးပြည့်စုံတဲ့
သူတစ်ယောက်ဖြစ်စေပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း သင်စာများများ
ဖတ်မှ တွေးတတ်မယ်ဆိုတာ သင်ငြင်းချင်သေးလား။

နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်းစာဖတ်ပါ။
သင့်ကိုယ်သင်မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။
စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး
စာဖတ်ခြင်းကတော့ သင့်ဘဝကိုတောက်ပစေမှာဖြစ်ပါတယ်။

 

Sources : ေက်ာ္ေက်ာ္ခိုင္

sayar.com.mm

Read times
Rate this articles
(0 votes)