×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 24 September 2019

သင့္ရဲ႕ ဝါသနာေတြကို အသံုးခ်ျပီး အဂၤလိပ္စာဘယ္လိုေလ့လာၾကမလဲ?

သင့္ရဲ႕ ဝါသနာေတြကို အသံုးခ်ျပီး အဂၤလိပ္စာဘယ္လိုေလ့လာၾကမလဲ? freepick

<<< ZawGyi >>>
သင္ဟာအဂၤလိပ္ဘာဟာစကားကိုေလ့လာသင္ၾကားေနသူတစ္ေယာက္လား။


ဒါေပမဲ့ အဂၤလိပ္စာအုပ္ေတြနဲ ့ Concepts ေတြကို ေလ့လာရတာဟာ သင့္အတြက္ အရမ္းပ်င္းစရာေကာင္းေနျပီလား။ အဲ့ဒီအတြက္ စိတ္မပူပါနဲ ့။

အဲ့ဒီ ပ်င္းစာရာေကာင္းတာေတြကို ေက်ာ္ျဖတ္ျပီး တျခား အဂၤလိပ္စာ ေလ့လာစရာနည္းလမ္းေတြ ရွိပါေသးတယ္။ အဲ့ဒါကေတာ့ သင္ဝါသနာပါတဲ့အရာေနာက္ကိုလိုက္ျပီးအဂၤလိပ္စာေလ့လာျခင္းပဲျဖစ္ပါတယ္။
သင္ဝါသနာပါတဲ့ အရာ ..ဥပမာ - ပန္းခ်ီဆြဲျခင္း၊ ဓါတ္ပံုရိုက္ျခင္း၊ ကခုန္ျခင္း၊ ခ်က္ျပဳတ္ျခင္း၊ အားကစားျပဳလုပ္ျခင္း အစရွိသျဖင့္ေပါ့။

ေျပာခ်င္တာက အဲ့လို သင္ဝါသနာပါတဲ့ အရာေတြေနာက္လိုက္ျပီး အဂၤလိပ္စာေလ့လာ ျခင္းကိုဆိုလိုတာပါ။

စာအုပ္ေတြ နဲ ့ မေလ့လာ၊ မသင္ယူနဲ ့ ့လိုေျပာခ်င္တာမဟုတ္ဘူး။ စာအုပ္ေတြကေတာ့ မရွိမျဖစ္ပါ။ ဒါေပမဲ့ ဒီစာအုပ္ေတြဆီမွာ ပဲ အျမဲ တမ္း ေခါင္းနွစ္ျပီး ေလ့လာ လာရတာ သင့္အေနနဲ႔မျငီးေငြ႕ဘူးလား။ ဒါေၾကာင့္ မိမိဝါသနာပါတဲ့ အရာေတြကို အသံုးခ်ျပီးအဂၤလိပ္စာေလ့လာႏိုင္တဲ့အေၾကာင္းအရာေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ပထမဆံုးအေနနဲ ့..ဝါသနာဆိုတာကဘာလဲ..
ဝါသနာဆိုတာ သင့္ရဲ ့အားလပ္ခ်ိန္ေလးေတြမွာ မိမိၾကိဳက္ႏွစ္သက္တာေလးေတြကို ျပဳလုပ္ျခင္းလို ့လဲေျပာလို ့ရပါတယ္။ အေပၚမွာ က်ြန္ေတာ္ေျပာခဲ့သလိုပဲ ...ပန္းခ်ီဆြဲျခင္း၊ သီခ်င္းနားေထာင္ျခင္း အစရွိသျဖင့္ မိမိ ၾကိဳက္ႏွစ္သက္ရာေပါ့။

မိမိဝါသနာကို အသံုးခ်ျပီး အဂၤလိပ္စာေလ့လာတယ္ဆိုတာ တကယ္ထိေရာက္တဲ ့နည္းလမ္းေတြထဲ ကတစ္ခုပါပဲ။

ဘာျဖစ္လို ့လဲ ဆိုေတာ့ မိမိ ဝါသနာေတြကို အေျခခံထားတဲ့ အတြက္ ေလ့လာခ်ိန္မွာ စိတ္ဖိအားမရွိဘူး၊ မိမိဝါသနာပါတဲ့ အရာကိုပါ တူတူတြဲ လုပ္ရတဲ့ အတြက္ ေပ်ာ္ရႊင္မႈရွိေနမယ္။ ဒါေၾကာင့္ေလ့လာမွတ္သားသမွ် ကို ျမန္ျမန္ဆန္ဆန္နဲ ့လြယ္လြယ္ ကူကူမွတ္မိေနေစမယ္။ ေလ့လာမႈက ပိုျပီး ထိေရာက္တယ္ေပါ့။

 

ဝါသနာေတြ ထဲကမွ စာေရးရတာ ဝါသနာ ပါသူေတြဆို ပို လို ့ေတာင္ အဆင္ေျပပါေသးတယ္။

pexels-photo-210661.jpeg

ဘာေၾကာင့္လဲဆိုေတာ့ မိိမိ ရဲ ့တစ္ေန ့တာ Activities ေတြ ကို စာအုပ္ေပၚ မွာ ခ်ေရး ျခင္းျဖင့္ ေလ့က်င့္ျပီးသားျဖစ္ေနမွာပါ။ ဥပမာ - ငါေတာ့ ဒီေန ့ ဘယ္သြား တယ္ ၊ ဘာစားတယ္၊ ဘယ္သူနဲ ့ေတြ ့ျဖစ္တယ္ စတာေတြကို စာအုပ္ေပၚမွာ အဂၤလိပ္လို ခ်ေရးျခင္းျဖင့္ အဂၤလိပ္စာကို Practice လုပ္ျပီးသားျဖစ္ေနျပီး သင့္ရဲ ့ writing skill အတြက္ မ်ားစြာ အေထာက္အကူျပဳပါတယ္။

(အဂၤလိပ္ အဘိဓၶာန္ေလးေတာ့ လိုရမယ္ရေဆာင္ထားေပါ့)

Recommended For You >>> "ရုပ္ရွင္ေတြကတစ္ဆင့္ အဂၤလိပ္စာသင္ယူဖုိ႔ နည္းလမ္း (၇) ခု"


သင္ဟာ ဓါတ္ပံုရိုက္တာ ဝါသနာပါသူတစ္ေယာက္ဆိုရင္လည္း သင္ရိုက္လိုက္တဲ့ ပံုေလးေတြမွန္သမ်ွကို အဂၤလိပ္လို လိုက္ေျပာေပးျခင္းအားျဖင့္ သင့္ရဲ ့ vocavulary စေကး ကို တိုးတက္ေစႏိုင္ပါတယ္။

pexels-photo-2272940.jpeg

 

ဒါမွ မဟုတ္ သင္ဟာ သီခ်င္းနားေထာင္/ဆိုရတာ နဲ ့ ရုပ္ရွင္ေတြၾကည့္ရတာဝါသနာပါသူတစ္ေယာက္ဆိုရင္လည္း ပထမဆံုး ကိုယ္ၾကိဳက္ႏွစ္သက္တဲ ့သီခ်င္းရဲ ့lyrics ေတြၾကည့္ျပီး သီခ်င္း လိုက္ဆိုၾကည့္မယ္။

ေနာက္မွ lyrics ကိုမၾကည့္ေတာ့ပဲ သီခ်င္းကို ဆိုမယ္။ ရုပ္ရွင္ေတြဆိုရင္လည္း ပထမဆံုး ျမန္မာ စာတန္းထိုး တစ္ေခါက္ေလာက္ ၾကည့္မယ္။ တစ္ေခါက္ေလာက္ၾကည့္ျပီး ဇာတ္လမ္းကို နားလည္သြားျပီဆိုရင္ ျမန္မာစာ တန္းေဖ်ာက္ျပီး ၾကည့္မယ္။

young-redhead-woman-pink-listening-music-with-headphones_1368-44320.jpg


ျမန္မာလိုနားလည္ျပီးသားျဖစ္တဲ့ အတြက္ သူုတို ့ေျပာလိုက္တဲ့ စကားနဲ ့ သင္ျမန္မာလိုနားလည္ တာကိုယွဥ္တြဲျပီး ၾကည့္ျခင္းအားျဖင့္သင့္ရဲ႕ အဂၤလိပ္ Translating Skill, Listening Skill နဲ ႕ speaking skill ေတြကို တိုးတက္ေစႏိုင္ပါတယ္။


အခုေဖာ္ျပေပးတဲ့ အခ်က္ေလးေတြက ေတာ့ အဂၤလိပ္စာေလ့လာရာမွာ သင့္ကို ပိုမို စိတ္ဝင္စာမႈရွိေစျပီး ထိေရာက္မႈရွိတဲ့ မိမိ ဝါသနာကိုအသံုးခ်ျပီး အဂၤလိပ္စာေလ့လာတဲ့ ႏုိင္တဲ့ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။ မိမိရဲ႕ ့ဝါသနာအေပၚ မူတည္ျပီး နည္းလမ္းအမ်ိဳးမ်ိဳး နဲ႕ေလ့လာလို ့ရပါတယ္။ ဒီအခ်က္ေတြက သင့္အေပၚ ဘယ္ေလာက္ထိ အက်ိဳးရွိေစလဲ ဆိုတာ လက္ေတြက်က်လိုက္လုပ္ၾကည့္ျပီးအဂၤလိပ္စာေလ့လာလိုက္ၾကရေအာင္။

အဂၤလိပ္စာ သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ားကို တစ္ေနရာတည္းမွာ လြယ္လြယ္ကူကူ၊ စံုစံုလင္လင္နဲ ့ အခမဲ့ ရွာေဖြ ခ်င္ရင္ေတာ့  ဤလင့္ ENGLISH ေလးကို ႏွိပ္လိုက္ပါ။

<<< Unicode  >>>

သင်ဟာအင်္ဂလိပ်ဘာဟာစကားကိုလေ့လာသင်ကြားနေသူတစ်ယောက်လား။


ဒါပေမဲ့ အင်္ဂလိပ်စာအုပ်တွေနဲ့ Concepts တွေကို လေ့လာရတာဟာ သင့်အတွက် အရမ်းပျင်းစရာကောင်းနေပြီလား။

အဲ့ဒီအတွက် စိတ်မပူပါနဲ့။ အဲ့ဒီ ပျင်းစာရာကောင်းတာတွေကို ကျော်ဖြတ်ပြီး တခြား အင်္ဂလိပ်စာ လေ့လာစရာနည်းလမ်းတွေ ရှိပါသေးတယ်။

အဲ့ဒါကတော့ သင်ဝါသနာပါတဲ့အရာနောက်ကိုလိုက်ပြီးအင်္ဂလိပ်စာလေ့လာခြင်းပဲဖြစ်ပါတယ်။
သင်ဝါသနာပါတဲ့ အရာ ..ဥပမာ - ပန်းချီဆွဲခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကခုန်ခြင်း၊ ချက်ပြုတ်ခြင်း၊ အားကစားပြုလုပ်ခြင်း အစရှိသဖြင့်ပေါ့။

ပြောချင်တာက အဲ့လို သင်ဝါသနာပါတဲ့ အရာတွေနောက်လိုက်ပြီး အင်္ဂလိပ်စာလေ့လာ ခြင်းကိုဆိုလိုတာပါ။ စာအုပ်တွေ နဲ့ မလေ့လာ၊ မသင်ယူနဲ့လိုပြောချင်တာမဟုတ်ဘူး။

စာအုပ်တွေကတော့ မရှိမဖြစ်ပါ။ ဒါပေမဲ့ ဒီစာအုပ်တွေဆီမှာ ပဲ အမြဲ တမ်း ခေါင်းနှစ်ပြီး လေ့လာ လာရတာ သင့်အနေနဲ့မငြီးငွေ့ဘူးလား။ ဒါကြောင့် မိမိဝါသနာပါတဲ့ အရာတွေကို အသုံးချပြီးအင်္ဂလိပ်စာလေ့လာနိုင်တဲ့အကြောင်းအရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့..ဝါသနာဆိုတာကဘာလဲ..
ဝါသနာဆိုတာ သင့်ရဲ့အားလပ်ချိန်လေးတွေမှာ မိမိကြိုက်နှစ်သက်တာလေးတွေကို ပြုလုပ်ခြင်းလို့လဲပြောလို့ရပါတယ်။

အပေါ်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ...ပန်းချီဆွဲခြင်း၊ သီချင်းနားထောင်ခြင်း အစရှိသဖြင့် မိမိ ကြိုက်နှစ်သက်ရာပေါ့။

မိမိဝါသနာကို အသုံးချပြီး အင်္ဂလိပ်စာလေ့လာတယ်ဆိုတာ တကယ်ထိရောက်တဲ့နည်းလမ်းတွေထဲ ကတစ်ခုပါပဲ။

ဘာဖြစ်လို့လဲ ဆိုတော့ မိမိ ဝါသနာတွေကို အခြေခံထားတဲ့ အတွက် လေ့လာချိန်မှာ စိတ်ဖိအားမရှိဘူး၊ မိမိဝါသနာပါတဲ့ အရာကိုပါ တူတူတွဲ လုပ်ရတဲ့ အတွက် ပျော်ရွှင်မှုရှိနေမယ်။

ဒါကြောင့်လေ့လာမှတ်သားသမျှ ကို မြန်မြန်ဆန်ဆန်နဲ့လွယ်လွယ် ကူကူမှတ်မိနေစေမယ်။ လေ့လာမှုက ပိုပြီး ထိရောက်တယ်ပေါ့။

ဝါသနာတွေ ထဲကမှ စာရေးရတာ ဝါသနာ ပါသူတွေဆို ပို လို့တောင် အဆင်ပြေပါသေးတယ်။

pexels-photo-210661.jpeg

 

ဘာကြောင့်လဲဆိုတော့ မိမိ ရဲ့တစ်နေ့တာ Activities တွေ ကို စာအုပ်ပေါ် မှာ ချရေး ခြင်းဖြင့် လေ့ကျင့်ပြီးသားဖြစ်နေမှာပါ။ ဥပမာ - ငါတော့ ဒီနေ့ ဘယ်သွား တယ် ၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့ဖြစ်တယ် စတာတွေကို စာအုပ်ပေါ်မှာ အင်္ဂလိပ်လို ချရေးခြင်းဖြင့် အင်္ဂလိပ်စာကို Practice လုပ်ပြီးသားဖြစ်နေပြီး သင့်ရဲ့ writing skill အတွက် များစွာ အထောက်အကူပြုပါတယ်။

(အင်္ဂလိပ် အဘိဓ္ဓာန်လေးတော့ လိုရမယ်ရဆောင်ထားပါ)

Recommened For You >>> "ရုပ်ရှင်တွေကတစ်ဆင့် အင်္ဂလိပ်စာသင်ယူဖို့ နည်းလမ်း (၇) ခု"


သင်ဟာ ဓါတ်ပုံရိုက်တာ ဝါသနာပါသူတစ်ယောက်ဆိုရင်လည်း သင်ရိုက်လိုက်တဲ့ ပုံလေးတွေမှန်သမျှနာမည်ကို အင်္ဂလိပ်လို လိုက်ပြောပေးခြင်းအားဖြင့် သင့်ရဲ့ vocavulary စကေး ကို တိုးတက်စေနိုင်ပါတယ်။

pexels-photo-2272940.jpeg

 

ဒါမှ မဟုတ် သင်ဟာ သီချင်းနားထောင်/ဆိုရတာ နဲ့ ရုပ်ရှင်တွေကြည့်ရတာဝါသနာပါသူတစ်ယောက်ဆိုရင်လည်း ပထမဆုံး ကိုယ်ကြိုက်နှစ်သက်တဲ့သီချင်းရဲ့lyrics တွေကြည့်ပြီး သီချင်း လိုက်ဆိုကြည့်မယ်။ နောက်မှ lyrics ကိုမကြည့်တော့ပဲ သီချင်းကို ဆိုမယ်။ ရုပ်ရှင်တွေဆိုရင်လည်း ပထမဆုံး မြန်မာ စာတန်းထိုး တစ်ခေါက်လောက် ကြည့်မယ်။ တစ်ခေါက်လောက်ကြည့်ပြီး ဇာတ်လမ်းကို နားလည်သွားပြီဆိုရင် မြန်မာစာ တန်းဖျောက်ပြီး ကြည့်မယ်။

young-redhead-woman-pink-listening-music-with-headphones_1368-44320.jpg


မြန်မာလိုနားလည်ပြီးသားဖြစ်တဲ့ အတွက် သူုတို့ပြောလိုက်တဲ့ စကားနဲ့ သင်မြန်မာလိုနားလည် တာကိုယှဉ်တွဲပြီး ကြည့်ခြင်းအားဖြင့်သင့်ရဲ့ အင်္ဂလိပ် Translating Skill, Listening Skill နဲ့ speaking skill တွေကို တိုးတက်စေနိုင်ပါတယ်။


အခုဖော်ပြပေးတဲ့ အချက်လေးတွေက တော့ အင်္ဂလိပ်စာလေ့လာရာမှာ သင့်ကို ပိုမို စိတ်ဝင်စာမှုရှိစေပြီး ထိရောက်မှုရှိတဲ့ မိမိ ဝါသနာကိုအသုံးချပြီး အင်္ဂလိပ်စာလေ့လာတဲ့ နိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ မိမိရဲ့ဝါသနာအပေါ် မူတည်ပြီး နည်းလမ်းအမျိုးမျိုး နဲ့လေ့လာလို့ရပါတယ်။ ဒီအချက်တွေက သင့်အပေါ် ဘယ်လောက်ထိ အကျိုးရှိစေလဲ ဆိုတာ လက်တွေကျကျလိုက်လုပ်ကြည့်ပြီးအင်္ဂလိပ်စာလေ့လာလိုက်ကြရအောင်။

အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ၊ စုံစုံလင်လင်နဲ့ အခမဲ့ ရှာဖွေ ချင်ရင်တော့  ဤလင့် ENGLISH လေးကို နှိပ်လိုက်ပါ။

 

sayar.com.mm

Read times Last modified on Tuesday, 24 September 2019 15:41
Rate this articles
(0 votes)