×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 30 August 2017

မတ်တပ်ရပ်ပြီး စာသင်တဲ့ကလေးတွေက စာကိုပိုမှတ်မိလေ့ရှိ

မတ်တပ်ရပ်ပြီး စာသင်တဲ့ကလေးတွေက စာကိုပိုမှတ်မိလေ့ရှိ google.com

အရာရာတိုးတက်လာတဲ့ခေတ် အသစ်အသစ်တွေ အမြဲပေါ်နေတဲ့ခေတ် ပြောင်းလဲနေတဲ့နည်းပညာတွေ များပြားလှတဲ့ခေတ်မှာ နည်းစနစ်အသစ်နဲ့စာသင်ရအောင်။ အရင်လိုမျိုးထိုင်ပြီး စာသင်မယ့်အစား မတ်တပ်ရပ်ပြီး စာသင်ကြည့်ရအောင်။

စာသင်ခန်းထဲတွင် မတ်တပ်ရပ်ပြီး စာသင်ယူသည့် ကလေးငယ် များသည် စာကို ပိုမို မှတ်မိ တတ်ကြောင်း လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။

ကလေးငယ်များ မတ်တပ်ရပ်ပြီး စာသင်ပါက သိမှတ်နိုင်စွမ်း (၁၄) ရာခိုင်နှုန်း တိုးလာ တတ်ကြောင်း လေ့လာမှုတွင် ဖော်ပြ ထားသည်။ ထို့ပြင် ကျောင်းသားများ ကျောင်းစာကို ပိုမိုအာရုံစိုက် နိုင်စွမ်း ရှိလာကြောင်း ကိုလည်း တွေ့ရှိခဲ့သည်။

READ -အင်္ဂလိပ်စာလေ့လာနေသူတွေ ရှောင်သင့်သည့်အချက်များ


တက္ကဆပ် တက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင်နှင့် အလုပ်အကိုင် ကျန်းမာရေး ဌာနမှ ဒေါက်တာ ရာဇနမာတာနှင့် အဖွဲ့က ပထမတန်းမှ တတိယတန်း အထိ ကလေးငယ် (၃၀၀) ခန့်ကို လေ့လာမှု ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။


မတ်တပ်ရပ်ပြီး စာသင်ယူစေခြင်းကြောင့်လည်း ကျန်းမာရေး ဆိုင်ရာ အခြား အကျိုးထူးများ ရှိလာ တတ်ကြောင်း ဒေါက်တာမာတာ ဆိုသည်။ အထိုင်များခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ သွေးတိုး ရောဂါနှင့် အ၀လွန်ခြင်း အစရှိသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ရှိလာတတ်ကြောင်း အခြား လေ့လာမှု များတွင် ဖော်ပြထားပြီး ဖြစ်သည်။


ယင်းကြောင့် စာသင်ကျောင်းများ အနေနှင့် ကလေးငယ်များ အတွက် အစဉ်အလာ ခြေတံတိုသော စားပွဲခုံပုများ နေရာတွင် ခြေတံရှည်သော စားပွဲခုံရှည်များ ထားပြီး ခွေးခြေများ ပေါ်တွင် ထိုင်စေမည့် စနစ်ကို အစားထိုး ကျင့်သုံးသင့်ကြောင်း ပညာရှင်များက တိုက်တွန်းခဲ့သည်။

READ -တက္ကသိုလ်မေဂျာမှားယွင်းရွေးချယ်မိခြင်းက သင့်ရဲ့ အသက်မွေးလမ်းကြောင်းအလုပ် (career) ကို ထိခိုက်စေနိုင်လား


ခြေတံရှည်သော စားပွဲခုံများကို အသုံးပြု သောကြောင့် ကျောင်းသား များသည် မတ်တပ်ရပ်လျှင် ရပ်၊ မရပ်ချင်လျှင် ခွေးခြေ ပေါ်တွင် ထိုင်ကြရပြီး အကျိုးဆက် အဖြစ် ယင်းကျောင်းသားများသည် အစဉ်အလာ ခုံပု များဖြင့် သင်ယူရသည့် ကျောင်းသား များထက် ကယ်လိုရီ လောင်ကျွမ်းမှု (၁၅) မှ (၂၅) ရာခိုင်နှုန်း ပိုများ ခဲ့ကြောင်း ဒေါက်တာ မာတာ၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ မာ့ခ်ဘန်ဒန်က ပြောဆို ခဲ့သည်။ ကလေးငယ်များ စာလိုက်နိုင်မှု ရှိမရှိ ကိုလည်း မေးခွန်းများ ဖြေဆို စေခြင်း၊ လက်ချောင်း ထောင်ခြင်းနှင့် ဆွေးနွေးမှု များတွင် မည်မျှ တက်ကြွစွာ ပါဝင်မှု ရှိမရှိတို့ အပေါ် အခြေခံကာ တိုင်းတာ ခဲ့သည်။

Credit; phothutaw

Read times Last modified on Monday, 30 December 2019 14:39
Rate this articles
(1 Vote)