×

Warning

JUser: :_load: Unable to load user with ID: 723


Motivate

Friday, 08 September 2017

အခ်ိန္တန္ရင္

အခ်ိန္တန္ရင္ google.com

အခ်ိန္တန္ရင္ ဒီစကားေလးက ကြ်န္ေတာ္တို႔သံုးေနက် စကားတစ္ခြန္းပါပဲ…

အခ်ိန္တန္ရင္ ျပီးသြားမွာပါ…

အခ်ိန္တန္ရင္ သြားရမွာပါ…

အခ်ိန္တန္ရင္ လုပ္ရမွာေပါ့…

အခ်ိန္တန္ေတာ့လဲ ရလာမွာပါ…

ေစာင့္ၾကည့္လိုက္ပါ အခ်ိန္မတန္ေသးလို႔ပါကြာ…

ဒီစကားလံုးေလးေတြ ေန႔တိုင္းအသံုးျပဳျပီး ေျပာျဖစ္ၾကမယ္ထင္တယ္။

အဲ့ဒီအခ်ိန္တန္ေတာ့ဆိုတာ ဘယ္အခ်ိန္လဲ ဘယ္သူက သတ္မွတ္ထားတာလဲ။ ကိစၥတစ္ခု ျပႆနာတစ္ခု ၾကံဳလာတယ္ ေျဖရွင္းဖို႔မၾကိဳးစားပဲနဲ႕ အခ်ိန္တန္ေတာ့လည္း ျပီးသြားမွာပါ ဆိုျပီး ေရရြတ္ေနတတ္တဲ့သူေတြ ေတြ႔ဖူးမွာေပါ့ (ကြ်န္ေတာ္ေတာင္တခါတေလ ေျပာျဖစ္ပါတယ္ ) အဲ့ဒီအခ်ိန္တန္ေတာ့ဆိုတာ ဘယ္အခ်ိန္လဲ တစ္ရက္လား ႏွစ္ရက္လား တစ္ပတ္လား တစ္ႏွစ္လား…

READ -အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္

တစ္ခုခုေအာင္ျမင္ဖို႔ ၾကိဳးစားတယ္ က်ရွံဳးတဲ့အခါ အခ်ိန္မတန္ေသးလို႔ပါကြာ အခ်ိန္တန္ရင္ေတာ့ ေအာင္ျမင္လာမွာေပါ့။ ေသခ်ာစဥ္းစားၾကည့္ပါ… ကြ်န္ေတာ္တို႔ ခနခနသံုးျဖစ္တဲ့စကားေတြ အခ်ိန္မတန္ေသးလို႔ အခ်ိန္တန္ျပီတို႔ အဲ့ဒါကို သတ္မွတ္ေပးထားတာက ဘုရားရွင္လား နတ္မင္းေတြလား မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ကိုယ္တိုင္ ေသခ်ာမသိတဲ့ အခ်ိန္ကုိ ေသခ်ာေနသလိုမ်ိဳး သတ္မွတ္ထားတာပါ။

ကြ်န္ေတာ္တို႔ရဲ႕ ၾကိဳးစားအားထုတ္မွဳ လံု႔လစိုက္ထုတ္မွဳနဲ႕ လမ္းစတစ္ခုကို ေတြ႔တဲ့အခ်ိန္ တိုက္ဆိုင္သြားတဲ့အခါ ကိုယ္ရည္မွန္းထားတဲ့ပန္းတိုင္ကို ေရာက္ရွိတဲ့အခ်ိန္ပါပဲ။ အဲ့ဒါ အခ်ိန္တန္လို႔ ျဖစ္လာတာ မဟုတ္ပါဘူး။ ကိုယ္ျဖည့္ထားတဲ့ ပညာေတြ အရည္အခ်င္းေတြက ကိုယ္လိုခ်င္တဲ့အရာကို ယူေဆာင္နိုင္ဖို႔ လံုေလာက္သြားတဲ့အတြက္ပါ။

ဗုဒၶဘာသာဝင္တစ္ေယာက္ ျဖစ္တဲ့အတြက္ ကံကံ၏အက်ိဳး ကိုလည္း ယံုၾကည္ပါတယ္။ ဒါေပမယ့္ ကံကိုပဲ ယံုၾကည္ျပီး အခ်ိန္တန္ေတာ့ ျဖစ္လာမွာပါ ဆိုတဲ့စကားအတိုင္း ျဖစ္လာမယ့္အခ်ိန္ကို ထိုင္ေစာင့္ရင္းနဲ႕ အခ်ိန္ေတြကုန္ဆံုးသြားတာမ်ိဳး မျဖစ္ဖုိ႔ လိုပါတယ္။

READ -နညး္လမ္းသစ္နဲ႔ အဂၤလိပ္စာေလ့လာၾကမယ္

ျပႆနာတစ္ခုၾကံဳလာတဲ့အခါမွာလည္း ျပႆနာကို ေျဖရွင္းဖို႔ မၾကိဳးစားပဲနဲ႕ အခ်ိန္တန္ရင္ျပီးသြားဖို႔ ေမွ်ာ္လင့္ေနၾကတတ္ပါတယ္။ မသိရင္ ဒီျပႆနာကို နတ္ဘုရားကပဲ တာဝန္ယူေျဖရွင္းေပမယ့္အတိုင္း အခ်ိန္တန္ေတာ့လည္း ျပီးသြားမွာပါဆိုျပီး သတ္မွတ္ထားတတ္ၾကပါတယ္။ ျပႆနာတစ္ခုက မေျဖရွင္းဘူးဆိုရင္ မျပီးသြားပါဘူး အခ်ိန္ၾကာလို႔ ေမ့သြားတာပဲ ရွိမွာပါ..ဒါကလဲ ျပႆနာေပၚမူတည္ ပါေသးတယ္။

အခ်ိန္တန္ရင္ အခ်ိန္တန္ရင္ ကြ်န္ေတာ္တို႔ ေပါ့ေပါ့ေလးသံုးခဲ့ၾကတယ့္ စကားလံုးရဲ႕ ေနာက္ကြယ္က အဓိပၸါယ္ကို ေသခ်ာစဥ္းစားၾကည့္မိၾကရဲ႕လား။ အရာရာတိုင္းက အခ်ိန္တန္လို႔ျဖစ္လာတာ အခ်ိန္တန္လို႔ ျပီးသြားတာ မဟုတ္ပါဘူး။ ကိုယ့္ၾကိဳးစားအားထုတ္မွဳ လံု႔လစိုက္ထုတ္မွဳ ေပၚမူတည္ျပီး ျဖစ္တည္လာတာပါ။

ကြ်န္ေတာ္တို႔ စာဖတ္ပရိတ္သတ္ေရာ ဒီစကားစုေလးနဲ႔ ပက္သက္ျပီး ဘယ္လိုမ်ိဳးအထင္အျမင္ေတြ အေတြးေလးေတြ ရွိတယ္ဆိုတာကို ျပန္လည္မွ်ေဝေပးပါအံုး ခင္ဗ်။ ေလးစားစြာျဖင့္…

မိမိတို႔သင္ၾကားလိုေသာ ဘာသာရပ္မ်ားကို sayar.com.mm တြင္ရွိေသာဆရာ၊ ဆရာမမ်ားနွင့္တုိင္ပင္ျပီး အဆင္ေျပသည့္အခ်ိန္တြင္ တက္ေရာက္နိုင္ဖို႔အတြက္ ကြ်န္ေတာ္တို႔ရဲ႕ ဆရာ ဆရာမေတြနဲ႔ ဆက္သြယ္လိုက္ပါ။

Minsayar

Unicode

အချိန်တန်ရင် ဒီစကားလေးက ကျွန်တော်တို့သုံးနေကျ စကားတစ်ခွန်းပါပဲ…
အချိန်တန်ရင် ပြီးသွားမှာပါ…
အချိန်တန်ရင် သွားရမှာပါ…
အချိန်တန်ရင် လုပ်ရမှာပေါ့…
အချိန်တန်တော့လဲ ရလာမှာပါ…
စောင့်ကြည့်လိုက်ပါ အချိန်မတန်သေးလို့ပါကွာ…
ဒီစကားလုံးလေးတွေ နေ့တိုင်းအသုံးပြုပြီး ပြောဖြစ်ကြမယ်ထင်တယ်။
အဲ့ဒီအချိန်တန်တော့ဆိုတာ ဘယ်အချိန်လဲ ဘယ်သူက သတ်မှတ်ထားတာလဲ။ ကိစ္စတစ်ခု ပြဿနာတစ်ခု ကြုံလာတယ် ဖြေရှင်းဖို့မကြိုးစားပဲနဲ့ အချိန်တန်တော့လည်း ပြီးသွားမှာပါ ဆိုပြီး ရေရွတ်နေတတ်တဲ့သူတွေ တွေ့ဖူးမှာပေါ့ (ကျွန်တော်တောင်တခါတလေ ပြောဖြစ်ပါတယ် ) အဲ့ဒီအချိန်တန်တော့ဆိုတာ ဘယ်အချိန်လဲ တစ်ရက်လား နှစ်ရက်လား တစ်ပတ်လား တစ်နှစ်လား…
တစ်ခုခုအောင်မြင်ဖို့ ကြိုးစားတယ် ကျရှံုးတဲ့အခါ အချိန်မတန်သေးလို့ပါကွာ အချိန်တန်ရင်တော့ အောင်မြင်လာမှာပေါ့။ သေချာစဉ်းစားကြည့်ပါ… ကျွန်တော်တို့ ခနခနသုံးဖြစ်တဲ့စကားတွေ အချိန်မတန်သေးလို့ အချိန်တန်ပြီတို့ အဲ့ဒါကို သတ်မှတ်ပေးထားတာက ဘုရားရှင်လား နတ်မင်းတွေလား မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် သေချာမသိတဲ့ အချိန်ကို သေချာနေသလိုမျိုး သတ်မှတ်ထားတာပါ။
ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လစိုက်ထုတ်မှုနဲ့ လမ်းစတစ်ခုကို တွေ့တဲ့အချိန် တိုက်ဆိုင်သွားတဲ့အခါ ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို ရောက်ရှိတဲ့အချိန်ပါပဲ။ အဲ့ဒါ အချိန်တန်လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ ကိုယ်ဖြည့်ထားတဲ့ ပညာတွေ အရည်အချင်းတွေက ကိုယ်လိုချင်တဲ့အရာကို ယူဆောင်နိုင်ဖို့ လုံလောက်သွားတဲ့အတွက်ပါ။
ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်တဲ့အတွက် ကံကံ၏အကျိုး ကိုလည်း ယုံကြည်ပါတယ်။ ဒါပေမယ့် ကံကိုပဲ ယုံကြည်ပြီး အချိန်တန်တော့ ဖြစ်လာမှာပါ ဆိုတဲ့စကားအတိုင်း ဖြစ်လာမယ့်အချိန်ကို ထိုင်စောင့်ရင်းနဲ့ အချိန်တွေကုန်ဆုံးသွားတာမျိုး မဖြစ်ဖို့ လိုပါတယ်။
ပြဿနာတစ်ခုကြံုလာတဲ့အခါမှာလည်း ပြဿနာကို ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ အချိန်တန်ရင်ပြီးသွားဖို့ မျှော်လင့်နေကြတတ်ပါတယ်။ မသိရင် ဒီပြဿနာကို နတ်ဘုရားကပဲ တာဝန်ယူဖြေရှင်းပေမယ့်အတိုင်း အချိန်တန်တော့လည်း ပြီးသွားမှာပါဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ ပြဿနာတစ်ခုက မဖြေရှင်းဘူးဆိုရင် မပြီးသွားပါဘူး အချိန်ကြာလို့ မေ့သွားတာပဲ ရှိမှာပါ..ဒါကလဲ ပြဿနာပေါ်မူတည် ပါသေးတယ်။
အချိန်တန်ရင် အချိန်တန်ရင် ကျွန်တော်တို့ ပေါ့ပေါ့လေးသုံးခဲ့ကြတယ့် စကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို သေချာစဉ်းစားကြည့်မိကြရဲ့လား။ အရာရာတိုင်းက အချိန်တန်လို့ဖြစ်လာတာ အချိန်တန်လို့ ပြီးသွားတာ မဟုတ်ပါဘူး။ ကိုယ့်ကြိုးစားအားထုတ်မှု လုံ့လစိုက်ထုတ်မှု ပေါ်မူတည်ပြီး ဖြစ်တည်လာတာပါ။
ကျွန်တော်တို့ စာဖတ်ပရိတ်သတ်ရော ဒီစကားစုလေးနဲ့ ပက်သက်ပြီး ဘယ်လိုမျိုးအထင်အမြင်တွေ အတွေးလေးတွေ ရှိတယ်ဆိုတာကို ပြန်လည်မျှဝေပေးပါအုံး ခင်ဗျ။ လေးစားစွာဖြင့်…


မိမိတို့သင်ကြားလိုသော ဘာသာရပ်များကို sayar.com.mm တွင်ရှိသောဆရာ၊ ဆရာမများနှင့်တိုင်ပင်ပြီး အဆင်ပြေသည့်အချိန်တွင် တက်ရောက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဆရာ ဆရာမတွေနဲ့ ဆက်သွယ်လိုက်ပါ။

Minsayar

Read times Last modified on Friday, 27 December 2019 15:48
Rate this articles
(3 votes)