×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 12 January 2021

လူကြီး၊လူငယ်မရွေး သင်ယူနိုင်တဲ့ တိုက်ကွမ်ဒိုကစားနည်းရဲ့အကျိုး

လူကြီး၊လူငယ်မရွေး သင်ယူနိုင်တဲ့ တိုက်ကွမ်ဒိုကစားနည်းရဲ့အကျိုး

အားကစားနည်းတွေကို အမျိုးအစားကိုလိုက်ပြီး လူကြီးတွေနဲ့သင့်တော်တဲ့ကစားနည်း၊ လူငယ်တွေနဲ့သင့်တော်တဲ့ကစားနည်း၊ လူကြီးလူငယ်မရွေး ကစားနိုင်တဲ့၊ ကစားသင့်တဲ့ ကစားနည်းဆိုပြီး ခွဲခြားလို့ရပါတယ်။ တိုက်ကွမ်ဒိုကတော့ လူကြီး၊ လူငယ်မရွေး သင့်တော်ပြီးး ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အားကစားနည်းဖြစ်ပါတယ်။

 

တိုက်ကွမ်ဒိုကစားတဲ့သူတစ်ဦးဟာ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှုမြင့်မားပြီး ဘဝနဲ့သက်ဆိုင်တဲ့များစွာသော သင်ခန်းစာတွေကိုသင်ယူနိုင်ပါတယ်။ ဒါ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ခြင်း ( Self-defense ) ကိုလည်း ကောင်းကောင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

 

ဒါဆို တိုက်ကွမ်ဒိုကစားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့ -
(၁) အရင်ကထက် စည်းကမ်းပိုရှိလာမှာဖြစ်ပါတယ်။
တိုက်ကွမ်ဒိုကစားခြင်းက လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာစည်းကမ်းတွေဖွံ့ဖြိုးတိုးတက်လာစေပါတယ်။ တိုက်ကွမ်ဒိုကစားတဲ့အခါ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက ကျောင်းသားတွေရဲ့ နေ့စဉ်ဘဝမှာရှောင်လွှဲလို့မရတဲ့ အခြေခံကျင့်ဝတ်တွေကိုဉီးတည်သတ်မှတ်ထားတာဖြစ်တဲ့အတွက် စည်းကမ်းပိုရှိလာပြီး စည်းကမ်းရဲ့တန်ဖိုးကိုလည်းပိုမိုနားလည်လာမှာဖြစ်ပါတယ်။

 

(၂) လေးစားမှုရှိလာပါလိမ့်မယ်။
တိုက်ကွမ်ဒိုကစားနည်းရဲ့အသက်သွေးကြောက လေးစားခြင်းလို့တောင်ဆိုလို့ရပါတယ်။ အားလုံးသိကြတဲ့အတိုင်း တိုက်ကွမ်ဒိုခန်းမထဲရောက်ပြီးဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ်ကစလို့ ဆရာတွေ၊ ဆရာမတွေ၊ ကစားဖော်တွေ၊ ပရိသတ်တွေအားလုံးကို အရိုအသေပြုရပါတယ်။ ဒါဟာ တိုက်ကွမ်ဒိုကစားခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတစ်ခုကို ပျိုးထောင်ပေးခြင်းအကျိုးပဲဖြစ်ပါတယ်။

 

(၃) ကာကွယ်နိုင်ခြင်းမြင့်လာပါလိမ့်မယ်။
တိုက်ကွမ်ဒိုပညာရပ်ဟာ ကိုယ်ခံပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒီတော့ တိုက်ကွမ်ဒိုသင်ကြတဲ့အခါ ကျောင်းသားတွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းတွေကို နည်းလမ်းပေါင်းစုံနဲ့သင်ယူကြပါတယ်။ ဒါကြောင့် တိုက်ကွမ်ဒိုကစားသမားတွေဟာ မမြင်နိုင်တဲ့အန္တရာယ်တိုင်းအတွက် အမြဲအဆင်သင့်ဖြစ်နေကြပါတယ်။ ဒါ့အပြင် ပညာရှင်အချို့ရဲ့စစ်တမ်းတွေအရ တိုက်ကွမ်ဒိုကစားတဲ့ယောက်ျားလေးတွေက စိတ်ဆတ်ခြင်း၊စိတ်တိုခြင်းကို ပိုပြီးလျော့ချနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

 

(၄) သန်မာတဲ့ခန္ဓာကိုယ်နဲ့ ခိုင်မာတဲ့စိတ်ဓာတ်တို့ကိုပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။
မတူညီတဲ့ တိုက်ကွက်တွေ၊ ကာကွက်တွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ထိန်းညှိနိုင်စွမ်း၊ မျှတအောင်ဆောင်ရွယ်နိုင်စွမ်း၊ လိုက်လျောညီထွေပြုမူနိုင်စွမ်းတွေကို မြင့်တက်စေပါတယ်။ ဒါကြောင့်လည်း တိုက်ကွမ်ဒိုကစားခြင်းက ခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာလာစေပါတယ်။ ဒါ့အပြင် တိုက်ကွမ်ဒိုကစားကွက်တွေကို မမှားမယွင်းဘဲ သေသပ်လှပစွာကစားနိုင်ဖို့အတွက် ပြင်းထန်တဲ့အာရုံစိုက်နိုင်စွမ်းတွေ၊ စိတ်စွမ်းအင်တွေကို မွေးမြူရပါတယ်။ ဒီလိုလေ့ကျင့်မှုတွေကြောင့်လည်း တိုက်ကွမ်ဒိုကစားခြင်းက စိတ်ဓာတ်ခိုင်မာအောင်လည်းပျိုးထောင်ပေးနိုင်ပါတယ်။

 

(၅) ကျရှုံးခြင်းကို သင်ယူနိုင်ပါတယ်။
ကျွန်တော်တို့အားလုံးဟာ ဘဝမှာ ကျရှုံးခြင်းတွေကိုကြုံဖူးကြပါတယ်။ ဒီလိုကျရှုံးတဲ့အခါတိုင်းမှာ အပြိုပြိုအကွဲကွဲ ဖြစ်ကြရပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရာကတော့ ကျရှုံးခြင်းကိုမသင်ယူခဲ့လို့ပါ။ ဒါပေမယ့် တိုက်ကွမ်ဒိုသင်တဲ့အခါမှာ ကျရှုံးခြင်းကိုပါတစ်ခါတည်းသင်ယူနိုင်ပါတယ်။ ကျရှုံးခြင်းကို သင်ယူတယ်ဆိုတာ ကျရှုံးတဲ့အခါ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါသင်ယူခြင်းဖြစ်ပါတယ်။ လဲရင်ပြန်ထ ဆိုတဲ့စကားပေါ့။ တိုက်ကွမ်ဒိုကစားတဲ့အခါ ကျောင်းသားက လဲခွင့်၊ ကျရှုံးခွင့်တွေရှိပါတယ်။ အဓိက က ပြန်ထနိုင်ဖို့ပါပဲ။ ဒီလို mindset တွေကိုပါသင်ပေးတဲ့ ကစားနည်းဖြစ်ပါတယ်။

 

(၆) အသက်ရှူနည်းကို သင်ယူနိုင်ပါတယ်။
အသက်ရှူတယ်ဆိုတာ သက်ရှိသတ္တဝါတိုင်းနေ့စဉ်လုပ်ဆောင်ရတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး သဘာဝကပေးတဲ့တာဝန်တစ်ခုပါ။ ဒီတာဝန်က နေ့စဉ်လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ အသက်ရှုနည်းကို သင်ယူခြင်းက နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေတိုင်းကို ဘယ်လိုကောင်းကောင်းဖြေရှင်းနိုင်မလဲဆိုတာကိုပါသင်ကြားပေးနိုင်တာဖြစ်ပါတယ်။

 

ဒီလို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေအများကြီးပေးနိုင်တဲ့ တိုက်ကွမ်ဒိုသင်တန်းတွေကို တက်ရောက်လိုတယ်ဆိုရင်တော့ www.sayar.com.mm မှာ >>> https://www.sayar.com.mm/subjects/all-teachers/subject-487.html <<< အခမဲ့ဝင်ရောက်ရှာဖွေနိုင်နေပါပြီ။ အခုပဲ ကိုယ်တက်ရောက်လိုတဲ့သင်တန်းတွေကို ရှာဖွေလိုက်တော့နော်။

 

 

 

လူႀကီး၊လူငယ္မေ႐ြး သင္ယူႏိုင္တဲ့ တိုက္ကြမ္ဒိုကစားနည္းရဲ႕အက်ိဳး

အားကစားနည္းေတြကို အမ်ိဳးအစားကိုလိုက္ၿပီး လူႀကီးေတြနဲ႔သင့္ေတာ္တဲ့ကစားနည္း၊ လူငယ္ေတြနဲ႔သင့္ေတာ္တဲ့ကစားနည္း၊ လူႀကီးလူငယ္မေရြး ကစားႏိုင္တဲ့၊ ကစားသင့္တဲ့ ကစားနည္းဆိုၿပီး ခြဲျခားလို႔ရပါတယ္။ တိုက္ကြမ္ဒိုကေတာ့ လူႀကီး၊ လူငယ္မေ႐ြး သင့္ေတာ္ၿပီး က်န္းမာေရးကိုအေထာက္အကူျပဳတဲ့ အားကစားနည္းျဖစ္ပါတယ္။

 

တိုက္ကြမ္ဒိုကစားတဲ့သူတစ္ဦးဟာ ကိုယ့္ကိုယ္ကို ေလးစားတန္ဖိုးထားမႈျမင့္မားၿပီး ဘဝနဲ႔သက္ဆိုင္တဲ့မ်ားစြာေသာ သင္ခန္းစာေတြကိုသင္ယူႏိုင္ပါတယ္။ ဒါ့အျပင္ အေရးႀကီးဆုံးျဖစ္တဲ့ ကိုယ့္ကိုယ္ကိုကာကြယ္ျခင္း ( Self-defense ) ကိုလည္း ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

 

ဒါဆို တိုက္ကြမ္ဒိုကစားျခင္းရဲ႕အက်ိဳးေက်းဇူးေတြကေတာ့ -
(၁) အရင္ကထက္ စည္းကမ္းပိုရွိလာမွာျဖစ္ပါတယ္။
တိုက္ကြမ္ဒိုကစားျခင္းက လူတစ္ေယာက္ကို စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာစည္းကမ္းေတြဖြံ႕ၿဖိဳးတိုးတက္လာေစပါတယ္။ တိုက္ကြမ္ဒိုကစားတဲ့အခါ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြက ေက်ာင္းသားေတြရဲ႕ ေန႔စဥ္ဘဝမွာေရွာင္လႊဲလို႔မရတဲ့ အေျခခံက်င့္ဝတ္ေတြကိုဉီးတည္သတ္မွတ္ထားတာျဖစ္တဲ့အတြက္ စည္းကမ္းပိုရွိလာၿပီး စည္းကမ္းရဲ႕တန္ဖိုးကိုလည္းပိုမိုနားလည္လာမွာျဖစ္ပါတယ္။

 

(၂) ေလးစားမႈရွိလာပါလိမ့္မယ္။
တိုက္ကြမ္ဒိုကစားနည္းရဲ႕အသက္ေသြးေၾကာက ေလးစားျခင္းလို႔ေတာင္ဆိုလို႔ရပါတယ္။ အားလုံးသိၾကတဲ့အတိုင္း တိုက္ကြမ္ဒိုခန္းမထဲေရာက္ၿပီးဆိုတာနဲ႔ ကိုယ့္ကိုယ္ကိုယ္ကစလို႔ ဆရာေတြ၊ ဆရာမေတြ၊ ကစားေဖာ္ေတြ၊ ပရိသတ္ေတြအားလုံးကို အ႐ိုအေသျပဳရပါတယ္။ ဒါဟာ တိုက္ကြမ္ဒိုကစားျခင္းရဲ႕ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုကို ပ်ိဳးေထာင္ေပးျခင္းအက်ိဳးပဲျဖစ္ပါတယ္။

 

(၃) ကာကြယ္ႏိုင္ျခင္းျမင့္လာပါလိမ့္မယ္။
တိုက္ကြမ္ဒိုပညာရပ္ဟာ ကိုယ္ခံပညာရပ္တစ္ခုျဖစ္ပါတယ္။ ဒီေတာ့ တိုက္ကြမ္ဒိုသင္ၾကတဲ့အခါ ေက်ာင္းသားေတြက ကိုယ့္ကိုယ္ကိုယ္ကာကြယ္ျခင္းေတြကို နည္းလမ္းေပါင္းစုံနဲ႔သင္ယူၾကပါတယ္။ ဒါေၾကာင့္ တိုက္ကြမ္ဒိုကစားသမားေတြဟာ မျမင္ႏိုင္တဲ့အႏၲရာယ္တိုင္းအတြက္ အၿမဲအဆင္သင့္ျဖစ္ေနၾကပါတယ္။ ဒါ့အျပင္ ပညာရွင္အခ်ိဳ႕ရဲ႕စစ္တမ္းေတြအရ တိုက္ကြမ္ဒိုကစားတဲ့ေယာက္်ားေလးေတြက စိတ္ဆတ္ျခင္း၊စိတ္တိုျခင္းကို ပိုၿပီးေလ်ာ့ခ်ႏိုင္တယ္လို႔ ျပဌာန္းထားပါတယ္။

 

(၄) သန္မာတဲ့ခႏၶာကိုယ္နဲ႔ ခိုင္မာတဲ့စိတ္ဓာတ္တို႔ကိုပိုင္ဆိုင္လာႏိုင္မွာျဖစ္ပါတယ္။
မတူညီတဲ့ တိုက္ကြက္ေတြ၊ ကာကြက္ေတြက လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကို ထိန္းညႇိႏိုင္စြမ္း၊ မွ်တေအာင္ေဆာင္႐ြယ္ႏိုင္စြမ္း၊ လိုက္ေလ်ာညီေထြျပဳမူႏိုင္စြမ္းေတြကို ျမင့္တက္ေစပါတယ္။ ဒါေၾကာင့္လည္း တိုက္ကြမ္ဒိုကစားျခင္းက ခႏၶာကိုယ္ကို ေတာင့္တင္းခိုင္မာလာေစပါတယ္။ ဒါ့အျပင္ တိုက္ကြမ္ဒိုကစားကြက္ေတြကို မမွားမယြင္းဘဲ ေသသပ္လွပစြာကစားႏိုင္ဖို႔အတြက္ ျပင္းထန္တဲ့အာ႐ုံစိုက္ႏိုင္စြမ္းေတြ၊ စိတ္စြမ္းအင္ေတြကို ေမြးျမဴရပါတယ္။ ဒီလိုေလ့က်င့္မႈေတြေၾကာင့္လည္း တိုက္ကြမ္ဒိုကစားျခင္းက စိတ္ဓာတ္ခိုင္မာေအာင္လည္းပ်ိဳးေထာင္ေပးႏိုင္ပါတယ္။

 

(၅) က်ရႈံးျခင္းကို သင္ယူႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔အားလုံးဟာ ဘဝမွာ က်ရႈံးျခင္းေတြကိုႀကဳံဖူးၾကပါတယ္။ ဒီလိုက်ရႈံးတဲ့အခါတိုင္းမွာ အၿပိဳၿပိဳအကြဲကြဲ ျဖစ္ၾကရပါတယ္။ ဒီလိုျဖစ္ရျခင္းရဲ႕ အဓိကအေၾကာင္းအရာကေတာ့ က်ရႈံးျခင္းကိုမသင္ယူခဲ့လို႔ပါ။ ဒါေပမယ့္ တိုက္ကြမ္ဒိုသင္တဲ့အခါမွာ က်ရႈံးျခင္းကိုပါတစ္ခါတည္းသင္ယူႏိုင္ပါတယ္။ က်ရႈံးျခင္းကို သင္ယူတယ္ဆိုတာ က်ရႈံးတဲ့အခါ ဘယ္လိုကာကြယ္ရမလဲဆိုတာကိုပါသင္ယူျခင္းျဖစ္ပါတယ္။ လဲရင္ျပန္ထ ဆိုတဲ့စကားေပါ့။ တိုက္ကြမ္ဒိုကစားတဲ့အခါ ေက်ာင္းသားက လဲခြင့္၊ က်ရႈံးခြင့္ေတြရွိပါတယ္။ အဓိက က ျပန္ထႏိုင္ဖို႔ပါပဲ။ ဒီလို mindset ေတြကိုပါသင္ေပးတဲ့ ကစားနည္းျဖစ္ပါတယ္။

 

(၆) အသက္ရႉနည္းကို သင္ယူႏိုင္ပါတယ္။
အသက္ရႉတယ္ဆိုတာ သက္ရွိသတၱဝါတိုင္းေန႔စဥ္လုပ္ေဆာင္ရတဲ့ တာဝန္တစ္ခုျဖစ္ပါတယ္။ အေရးႀကီးဆုံးနဲ႔ အေျခခံအက်ဆုံး သဘာဝကေပးတဲ့တာဝန္တစ္ခုပါ။ ဒီတာဝန္က ေန႔စဥ္လုပ္ေဆာင္ေနရတဲ့ လုပ္ငန္းေဆာင္တာေတြနဲ႔လည္း သက္ဆိုင္ေနပါတယ္။ အသက္ရႈနည္းကို သင္ယူျခင္းက ေန႔စဥ္ဘဝမွာ ႀကဳံေတြ႕ရတဲ့အခက္အခဲေတြတိုင္းကို ဘယ္လိုေကာင္းေကာင္းေျဖရွင္းႏိုင္မလဲဆိုတာကိုပါသင္ၾကားေပးႏိုင္တာျဖစ္ပါတယ္။

 

ဒီလို စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာအတြက္ပါ ေကာင္းက်ိဳးေတြအမ်ားႀကီးေပးႏိုင္တဲ့ တိုက္ကြမ္ဒိုသင္တန္းေတြကို တက္ေရာက္လိုတယ္ဆိုရင္ေတာ့ www.sayar.com.mm မွာ >>> https://www.sayar.com.mm/subjects/all-teachers/subject-487.html <<< အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ေနပါၿပီ။ အခုပဲ ကိုယ္တက္ေရာက္လိုတဲ့သင္တန္းေတြကို ရွာေဖြလိုက္ေတာ့ေနာ္။

Read times Last modified on Tuesday, 12 January 2021 10:21
Rate this articles
(0 votes)