×

Warning

JUser: :_load: Unable to load user with ID: 723


Success

Friday, 24 March 2017

သင်ဟာ သာမန်ထက်ပိုတော်နေကြောင်း ပြောပြနေတဲ့ အချက် (၅) ချက်

၁. ငယ်စဉ်တည်းက စာဖတ်တာ ၀ါသနာပါသူ။

လူတွေဟာ စာစောစောဖတ်​​လေလေ ပိုပြီးဥာဏ်​​ကောင်လေလေပဲလို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ သင့်ဘေးက လူတွေထက်သင်​​တော်​​နေပြီဆိုရင်​​တော့ သင်ဟာ သူတို့ထက် စာဖတ်တာ စောခဲ့လို့ပါပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်တာ ၀ါသနာပါသူများဟာ ဥာဏ်ကောင်းသူတွေ ဖြစ်လာကြပါတယ်။

၂. ငယ်စဉ်က ဂီတဆိုင်ရာ လေ့ကျင့်ခန်း သင်ယူဖူးသူပါ။

လေ့လာတွေ့ရှိမှုတွေအရ ဂီတဆိုင်ရာ လေ့ကျင့်ခန်တွေဟာ ဥာဏ်​​ရည်တိုးစေပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း တိုးစေတာပါတယ်။ ငယ်ငယ်ကတည်းက ဂီတဆိုင်ရာ လေ့ကျင့်ခန်တွေကို သင်ယူဖူးသူတွေကတော့ သာမန်ထက်ပိုပြီး ထူးချွန်ကြပါတယ်

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၃. ရယ်စရာကောင်းသူတစ်​​ယောက်ပါ။

သင်ဟာ ဟာသဥာဏ်ကြွယ်သူတစ်​​ယောက်ဆိုရင်​​ ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်ပါတော့။ ဟယသဥာဏ်ကြွယ်သူတွေက အရမ်းဥာဏ်​​ကောင်းတယ်လို့ လေ့လာစမ်းသပ်မှုတွေအရ သိရပါတယ်။

၎. သင်ဟာ ပူပန်တတ်သူတစ်​​ယောက်

ဘယ်သူမှတော့ စိုးရိမ်​​ကြောင့်ကြနေရတာ မကြိုက်​​ပေမယ်လေ့လာစမ်းသပ်ချက်​​တွေအရ ပိုတော်တဲ့သူတွေဟာ စိုးရိမ်မှုပိုများကြောင် တွေ့ရှိရပါတယ်။ စိုးရိမ်ပူပန်တတ်သူတွေဟာ ပိုပြီး အာရုံစိုက်နိုင်ကြပြီး အလုပ်တစ်ခုပြီးတစ်ခု ပြီးအောင် လုပ်​​ဆောင်နိုင်စွမ်း ရှိကြပါတယ်

၅. သင်ဟာ ဘယ်တန်တစ်​​ယောက်ပါ။

ဘယ်တန်​​တွေဟာ ငယ်စဉ်တည်းက အဆော့မက်ပြီး ကြီးပြင်းလာကြတာပါ။ အခုလို နည်းပညာခေတ်ကြီးမှာတောင် ဘယ်တန်​​တွေ ဘာကြောင့်ဥာဏ်​​ကောင်းတယ်ဆိုတာ မရှင်းပြနိုင်​​ပေမယ်ယောက်ျားလေး ဘယ်တန်​​တွေဟာ ဥာဏ်​​ကောင်းမှန်း အရမ်းသိသာပါတယ်

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Source: shweinnlay


Read times Last modified on Friday, 27 December 2019 15:46
Rate this articles
(10 votes)