၁. ငယ်စဉ်တည်းက စာဖတ်တာ ၀ါသနာပါသူ။
လူတွေဟာ စာစောစောဖတ်လေလေ ပိုပြီးဥာဏ်ကောင်းလေလေပဲလို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ သင့်ဘေးက လူတွေထက်သင်တော်နေပြီဆိုရင်တော့ သင်ဟာ သူတို့ထက် စာဖတ်တာ စောခဲ့လို့ပါပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာဖတ်တာ ၀ါသနာပါသူများဟာ ဥာဏ်ကောင်းသူတွေ ဖြစ်လာကြပါတယ်။
၂. ငယ်စဉ်က ဂီတဆိုင်ရာ လေ့ကျင့်ခန်း သင်ယူဖူးသူပါ။
လေ့လာတွေ့ရှိမှုတွေအရ ဂီတဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ ဥာဏ်ရည်တိုးစေပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း တိုးစေတာပါတယ်။ ငယ်ငယ်ကတည်းက ဂီတဆိုင်ရာ လေ့ကျင့်ခန်းတွေကို သင်ယူဖူးသူတွေကတော့ သာမန်ထက်ပိုပြီး ထူးချွန်ကြပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၃. ရယ်စရာကောင်းသူတစ်ယောက်ပါ။
သင်ဟာ ဟာသဥာဏ်ကြွယ်သူတစ်ယောက်ဆိုရင် ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်ပါတော့။ ဟယသဥာဏ်ကြွယ်သူတွေက အရမ်းဥာဏ်ကောင်းတယ်လို့ လေ့လာစမ်းသပ်မှုတွေအရ သိရပါတယ်။
၎. သင်ဟာ ပူပန်တတ်သူတစ်ယောက်။
ဘယ်သူမှတော့ စိုးရိမ်ကြောင့်ကြနေရတာ မကြိုက်ပေမယ့် လေ့လာစမ်းသပ်ချက်တွေအရ ပိုတော်တဲ့သူတွေဟာ စိုးရိမ်မှုပိုများကြောင်း တွေ့ရှိရပါတယ်။ စိုးရိမ်ပူပန်တတ်သူတွေဟာ ပိုပြီး အာရုံစိုက်နိုင်ကြပြီး အလုပ်တစ်ခုပြီးတစ်ခု ပြီးအောင် လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်။
၅. သင်ဟာ ဘယ်တန်တစ်ယောက်ပါ။
ဘယ်တန်တွေဟာ ငယ်စဉ်တည်းက အဆော့မက်ပြီး ကြီးပြင်းလာကြတာပါ။ အခုလို နည်းပညာခေတ်ကြီးမှာတောင် ဘယ်တန်တွေ ဘာကြောင့်ဥာဏ်ကောင်းတယ်ဆိုတာ မရှင်းပြနိုင်ပေမယ့် ယောက်ျားလေး ဘယ်တန်တွေဟာ ဥာဏ်ကောင်းမှန်း အရမ်းသိသာပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
Source: shweinnlay