၂၀၁၈ လည်း ကုန်ခါနီးပြီ ဖြစ်လို့ ၂၀၁၉ ကို ဒီ အမှုအကျင့် ၅ ခုကို သယ်မသွားဖို့ တိုက်တွန်းပါရစေ။
၁။ မနာလိုမှု
မိမိ ထက်သာတဲ့ မိမိထက် အောင်မြင်တဲ့ သူတွေကို မနာလို ဝန်တိုတတ်တဲ့ စိတ်ရှိနေရင် ၂၀၁၈ မှာပဲ ထားခဲ့ပါ။ ၂၀၁၉ ကို လုံးဝ သယ် မသွားမိပါစေနဲ့။
၂။ ပျင်းတဲ့စိတ်
ဘာမှ မလုပ်ချင်ဘဲ ပျင်းနေတဲ့ စိတ်ကိုလည်း နှစ်ဟောင်းမှာပဲ ထားခဲ့ပါ။ နောက်နှစ်ကို သယ်သွားမယ် ဆိုရင်တော့ သင့် အတွက် တိုးတက်မှု တစ်စုံတစ်ရာ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
၃။ ရေသာခို တတ်ခြင်း
မိမိ အိမ်မှာ ဖြစ်ဖြစ် လုပ်ငန်း ခွင်မှာ ဖြစ်ဖြစ် မိမိဟာ ရေသာ ခိုတတ်နေမယ် ဆိုရင် ဒီနှစ်ဟောင်းမှာပဲ ထားခဲ့လိုက်ပါ။ လုံးဝ နှစ်သစ် ကို သယ်မသွားမိပါစေနဲ့။
၎။ ကြောက်ရွံ့စိတ်
အသစ်တီထွင် လုပ်ရတာ ဖြစ်ဖြစ်၊ တစ်စုံတစ်ခု ပြောင်းလဲ တာဖြစ်ဖြစ်၊ စွန့်စားရတာ ဖြစ်ဖြစ် ကြောက်ရွံနေရင် နှစ်သစ်မှာလည်း သင် အောင်မြင်ဖို့ အလှမ်းဝေနေအုံးမှာပါ။
၅။ မိမိကို မချစ်တဲ့ သူ
မိမိကို မချစ်တဲ့ သူတွေကိုလည်း ၂၀၁၉ ကို ခေါ်ဆောင် မသွားသင့်ပါ။ တကယ်လို့ ခေါ်သွားခဲ့မယ် ဆိုရင် သင်ပဲ စိတ်ညစ် ရပါ လိမ့်မယ်။
source: ပစ်တိုင်းထောင်