လူငယ်တစ်ချို့ပြောကြတယ် “ငါ့မှာ ဘာ talent မှ မရှိဘူး၊ skill လည်း မရှိဘူး” အင်း ဒါကို ကျွန်တော် ကိုယ်တိုင်လည်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။
ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ခနခန မေးခဲ့ဖူးတယ် ငါ့အားသာချက်တွေက ဘာလဲ၊ ငါ့မှာရှိတဲ့ talent ကဘာလဲ ဆိုပြီးတော့ပေါ့။
လူတိုင်းမှာ talent ကိုယ်စီ အားသာချက်ကိုယ်စီ ရှိကြတယ်ဆိုတာကိုတော့ ကျွန်တော်အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် လူတိုင်းတော့ သူတို့ရဲ့ talent ကိုမသိကြဘူး။ မေးခွန်းတွေတော့ အကြိမ်ကြိမ် မေးကြပါရဲ့ စဉ်းလည်း စဉ်းစားကြပါတယ်လေ ဒီလိုဆိုပေမယ့် talent ဆိုတာလေးကို ရှာမတွေ့နိုင်ကြသေးဘူး။
တစ်ချို့က အပြောသိပ်ကောင်းတယ်၊ တစ်ချို့က အသံကောင်းတယ်၊ တစ်ချို့က ကောင်းကောင်းချက်တတ်တယ်၊ တစ်ချို့က နည်းပညာပိုင်း အားသာတယ် သူများတွေများ ကိုယ့် talent လည်းကိုယ်သိ၊ အကောင်အထည်ဖော်ကြနဲ့ သာယာနေကြတဲ့အချိန် ကိုယ့်မှာတော့ “ဘာလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ လည်လို့ကောင်းတုန်းလေ။
ကဲကဲ ဒါဆိုမေးရပါဦးမယ် ကိုယ့်မှာ talent မရှိပါဘူး၊ talent ကိုမသိပါဘူး အော်နေရအောင် talent ကို တကယ်ရော ရှာဖူးလို့လား။ အင်း သိပါတယ် ရှာဖူးတယ် ဒီလောက်ရှာနေတာ တွေ့မှမတွေ့တာ လို့ပြောမှာပေါ့။
ဒီလိုဆို မေးဦးမယ် မနက်အိပ်ယာထ ကျောင်းသွား အလုပ်သွား၊ တစ်နေကုန် ကျောင်းမှာနေ အလုပ်မှာနေ ပြီးတော့ ညနေအိမ်ပြန်လာတယ် ဒီလိုပုံစံနဲ့ ဘယ်က talent ကို ရှာတွေ့ဖို့များ မျှော်လင့်နေတာလဲ။ ဟုတ်တယ်လေ ကိုယ်က အကကောင်းတယ်ထား ဒါကိုမကကြည့်ပဲ ဘယ်လိုသိမှာလဲ အကကိုစိတ်ဝင်စားနေရုံနဲ့ ထိုင်ပြီး ငါ့ talent က ဘာလဲ စဉ်းစားနေရုံနဲ့ အဲ့ဒီ talent ဆိုတာကြီးက ကောင်းကင်ပေါ်က ကျလာမှာမှ မဟုတ်တာ။
အင်းပေါ့ လူငယ်တွေဆိုတော့လည်း စိတ်ဝင်စားတာတွေက များမှာပေါ့ ကျွန်တော်လည်း ဘာထူးလဲ ဝါသနာများမေးလိုက်ရင် ကိုယ့်ဝါသနာကို စဉ်းစားနေတာ မပြီးတော့ဘူး သီချင်းလည်း ကြိုက်တာပဲ၊ အားကစားလည်း ကြိုက်တာပဲ၊ စာရေးတာလည်း သဘောကျတာပဲ ဝါသနာတွေက အများကြီးပဲလေ။
ဒါပေမယ့် ဒါတွေထဲကနေမှ အထူးဖြစ်နေတာလေးတွေ ရှိတယ်။ ပြီးတော့ အဲ့တစ်ခုကို ပျိုးထောင်ပြီးမှ talent ဆိုတာဖြစ်လာမှာ။ Talent ဖြစ်တယ်ဆိုတာနဲ့ပဲ ဘာမဆိုအကုန်သိ၊ မသင်ပဲ အကုန်တတ် ဆိုတာမျိုးကို ပြောတာ မဟုတ်ဘူးနော်။
Talent ကဖြည်းဖြည်းချင်း ပျိုးထောင်ရတာ ပြောရရင် talent နဲ့ ကြိုးစားမှုဆိုတာက အမွှာတွေလိုပဲ။ ဥပမာ ကိုယ်ကအသံကောင်းတယ်ထား အသံကောင်းရုံနဲ့ မပြီးဘူးလေ အသံနေအသံထား၊ သံစဉ်အသွားအလာတွေ အများကြီး လေ့လာရဦးမယ် လေ့ကျင့်ရဦးမယ် ပြီးမှ တကယ် talent ဖြစ်တဲ့ အဆိုရှင်လေး ဖြစ်လာမှာပေါ့။
ဒီတော့ နေ့တိုင်း စက်ရုပ်ကြီးလို လုပ်မနေဘဲ ကိုယ့်ရဲ့တကယ့် talent ကို သိချင်ရင်တော့ နည်းနည်းပါးပါး ဖောက်ထွက်ဖို့တော့ လိုမယ်နော်။ ဘယ်သူသိမှာလဲ ကိုယ်က တစ်နေ့ စားဖိုမှူးကြီး ဒါမှမဟုတ် designer တစ်ယောက် ဖြစ်ရင်ဖြစ်လာမှာပါ့။
ဒါပေမယ့် မစမ်းကြည့်ပဲနဲ့တော့ မသိနိုင်ဘူးနော် မမြည်းကြည့်ဘဲနဲ့ အရသာမသိနိုင်သလိုပေါ့။ ဆိုတော့ တစ်ခါတစ်လေ ဖောက်ကြည့်ပါ ဂေါက်ကြည့်ပါ စမ်းကြည့်ပါ အပြည့်အ၀ အားပေးပါတယ်လို့။ ဒါပေမယ့် မကောင်းတာတွေတော့ သွားမဖောက်နဲ့ပေါ့ အါ့တော့ ကိုယ့်ပြဿနာနဲ့ကိုယ်ပဲနော်။
ဘဝက တိုပါတယ် ရှင်သန်နေတုန်းလေးတော့ ပျော်စရာတွေနဲ့ အဓိပ္ပါယ်ရှိရှိ အသက်ရှင်ရမှာပေါ့။ ကြောက်နေတာတွေ သိပ်များနေရင် ဘာမှရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ၊ စိတ်လှုပ်ရှားစရာတွေ အများကြီးက ကိုယ့်ကို စောင့်နေတယ်လေ ဒီ Talent ဆိုတာလည်း ကိုယ့်ကို စောင့်နေတဲ့ အရာတွေထဲက တစ်ခုအပါအဝင်ပေါ့။
ကိုယ်တိုင်ရှာမှ တွေ့နိုင်မှာနော် မဟုတ်ရင် တကယ် တိမ်မြုပ်သွားလိမ့်မယ်။ လူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစကိုယ်စီနဲ့ပါ။ ဒါတွေကို အဆုံးရှုံးမခံပါနဲ့။
အားလုံးပဲ ကိုယ့်ရဲ့ special လေးတွေကို ရှာတွေ့နိုင်ပြီး talent ပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေနာ်။
Source: livethedream