×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 25 January 2019

ကျောင်းမှာသင်ကြားခဲ့ရတဲ့ ဘဝသင်ခန်းစာများ

လက်ရှိအချိန်မှာ ကျောင်းပညာရေးကိုသင်ယူနေရတဲ့ကျောင်းသူကျောင်းသားတစ်ဦးပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲ ဝင်ရောက်နေပြီးသား အရွယ်ရောက်သူပဲဖြစ်ဖြစ် သေချာတာကတော့ ကျောင်းပညာရေးနဲ့ ထိတွေ့ဖူးကြမှာပါ။

ကျောင်းမှာသင်ကြားပေးလိုက်တာတွေဟာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဇီဝ၊ ဓာတု၊ ရူပ ဆိုတဲ့ဘာသာရပ်တွေထက်အများကြီးပိုပြီး ကျောင်းမှာသင်ကြားပေးလိုက်တဲ့ တချို့သင်ခန်းစာတွေက ဘဝမှာအများကြီးအသုံးဝင်ပါတယ်။ ဘယ်လိုသင်ခန်းစာတွေမျိုးလဲ။

စာမေးပွဲတွင်းမှာ အိပ်ရေးပျက်ခြင်း

ကျောင်းတုန်းက စာမေးပွဲတွင်းမှာ အိပ်ရေးပျက်ခံပြီး စာကျက်ဖူးမှာပေါ့။ တစ်နှစ်ပတ်လုံးအလေလိုက်ခဲ့သမျှ စာမေးပွဲနီးမှ ညလုံးပေါက်စာကျက်တဲ့သူတွေပဲဖြစ်ဖြစ်၊ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရချင်လို့ (၂) ကျော့၊ (၃) ကျော့စာပြန်တဲ့သူတွေပဲ ဖြစ်ဖြစ်ပေါ့။

စာမေးပွဲနဲ့ အိပ်ရေးပျက်ခြင်း ဆက်စပ်နေတာကိုတော့ ကျောင်းသားဖြစ်ဖူးသူတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်မှာပါ။ ဒါဟာ လက်တွေ့ဘဝထဲမှာ ကြုံတွေ့ရမှာတွေရဲ့ အစပါပဲ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲရောက်ပြီဆိုရင်လည်း ကျောင်းတုံးက စာမေးပွဲနီးလို့စာကျက်သလို အိပ်ပျက်ညတွေ ထပ်ကြုံရဦးမှာပါ။

မနက်တိုင်း (၆) နာရီအိပ်ရာထရခြင်း
ကျောင်းသားဘဝရဲ့အဆိုးဝါးဆုံးအတွေ့အကြုံကတော့ တနင်္လာနေ့ကနေ သောကြာနေ့ထိ မနက် (၆) နာရီဆိုရင် အိပ်ချင်မူးတူးနဲ့ အိပ်ယာထဲက အလူးအလဲထရတာပါပဲ။ ဆောင်းတွင်းဘက် စောင်ခြုံနွေးနွေးလေးကြားမှာ ကွေးနေချိန်ဆိုပိုဆိုးပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံတွေက လုပ်ငန်းခွင်ထဲမှာ အလုပ်ချိန်မီအောင်သွားနိုင်ဖို့၊ မနက်စောစောထပြီး အလုပ်အတွက်လိုအပ်တဲ့ presentation ဖိုင်တွေ ပြင်ဆင်နိုင်စေဖို့အတွက် လိုအပ်တဲ့ဝီရိယကို ရရှိစေနိုင်ပါတယ်။

အလုပ်ပေါင်းစုံကို တပြိုင်လည်းလုပ်နိုင်ခြင်း
ကျောင်းသားဘဝဆိုတာ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိထားကြပြီးသားပါ။ ကျောင်းစာတွေ၊ အားကစားတွေ၊ အနုပညာတန်းတွေနဲ့ ကျွန်တော်တို့ငယ်ဘဝရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ multitasking လို့ခေါ်တဲ့ တစ်ချိန်တည်းမှာအလုပ်ပေါင်းစုံလုပ်တတ်ခြင်းဆိုတဲ့ အလေ့အကျင့်တစ်ခုကို ရရှိသွားပါတယ်။

လုပ်စရာအလုပ်တာဝန်တွေများပြားလွန်းပြီး အချိန်ဆိုတာရှားပါးလွန်းတဲ့ လက်တွေ့ဘဝထဲမှာတော့ ကျွန်တော်တို့ဟာ ကျောင်းသားဘဝက အလေ့အကျင့်ကို ပြန်ကျေးဇူးတင်မိပါလိမ့်မယ်။

မိတ်ဆွေဖွဲ့ခြင်း

ဒီခေတ်ကြီးမှာ အောင်မြင်ဖို့ဆိုရင် ကိုယ်တိုင်ကဘယ်လောက်တော်နေပါစေ။ မိတ်ဆွေအပေါင်းအသင်း၊ အသိအကျွမ်းနည်းရင် အဆင်မပြေတော့ပါဘူး။ ကိုယ်တိုင်ဘာမှ သိပ်မထူးချွန်ရင်တောင် မိတ်ဆွေ၊ အပေါင်းအသင်းများသူတွေက အောင်မြင်မှုနဲ့ ပိုမိုနီးစပ်ပါတယ်။ ဒီဥပမာကို Naruto anime ထဲမှာတွေ့နိုင်ပါတယ်။

အဲဒီလိုသူငယ်ချင်းမိတ်ဆွေဖွဲ့ခြင်းကို ကျွန်တော်တို့တွေ ကျောင်းမှာ ကောင်းစွာသင်ယူတတ်မြောက်ခဲ့ပါတယ်။ ဒါဟာ ကျောင်းကသင်ပေးလိုက်တဲ့သင်ခန်းစာပေါင်းစုံထဲမှာ တန်ဖိုးအရှိဆုံးပညာတစ်ရပ်ပါပဲ။

အဆူခံရခြင်း

ဘယ်လောက်ပဲ လိမ္မာတဲ့ကျောင်းသား၊ ကျောင်းသူပဲဖြစ်ဖြစ် ကျောင်းမှာ ဆရာမဆူတာကို တစ်ကြိမ်တစ်ခါတော့ ခံခဲ့ရဖူးမှာပါ။ အဲဒီလိုအဆူခံရတဲ့အခါ အဆူခံရတဲ့အတွက် ဆူတဲ့သူကိုမကျေမနပ်ဖြစ်နေခဲ့တာပဲ ဖြစ်ဖြစ်၊ နောက်အဆူမခံရအောင် ကြိုးစားနေမယ်လို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဆူနေတဲ့ဆရာမရှေ့မှာ ငြိမ်ငြိမ်လေးနေခဲ့ကြ/ နေခဲ့ရတာပဲမလား။ အဲဒါတွေက ဘဝမှာ ဆရာမဆူတာထက် ပိုမို ပြင်းထန်တဲ့စကားမျိုးတွေနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုအချိန်မျိုးမှာ ပါးစပ်ပိတ်နေသင့်ပြီး ဘယ်လိုအချိန်မျိုးမှာ ပါးစပ်ဖွင့်သင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်လာရစေမှာပါ။

Source: youngisthan

Read times Last modified on Wednesday, 29 January 2020 11:23
Rate this articles
(1 Vote)