အဓိပ္ပာရှိတဲ့ လုပ်ရပ်အားလုံးဟာ လုံးဝကောင်းမွန်ပေမဲ့ ကျေနပ်အားရမှုကတော့ 24/7 ရယ်လို့ ဖြစ်ချင်မှဖြစ်မယ်ပေါ့။
လုံးဝ အိပ်မက်မက်ခဲ့တဲ့ အလုပ်တွေတောင်မှ ငြီးငွေ့စရာတွေ ဖြစ်လာနိုင်တယ်။ ဒါမှမဟုတ် အဓိပ္ပာယ်ကင်းမဲ့သလိုလို၊ ပျော်ရွှင်စရာမကောင်းသလိုလို ဖြစ်လာနိုင်ပါတယ်။
ဒါဆို သင့်အလုပ်ကနေ ဘဝအဓိပ္ပာယ်တွေကို ဘယ်လိုရှာယူလို့ရနိုင်မလဲ။ ပြီးတော့ အလုပ်ကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လိုလုပ်ကြမလဲ။
သင့်စိတ်ရဲ့ မြေပုံကားချပ်ကြီးထဲကို သော့ချက်စည်းမျဉ်းတွေနဲ့ လုပ်ဆောင်ချက်နည်းနည်းလောက် ထပ်ဖြည့်ပေးလိုက်မယ် ဆိုရင် ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နိုင်ဖို့နဲ့ သင့်ကိုယ်ပိုင်လုပ်ငန်းအတွက် ရည်ရွယ်ချက်တွေ၊ ဘဝအဓိပ္ပာယ်တွေကို ရှာဖွေနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။
၁။ သတိမမူမလုပ်ပါနဲ့
“သတိမမူက ဂူမမြင်” ဆိုတဲ့ စကားအတိုင်းပါပဲ။ ဘယ်အရာမဆို အလေးမမူလုပ်မယ်ဆိုရင် အောင်မြင်မှုနဲ့ ဝေးရာကို လျှောက်လှမ်းနေတာနဲ့ အတူတူပါပဲ။
၂။ ကိုယ့်တန်ဖိုးကို နားလည်ပါ
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်နားလည်အောင်လုပ်ယူပါ။ ဆန်းစစ်ပါ။ သင့်ရဲ့ အဲဒီတန်ဖိုးတွေက သင့်ကို အလုပ်မှာ ပျော်ရွှင်မှုတွေရရှိအောင် ပံ့ပိုးဖန်တီးပေးနိုင်ပါတယ်။
၃။ အိပ်မက်တွေကို လက်တွေ့အဖြစ်ပြောင်းလဲပါ
သင့်မှာ အသက်မွေးဝမ်းကျောင်းမှု (career) နဲ့ပတ်သက်ပြီးတော့ အိပ်မက်ကြီးကြီးမားမားရှိနေမယ်ဆိုရင်၊ ကြီးမားတဲ့ အောင်မြင်တိုးတက်မှုတွေကို ဆွတ်ခူးချင်တယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ်ပိုင်အလုပ် လုပ်ချင်တယ်ဆိုရင် အိပ်မက်တွေကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်မယ့်နည်းလမ်းတွေ ရှာကြံပါ။
၎။ ဘာကြောင့်အလုပ်လုပ်နေတယ်ဆိုတာကို သိပါ
သင့်အနေနဲ့ အလုပ်မှာ ပျော်ရွှင်ချင်တယ်ဆိုရင် သင့်ရဲ့ ခံယူချက်သဘောထားနဲ့ အလုပ်လုပ်နေရခြင်းရဲ့ အကြောင်းတရား တွေကို နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။
၅။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ တန်ဖိုးထားပါ
ဘဝအတွက် အထောက်အကူဖြစ်အောင် လုပ်ဆောင်လိုက်မယ်ဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်ဟာလည်း ပိုပြီးတော့ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။
credit: Lifehack